သတင်းများ

ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက ရာနှုန်းပြည့် သိမ်းဆည်းပြီးစီး                                                                                        

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် ၌ မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက ရာနှုန်း ပြည့်သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုး စွမ်းအား တိုးတက်မြင့်မားစေရန် ရည်ရွယ် ပြီး ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက စိုက်ပျိုး နိုင်ခဲ့ကာ    အဆိုပါ ဝါသီးနှံစိုက်ခင်းများကို  ဒေသခံတောင်သူများက ၂၀၂၄ ခုနှစ် ဒီဇင် ဘာလမှ စတင်သိမ်းဆည်းခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်သိမ်းဆည်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ် အတွင်း ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဝါသီးနှံစိုက်ခင်းများ ကို ဒေသခံတောင်သူတွေက အထွက်နှုန်း လျော့နည်းမှုမဖြစ်စေရေးအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ စတင်သိမ်းဆည်းခဲ့ပြီး ဖေဖော်ဝါရီလတွင် ရာနှုန်းပြည့် သိမ်းဆည်း ပြီးစီးပြီ ဖြစ်ပါတယ်။ ဝါသီးနှံသိမ်းဆည်းခြင်း နဲ့ပတ်သက်ပြီး တောင်သူတွေကို အချိန်မီ ရိတ်သိမ်းနည်းပညာနဲ့ သိမ်းဆည်းပြီးတဲ့ ဝါ သီးနှံတွေ အရည်အသွေးကောင်းမွန်အောင်   စနစ်တကျထားသို ထိန်းသိမ်းတတ်စေဖို့ အသိပညာပေးတာတွေ ကွင်းဆင်းဆောင် ရွက်ပေးပါတယ်။ ချည်မျှင်ရှည် ဝါသီးနှံက ဈေးကွက်ရှိတာကြောင့် ဒေသခံတောင်သူတွေက မိုးဦးနဲ့  မိုးနှောင်းမှာ  အားထား စိုက်ပျိုးကြပါတယ်။ ယခုနှစ်မှာ ဝါသီးနှံ စိုက်ခင်းတွေက ပိုးမွှားအန္တရာယ်ကင်းပြီး အောင်မြင်ဖြစ်ထွန်းမှုရှိကာ ယခင်နှစ်က ထက် အထွက်နှုန်းများကောင်းမွန် ခဲ့ပါတယ်။ တစ်ဧကကို    ၅၃၁ ပိဿာ ထွက်ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ချည်မျှင်ရှည် ဝါသီးနှံ စိုက်ပျိုးတောင်သူများကို သီးနှံ ဝင်ငွေတိုးပွားစေရန်နှင့် အရည်အသွေး ကောင်းသော ဝါသီးနှံများထွက်ရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီ သော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင် ရေး၊ စိုက်နည်းစနစ်များမှန်ကန်စေရေး ၊ သီးနှံပိုးမွှားရောဂါ ကင်းရှင်းရေး ကာကွယ်နှိမ် နည်းလမ်းများ စသည့် တောင်သူပညာပေး လုပ်ငန်းများကို  ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပွင့်ဖြူ မြို့နယ်အတွင်း ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုး ခြင်းကို ကန်ပြည့်ကျေးရွာ၊ ကျွဲတိကျေးရွာ၊ မဒဲကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာ၊ ကျစ်ကိုင်းကျေးရွာ၊ ရေပုတ်ကြီးကျေးရွာ ၊ ချောင်းဆုံကျေးရွာ၊ မဲဇလီကျေးရွာ၊ ဇီးတောကျေးရွာ၊ ကျွဲတံခါးကျေးရွာ၊ ကုလား ဟောင်းကျေးရွာ၊ မုန်းမြင့်ကျေးရွာနဲ့ ရေပုတ် လေးကျေးရွာရှိ  ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေး ချည်မျှင်ရှည်ဝါ ရွှေတောင်(၈)၊ ရွှေတောင်(၁၀) စသည့်ဝါသီးနှံ မျိုးများကို အားထားစိုက်ပျိုးကြပြီး မိုးရွာသွန်းမှု ကောင်းမွန်ခဲ့သဖြင့် ချည်မျှင်ရှည်ဝါသီးနှံ စိုက်ခင်းများမှာ အောင်မြင် ဖြစ်ထွန်းမှုရှိပြီး သီးနှံအထွက်နှုန်းများ ကောင်းမွန်ခဲ့ကြောင်း သိရသည်။

