သတင်းများ

တံတားဦးမြို့နယ်၌ ယခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးထားသော ကြက်သွန် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

တံတားဦး  ၊ ဖေဖော်ဝါရီ - ၂၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ဆောင်းသီးနှံများဖြစ်သည့် နေကြာ၊ ကုလားပဲ၊ ဂျုံ အစရှိသော သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းရာသီတွင် စိုက်ပျိုးထားကြသည့် ကြက်သွန်စိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း ကြက်သွန်စိုက်ပျိုးလုပ်ကိုင်သူ ဦးအောင်ကျော်မြင့် ထံမှသိရသည် ။

“ဒီနှစ်စိုက်ပျိုးထားတဲ့ကြက်သွန်များကို မြေအောက်ရေတင်ပြီး  မြေဧက (၁.၅)ဧကကို အရှည်ပေ ၇၃ ပေ အကျယ် ၅ ပေခန့်ရှိ ကြက်သွန်များစိုက်ပျိုးရန် မြေဘောင်များပြုလုပ်၍ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက် ရှိပြီး အရင်နှစ်တုန်းက ကြက်သွန် ပိဿာချိန်(၆၅၀၀)ကျော်ထွက်ရှိပါတယ် ၊ ကြက်သွန်များရောင်းချချိန်တွင် ပေါ်ဦးပေါ်ဖျား အချိန်ကဆိုရင် တစ်ပိဿာကို(၃၀၀၀)ကျော်ရရှိပါတယ်၊ ယခုစိုက်ပျိုးထားတဲ့ ကြက်သွန်စိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းနေပြီး သီးနှံပေါ်ချိန် ဈေးကောင်းရရှိဖို့ မျှော်လင့်နေပါတယ် “ဟု ဒေသခံ တောင်သူများထံမှ သိရသည် ။

တံတားဦးမြို့နယ်အနေဖြင့် ကြက်သွန်နီများကို ဆောင်းရာသီတွင် အဓိကထားစိုက်ပျိုးကြောင်းနှင့် ကြက်သွန်များကို မြေအောက်ရေတင်ပြီး တစ်ပိုင်တစ်နိုင်စိုက်ခင်းများ ၊ ယာတောများတွင် ဟင်းသီးဟင်းရွက် စိုက်ခင်းများ ၊ ပန်းမျိုးစုံ စိုက်ခင်းများ၌ စိုက်ပျိုးကြကြောင်းသိရသည် ။

ဦးရဲတင့်( ပြန်/ဆက်)

၀၉-၇၉၇၄၃၈၃၀၅

ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံအထိ တိုးမြှင့်ရရှိရန် ရည်ရွယ်

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် စန်ဂျီယမ်ပွန်ဆာ (Maris Sangiam -pongsa) သည် ၂၃-၂-၂၀၂၅ ရက်နေ့မှ ၂၄-၂-၂၀၂၅ ရက်နေ့အထိ ဗီယက်နမ်သို့ တရားဝင် အလည်အပတ်ခရီး သွားရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်း ဗီယက်နမ်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ ဗွီထန်ဆိုင်း (Bùi Thanh Sơn) နှင့် တွေ့ဆုံဆွေးနွေး၍ သဘော တူညီမှု ရယူခဲ့သည်။ 

ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရန်၊ စျေးကွက်ချဲ့ထွင်ရန်နှင့် အနာဂတ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ အထိ ရရှိနိုင်ရေး လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီး၏ခရီးစဉ်သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် သံတမန်ဆက်ဆံရေးတိုးမြှင့်ရာတွင်အရေးပါပြီး အထူးသဖြင့် ၂၀၂၆ ခုနှစ်တွင် ဗီယက်နမ်နှင့် ထိုင်းနှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု နှစ် ၅၀ ပြည့်အထိမ်းအမှတ်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရန်အတွက် အရေးပါကြောင်း ဗီယက်နမ်ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးဖြစ်သူ Sơn က ပြောကြားခဲ့သည်။

