သတင်းများ

စင်္ကာပူအိမ်ထောင်စုများသည် လစဉ်ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၈,၄၀၀ ထက်ကျော်လွန်

စင်္ကာပူရှိအိမ်ထောင်စုများသည် အလုပ်မှပျမ်းမျှဝင်ငွေပိုမိုမြင့်မားလာပြီး တစ်လလျှင် စင်္ကာပူဒေါ်လာ ၁၁,၂၉၇ (အမေရိကန်ဒေါ်လာ ၈,၄၁၃) အထိရောက်ရှိခဲ့ပြီး ယမန်နှစ်ကထက် အစိုးရအစီအစဉ်များမှ ပံ့ပိုးမှု ပိုမို ရရှိခဲ့သည်။

၎င်းသည် ငွေကြေးဖောင်းပွမှုကို ထိန်းညှိပြီးနောက် ဝင်ငွေ ၁.၄% တိုးလာခြင်း ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ပျမ်းမျှဝင် ၂.၈% တိုးတက်မှုထက်နည်းခဲ့ကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သော မြို့တော်-ပြည်နယ်စာရင်းအင်းဌာနမှ အချက်အလက်များကို ကိုးကား၍ CNA က ဖော်ပြခဲ့သည်။

 ၂၀၂၄ ခုနှစ်တွင် စင်္ကာပူရှိအိမ်ထောင်စုများအတွက် ပျမ်းမျှလစဉ် အလုပ်အကိုင် ဝင်ငွေ စင်ကာပူဒေါ်လာ ၁၀,၀၀၀ သတ်မှတ်ချက်ထက် သုံးနှစ်ဆက်တိုက် ကျော်လွန်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် စင်ကာပူ ဒေါ်လာ ၁၀,၀၉၉ နှင့် ၂၀၂၃ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၁၀,၈၆၉ ဖြစ်ခဲ့၍ ပျမ်းမျှလစဉ် အလုပ်အကိုင်ဝင်ငွေ သတ်မှတ်ချက်ထက် ကျော်လွန်ခဲ့ခြင်း ဖြစ်သည်။

အိမ်ထောင်စုဝင်တစ်ဦးလျှင် ၀င်ငွေသည် တစ်လလျှင် စင်္ကာပူဒေါ်လာ ၃,၆၁၅ ဖြစ်၍ ၀.၈% တိုးလာပြီး ဝင်ငွေအုပ်စုအားလုံးတွင် တိုးလာပါသည်။

ဝင်ငွေအနည်းဆုံး ၁၀% အုပ်စုရှိ အိမ်ထောင်စုများ၏ ၁၄.၁% သည် ကားတစ်စီးပိုင်ဆိုင်ပြီး ၈.၅% သည် ကိုယ်ပိုင်အိမ်များတွင် နေထိုင်ကြသည်။

စာရင်းအင်းဌာန၏ ပြောကြားချက်များအရ အလုပ်လုပ်ကိုင်ခြင်းမရှိသူများ ပါဝင်သည့် အိမ်ထောင်စုများအပါအဝင် နေထိုင်သူအိမ်ထောင်စုများသည် အစိုးရ၏ အစီအစဉ်များမှ တစ်ဦးချင်းစီအတွက် ပျမ်းမျှ စင်္ကာပူ ဒေါ်လာ ၇,၈၂၅ ရရှိခဲ့ပြီး ယခင်နှစ် ၂၀၂၃ ထက် ၂၂% တိုးလာခဲ့ကြောင်းThe Business Times က ဖော်ပြထားသည်။

ဤအချက်အလက်များသည် အစိုးရ၏ လူမှုဖူလုံရေးနှင့် ငွေကြေးထောက်ပံ့မှုများ ပိုမိုမြှင့်တင်လာခြင်းကိုဖော်ပြနေပြီး စီးပွားရေး စိန်ခေါ်မှုများနှင့် အိမ်ထောင်စုများ၏ ဝင်ငွေတိုးတက်ရေးအတွက် ကြိုးပမ်းမှုများကို ထင်ဟပ်စေပါသည်။

