ကြက်ဟင်းခါးသီး စိုက်ပျိုး ဝင်ငွေတိုး

News Image

  •  ကြက်ဟင်းခါးသီး စိုက်ပျိုး ဝင်ငွေတိုး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ငရုတ်စသည့် ၊ သီးနှံမျိုးစုံ စိုက်ပျိုးကြသည့်အပြင် ကြက်ဟင်းခါးသီးနှံကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။

ကြက်ဟင်းခါးသီးကို ရာသီမရွေးစိုက်ပျိုးနိုင်၍ စိုက်ပျိုးပြီး သုံးလခန့်အကြာတွင် ခူးဆွတ် ရောင်းချ ရကြောင်း၊ ဗိုလ် တစ်ထောင် ကြက်ဟင်းခါးမျိုးများကို စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်၍ ပျိုးပင် ၂၀ ရက် သားခန့်အရွယ်တွင် မြေချစိုက်ပျိုး ရကြောင်း၊ မျိုး၊ မြေပြင်ခြင်း၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ရှစ်သိန်းခန့် ကုန်ကျကြောင်း၊ ကြက်ဟင်းခါးသီးကို ငါးရက် ခြားတစ်ကြိမ် ခူးဆွတ်ရပြီး အပင်သက်တမ်း ငါးလခန့်အထိခူးဆွတ်နိုင်ကြောင်း၊ တစ်ပတ်နှင့် တစ်ပတ် အထွက်နှုန်းများ ပိုမိုထွက်ရှိလာပြီး တစ်ဧကလျှင် စုစုပေါင်းပိဿာချိန် ၁၅၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေ ဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်း သို့ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် ကျောက်ဆည်၊ မန္တလေးနှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ ကြက်ဟင်းခါးသီး စိုက်ပျိုး ခြင်းဖြင့် အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မန္တလေး)

Source: Myanmar Digital News