Source: https://myawady.net.mm/eco

တရုတ်နိုင်ငံမှ တင်သွင်းသည့် သွင်းကုန်အားလုံးကို လာမည့် သီတင်းပတ်တွင် အခွန် ၂၀ ရာခိုင်နှုန်းအထိ နှစ်ဆ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ထရမ့်ပြောကြား

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှစတင်ကာ တရုတ်နိုင်ငံမှ တင်သွင်းသည့် သွင်းကုန်အားလုံးကို အခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံသွားမည့်အပြင် ၂၀ ရာခိုင်နှုန်းအထိ နှစ်ဆတိုးမြှင့် ကောက်ခံသွားရန်စီစဉ်လျက်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဤသည်မှာ အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာရှိသည့် နှစ်နိုင်ငံကုန်သွယ်မှုကို ပစ်မှတ်ထား လုပ်ဆောင်ခြင်းဖြစ်ပြီး ထရမ့်အနေဖြင့် ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ရေးသားခြင်းများ လုပ်ဆောင်ခြင်းဖြင့် တရုတ်နှင့် စီးပွားရေး ပြိုင်ဆိုင်မှုတွင် ရှယ်ယာများ သိသိသာသာ တိုးလာစေသည့်အပြင် ပြုပြင်ပြောင်းလဲမှု အသွင်သဏ္ဍာန်ကိုလည်း ပြသရာရောက်စေပါသည်။ ထို့အပြင်  တရုတ်၏ fentanyl ဆေးဝါးကုန်သွယ်မှုကို ထိန်းချုပ်လိုက်ခြင်းပင်ဖြစ်သည်။

Fentanyl ဆေးဝါးပုံစံဖြင့်ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများအများစုကို တရုတ်နိုင်ငံက ထုတ်လုပ်ပြီး ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိကြောင်း၊ အဆိုပါဆေးဝါး ထုတ်လုပ်တင်သွင်းမှုများ ရပ်တန့်သွားသည်အထိ သို့မဟုတ် ထိထိ ရောက်ရောက် ကန့်သတ်ထိန်းချုပ်နိုင်သည်အထိ ရည်မှန်း၍ သွင်းကုန်စည်းကြပ်မှုကို မတ်လ ၄ ရက်တွင် စတင် ကျင့်သုံးရန် စီစဉ်ထားရှိကြောင်း၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ တင်ပို့ကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်သွားမည်ဖြစ်ပြီး မတ်လ ၄ ရက်(အင်္ဂါနေ့)တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် ကုန်သွယ်ဖက် နိုင်ငံအားလုံးသို့ အပြန်အလှန်အခွန်စည်းကြပ်ခြင်းကို ဧပြီလ ၂ ရက်တွင် စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း ထရမ့်က ၎င်း၏ Truth ဆိုရှယ်မီဒီယာစာမျက်နှာတွင် ထုတ်ဖော်ရေးသားခဲ့သည်။

ကိုးကား-South China Morning Post

အိန္ဒိယ ဥရောပ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် ယခုနှစ် အကုန် အဆုံးသတ်မည်ဟု မိုဒီပြောကြား

အိန္ဒိယနှင့် ဥရောပသမဂ္ဂတို့သည် လွတ်လပ်စွာကုန်သွယ်မှု သဘော တူညီချက် (Free Trade Agreement) ကို ယခုနှစ်အကုန်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီက ဥရောပ ကော်မရှင်အကြီးအကဲ Ursula von der Leyen နှင့် ဆွေးနွေးပြီးနောက် ကြေညာလိုက်ပါသည်။

ဥရောပကော်မရှင်အကြီးအကဲ Leyen သည် ဥရောပကော်မရှင် အဖွဲ့ဝင် များအတူ ဖေဖော်ဝါရီ ၂၇ ရက်တွင် နယူးဒေလီသို့ ရောက်ရှိနေကြသည်။

ဥရောပနှင့် အိန္ဒိယတို့သည် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို ၂၀၀၇ ခုနှစ်တွင် စတင်ဆွေးနွေးခဲ့ကြသော်လည်း မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ၊ နည်းပညာကုမ္ပဏီများ၏ သတင်းအချက်အလက်လုံခြုံရေးနှင့် မော်တော်ကား အစရှိသော ကုန်ပစ္စည်းများကို ဘုံစျေးကွက်သို့ ဝင်ရောက်ခွင့်ပြုခြင်း စသည့်ပြဿနာများကြောင့် ၂၀၁၃ ခုနှစ်တွင် ဆိုင်းငံ့လိုက်ပြီး ၂၀၂၂ ခုနှစ်တွင် ပြန်လည် စတင်ခဲ့ကြပါသည်။