ကိုးကား-VN Express

Tesla သည် အိန္ဒိယတွင် လုပ်ငန်းများ စတင်နိုင်ရေး အစီအစဉ်များ လုပ်ဆောင်

Tesla သည် အိန္ဒိယနိုင်ငံ၌ လုပ်ငန်းများစတင်နိုင်ရန်နှင့် အစီအစဉ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံတွင် ဝန်ထမ်းခန့်အပ်မှု လုပ်ငန်းစဉ်ကို စတင်ခဲ့သည်ဟု သိရသည်။ နည်းပညာဘီလီယံနာ Elon Musk ဦးဆောင်သော ကုမ္ပဏီသည် ဝန်ထမ်းရာထူး ၁၃ နေရာအတွက် ဝန်ထမ်းများခန့်အပ်ရန် ရှာဖွေနေကြောင်း အိန္ဒိယမီဒီယာများကဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ထိုရာထူးများတွင် ဖောက်သည်များနှင့် တိုက်ရိုက်ဆက်ဆံရသော ရာထူးများနှင့် နောက်ကွယ်မှ ပံ့ပိုး ဆောင်ရွက်ပေးရမည့် လုပ်ငန်းတာဝန်များ ပါဝင်သည်။

အဆိုပါသတင်းသည် အိန္ဒိယဝန်ကြီးချုပ် Narendra Modi  အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့စဉ် လွန်ခဲ့သော သီတင်းပတ်က Washington ၌ Musk နှင့် တွေ့ဆုံခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ တွေ့ဆုံပြီးနောက် Modi က X တွင် ၎င်းနှင့် Musk တို့သည် အာကာသ၊ ရွေ့လျားမှု၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများအပါအဝင် အကြောင်းအရာများစွာကို ဆွေးနွေးခဲ့ကြောင်း မျှဝေခဲ့သည်။ အိန္ဒိယ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် အစိုးရ၏ချုပ်ကိုင်မှုအနည်းဆုံးဖြင့် ကဏ္ဍအလိုက်ဆောင်ရွက်မှု အများဆုံးအကောင်အထည်ဖော်နိုင်ရေးကို မြှင့်တင်ရန် အားထုတ်မှုများအကြောင်း Modi က Musk အား ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ကိုးကား-RT

ဥဇဘက်ကစ္စတန်နိုင်ငံတွင် တရုတ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ထိပ်ဆုံးမှ ဦးဆောင်

ကုမ္ပဏီပေါင်း ၃,၄၆၇ ခုဖြင့် တရုတ်ကုမ္ပဏီများသည် ဥဇဘက်ကစ္စတန် ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံ စာရင်းအင်းဌာန၏ အချက်အလက်များအရ သိရှိရပါသည်။ 

စာရင်းအင်းဌာန၏အစီရင်ခံစာအရ ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ လာရောက်ရင်းနှီးမြှုပ်နှံသည့် တရုတ်နိုင်ငံ ကုမ္ပဏီနှင့် လုပ်ငန်းစုစုပေါင်းသည် ၁၅,၁၆၃ ဖြင့် ပထမနေရာမှ ဦးဆောင်နေပြီး ရုရှားနိုင်ငံက ကုမ္ပဏီပေါင်း ၂,၉၇၃ ခုဖြင့် ဒုတိယနေရာတွင်လည်းကောင်း၊ တူရကီနိုင်ငံက ကုမ္ပဏီပေါင်း ၁,၈၆၉ ဖြင့် တတိယနေရာတွင် ရှိနေကြောင်း သိရှိရ ပါသည်။

၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံအထိ လက်ခံသွားမည်ဖြစ်ကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Mirziyoyev က ဒေသတွင်းမီဒီယာများသို့ ပြောကြားခဲ့ပါသည်။ 

