သတင်းများ

တရုတ်က သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု ထရမ့်ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံသည် ယခုလ အစောပိုင်းက သဘောတူညီခဲ့သည့် အကောက်ခွန်သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး နိုင်ငံ နှစ်ခုကြား အားနည်းနေသော ကုန်သွယ်ရေးစစ်ပွဲ ရပ်စဲမှုကို ပြန်လည် တင်းမာလာစေခဲ့သည်။

မေလ ၁၂ ရက်က ဂျနီဗာမြို့တွင် ကျင်းပခဲ့သည့် အဆုံးသတ် ဆွေးနွေးပွဲ များအပြီး ကြေညာခဲ့သည့် သဘောတူညီချက်အရ အမေရိကန်နှင့် တရုတ် နိုင်ငံတို့သည် ဧပြီလအစောပိုင်းကတည်းက စတင်ကျင့်သုံးခဲ့သည့် အကောက်ခွန် အသစ်အများစုကို ယာယီရပ်ဆိုင်းထားရန် သဘောတူညီခဲ့ကြသည်။

သောကြာနေ့ (မေ ၃၀) တွင် ထရမ့်သည် ၎င်း၏ Truth Social လူမှု မီဒီယာပလက်ဖောင်းတွင် “တရုတ်နိုင်ငံသည် မိမိတို့နှင့်ချုပ်ဆိုထားသော သဘောတူညီချက်ကို လုံးဝချိုးဖောက်ခဲ့ပြီ” ဟု ရေးသားခဲ့သည်။ ၎င်းက အသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့ခြင်းမရှိသော်လည်း အကောက်ခွန်များကြောင့် တရုတ်နိုင်ငံသည် “စီးပွားရေးအရ ကြီးမားသော အန္တရာယ် နှင့် ရင်ဆိုင်နေရကြောင်း” ထည့်သွင်းရေးသားခဲ့သည်။

အမေရိကန်အစိုးရအဖွဲ့သည် အဆင့်မြင့်ပစ္စည်းများ (ချစ်ပ်ဒီဇိုင်း ဆော့ဖ်ဝဲ နှင့် အထူးဓာတုပစ္စည်းများအပါအဝင်) တရုတ်သို့ တင်ပို့မှုများကို ရပ်တန့်ရန် အမိန့်ပေးခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။ ကျွမ်းကျင်သူများက အဆိုပါဆုံးဖြတ်ချက်သည် တရုတ်နှင့် ဆက်ဆံရေးတင်းမာမှုကို ပိုမို မြင့်တက်လာစေနိုင်ကြောင်း သတိပေးခဲ့ကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် မေ ၃၀

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ (Rebuilding Myanmar : Post Earthquake Economic Recovery) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ Myanmar Narrative Think Tank နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နိုင်ငံတကာမှသံတမန်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးပညာရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားအား “ပြန်လည်ထူထောင်ရေး” သီချင်းဖြင့် ဂုဏ်ပြုဖွင့်လှစ်ပြီး “မြေငလျင်ဘေးအလွန် အကျပ်အတည်းများအကြားမှ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ကာ ကျော်လွှားကြမည်” Video Clip ကို ကြည့်ရှုကြသည်။

ယင်းနောက် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် တစ်မိနစ်ငြိမ်သက်ကြသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/index.php/news/70546

ထရမ့်၏ အကောက်ခွန်များ ပြန်လည်အသက်ဝင်

US federal appeals တရားရုံးမှ သမ္မတဒေါ်နယ်ထရမ့်၏ ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်ရေးအကောက်ခွန်များကို ယာယီပြန်လည် အသက်ဝင်စေခဲ့ပြီး ယခင်ကအကောက်ခွန်များကို တားဆီးခဲ့သည့် ဆုံးဖြတ်ချက်နှင့် အိမ်ဖြူတော်၏အာဏာကျော်လွန်ခဲ့သည် ဟူသောတွေ့ရှိချက်ကို ရပ်ဆိုင်း လိုက်သည်။