ထို့ပြင် ဗီယက်နမ်-ထိုင်း မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ပိုမို ခိုင်မာအောင် လုပ်ဆောင်သွားရန်၊ နှစ်နိုင်ငံအကျိုးစီးပွားအား ဝေမျှ၍ အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုတို့အပေါ် အခြေခံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်။

ကုန်းလမ်းနှင့် ရေလမ်းပို့ဆောင်ရေးလုပ်ငန်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံကြား တိုက်ရိုက် လေကြောင်းခရီးစဉ်များ ပိုမိုများပြားလာစေရန်၊ ထိုင်းနိုင်ငံ၏ 'Six Countries, One Destination' အပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန်လည်း သဘောတူညီခဲ့ကြပါသည်။

ထို့ပြင် သဘောတူညီချက်တွင် ကုန်သွယ်ရေးကာကွယ်မှုဆိုင်ရာ အစီအမံများကို လျှော့ချရန်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ E-commerce နှင့် Green Energy ကဲ့သို့သော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် စသည့်အချက်များလည်း ပါဝင်သည်။

ကိုးကား -Asia News

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ရုရှားအပေါ်ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို အမေရိကန်က မကြာမီ ဖြေလျှော့ပေးဖွယ်ရှိ

အမေရိကန်အစိုးရသည်  ရုရှားနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို  မကြာမီ အနာဂတ်ကာလတွင် ဖြေလျှော့ပေးဖွယ်ရှိသည်ဟု  Financial Times သတင်းစာက ဖေဖော်ဝါရီလ ၂၅ရက် တွင် ဖော်ပြသည်။

ဆော်ဒီအာရေဗျနိုင်ငံ ရီယက်မြို့တော်၌ ကျင်းပခဲ့သည့် ရုရှားနှင့် အမေရိကန် အဆင့်မြင့်အရာရှိကြီးများ၏ ဆွေးနွေးမှုအတွင်း ရုရှားအရာရှိကြီးများက စီးပွားရေး လုပ်ငန်းဆိုင်ရာ အဆိုပြုချက် အများအပြားကို အမေရိကန်နိုင်ငံသို့ပေးအပ်ခဲ့ပြီးနောက် အမေရိကန်အစိုးရအနေဖြင့်   မဝေးတော့သည့် ကာလတွင် ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးဖွယ်ရှိသည်ဟု သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။

နှစ်နိုင်ငံကြား  တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေစဉ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်သည် ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများအပေါ် အပြောင်းအလဲ လုပ်ဆောင်စေခဲ့ပြီး နှစ်နိုင်ငံကြား ဆက်လက်လုပ်ဆောင်မည့် စေ့စပ်ဆွေးနွေးမှုများအပေါ်   မူတည်၍ ပိတ်ဆို့မှုများ ဖြေလျှော့ပေးရေးကို ဆုံးဖြတ်မည်ဖြစ်ကြောင်း    ၎င်းကပြောကြားသည်။

ယူကရိန်းတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် အနောက်နိုင်ငံများ အနေဖြင့် ရုရှားနိုင်ငံအပေါ်  ချမှတ်ထားသည့် ၎င်းတို့၏ ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန် ဖိအားပေးခံရမည်ဖြစ်ပြီး  အဆိုပါနိုင်ငံများအနေဖြင့် အလျှော့ပေးရန် လိုအပ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး  မားကို့ ရူဘီယိုက   ယခုလအတွင်း ပြောကြားခဲ့ကြောင်း သိရသည်။

