မြောင်းမြ မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သောစပါး ၁၂၀၂၄၃ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြောင်းမြမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ စပါးဧက ၁၂၀၆၂၀ ထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါ စိုက်ပျိုးခဲ့သည့် စပါးခင်းများကို ယခုနှစ် ဧပြီလပထမပတ်က စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် စပါး ၁၂၀၂၄၃ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ထိုသို့ ရိတ်သိမ်းခဲ့သည့် စပါးတစ်ဧကလျှင် ၁၁၅ ဒသမ ၀၈ တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
“မြောင်းမြမြို့နယ်မှာ စပါးဧက ၁၂၀၀၀၀ ကျော် စိုက်ပျိုးခဲ့ပါတယ်။ စပါးတွေ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ဆက်စပ်ဌာနတွေနဲ့ ဒေသခံတောင်သူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့လို့လဲ လျာထားဧကအတိုင်း စိုက်ပျိုးနိုင်တာဖြစ်ပါတယ်။ စပါးအထွက်နှုန်းကောင်းစေဖို့ နည်းပညာပေးတာတွေ၊ မျိုးကောင်းမျိုးသန့်တွေ ရွေးချယ်စိုက်ပျိုးဖို့ နည်းပညာပေးတာတွေ၊ ရိတ်သိမ်းချိန်လွန် နည်းပညာပေးတာတွေကို စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်ဌေးမြင့်က ပြောပြသည်။
မြောင်းမြမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ ရက် ၉၀၊ သီးထပ်ရင်၊ ထိုင်းဘေးကျား၊ နှစ်လခွဲ စသည့်စပါးအမျိုးအစားများကို ရွေးချယ်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
စပါးကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက နိုင်ငံတွင်း စားသုံးမှုဖူလုံစေရုံမျှမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားလာမည်ဖြစ်သောကြောင့် စပါးကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်ဌေးမြင့်က ပြောပြ၍ သိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ ၊ မိုး ၊ ဆောင်းရာသီအလိုက် သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ ကန်ရေသောက်၊ လျှပ်စစ် မြစ်ရေတင်နှင့် မိုးကောင်းသောက်စနစ်များဖြင့် တံတားဦးမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ (၁၇၈,၁၆၉) ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည် ။

တံတားဦးမြို့နယ်တွင် မိုးစပါး(၁၄,၅၇၅)ဧကနှင့် နှံစားပြောင်း(၁၂,၈၉၈)ဧက၊ မိုးပဲမျိုးစုံ(၂၀,၇၃၉)ဧက၊ မိုးဆီထွက် သီးနှံစုံ(၆၅,၂၂၃)ဧက၊ မိုးစားဖိုဆောင်(၅၃၃)ဧက၊ မိုးအခြားသီးနှံဖြစ်သည့် ကျွဲနွားစာအဖြစ် (၄၈,၅၃၈)ဧကနှင့် ပဲမြစ် (၂၁၄၅)ဧက၊ စားသုံးခြင်းမပြုသီးနှံ(၇၈၅)ဧက၊ မိုးဟင်းသီးဟင်းရွက်(၉၉၃)ဧက၊ မိုးဝါမျိုးစုံ(၅၂၂၀)ဧက၊ မိုးကြံ(၈၁)ဧကနှင့် သစ်သီးနှစ်ရှည်ပင်(၆၄၃၉)ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဦးကနေဒီထွန်းထံမှသိရသည် ။
မိုးရာသီရာတွင် သီးနှံမျိုးစုံထွက်တိုးရေးနှင့် အောင်မြင်သောသီးနှံမျိုးစုံရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးလုပ်ငန်း ပိုမိုအောင်မြင်ဖြစ်ထွန်းရေး အဆင့်ဆင့် တာဝန်ခွဲဝေဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံတောင်သူများနှင့် ပူးပေါင်းပြီး ပိုးမွှားရောဂါကာကွယ်ရေး လုပ်ငန်းများကို မျက်ခြည်မပြတ် စနစ်တကျ စောင့်ကြည့်ဆောင်ရွက်ကာ ရာသီဥတု ရေ၊ မြေဒေသနှင့် ကိုက်ညီသည့် အထွက်နှုန်းကောင်း မျိုးများ၊ အရည်အသွေးကောင်းမျိုးများ၊ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နည်းပညာ၊ နည်းစနစ် ကောင်းများ ဖြန့်ဝေပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည် ။
ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)