ကြာသပတေးနေ့ (မေ ၂၉) တွင် US Court of Appeals for the Federal Circuit မှ အမေရိကန်နိုင်ငံတကာကုန်သွယ်ရေးတရားရုံး၏ ယမန်နေ့က ထုတ်ပြန်ခဲ့သော အမြဲတမ်းတားမြစ်ချက်များကို ချက်ချင်းရပ်ဆိုင်းရန် အုပ်ချုပ်ရေးဆိုင်ရာအမိန့် ထုတ်ပြန်ခဲ့ပြီး အကောက်ခွန်များကို အနည်းဆုံး ဇွန်လ ၉ ရက်နေ့အထိ ဆက်လက်ကျင့်သုံးမည်ဖြစ်သည်။

“တရားလို-အယူခံဝင်သူများသည် ဇွန်လ ၅ ရက်၊ ၂၀၂၅ မတိုင်မီ အမေရိကန် ပြည်ထောင်စု၏ ပြန်လည်အသက်ဝင်စေမှုအား တုံ့ပြန်ချေပရန် ညွှန်ကြား ထားသည်” ဟု အယူခံတရားရုံးက ပြောကြားခဲ့သည်။ “အမေရိကန် ပြည်ထောင်စုသည် ဇွန်လ ၉ ရက်၊ ၂၀၂၅ မတိုင်မီ တစ်စောင်တည်းသော ပေါင်းစပ်ပြန်ကြားချက်ထောက်ခံစာကို တင်သွင်းနိုင်သည်” ဟု ဆိုသည်။

ကုန်သွယ်ရေးတရားရုံးက ထရမ့်အာဏာကျော်လွန်ခဲ့သည်ဟု ဗုဒ္ဓဟူးနေ့ (မေ ၂၈) က ဆုံးဖြတ်ခဲ့ပြီး နိုင်ငံတကာ စီးပွားရေး အရေးပေါ် အာဏာဥပဒေ (IEEPA) ၏အနက်ဖွင့်ဆိုချက်တွင် အုပ်ချုပ်ရေးမှ ကွန်ဂရက်ကို ကျော်ဖြတ်၍ အကောက်ခွန်များကျင့်သုံးရန် ထိုအာဏာများကို အသုံးပြုခဲ့သည်ဟုဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

၂၀၂၄ ခုနှစ်တွင် သီလဝါအထူးစီးပွားရေးဇုန်တင်ပို့မှု အမြင့်ဆုံးဖြစ်၊ အမေရိကန်ဒေါ်လာ မီလီယံ ၂၀၀ အထိ ဝင်ငွေရရှိ

သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက်အရ ဇုန်အတွင်းလုပ်ငန်း လည်ပတ်လျက်ရှိသော စီးပွားရေးလုပ်ငန်းများမှ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ မီလီယံ ၂၀၀ တန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ပို့ကုန် ပမာဏမှာ အမြင့်မားဆုံး တင်ပို့နိုင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ 

ထို့အပြင် ၂၀၂၅ ခုနှစ်တွင် သီလဝါအထူးစီးပွားရေးဇုန်အတွင်း လုပ်ငန်း လည်ပတ်ဆောင်ရွက် ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းအသစ်နှစ်ခု၏ အဆိုပြုလွှာများကိုလည်း လက်ခံရရှိထားပြီ ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ သန်း ၁၅၀ အထိ တိုးတက်လာခဲ့ပါသည်။ ယနေ့အထိ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီ စုစုပေါင်း ၁၁၇ ခု သည် ဇုန်အတွင်း အမေရိကန်ဒေါ်လာစုစုပေါင်း ၂.၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားပြီး အလုပ်အကိုင်ပေါင်း ၁၅၀၀၀ ကျော် ဖန်တီးပေးထားပြီ ဖြစ်ကြောင်း သိရှိ ရပါသည်။ 

၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် စတင်လည်ပတ်ခဲ့သည့် သီလဝါ အထူး စီးပွားရေးဇုန်သည် ၂၀၁၉ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ ဖြစ်ပွားခဲ့သော ကိုဗစ် ၁၉ ကူးစက်ရောဂါကြောင့် အနှောင့်အယှက်များ သိသာစွာ ဖြစ်ပေါ် ခဲ့ပြီးနောက် အချို့သောလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ရပါသည်။ ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲများအပြီးတွင် ဇုန်အတွင်းရှိ စီးပွားရေး လုပ်ငန်းများ၏ ၈၀ % ခန့်သည် လုပ်ငန်းလည်ပတ်မှုများကို ခေတ္တ ရပ်ဆိုင်းခဲ့ပါသည်။