ကိုးကား- TASS

Photo: Euronews.com

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အမေရိကန်၏ အကောက်ခွန်စည်းကြပ်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကြား ထိုင်းဗဟိုဘဏ်က အတိုးနှုန်း လျှော့ချ

ထိုင်းဗဟိုဘဏ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးအကောက်ခွန်စည်းမျဉ်းများကြောင့် ဘဏ်အတိုးနှုန်းကို ၂.၅ ရာခိုင်နှုန်း လျှော့ချထားရာမှ ၂ ရာခိုင်နှုန်းသို့ ထပ်မံလျှော့ချလိုက်ကြောင်းနှင့် အဆိုပါ အတိုးနှုန်းလျှော့ချမှုသည် လေးလအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း  NHK သတင်းဌာနက ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ပါသည်။ မူဝါဒချမှတ်သူများက ထိုင်းနိုင်ငံ၏စီးပွားရေးသည် အဓိကစီးပွားရေး အင်အားကြီးနိုင်ငံများ၏ ကုန်သွယ်ရေးမူဝါဒများကြောင့် စိုးရိမ်ခြေအမှတ်သို့ တဖြည်းဖြည်းဦးတည်လာနေသည် ဟု ထိုင်းဗဟိုဘဏ်က ပြောဆိုခဲ့ပြီး ယင်းသို့ ပြောဆိုမှုသည် အမေရိကန်ကို ရည်ညွှန်းထားခြင်းဖ

ထိုင်းဗဟိုဘဏ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးအကောက်ခွန်စည်းမျဉ်းများကြောင့် ဘဏ်အတိုးနှုန်းကို ၂.၅ ရာခိုင်နှုန်း လျှော့ချထားရာမှ ၂ ရာခိုင်နှုန်းသို့ ထပ်မံလျှော့ချလိုက်ကြောင်းနှင့် အဆိုပါ အတိုးနှုန်းလျှော့ချမှုသည် လေးလအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း  NHK သတင်းဌာနက ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ပါသည်။ မူဝါဒချမှတ်သူများက ထိုင်းနိုင်ငံ၏စီးပွားရေးသည် အဓိကစီးပွားရေး အင်အားကြီးနိုင်ငံများ၏ ကုန်သွယ်ရေးမူဝါဒများကြောင့် စိုးရိမ်ခြေအမှတ်သို့ တဖြည်းဖြည်းဦးတည်လာနေသည် ဟု ထိုင်းဗဟိုဘဏ်က ပြောဆိုခဲ့ပြီး ယင်းသို့ ပြောဆိုမှုသည် အမေရိကန်ကို ရည်ညွှန်းထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးလာနိုင်ကြောင်းကိုလည်း ဗဟိုဘဏ်က ခန့်မှန်းပြောကြားထားသည်။ အထူးသဖြင့် မော်တော်ကားနှင့် ရေနံဓာတုပစ္စည်းများ ထုတ်လုပ်သည့် ထိုင်းလုပ်ငန်းရှင်များသည် သွင်းကုန်ပစ္စည်းများနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်ရန် ခက်ခက်ခဲခဲရုန်းကန်နေရသောကြောင့် ဖြစ်သည်။

နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်ဦးဆောင်သူများက အတိုးနှုန်းလျှော့ချရန် တောင်းဆိုသံများ ကျယ်လောင်လျက်ရှိသော်လည်း ထိုင်းဗဟိုဘဏ်သည် ဘဏ်တိုးနှုန်းလျှော့ချရေးကို အထူးဂရုပြုလုပ်ဆောင်လျက်ရှိသည်။

အခြားအာရှနှင့် ပစိဖိတ်ဒေသများရှိဗဟိုဘဏ်များကလည်း အမေရိကန်၏ အကောက်ခွန်စည်းကြပ်မှုအပေါ် စိုးရိမ် ပူပန်မှုများ မြင့်တက်လာမှုနှင့် ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်နိုင်ရန် အတိုးနှုန်းလျှော့ချမှုများကို လုပ်ဆောင်လျက် ရှိကြောင်း NHK သတင်းစာမျက်နှာတွင်ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK World