ကိုးကား -China Daily

တရုတ်သမ္မတရှီကျင့်ဖျင်သည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးမှုနှေးကွေးလာခြင်းနှင့် အမေရိကန်၏ ပိုမိုတင်းကျပ်သော ကုန်သွယ်ရေးမူဝါဒများကြောင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

တရုတ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးလာပြီး အမေရိကန်၏ ပိုမိုတင်းကျပ်သော ကုန်သွယ်ရေးမူဝါဒများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း တရုတ်သမ္မတ Xi Jinping က Alibaba စီးပွားရေး လုပ်ငန်းစုကို ပူးတွဲတည်ထောင်ခဲ့သူ Jack Ma အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာ၏ ဖော်ပြချက်အရ သိရှိရသည်။ သမ္မတရှီ သည် အဆိုပါ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၇ ရက်တွင် တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့၊ Great Hall of the People ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို မြှင့်တင်လို၍ ကျင်းပခြင်းဖြစ်ကြောင်း သိ

တရုတ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးလာပြီး အမေရိကန်၏ ပိုမိုတင်းကျပ်သော ကုန်သွယ်ရေးမူဝါဒများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း တရုတ်သမ္မတ Xi Jinping က Alibaba စီးပွားရေး လုပ်ငန်းစုကို ပူးတွဲတည်ထောင်ခဲ့သူ Jack Ma အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာ၏ ဖော်ပြချက်အရ သိရှိရသည်။ သမ္မတရှီ သည် အဆိုပါ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၇ ရက်တွင် တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့၊ Great Hall of the People ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို မြှင့်တင်လို၍ ကျင်းပခြင်းဖြစ်ကြောင်း သိရ သည်။ 

အဆိုပါဆွေးနွေးပွဲသို့ Huawei တည်ထောင်သူ Ren Zhengfei၊ Xiaomi တည်ထောင်သူ Lei Jun၊ နာမည်‌ကျော်ကားကုမ္ပဏီဖြစ်သည့် BYD ဥက္ကဋ္ဌ Wang Chuanfu စသည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုးကား-CNA

ထရမ့်၏ အကောက်ခွန်တိုးမြှင့်သတ်မှတ်မည့်အစီအစဉ်များမှ ဂျပန်နိုင်ငံအား ကင်းလွတ်ခွင့်ပြုရန် နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကောက်ခွန်နှုန်းတိုးမြှင့် သတ်မှတ်မည့်အစီအစဉ်များမှ ကင်းလွတ်ခွင့်ပြုရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Iwaya Takeshi က တောင်းဆိုခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်တွင် ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် တွေ့ဆုံစဉ် ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံအား နိုင်ငံခြားသံမဏိနှင့် အလူမီနီယမ်ပစ္စည်းများအပေါ် အကောက်ခွန် ၂၅ % ကောက်ခံမည့်အစီအစဉ်မှ ကင်းလွတ်ခွင့်ပြုရန်လည်း Iwaya က တောင်းဆိုခဲ့သည်။ ထို့ပြင် “အမေရိကန်နိုင်ငံကို အခွန်စည်းကြပ်သည့် မည်သည့်နိုင်ငံကိုမဆို အဆိုပါနိုင်ငံများ၏ အခွန်နှုန်းထက် မပိုသည့် သို့မဟုတ် မလျော့သည့်နှုန်းထားအတိုင်း ပြန်လည် စည်းကြပ် ကောက်ခံမည့် (Reciprocal Tariffs)” ထရမ့်၏ အစီအစဉ်မှ ဂျပန်နိုင်ငံအား ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် အမေရိကန်သို့ တင်ပို့သည့် ဂျပန်မော်တော်ကားများ၏ အကောက်ခွန်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်။ ယခုလ အစောပိုင်းတွင် ပြုလုပ်ခဲ့သည့် ဂျပန်-အမေရိကန် ထိပ်သီးအစည်းအဝေးကို အခြေခံ၍ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တွေ့ဆုံမည့် "two-plus-two" အစည်းအဝေးကို မကြာမီ ကျင်းပပြုလုပ်သွားလိုကြောင်း Iwaya က Rubio အား ပြောကြားခဲ့သည်။