ကိုးကား - Eleven Media Group          

ဘိုကလေးမြို့နယ်၌ ဒေသထွက်ဓနိချပ်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် သွက်နေ

ဘိုကလေး    မေ   ၂၈

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ဒေသထွက်ဓနိချပ်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်သွက်နေကြောင်း ဘိုကလေးမြို့နယ်မှ ဝါး၊ ဓနိရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ရီတင့်၏ ပြောဆိုချက်အရ သိရသည်။

ဘိုကလေးမြို့နယ်၌ မေလပထမပတ်မှစ၍ လက်ရှိအချိန်ထိ ဒေသထွက် ဓနိချပ်များ ဝယ်လိုအားကောင်းပြီး  အရောင်းအဝယ်သွက်နေကြောင်းနှင့် တစ်ရက်လျှင် ဓနိချပ်  ၁၅၀၀၀ မှ   ၃၀၀၀၀ အထိ   အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

"ဘိုကလေးမြို့နယ်ကနေ ဒေသထွက်ဓနိချပ်တွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ပြည်တွင်းမှာ ဓနိသုံးစွဲမှုများလာတဲ့အတွက်   ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းနေတာဖြစ်ပါတယ်။ ဓနိချပ်တော်တော်များများတင်ပို့ရောင်းချနေရတာကြောင့် ဓနိ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေပါ  အဆင်ပြေနေပါတယ်။  အခုလို  ဓနိချပ်တွေ  ဝယ်လိုအား ကောင်းလာတာကြောင့်  ဒေသခံတွေအနေနဲ့  ဓနိပင်တွေ တိုးချဲ့ စိုက်ပျိုးလာကြပါတယ်"   ဟု  ဒေါ်ရီတင့်က ပြောသည်။

အဆိုပါဒေသ၌ ဓနိချပ်များဝယ်လို အားကောင်းပြီး အရောင်းအဝယ်သွက်နေခြင်းကြောင့် ဓနိစိုက်ပျိုးသူများ၊  ဓနိထိုးလုပ်သားများနှင့် တစ်ဆင့်ပြန် လည် ရောင်းချသူများ   အဆင်ပြေလျက်ရှိကြောင်း သိရ သည်။

Source: Myawady Web Portal

ဟင်္သာတမြို့နယ်တွင် စားတော်ပဲများ အရောင်းအဝယ်ကောင်းမွန်နေ

ဟင်္သာတ   မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် စားတော်ပဲများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဟင်္သာတမြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိခိုင်က ပြောပြ၍ သိရသည်။

ဟင်္သာတမြို့နယ်တွင် ယခုနှစ် မေလ ပထမပတ်မှစတင်၍ ယနေ့ထိ စားတော်ပဲများ အဝယ်လိုက်လာပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း၊ အဆိုပါ စားတော်ပဲများ တစ်ပတ်လျှင် ၁၆ ပြည်ဝင်အိတ်ရေ ၂၅၀၀၀ မှ ၃၅၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

“စားတော်ပဲက အရင်ထက် တော်တော်လေး အရောင်းအဝယ်ဖြစ်လာပါတယ်။ ပြည်တွင်းစားသုံးမှု အားကောင်းလာတာကြောင့် အခုလို အရောင်းအဝယ် ကောင်းလာတာပါ။ လက်ရှိအရောင်းအဝယ်လုပ်နေတဲ့ စားတော်ပဲတွေက ဆောင်းကာလကျန်တဲ့ ပဲအဟောင်းတွေပါ။ အရောင်းအဝယ်ကောင်းလာတော့ ပဲလုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ အလုပ်အကိုင်အခွင့်အလမ်း  ရရှိလာတာတွေ့ရပါတယ်။ လက်ရှိဒေသထွက်ပဲတွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကပါ ဝယ်ယူအားကောင်းလာတာပါ” ဟု ဟင်္သာတမြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိခိုင်က ပြောပြသည်။