Source: Myawady Web Portal

တံတားဦး  ၊ ဖေဖော်ဝါရီ - ၂၄

၂၀၂၄-၂၀၂၅ ခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးထားသော စားသုံးဆီဖူလုံရေးအတွက်စိုက်ပျိုးထားပြီး အထူးအထွက်နှုန်းကောင်းမွန်ရေးနှင့် ဝင်ငွေတိုးပွားရရှိရေးတို့ကို ရည်ရွယ်ပြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ပန်းယျကျေးရွာရှိ သော်တာလင်း လယ်ယာနှင့်အထွေထွေစီးပွားရေးအသင်း၊ အသင်းသား တောင်သူ ဒေါ်ဝါဝါထွန်း ကွင်းအမှတ် (၁၃၂၃ )ကွင်း စိုက်ဧက(၂.၅)ဧကတွင် စပ်မျိုးနေကြာ-၁ ဆောင်းနေကြာအောင်မြင် ဖြစ်ထွန်းမှု ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းဇော်ဦးက တောင်သူများအနေဖြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မီစိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ပါကြောင်း သို့မှသာ အသင်းသားများစိုက်ပျိုး ထားသည့် သီးနှံများ တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိပြီး တောင်သူများဘဝ ဝင်ငွေတိုးပွားရရှိမည်ဖြစ်ကြောင်း ၊ ပန်းတိုင်အထွက်နှုန်းအနေဖြင့် မျိုး ၊ ရေ ၊ မြေ ၊ စိုက်ပျိုးနည်းစနစ် ဟန်ချက်ညီအောင်ဆောင်ရွက်ပေးစေလို ကြောင်းပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် တံတားဦးမြို့နယ် နီးစပ်ရာ ဆီစက်သို့ စားသုံးဆီ ကြိတ်ခွဲမှုဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည် ။

ဆောင်းနေကြာများအောင်မြင်ဖြစ်ထွန်းမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ မန္တလေးတိုင်းဒေသကြီး တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ ၊ တံတားဦးမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ကျော်နောင်နှင့် ဝန်ထမ်းများ ၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ၊ ဒေသခံအသင်းသားတောင်သူများ တက်ရောက်ကြကြောင်းသိရသည် ။

Taiwan economy ministry has received no information about any TSMC investment in Intel, US

ထိုင်ဝမ်ချစ်ပ်ထုတ်လုပ်သည့်ကုမ္ပဏီ TSMC အနေဖြင့် အမေရိကန် ချစ်ပ် ထုတ်လုပ်သည့် ကုမ္ပဏီ Intel တွင် ရင်းနှီးမြှုပ်နှံမှုလျှောက်ထားခြင်းဆိုင်ရာ မည်သည့်အချက်အလက်ကိုမျှ မရရှိသေးကြောင်း ထိုင်ဝမ် စီးပွားရေးဝန်ကြီး Kuo Jyh-huei က ၂၅-၂-၂၀၂၄ ရက်နေ့တွင် ပြောကြား ခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်ပြီး Apple Inc. နှင့် Nvidia အပါအဝင် ကုမ္ပဏီအများအပြားအတွက် အဓိက ထုတ်လုပ်ပေးနေသည့် Taiwan Semiconductor Manufacturing Co (TSMC) သည် အမေရိကန် ချစ်ပ်ထုတ်လုပ်သူ Intel ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးနေကြောင်း အမေရိကန်သတင်းမီဒီယာက ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ကုမ္ပဏီတစ်ခုသည် ပင်လယ်ရပ်ခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုပါက အစိုးရ၏ ခွင့်ပြုချက်လိုအပ်ပြီး အထူးသဖြင့် စီးပွားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုပြန်လည် သုံးသပ်ရေးကော်မရှင်၏ ခွင့်ပြုချက် လိုအပ်သည်။

TSMC နှင့် Intel ကုမ္ပဏီတို့ကမူ အဆိုပါရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သတင်းများအပေါ် အတည်ပြု ပြောကြားခဲ့ခြင်းမရှိပေ။

ထိုင်ဝမ်သည် အမေရိကန်၏ semiconductor ချစ်ပ်ထုတ်လုပ်သည့် လုပ်ငန်းဈေးကွက်ကို လုယူသိမ်းပိုက်ထားသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်တလဲလဲ စွပ်စွဲပြစ်တင်ပြောဆိုခဲ့ပြီး အဆိုပါချစ်ပ် ထုတ်လုပ်မှုလုပ်ငန်းဈေးကွက်ကို အမေရိကန် ပြည်ထောင်စုက ပြန်လည် ရယူလိုကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သို့ ချစ်ပ်တင်သွင်းခြင်းနှင့် အမေရိကန်နှင့် ကုန်သွယ်ရေးမညီမျှမှု ကြီးမားသော နိုင်ငံများအပေါ် အကောက်ခွန်စည်းကြပ်မည်ဟု ဒေါ်နယ်ထရမ့်က ခြိမ်းခြောက် ပြောဆိုခဲ့သည်။