ဥရောပကုန်ပစ္စည်းများအား သွင်းကုန်စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည်ဟူသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုအပေါ် ဥရောပသမဂ္ဂ(အီးယူ) တာဝန်ရှိသူများနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များက ကျေနပ်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး နိုင်ထက် စီးနင်းပြုမူသော နည်းပရိယာယ်များက အတ္တလန္တိတ်ဖြတ်ကျော် ကုန်သွယ်ရေးဆွေးနွေးမှုများကို ထိခိုက်စေမည်ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။

အီးယူအနေဖြင့် ကုန်သွယ်ရေးတွင် အမေရိကန်အပေါ် အမြတ်ထုတ်နေပြီး ယင်းအား ကိုင်တွယ်ဖြေရှင်းရန် အလွန်ခဲယဉ်းနေသည်ဟု ထရမ့်က ၎င်း၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်း Truth Social ၌ စွပ်စွဲပြောဆိုခဲ့ပြီး ၎င်းအနေဖြင့် အီးယူအား ၅၀ ရာခိုင်နှုန်း တောက်လျှောက် အခွန်စည်းကြပ်ရန် အကြံပြုမည်ဖြစ်ကာ ၂၀၂၅ ခုနှစ် ဇွန် ၁ ရက်၌ စတင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဆွေးနွေးမှုများ ကြန့်ကြာနေစဉ် အမေရိကန် စီးပွားရေးလုပ်ငန်းများကို လမ်းဖွင့်ပေးရန် အမေရိကန် အစိုးရက တစ်ဖက်သတ် လိုက်လျောမှုများကို တောင်းဆိုလျက်ရှိပြီး အီးယူဘက်ကမူ အပြန်အလှန် အကျိုးရှိသော သဘောတူညီချက်တစ်ရပ် ရယူရန် ကြိုးပမ်းနေချိန်တွင် စည်းကြပ်ခွန် ခြိမ်းခြောက်မှုထွက်ပေါ်လာခြင်းဖြစ်သည်ဟု အီးယူ-အမေရိကန် ကုန်သွယ်ရေး ဆွေးနွေးမှုများအကြောင်း သိရှိ ထားသူများ၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ ကုန်သွယ်ရေးနှင့် စီးပွားရေးလုံခြုံမှုဆိုင်ရာ ဥရောပကော်မရှင်နာ မာရော့စ် ဆက်ဖ်ကိုဗစ်က အီးယူအနေဖြင့် မိမိတို့၏ အကျိုးစီးပွားကိုကာကွယ်ရန် အသင့်ရှိနေသည်ဟု ဆိုရှယ်မီဒီယာ ပလက်ဖောင်း X တွင် တုံ့ပြန်ရေးသားခဲ့သည်။
နှစ်နိုင်ငံ ကုန်သွယ်မှုအား အပြန်အလှန် လေးစားမှုဖြင့်သာ ထိန်းကျောင်းပေးရမည်ဖြစ်ပြီး ခြိမ်းခြောက်မှုများ မပြုလုပ်သင့်ဟု ဆက်ဖ်ကိုဗစ်က အလေး အနက်ပြောကြားလျက် “အီးယူအနေဖြင့် အပြည့်အဝ ချိတ်ဆက်လုပ်ဆောင်နေပြီး နှစ်ဖက်စလုံးအတွက် အကျိုးရှိသည့် သဘောတူညီချက် တစ်ရပ်ရရှိရန် စိတ်ပိုင်းဖြတ်ထားပါသည်။ အီးယူကော်မရှင်အနေဖြင့် သဘောရိုးနှင့် ကြိုးပမ်း လုပ်ဆောင်သွားရန် အသင့်ရှိနေဆဲဖြစ်ပါသည်” ဟု ရေးသားခဲ့သည်။
ကိုးကား -ဆင်ဟွာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံ၏ စီးပွားရေး စွမ်းဆောင်မှုကို ချီးကျူးပြောကြားရင်း ဝယ်ယူနိုင်စွမ်းညီမျှမှု (PPP) အရ ကမ္ဘာ့ စတုတ္ထမြောက် စီးပွားရေး အဖြစ် ရောက်ရှိလာမှုသည် စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်သမားများ၏ အားထုတ်မှုကြောင့် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