ဟင်္သာတမြို့နယ်တွင် စားတော်ပဲများအပါအဝင် အခြားပဲများကို စနစ်တကျသန့်စင်ပြီး ဝယ်ယူသည့်ဒေသများကို တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ စားတော်ပဲ ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၆၂၀၀၀ ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

စားတော်ပဲများ အရောင်းအဝယ်ကောင်းလာသည့်အတွက် စားတော်ပဲစိုက်တောင်သူများ၊ ကုန်သည်များ၊ မော်တော်ယာဉ် အငှားလိုက်သူများ၊ ကုန်တင်ကုန်ချလုပ်သားများ အလုပ်အကိုင် အဆင်ပြေနေကြောင်း သိရသည်။

ကျော်ကျော်လင်း

Source: ရတနာပုံသတင်းစာ

Trump အစိုးရက အမေရိကန်ကုမ္ပဏီအချို့အား တရုတ်နိုင်ငံသို့ ကုန် ပစ္စည်းရောင်းချခြင်းကို ရပ်တန့်ရန် အမိန့်ပေးခဲ့

Financial Times (FT) မှ ဗုဒ္ဓဟူးနေ့ (မေ ၂၈) တွင် ရေးသားဖော်ပြချက်အရ Trum အစိုးရသည် အမေရိကန်ကုမ္ပဏီအချို့အား တစ်ပိုင်းလျှပ်ကူး ပစ္စည်းဒီဇိုင်းဆော့ဖ်ဝဲများ တရုတ်နိုင်ငံသို့ ရောင်းချခြင်းကို ထိထိရောက်ရောက် တားမြစ်လိုက်သည်။

FT ၏ သတင်းတွင် အဆိုပါကိစ္စရပ်နှင့် ရင်းနှီးသူများကို ကိုးကား၍ Cadence၊ Synopsys နှင့် Siemens EDA အပါအဝင် ကုမ္ပဏီများ ထိခိုက်မည်ဟု ဖော်ပြထားပြီး CNN အနေဖြင့် ယခုအချက်အလက်ကို ချက်ချင်း အတည်ပြုနိုင်ခြင်းမရှိသေးဘဲ Cadence နှင့် Synopsys တို့မှလည်း အတည်ပြုချက်တောင်းခံမှုများကို အကြောင်းမပြန်သေးပေ။ နောက်ပိုင်း တွင် New York Times သတင်းစာက ဂျက်အင်ဂျင်နည်းပညာနှင့် ဓာတုပစ္စည်းအချို့၏ တရုတ်သို့ရောင်းချမှုများလည်း ရပ်ဆိုင်းလိုက်ကြောင်း ဗုဒ္ဓဟူးနေ့ (မေ ၂၈) တွင် ဖော်ပြခဲ့သည်။

ကူးသန်းရောင်းဝယ်ရေးဌာန (Commerce Department) က CNN အား ဗုဒ္ဓဟူးနေ့တွင် “တရုတ်နိုင်ငံသို့ မဟာဗျူဟာမြောက် အရေးပါသော တင်ပို့မှုများကို ပြန်လည်သုံးသပ်နေသည်” ဟု ပြောကြားခဲ့သည်။

“အချို့သောကိစ္စရပ်များတွင် ကူးသန်းရောင်းဝယ်ရေးဌာနသည် လက်ရှိ ပို့ကုန်လိုင်စင်များကို ဆိုင်းငံ့ထားခြင်း သို့မဟုတ် ပြန်လည်သုံးသပ်မှုကို ဆိုင်းငံ့ထားစဉ်တွင် အပိုလိုင်စင်လိုအပ်ချက်များ ချမှတ်ထားသည်” ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ သို့သော် ၎င်းတို့သည် မည်သည့်ကုမ္ပဏီများ ပါဝင်သည်ဆိုသည့် CNN ၏ မေးမြန်းချက်ကို အကြောင်းမပြန်ခဲ့ပေ။