ကိုးကား-NHK World

ဒဏ်ခတ်ပိတ်ဆို့မှုများကြားမှ ရုရှားသည် အမေရိကန်ထက် စီးပွားရေး တိုးတက်မှုနှုန်း ပိုမိုမြန်ဆန်နေကြောင်း စီးပွားရေးပညာရှင်တစ်ဦး ပြောကြား

ဒဏ်ခတ်ပိတ်ဆို့မှုများကြားမှ ရုရှားနိုင်ငံသည် အမေရိကန်ထက် စီးပွားရေးတိုးတက်မှုနှုန်း ပိုမိုမြန်ဆန်နေကြောင်း Primakov Institute of World Economy and International Relations ၏ ဥက္ကဋ္ဌဖြစ်သူ စီးပွားရေးပညာရှင် Alexander Dynkin က မြူးနစ်လုံခြုံရေး ညီလာခံနှင့်ပတ်သက်၍ TASS သတင်းဌာနနှင့် အင်တာဗျူးတွင် ထိုသို့ ပြောကြားခဲ့သည်။

မြူးနစ်လုံခြုံရေးညီလာခံကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိသည်။ "ထောင်နှင့်ချီသော ဒဏ်ခတ်ပိတ်ဆို့မှုများ ရှိနေသော်လည်း ရုရှားစီးပွားရေးသည် EU နှင့် အမေရိကန်တို့၏ စီးပွားရေး ညွှန်းကိန်းများထက် အဆပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်မှာ ရုရှား၏ အံ့အားသင့်ဖွယ် ကြံ့ကြံ့ခံရပ်တည်နိုင်မှုပင် ဖြစ်ကြောင်း"  ၎င်းက ပြောကြားခဲ့သည်။

ကိုးကား-TASS

Photo: The Economic Times

ထရမ့်၏ ကုန်သွယ်ရေးမူဝါဒအသစ်များကြောင့်  ကမ္ဘာ့ကုန်သွယ်ဖက် နိုင်ငံများအပေါ် ပြင်းထန်သော သက်ရောက်မှုများရှိလာနိုင်

ဒေါ်နယ်ထရမ့်သည် ၎င်း၏ ဒုတိယအကြိမ်သမ္မတသက်တမ်း (၁) လ မပြည့်မီမှာပင် ကုန်သွယ်ရေးမူဝါဒများကို ပိုမိုတင်းကြပ်စွာ ကျင့်သုံးလျက်ရှိပြီး အဆိုပါ ကုန်သွယ်ရေးအစီအမံများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။ 

ထရမ့်သည် သမ္မတတာဝန်စတင်ယူချိန်မှာပင် ကမ္ဘာ့ကုန်သွယ်ဖက် နိုင်ငံများထံမှ သွင်းကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်ခဲ့ပြီး ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့၏ ဒေါ်လာ ၁.၃ ထရီလီယံကျော်တန်ဖိုးရှိသည့် သွင်းကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် အစီအစဉ်များလည်း ပါဝင်သည်။ ယင်းပမာဏသည် ၎င်း၏ ပထမသက်တမ်းကာလအတွင်း ကျင့်သုံးဆောင်ရွက်ခဲ့သည့်အကောက်ခွန်နှုန်းထားများကြောင့် သက်ရောက်ခဲ့သော ကုန်သွယ်မှုပမာဏထက် အဆများစွာ များပြားပါသည်။ 