Trump က မတ်လ ၄ ရက်တွင် တရုတ်နိုင်ငံအပေါ် နောက်ထပ် အကောက်ခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်မည်

အမေရိကန်သမ္မတ Donald Trump က Fentanyl တရားမဝင် ကူးသန်းမှုများကို တိုက်ဖျက်ရန် ပိုမိုအားစိုက်မလုပ်ဆောင်ပါက လာမည့် သီတင်းပတ်မှစတင်၍ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် နောက်ထပ် ၁၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်မည်ဟု ပြောဆိုခဲ့ပါသည်။

သမ္မတ Trump က “အဆိုပါ မူးယစ်ဆေးဝါးများ အမေရိကန် ပြည်ထောင်စုသို့ ဝင်ရောက်ခြင်းအား ပေကျင်းက ခွင့်မပြုသင့်သကဲ့သို့ ဝါရှင်တန်ကလည်း ခွင့်ပြုမည်မဟုတ်” ဟု အိမ်ဖြူတော်၌ သတင်းထောက် များကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြောကြားခဲ့ပါသည်။

ထရမ့်၏ တရုတ်အပေါ် အခွန်တိုးမြှင့်စည်းကြပ်မှု အသစ်သည် မတ် ၄ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ယခုလအစောပိုင်း၌ ၎င်းချမှတ်ခဲ့သော နောက်ထပ် ၁၀ ရာခိုင်နှုန်း၏ ထပ်ဆောင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်နေသော Fentanyl ကို တရုတ် က အမြောက်အမြား ထောက်ပံ့ပေးနေကြောင်း Trump က စွပ်စွဲခဲ့ပြီး ယင်းကိုရပ်တန့်ရန် သို့မဟုတ် ထိရောက်စွာ ကန့်သတ်ရန်လိုသည်ဟု ထရမ့်က ပြောကြားခဲ့ပါသည်။

မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ ကုန်စည်များအပေါ် စည်းကြပ်မှု ၂၅ ရာခိုင်နှုန်းကိုလည်း စီစဉ်ထားသည့်အတိုင်း မတ်လ ၄ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း Trump က ဆိုသည်။ 

ကုန်သွယ်ဖက်များအားလုံးအပေါ် “အပြန်အလှန်အကောက်ခွန်များ” ကိုလည်း စီစဉ်ထားသည့်အတိုင်း ဧပြီလ ၂ ရက်နေ့၌ စတင်မည်ဖြစ်ကြောင်းလည်း Trump က ပြောကြားခဲ့ပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဘိုင်ဒင် အစိုးရလက်ထက် ဗင်နီဇွဲလားကို ခွင့်ပြုပေးထားသည့် ရေနံထုတ်လုပ်ခွင့် လိုင်စင်ကို ဖျက်သိမ်းမည်ဟု ထရမ့်ပြောကြား

သမ္မတ ဘိုင်ဒင်အစိုးရလက်ထက်က ခွင့်ပြုခဲ့သည့် ဗင်နီဇွဲလားနိုင်ငံ၌ ရေနံထုတ်လုပ်ခွင့်လိုင်စင်ကို ဖျက်သိမ်းရန် လုပ်ဆောင်နေကြောင်း၊ အမေရိကန်မှ ဗင်နီဇွဲလားသို့ ပြန်ပို့မည့် ဒုက္ခသည်များအားလုံးကို သမ္မတ Nicolás Maduro က လက်ခံရန် ငြင်းပယ်ခဲ့သဖြင့် ထိုသို့ဆုံးဖြတ်လိုက် ခြင်း ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က   ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြောကြားလိုက်ပါသည်။

 “၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဗင်နီဇွဲလားနိုင်ငံတွင် ရေနံထုတ်ယူခွင့်ပြုသည့် သဘောတူညီချက်ကို ယခုအခါမှာ မိမိတို့အနေဖြင့် ပြန်လည်ဖျက်သိမ်းရန် လုပ်ဆောင်နေပါကြောင်း” ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ထရမ့်က ၎င်း၏ လူမှုကွန်ရက် Truth Social တွင် ရေးသားခဲ့သည်။ 