Siemens ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN အား အမေရိကန် အစိုးရသည် သောကြာနေ့ (မေ ၃၀) တွင် တရုတ်နှင့် ကမ္ဘာတစ်ဝှမ်းရှိ တရုတ်စစ်တပ်ထုတ်ပစ္စည်းများ သုံးစွဲသူများသို့ ချစ်ပ်ဒီဇိုင်းဆော့ဖ်ဝဲ တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်အသစ်များနှင့် ပတ်သက်၍ စက်မှုလုပ်ငန်း ကို အသိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

“Siemens သည် သက်ဆိုင်ရာနိုင်ငံ၏ တင်ပို့မှုထိန်းချုပ်ရေး စည်းမျဉ်းများနှင့်အညီ လုပ်ငန်းလည်ပတ်နေစဉ် အဆိုပါ ကန့်သတ်ချက်အသစ်များ၏ သက်ရောက်မှုကို လျှော့ချရန် ကမ္ဘာတစ်ဝှမ်းရှိ ၎င်းတို့၏ ဖောက်သည်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်” ဟု ၎င်းက ဆိုသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန်တရားရုံးက ထရမ့်၏ ကုန်သွယ်ခွန်များ တိုးမြှင့် စည်းကြပ်ခြင်းကို တားမြစ်

ဗဟိုအစိုးရတရားရုံးတစ်ခုက ဗုဒ္ဓဟူးနေ့ (မေ ၂၈) တွင် သမ္မတ ဒေါ်နယ်ထရမ့်အား စီးပွားရေးလုပ်ငန်းကြီးများမှ သာမန်အမေရိကန် နိုင်ငံသားများအထိ လူတိုင်းအတွက် သွင်းကုန်စျေးနှုန်းများ မြင့်တက်စေခဲ့သည့် ကုန်သွယ်ခွန်များ တိုးမြှင့်စည်းကြပ်ရန် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်အသုံးပြုခဲ့သည်ဟု ဆုံးဖြတ်ခဲ့သည်။

သို့သော် အုပ်ချုပ်ရေးအဖွဲ့က ဗုဒ္ဓဟူးနေ့ (မေ ၂၈) ညနေပိုင်းတွင် ချက်ချင်းပင် ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ပြီး ထရမ့်၏ သွင်းကုန်ခွန်များ ဆက်လက်တည်ရှိနေမည် (သို့မဟုတ်) ကမ္ဘာ့စီးပွားရေးကို ပြန်လည် ပုံဖော်နိုင်ခြေရှိသည်ဆိုသည့် အားပြိုင်မှုကို ရှည်လျားစေကာ စားသုံးသူများနှင့် ကုမ္ပဏီများအတွက် အခြေအနေကို မရေရာဖြစ်စေခဲ့သည်။

မန်ဟက်တန်ရှိ လူသိနည်းသော တရားရုံးတစ်ခုဖြစ်သည့် US Court of International Trade မှ တရားသူကြီး သုံးဦးပါဝင်သည့် အဖွဲ့က အရေးပေါ်စီးပွားရေးဆိုင်ရာအာဏာများကို ကိုးကား၍ ဧပြီလ ၂ ရက်နေ့တွင် ကြေညာခဲ့သည့် “Liberation Day” ကုန်သွယ်ခွန်များအပါအဝင် ထရမ့်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ခွန်များကို ရပ်တန့်လိုက်သည်။ ၎င်းက ထရမ့်အား အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်လာသည့် ဖန်တန်နီလ် ကို တိုက်ဖျက်ရန်အတွက် ယခုနှစ်အစောပိုင်းတွင် တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါတို့အပေါ် စည်းကြပ်ခဲ့သည့် ကုန်သွယ်ခွန်များကို အတည်ပြုခြင်းမှလည်း တားမြစ်လိုက်သည်။

တရားရုံးက အခြားကုန်သွယ်ဖက်အများစုနှင့် သဘောတူညီချက်များ မပြုလုပ်ရသေးမီတွင် ထရမ့်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ခွန်များကို ရပ်တန့်သွားစေမည့် အမြဲတမ်းတားမြစ်ချက်တစ်ရပ်ကို ဆုံးဖြတ်ခဲ့သည်။ တရားရုံးက အမြဲတမ်းတားမြစ်ချက်ကို အာဏာတည်စေရန် အုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအတွက် ၁၀ ရက် သတ်မှတ်ပေးခဲ့သည်။ 