ဖေဖော်ဝါရီ ၁၄ ရက်တွင် ထရမ့်သည် ၎င်း၏ ကမ္ဘာ့ကုန်သွယ်ဖက် နိုင်ငံများအပေါ် သတ်မှတ်ထားသည့် အကောက်ခွန်နှုန်းများကို ပြန်လည် ပြင်ဆင်ရန် အဆိုပြုချက်ထုတ်ပြန်ခဲ့ပြီး ထရမ့်၏ လုပ်ဆောင်ချက်သည် အမေရိကန်နိုင်ငံတစ်ခုတည်း အကျိုးအမြတ်ရရှိရေးအတွက် အခွန်ကို လက်နက်သဖွယ် အသုံးချ၍ ၎င်း၏ အဓိကကုန်သွယ်ဖက် နိုင်ငံများကိုပါ ခြိမ်းခြောက်ရန် စိုးရိမ်ပူပန်မှု အနည်းငယ်မျှ မရှိကြောင်း ထင်ရှားစွာ ပြသလျက်ရှိပေသည်။

ထို့ပြင် အကောက်ခွန်နှုန်းထားအသစ်များ သတ်မှတ်ရာတွင်လည်း “အမေရိကန်ပြည်ထောင်စုမှ တင်သွင်းသည့် ကုန်ပစ္စည်းများအပါအဝင် ၎င်းတို့၏ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးသည့်လုပ်ငန်းများအား အခြားနိုင်ငံများက စည်းကြပ်ကောက်ခံသည့် အခွန်အကောက်နှုန်းထားများအပေါ် အခြေခံ၍” တွက်ချက်ကောက်ခံသွားရန် ထရမ့်က ၎င်း၏ အကြံပေးပုဂ္ဂိုလ်များအား ညွှန်ကြားခဲ့သည်။

ကိုးကား-New York Times

ယူကရိန်းပဋိပက္ခဖြေရှင်းပြီးနောက် ရုရှားသည် ကမ္ဘာ့စီးပွားရေးစနစ်နှင့် ဥရောပလုံခြုံရေးတို့တွင် ပြန်လည်ပါဝင်လာမည်ဖြစ်ကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအိုဗန် က ပြောကြား

ယူကရိန်းပဋိပက္ခဖြေရှင်းပြီးနောက် ရုရှားသည် ကမ္ဘာ့စီးပွားရေးစနစ်နှင့် ဥရောပလုံခြုံရေးတို့တွင် ပြန်လည်ပါဝင်လာမည်ဖြစ်ကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအိုဗန် က ပြောကြားခဲ့ပါသည်။

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အိုဗန်က Kossuth ရေဒီယိုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ယူကရိန်းပဋိပက္ခအပြီးသတ်ပြီးနောက် ရုရှားအား ကမ္ဘာ့ စီးပွားရေးစနစ်နှင့် ဥရောပလုံခြုံရေးတို့တွင် အပြည့်အဝပြန်လည် ပေါင်းစည်းနိုင်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ 

ထို့အပြင် ဟန်ဂေရီနိုင်ငံသည် ဥရောပစီးပွားရေးကို ထိခိုက်စေသည့် ရုရှား ဆန့်ကျင်ရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရန် နှစ်ရှည်လများ တိုက်တွန်းလျက်ရှိကြောင်း ထပ်လောင်းအလေးပေး ပြောကြားခဲ့ပါသည်။ ထိုဒဏ်ခတ်မှုများသည် စွမ်းအင်ဈေးနှုန်းမြင့်တက်မှုအပါအဝင် ဥရောပစီးပွားရေးကို ကြီးမားစွာထိခိုက်စေသည်ဟု ၎င်းက ဖော်ပြခဲ့ပါသည်။ 

ကိုးကား - TASS

အမေရိကန်၏ အကောက်ခွန်နှုန်းထားတိုးမြှင့်မှုအပေါ် တရုတ်နိုင်ငံ တုံ့ပြန်

တရုတ်မှ အမေရိကန်သို့ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အမေရိကန် က အကောက်ခွန်နှုန်းထား ၁၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံ သည့်ကိစ္စအပေါ် တရုတ်နိုင်ငံက “ကုန်သွယ်ရေး စစ်ပွဲမဖြစ်ဘဲ ဆွေးနွေး သည့်နည်းလမ်းဖြင့်သာဖြေရှင်းလိုပါကြောင်း၊ သို့သော် တရုတ်နိုင်ငံ၏ အခွင့်အရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း” တရုတ်နိုင်ငံ၊ ကုန်သွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၃ ရက်(ကြာသပတေးနေ့)တွင် ထုတ်ပြန်ခဲ့ပါသည်။ 