ယခုဆုံးဖြတ်ချက်သည် ယခင်ဘိုင်ဒင်အစိုးရလက်ထက်က အမေရိကန် ရေနံကုမ္ပဏီ Chevron အား ဗင်နီဇွဲလားတွင် ရေနံထုတ်လုပ်ခွင့်ပြုသည့် သဘောတူညီချက်ကို ထိခိုက်စေပြီး လက်ရှိတွင် Chevron ကုမ္ပဏီသည် ဗင်နီဇွဲလားတွင် နေ့စဉ် ရေနံစည်ပေါင်း ၂၄၀,၀၀၀ (နိုင်ငံ၏ စုစုပေါင်း ရေနံထုတ်လုပ်မှု၏ ၂၅% ကျော်) ထုတ်လုပ်နေသဖြင့် ဗင်နီဇွဲလားနိုင်ငံ စီးပွားရေးအပေါ်လည်း လွန်စွာသက်ရောက်မှုများ ရှိနိုင်ပါသည်။ 

ကိုးကား (Politico)

ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃

ဇလွန်မြို့နယ်တွင် ဒေသထွက် ပဲတီစီမ်းများ အရောင်းအဝယ်ကောင်းမွန်နေ

ဇလွန်   ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင် ပဲတီစိမ်းများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဇလွန်မြို့နယ်မှ ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြသည်။

ဇလွန်မြို့နယ်တွင် ဖေဖော်ဝါရီလဒုတိယပတ်မှစတင်ပြီး ယနေ့ထိ ပဲတီစိမ်းများ ဝယ်ယူမှုကောင်းပြီး၊ အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ပဲတီစိမ်းများ ဝယ်ယူမှုကောင်းလာခြင်းသည် ဒေသထွက် ပဲတီစိမ်းများကို ရန်ကုန်ဈေးကွက်ဘက်က ဝယ်ယူမှုကောင်းလာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

“ဒေသထွက်ကုန် ပဲတီစိမ်းတွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကပါ အဝယ်လိုက်နေပါတယ်။ ဖေဖော်ဝါရီလ ပထမပတ်ကတည်းလောက်ကနေပြီး သိသိသာသာကို အဝယ်လိုက်နေတာဖြစ်ပါတယ်။ ဒေသထွက်ပဲတီစိမ်းတွေကို ရန်ကုန် ဈေးကွက်က အဝယ်လိုက်နေပါတယ်” ဟု ဇလွန်မြို့နယ်မှ ပဲအမျိုးမျိုးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြသည်။

ဇလွန်မြို့နယ်တွင် ပဲတီစိမ်း ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၃၇၀၀၀ ထိပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ လယ်ယာထွက်ကုန် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်လယ်ယာထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိပြီး ပဲတီစိမ်းအပြင် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲထောပတ်၊ ပဲလွမ်းဖြူစသည့် ရာသီထွက်ကုန်များကို တင်ပို့ရောင်းချနေကြောင်း ပဲအမျိုးမျိုး ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းထံမှ သိရသည်။ 

ကျော်ကျော်လင်း

Source: ရတနာပုံသတင်းစာ

ဥရောပမှ တင်သွင်းကုန်များကို လာမည့် ဧပြီ ၂ ရက်မှ စတင်၍ အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည်ဟု ထရမ့်ကြေညာ

ဥရောပက တင်သွင်းလာသည့် ကုန်ပစ္စည်းအားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပပြုလုပ်သော အမေရိကန် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားလိုက်ပါသည်။

ဥရောပက အခွင့်အရေးယူနေသည်မှာ ကြာပြီဖြစ်ကြောင်း၊  ဥရောပက အမေရိကန်ကို တင်ပို့လာသည့် သွင်းကုန်များအပေါ်အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း၊ ကနဦးတွင် လာမည့်ဧပြီ ၁ ရက်နေ့ကစတင်ပြီး စည်းကြပ်ရန်ဖြစ်သော်လည်း ဧပြီ ၂ ရက်တွင် စတင်လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ ယေဘုယျအားဖြင့် မော်တော်ကားနှင့် အခြားသွင်းကုန်အများအပြား ပါဝင်ပါကြောင်း၊  သွင်းကုန်အားလုံးကို စည်းကြပ်မည် မဟုတ်သော်လည်း အများအပြားကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အံ့ဩဖွယ်ရာ ထူးခြားချက်များကို တွေ့မြင်ရလိမ့်မည်ဖြစ်ကြောင်း” ၎င်းက ဆက်လက်ပြောကြားထားပါသည်။ 

