နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

News Image

နေပြည်တော် ဇွန် ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) သို့ တက်ရောက်ရန် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်သွားရောက်မည်ဖြစ်သည်။

ကျောက်ဆည်မြို့နယ် သင်တောင်ကျေးရွာတွင် ကတ္တရာ လမ်းသစ် ဖွင့်ပွဲ ပြုလုပ်

News Image

ကျောက်ဆည်မြို့နယ် သင်တောင်ကျေးရွာတွင် ကတ္တရာ လမ်းသစ် ဖွင့်ပွဲ ပြုလုပ်

ကျောက်ဆည်၊ ဇွန်-၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မန္တလေးမြို့ ဦးဝမ်းချင်းရွှေ+ဒေါ်ရီရီချို (အောင်မြန်မာဟိန်း)ကုမ္ပဏီမီသားစုမှ သင်တောင်း ကျေးရွာ၊ ရွာလယ် လမ်းမကြီးအား ကတ္တရာလမ်းခင်းပေးခဲ့ပြီး ယနေ့နံနက်ပိုင်းက လမ်းသစ်ဖွင့်ပွဲ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

News Image

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

ကျောက်ဆည်၊ ဇွန်-၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေများခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲ ပြုလုပ်

News Image

ကျောက်ဆည်မြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲ ပြုလုပ်

ကျောက်ဆည်၊ ဇွန်-၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အင်ဒိုင်းကျေးရွာ ကွင်းအမှတ် (၁၄၉)၊ ဦးပိုင်အမှတ်(၁၀၂/၁) တောင်သူဦးအေးလွင် စိုက်ပျိုးထားသော     gw-11 နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။