ဤလအစောပိုင်းတွင် စီးပွားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ Cynthia Kiang က အမေရိကန်ပြည်ထောင်စုသို့ သွားရောက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အသေးစိတ် ဆွေးနွေးချက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

ကိုးကား-CNA

Photo: Yahoo Finance

ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

နေပြည်တော် ဖေဖော်ဝါရီ ၂၃

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်း ဖြစ်ပေါ်မှုများအရ ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၂ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၆၉၀၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: https://www.doca.gov.mm ၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

ကိုးကား- www.moi.gov.mm

Photo: Myanmar Labour News

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် ကြက်သွန်နီပိဿာ ၅၀၀၀၀ ခန့် ဝင်ရောက်ပြီး အရောင်းအဝယ်သွက်လျက်ရှိ

ရန်ကုန်  ဖေဖော်ဝါရီ  ၂၄

      ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ယခုရက်ပိုင်းအတွင်း နေ့စဉ် ကြက်သွန်နီပိဿာ  ၅၀,၀၀၀  ခန့်  ဝင် ရောက်ပြီး    အရောင်းအဝယ်သွက်လျက် ရှိကြောင်း   မြန်မာနိုင်ငံ   ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။

အဆိုပါ   ဘုရင့်နောင်ကုန်စည်ဒိုင်သို့ မကွေးတိုင်းဒေသကြီး အတွင်းရှိ   ဆိပ်ဖြူ၊ ပခုက္ကူ၊ တောင်တွင်းကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ    မုံရွာ၊   ရေဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံ၊ မြစ်သား၊   ကျောက်ဆည်   စသည့်ဒေသ တို့မှထွက်ရှိသော  ကြက်သွန်နီများ  လှိုင်လှိုင်ဝင်ရောက်လျက်ရှိသည်။

"အခုရက်ပိုင်းမှာ ဘုရင့်နောင်ကုန်စည် ဒိုင်ကို ကြက်သွန်နီတွေ အဝင်များနေပြီး ဈေးသက်သာတဲ့ အချိန်လို့ ပြောလို့ရတယ်။ စားသုံးသူတွေအနေနဲ့  နောက်လတွေ အတွက်ပဲဖြစ်ဖြစ်၊ သင်္ကြန်ကာလအတွက် ပဲဖြစ်ဖြစ်  ကြိုဝယ်မယ်ဆိုရင်  အခုချိန်က အသင့်တော်ဆုံးပါပဲ။ လက်ရှိ ကြက်သွန်နီ ဈေးနှုန်းက စားသုံးသူရော ရောင်းချသူတွေ အတွက်ပါ   အဆင်ပြေတယ်။   ဒီထက် ဈေးကျသွားရင်လည်း   တောင်သူတွေအတွက် အဆင်မပြေဖြစ်လာနိုင်တယ်" ဟု မြန်မာနိုင်ငံ ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း  ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောသည်။

အဆိုပါ   ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ     သီရိမင်္ဂလာဈေး၊ တညင်းကုန်းဈေးနှင့် သိမ်ကြီးဈေး  စသည့်ဈေးကြီးများ၌  ရောင်းချသူများက လက်ကားလာရောက်ဝယ်ယူကြပြီး   စားသုံးသူများကို  လက်လီပြန်လည်ဖြန့်ဖြူး ရောင်းချပေးနေသည့်အပြင် တခြားပြည်တွင်း ဈေးကွက်များဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့်  မွန်ပြည်နယ် စသည့်ဒေသများသို့လည်း    တင်ပို့နေရကြောင်း   သိရသည်။

