တရုတ်နှင့်အမေရိကန်တို့ ကုန်သွယ်ရေး သဘောတူညီချက် တစ်ခုရရှိ
လန်ဒန်၊ ကုန်သွယ်ရေး
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် ကုန်သွယ်ရေးဆွေးနွေးမှုတွင် သဘောတူညီချက်တစ်ခုရရှိခဲ့ပြီဖြစ်ပြီး ယခုအခါ နှစ်နိုင်ငံခေါင်းဆောင်များ၏ အတည်ပြုချက်ရရှိရေးသာကျန်ရှိတော့ကြောင်း သိရသည်။
အဆိုပါနှစ်နိုင်ငံမှကိုယ်စားလှယ်အဖွဲ့များက လန်ဒန်မြို့၌နှစ်ရက်ကြာတွေ့ဆုံ ဆွေးနွေးမှုများလုပ်ဆောင်ပြီးနောက် ဂျီနီ ဗာဘုံသဘောတူညီချက်ကို အကောင် အထည်ဖော်ရေးအတွက် သဘောတူညီ ချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဟောင်းဝပ်လတ်နစ်က ပြောသည်။
သို့သော် နှစ်နိုင်ငံကြားသဘောတူညီ ချက်များရရှိရေးအတွက် မဖြေရှင်းနိုင်သေးသည့်၊ သဘောထားကွဲလွဲနေသေးသည့် အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများလုပ်ရန်ကျန်ရှိနေသေးကြောင်း တရုတ်နိုင်ငံမှတာဝန်ရှိသူတစ်ဦးက ပြောထားသည်ဟု သိရသည်။
Ref: CNBC
Photo - The Indian Express
MM-News-Category