အမိန့်သည် တရုတ်နိုင်ငံအပေါ် ထရမ့်၏ ၃၀% ကုန်သွယ်ခွန်၊ မက္ကဆီကိုနှင့် ကနေဒါမှ တင်သွင်းသည့် အချို့သော ကုန်ပစ္စည်းများအပေါ် ၂၅% ခွန်နှင့် အမေရိကန်သို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းအများစုအပေါ် ၁၀% အထွေထွေကုန်သွယ်ခွန်များကို ရပ်တန့်လိုက်သည်။သို့သော် ၎င်းက ကားများ၊ ကားအစိတ်အပိုင်းများ၊ သံမဏိ သို့မဟုတ် အလူမီနီယမ်များအပေါ် ၂၅% ကုန်သွယ်ခွန်များကို မသက်ရောက်စေဘဲ ထိုကုန်သွယ်ခွန်များကို Trade Expansion Act ၏ Section 232 အရ သတ်မှတ်ထားခြင်းဖြစ်ပြီး ထရမ့်၏ ကုန်သွယ်ရေးလုပ်ဆောင်ချက်များအတွက် ကိုးကားခဲ့သည့် ဥပဒေနှင့်ကွဲပြားသည်။

မအူပင်မြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီကစိုက်ပျိုးခဲ့သည့် ငရုတ်ဧကအားလုံး ခူးဆွတ်ပြီးစီး

မအူပင်    မေ    ၂၈

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုး ရာသီကစိုက်ပျိုးခဲ့သည့် ငရုတ်ဧကအားလုံး ခူးဆွတ်ပြီးစီးပြီဖြစ်ကြောင်း မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး၏ ပြောပြချက်အရ သိရသည်။

ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီက မအူပင်မြို့နယ်၌    ငရုတ် ၆၆၆၁ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊    လက်ရှိတွင် ဧကအားလုံး ခူးဆွတ်ပြီးစီးပြီဖြစ်ရာ တစ်ဧက လျှင် ၃၇၀ ဒသမ ၀၈ ပိဿာခန့် ထွက်ရှိ ကြောင်း သိရသည်။

''မအူပင်မြို့နယ်မှာ ဆောင်းသီးနှံ စိုက်ပျိုးရာသီက ငရုတ်ဧက  ၆၀၀၀ ကျော် စိုက်ပျိုးခဲ့ပါတယ်။ လက်ရှိမှာ ဧကအားလုံး ခူးဆွတ်ပြီးစီးပြီဖြစ်ပါတယ်။ ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ အရည်အသွေးကောင်းမွန်တဲ့    ငရုတ်မျိုးတွေကို ရွေးချယ်စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ ငရုတ်အပါအဝင် ဆောင်းသီးနှံတွေ အားလုံး  လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့   စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဆက်စပ် ဌာနတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်'' ဟု ဦးဇော်မင်းထွန်းကပြောသည်။

မအူပင်မြို့နယ်၌ ငရုတ်အထွက်နှုန်း ညီစေရေး၊ပိုးမွှားအန္တရာယ် မကျရောက်စေရေး၊ အထွက်နှုန်းကောင်းမွန်စေရေး၊ အရည်အသွေး ကောင်းမွန်စေရေး စသည့် တောင်သူအသိပညာပေး လုပ်ငန်းများကို     စိုက်ပျိုးရေး ဦးစီးဌာနမှ   ဝန်ထမ်းများက  ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုး ရာသီက  စိုက်ပျိုးခဲ့သည့်   ငရုတ်ဧက အားလုံး ခူးဆွတ်ပြီးစီးပြီဖြစ်သဖြင့် ဒေသတွင်း စားသုံးမှုဖူလုံစေကာ သီးနှံဈေးနှုန်းများလည်း   တည်ငြိမ် ကျဆင်းစေမည်ဖြစ်ပြီး စိုက်ပျိုး တောင်သူများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက် လာစေမည်ဖြစ်ကြောင်း သိရသည်။