ထို့ပြင်   ကြက်သွန်နီများကို   ပြည်ပဈေးကွက်အနေဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် ဗီယက်နမ်၊ မလေးရှား စသည့်နိုင်ငံတို့သို့ နှစ်စဉ် တန်ချိန်  ၇၀,၀၀၀  နှင့်  ၈၀,၀၀၀ ကြား တင်ပို့နေရကြောင်း၊ ထိုသို့ ပြည်တွင်း၊ ပြည်ပဝယ်လိုအားရှိသည့်အတွက်   ပြည်တွင်းမှ   ကြက်သွန်စိုက်တောင်သူများက လည်း ယခင်ကထက် ပိုမိုတိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

ယူကရိန်း၏ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ တင်သွင်းမှုကို ကန့်သတ်ရန် EU ကို အရှေ့ဥရောပနိုင်ငံများက တိုက်တွန်း

ယူကရိန်းမှ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များအား ခွဲတမ်းပမာဏ (quota)အများအပြားဖြင့် ဥရောပသို့ တင်သွင်းခွင့်ပြုထားခြင်းကိုဖျက်သိမ်းရန်နှင့် ယူကရိန်းကုမ္ပဏီများက ဥရောပဈေးကွက်စံနှုန်းများကို လိုက်နာရန်လိုအပ်ကြောင်း ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယား နှင့် ဆလိုဗက်ကီးယားနိုင်ငံတို့၏ လယ်ယာစိုက်ပျိုးရေးဝန်ကြီးများကဥရောပကော်မရှင်ထံ တောင်းဆိုထားကြကြောင်း ဟန်ဂေရီလယ်ယာ စိုက်ပျိုးရေးဝန်ကြီး Istvan Nagy က ပြောကြားထားပါသည်။

“မိမိတို့ ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများနှင့်ပတ်သက်၍  ဘူလ် ဂေးရီးယား၊ ရိုမေးနီးယားနှင့် ဆလိုဗက်ကီးယားနိုင်ငံများနှင့်အတူ ဘရပ်ဆဲလ်(အီးယူအဖွဲ့)  သို့  ပူးတွဲစာတစ်စောင်ပေးပို့ကာ  တိုက်တွန်းခဲ့ကြောင်း၊ ယူကရိန်းမှ သွင်းကုန်များအပေါ် စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိသည့် ဥရောပစည်းမျဉ်းများမှာ ယခုနှစ် ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် ဥရောပ ကော်မရှင်သည် ယူကရိန်းစိုက်ပျိုးရေး ထွက်ကုန်များကြောင့် ဖြစ်ပေါ်လာသော ဈေးကွက်ဆိုင်ရာပြဿနာများကို ရေရှည်အတွက် ဖြေရှင်းရန် လိုအပ်ကြောင်း” Istvan Nagy က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ မတိုင်မီက ယူကရိန်းက တင်သွင်းခဲ့သော စိုက်ပျိုးရေးထွက်ကုန်များမှာ ခွဲတမ်းလွန်စွာများပြားနေသဖြင့် ယခုအခါ အဆိုပါခွဲတမ်းများကို ပြန်လည်ထိန်းချုပ်ကန့်သတ်သင့်သည်ဟု အရှေ့ ဥရောပနိုင်ငံများက ယူဆကြောင်း Nagy က ပြောကြားခဲ့သည်။ 

ယူကရိန်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံများသို့ ထောက်ပံ့မှုများ အတွက် အကောက်ခွန်များကို ပြန်လည်သတ်မှတ်ရန်နှင့် “ဒေသအလိုက် တစ်ဦးချင်းခွဲတမ်းများ” ကို မိတ်ဆက်ရန် ဝန်ကြီးများက ဥရောပ ကော်မရှင်ကို အကြံပြုခဲ့ကြပါသည်။ ထို့အပြင် ယူကရိန်းမှ ဥရောပဈေးကွက်သို့ ရောက်ရှိလာသော စိုက်ပျိုးရေးထွက်ကုန်များသည် ဥရောပသမဂ္ဂ၏ သန့်ရှင်းရေး၊ ပတ်ဝန်းကျင်နှင့် အခြားစံနှုန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိကို စောင့်ကြည့်ရန် ဘရပ်ဆဲလ်ကို တောင်းဆိုခဲ့ကြသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