တနင်္လာနေ့ (မေ ၂၆) တွင် ကျင်းပသည့် အမျိုးသားစီးပွားရေးလုပ်ငန်းရှင်များနေ့ အခမ်းအနားတွင် ပြောကြားရင်း ပူတင်က ရုရှား နိုင်ငံသည် လုံးဝအဆင်ပြေသည်မဟုတ်ဘဲ ခက်ခဲသည့် အခြေအနေများအောက်တွင် လုပ်ကိုင်နေရသော်လည်း ပြီးခဲ့သည့် နှစ်နှစ်အတွင်း ထင်ရှားသည့် ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
“၂၀၂၃ ခုနှစ်တွင် GDP ၄.၁% တိုးတက်ခဲ့ပြီး ၂၀၂၄ ခုနှစ် တွင် ၄.၃% တိုးတက်ခဲ့သည်။ ဤသည်မှာ ခိုင်မာသည့် ရလဒ်တစ်ခုပင် ဖြစ်သည်” ဟု ၎င်းက ဆိုသည်။ “PPP အရ ရုရှား၏ စီးပွားရေးသည် ယခု ကမ္ဘာ့ စတုတ္ထမြောက် ဖြစ်လာခြင်းမှာ ရုရှားနိုင်ငံသားတို့၏ တိုက်ရိုက် အောင်မြင်မှုပင် ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်း၏ ဒေသအနှံ့မှ ကုမ္ပဏီများ၏ လုပ်ဆောင်မှုများ၏ရလဒ်ပင် ဖြစ်သည်” ဟု ပြောကြားခဲ့ပါသည်။
PPP သည် ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ကုန်ကျစရိတ် ကွာခြားမှုများကို ညှိယူကာ နိုင်ငံများအကြား စီးပွားရေးထုတ်လုပ်မှုနှင့် လူနေမှု အဆင့်အတန်းကို နှိုင်းယှဉ်သည်။
ပူတင်က အဆိုပါ ကြီးထွားမှုသည် တစ်ခုတည်းသော ကဏ္ဍတွင် ကန့်သတ်မထားဘဲ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ဝန်ဆောင်မှုနှင့် ဘဏ္ဍာရေး အပါအဝင် စီးပွားရေး ကဏ္ဍမျိုးစုံတွင် လွှမ်းခြုံထားကြောင်း အလေးပေးပြောကြားခဲ့သည်။
“ထိုသို့သော ရလဒ်များသည် ကြီးမားသည့် အဖွဲ့အစည်းအနည်းငယ်၏ လုပ်ဆောင်မှုမျှ မဟုတ်ဘဲ၊ တူညီသော ရည်မှန်းချက်ဆီသို့ ဦးတည် လုပ်ကိုင်နေသည့် ထောင်နှင့်ချီ၊ သိန်းနှင့်ချီ၊ သန်းနှင့်ချီသော လူများ၏ ပူးပေါင်းပါဝင်မှု၏ ရလဒ်ပင် ဖြစ်သည်” ဟု သမ္မတက ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

လန်ဒန်၊ စီးပွားရေး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးဆွေးနွေးမှုများအတွက် သတ်မှတ်ချိန်ကို ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် မေလ ၂၆ ရက်တွင် ရေနံစိမ်းဈေးနှုန်းများ အနည်းငယ်ပြန် လည်မြင့်တက်လာကြောင်းသိရသည်။
ထိုသို့ဆွေးနွေးမှုအတွက် နောက်ဆုံး သတ်မှတ်ချိန်ကို ရွှေ့ဆိုင်းလိုက်သောကြောင့် ဥရောပသမဂ္ဂအပေါ်အမေရိကန်၏သွင်းကုန်အခွန်များချမှတ်မှုနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကိုလျော့ပါးသွားစေကာ ရေနံစိမ်းဝယ်လိုအားမြင့် တက်လာစေခြင်းဖြစ်သည်။