“အမေရိကန်၏ ကုန်သွယ်မှုလိုငွေပြနေသည့် နိုင်ငံတိုင်းကို တန်ပြန် အခွန်စည်းကြပ်မည်” ဟု ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ကြေညာထားပါသည်။ အမေရိကန်က တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် တန်ဖိုးဖြည့်ခွန် (VAT) သတ်မှတ်ကောက်ခံမည့် နိုင်ငံတိုင်းကိုလည်း မိမိအစီအစဉ်အတိုင်း အပြစ်ပေး ဒဏ်ခတ်သွားရန် စဉ်းစားထားကြောင်း ထရမ့်က ဆိုထားပါသည်။

ကိုးကား- The Times

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

အာတိတ်ဒေသ၌ စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး ရုရှားနှင့် အမေရိကန်တို့ဆွေးနွေး

ရုရှားနှင့်အမေရိကန်တို့သည် မကြာသေးမီက နှစ်နိုင်ငံချစ်ကြည်ရေး ဆွေးနွေးပွဲများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အာတိတ်ဒေသ၌ စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Bloomberg သတင်းဌာနက ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။ 

ဆွေးနွေးပွဲများတွင် သဘာဝသယံဇာတရှာဖွေရေး၊ ကုန်သွယ်ရေးလမ်းကြောင်းနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ အမေရိကန်၏ အမျိုးသားလုံခြုံရေး ကောင်စီနှင့်ကရင်မလင်သည် ယင်းသတင်းနှင့်ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာ မပြုသေးသော်လည်း ဆော်ဒီအာရေးဗီးယားတွင် ကျင်းပ ခဲ့သည့် ဆွေးနွေးပွဲအပြီးတွင် ရုရှား၏ အထူးစီးပွားရေးသံတမန် Kirill Dmitriev က အာတိတ်ဒေသသည် ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ် တစ်ခုအဖြစ် အထူးသီးသန့်ဆွေးနွေးခဲ့ကြောင်း အတည်ပြုခဲ့ပါသည်။

သတင်းရင်းမြစ်များက Bloomberg ကို အာတိတ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များသည် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် အစ္စတန် ဘူးမြို့၌ကျင်းပမယ့် ရုရှား-အမေရိကန် နောက်ထပ်အစည်းအဝေး၏ ဆွေးနွေးပွဲအစီအစဉ်များတွင်ပါဝင်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ၎င်းဆွေးနွေးပွဲကို ယခင်က ကြေညာခဲ့ပြီး နှစ်နိုင်ငံသံရုံးများ၏ လုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန် အဓိကထား ဆွေးနွေးသွားမည်ဟု ခန့်မှန်းထားသည်။ 

အာတိတ်ဒေသသည် မဖော်ထုတ်ရသေးသည့် ကြီးမားကျယ်ပြန့်သော စွမ်းအင်နှင့် သတ္တုတွင်းသယံဇာတများနှင့် မဟာဗျူဟာကျသည့် ကုန်သွယ်ရေး လမ်းကြောင်းများကြောင့် ကမ္ဘာ့အာရုံစိုက်မှုကို ပိုမိုရရှိ လာလျက်ရှိသည်။ ရုရှားသည် အာတိတ်နှင့် အရှေ့ဖျားဒေသများကို ဖြတ်သန်းပြီး အနောက် ယူရေးရှားနှင့် အာရှ-ပစိဖိတ်ဒေသများအကြား အတိုဆုံးသင်္ဘောလမ်းကြောင်းအဖြစ် ဆောင်ရွက်ပေးသည့် Northern Sea Route (NSR) သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို တည်ဆောက်လျက်ရှိသည်။ ယူကရိန်းပဋိပက္ခနှင့် ပတ်သက်ပြီး ရုရှားအပေါ် အနောက် နိုင်ငံများက ဖြတ်တောက်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ၎င်းဒေသ ရှိ NATO နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြတ်တောက်ခဲ့သည်။ ရုရှား၊ အမေရိကန်၊ ကနေဒါ၊ နော်ဝေ၊ ဖင်လန်၊ ဆွီဒင်၊ ဒိန်းမတ်နှင့် အိုက်စလန်နိုင်ငံတို့ ပါဝင်သော ဖိုရမ်တစ်ခုဖြစ်သည့် အာတိတ်ကောင်စီ (Arctic Council) အောက်တွင် စတင်ခဲ့သည့် စီမံကိန်း ၁၃၀ ၏ သုံးပုံ တစ်ပုံနီးပါးသည် မော်စကိုနှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းသွားခဲ့ခြင်းကြောင့် ရပ်နားထားရသည်။

ကိုးကား-RT