တရုတ်နိုင်ငံမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများအား ကန့်သတ်မှုအပေါ် အမေရိကန်အား တရုတ် လက်တုံ့ပြန်မည်

အမေရိကန်က တရုတ်နိုင်ငံမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများအား ကန့်သတ်မှုအပေါ် ပြန်လည် လက်တုံ့ပြန်မည်ဟု တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိအခြေအနေများကို ထည့်သွင်းစဉ်းစားလျက်ရှိပြီး အမေရိကန်အစိုးရ၏  ဆောင်ရွက်ချက်များကို အနီးကပ်စောင့်ကြည့်ကာ မိမိတို့၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားကို ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့်တုံ့ပြန်မှုများကို   လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၂ ရက်တွင် ထုတ်ပြန်သည့်    ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  စည်းမျဉ်းများကို  လိုက်နာ၍ ဈေးကွက်စီးပွားရေး၏   ဥပဒေများကိုလေးစားသင့်ကြောင်းနှင့် ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို လက်နက်သဖွယ် အသုံးပြုခြင်းအား  ရပ်တန့်သင့်ကြောင်း   တရုတ်အစိုးရက တိုက်တွန်းထားသည်။

အမေရိကန်၏ကန့်သတ်မှုများသည် တရုတ်နှင့် အမေရိကန်အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုကို ပျက်စီးစေပြီး   အမေရိကန်အတွက် အကျိုးရှိမည်မဟုတ်ကြောင်း တရုတ်နိုင်ငံက    တုံ့ပြန်ပြောဆိုထားသည်။

တရုတ်အစိုးရ၏   တုံ့ပြန်မှုသည် အမေရိကန်အစိုးရက နိုင်ငံ၏အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို အခြားပြည်ပကုမ္ပဏီများ၏ ခြိမ်းခြောက်မှုမှ ကာကွယ်နိုင်ရေးအတွက်  တရုတ်နိုင်ငံနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ကန့်သတ်ရန် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ပြီးနောက်  ထွက်ပေါ်လာခြင်း ဖြစ်သည်။

Ref: Ivt

MSME ချေးငွေများ လျှောက်ထားနိုင်

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် များမှ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့ အတွက် လိုအပ်သည့်ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၆)ခုတို့မှ ထုတ်ချေး ပေးလျက်ရှိပါသည်။ ချေးငွေအတိုးနှုန်းများအနေဖြင့်Fixed Capital အနည်းဆုံး (၃၀%)နှင့်အထက် အသုံးပြုမည့်ချေးငွေအတွက် တစ်နှစ် လျှင်အတိုးနှုန်း ၃ % Working Capital (၁၀၀%) အသုံးပြုမည့် ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၄ % နှင့် Credit Guarantee Insurance- CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေအတွက် တစ်န

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် များမှ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့ အတွက် လိုအပ်သည့်ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၆)ခုတို့မှ ထုတ်ချေး ပေးလျက်ရှိပါသည်။ ချေးငွေအတိုးနှုန်းများအနေဖြင့်Fixed Capital အနည်းဆုံး (၃၀%)နှင့်အထက် အသုံးပြုမည့်ချေးငွေအတွက် တစ်နှစ် လျှင်အတိုးနှုန်း ၃ % Working Capital (၁၀၀%) အသုံးပြုမည့် ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၄ % နှင့် Credit Guarantee Insurance- CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေအတွက် တစ်နှစ် လျှင်အတိုးနှုန်း ၅ % တို့ဖြင့် ချေးငွေများလျှောက်ထားနိုင်ပါသည်။ ချေးငွေရယူလိုသည့် MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် MSME အေဂျင်စီများနှင့်ဆက်သွယ်၍ ချေးငွေများလျှောက်ထား နိုင်ကြောင်း အသိပေးအပ်ပါသည်။

MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့