အမေရိကန်၏ တစ်ဖက်သတ်အခွန်စည်းကြပ်မှုသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ စည်းမျဉ်းများကို ပြင်းထန်စွာ ချိုးဖောက်ရာရောက်ပြီး နိုင်ငံများ အကြား ကုန်သွယ်ရေးတင်းမာမှုများကို ဖြစ်ပေါ်စေသည့်အတွက် တရုတ် နိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ပြီး နိုင်ငံ အချင်းချင်း လွတ်လပ်စွာကုန်သွယ်မှုကို ပြန်လည်တည်ဆောက်လို ပါကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။ 

မကြာသေးမီက PVH Corp အမေရိကန်အထည်ကုမ္ပဏီနှင့် ဇီဝ နည်းပညာကုမ္ပဏီတို့အား တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးစည်းမျဉ်းများကို ဖောက်ဖျက်မှုဖြင့် တရုတ်နိုင်ငံကုန်သွယ်ရေးဝန်ကြီး ဌာနက ယုံကြည် စိတ်ချ၍မရသည့် ကုမ္ပဏီစာရင်းတွင် ထည့်သွင်းခဲ့ပါသည်။ 

 တရုတ်မှ အမေရိကန်သို့ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန် နှုန်းထား ၁၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံလိုက်ခြင်းသည် အမေရိကန်ပြည်သူများအတွက် ဈေးနှုန်းကြီးမြှင့်မှုများ ဖြစ်ပေါ်လာမည် ဖြစ်သည့်အတွက် အမေရိကန်အနေဖြင့် နိုင်ငံအချင်းချင်းကုန်သွယ်မှုကို အားပေးသည့်ကုန်သွယ်ရေးမူဝါဒကို ပြန်လည်စဉ်းစားသင့်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံမြို့ကြီးများတွင် အိမ်ခြံမြေအရောင်းသွက်

လက်ရှိတွင် တရုတ်နိုင်ငံမြို့ကြီးများ၏ အိမ်ခြံမြေရောင်းဝယ်မှုများသည် အရောင်းသွက်နေသည့် အတွက် မတ်လသည် ရောင်းအားအမြင့်ဆုံးလ ဖြစ်နိုင်ကြောင်း တရုတ်နွေဦးပွဲတော်ကာလအတွင်း ငွေပေးချေမှုစာရင်းများကို အခြေခံပြီး တရုတ်ဈေးကွက်ကျွမ်းကျင်သူများက ဖေဖော်ဝါရီ ၁၃ ရက် (ကြာသပတေးနေ့) တွင် ခန့်မှန်းပြောကြားခဲ့ပါသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သည့် တရုတ်နွေဦးပွဲတော် ကာလအတွင်း တရုတ်နိုင်ငံ မြို့ကြီး ၂၈ မြို့၏ အိမ်ခြံမြေရောင်းဝယ်မှု ငွေပေးချေမှုသည် ယမန်နှစ်နှင့်နှိုင်းယှဉ်လျှင် ၈ ရာခိုင်နှုန်းတိုးလာကြောင်း China Index Academy မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရပါသည်။ 

တရုတ်စီးပွားရေးဌာနက ထိုကဲ့သို့ အိမ်ခြံမြေဈေးကွက် အရောင်းသွက်လာမှုသည် ရာသီဥတု ကောင်းမွန်မှု၊ အလုပ်သမားများ လုပ်ခမြင့်မားစွာ ရရှိမှု၊ ဈေးကွက်အရောင်းမြှင့်တင်မှု နည်းလမ်း ကောင်းမွန်မှုများကြောင့် ဖြစ်ပြီး အဓိကအချက်မှာ တရုတ်နိုင်ငံ၏ အိမ်ခြံမြေဆိုင်ရာ စည်းမျဉ်းများ ထိရောက်မှုကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။