ဘရန့်ရေနံစိမ်းမှာ တစ်စည်လျှင် ၃၉ ဆင့်တက်ကာ ၆၅ ဒသမ ၁၇ ဒေါ်လာဖြင့် ရပ်တည်ခဲ့သည်။ တစ်ချိန်တည်းမှာပင် WTI ရေနံစိမ်းမှာလည်း ၃၃ ဆင့်တက်ပြီး တစ်စည်လျှင် ၆၁ ဒသမ ၈၆ ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။
Ref: RTA
Photo - Reuters
Source: Myawady Daily Newspaper

သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့ (မေ ၂၅) တွင် ဥရောပသမဂ္ဂမှ တင်သွင်းကုန်ပစ္စည်းများအပေါ် ၅၀% အကောက်ခွန် စည်းကြပ်မှုကို ဇူလိုင် ၉ ရက်အထိ ရွှေ့ဆိုင်းရန် သဘောတူညီခဲ့ကြောင်း ပြောကြား ခဲ့သည်။ ထရမ့်သည် မကြာခဏဆိုသလို အကောက်ခွန်များ စည်းကြပ်မည် ဟု ကြေညာကာ စျေးကွက်များကို ရှုပ်ထွေးစေပြီးနောက် ခြိမ်းခြောက်မှု များကို နောက်ဆုတ်လေ့ရှိသည်။
ထရမ့်က ၎င်းနှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်ယန် တို့သည် အလွန်ကောင်းမွန်သောဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ယင်းမှတစ်ဆင့် အကောက်ခွန်ရွှေ့ဆိုင်းမှုကို သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဗွန်ဒါလိုင်ယန် က အချိန်ယူပြီး တကယ့်ညှိနှိုင်းမှုတွေ လုပ်ချင်ကြောင်း ပြောပါသည်” ဟု နယူးဂျာစီပြည်နယ်၊ မော်ရစ်စ်တောင်းမြို့ လေဆိပ်တွင် ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့သည်။ “ဇူလိုင် ၉ ရက်က သူမတောင်းဆိုသည့် ရက်ဖြစ်ပါသည်၊ ဇွန် ၁ ရက်ကနေ ဇူလိုင် ၉ ရက်အထိ ရွှေ့၍ရနိုင်မည်လား မေးမြန်းမှုအပေါ် ကျွန်တော်က သဘောတူလိုက်ပါသည်” ဟု ၎င်းက ထပ်မံ ပြောကြားခဲ့ပါသည်။
“သူမက အမြန်ဆုံးတွေ့ဆုံပြီး တစ်ခုခု အဖြေရှာရန် ကြိုးစားမည်ဟု ပြောပါသည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
သောကြာနေ့ (မေ ၂၃) ကပင် ထရမ့်က ဥရောပသမဂ္ဂနှင့် သဘော တူညီချက် ရှာဖွေနေခြင်း မဟုတ်ကြောင်း၊ ၅၀% အကောက်ခွန်နှုန်းကို ဇွန် ၁ ရက်မှစ၍ စတင်အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ယခင်က ဧပြီလတွင် ဥရောပသမဂ္ဂအပေါ် ၂၀% အကောက်ခွန် စည်းကြပ်ရန် ကြေညာခဲ့သော်လည်း ယင်းကိုလည်း အခြားသော “တန်ပြန် အကောက်ခွန်” များနည်းတူ ရွှေ့ဆိုင်းခဲ့ဖူးသည်။
သတင်းထောက်များနှင့် စကားပြောပြီး မိနစ်ပိုင်းအကြာတွင် ထရမ့်က Truth Social တွင် “ဆွေးနွေးမှုများကို အမြန်ဆုံး စတင်မည်” ဟု ရေးသားခဲ့သည်။
ကိုးကား- CNN

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ မှတ်တမ်းများအရ အိန္ဒိယနိုင်ငံ သည် ကမ္ဘာ့စီးပွားရေး အဆောက်အအုံ အကြီးဆုံးနိုင်ငံများထဲ၌ စတုတ္ထ အဆင့်ကို ရောက်ရှိလာကြောင်း သိရပါသည်။ အမေရိကန်၊ တရုတ်နှင့် ဂျာမနီ ပြီးလျှင် အိန္ဒိယသည် နံပါတ် ၄ နေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေး အဆောက်အအုံမှ လည်ပတ်မှုငွေကြေး ပမာဏ သည် ကန်ဒေါ်လာ ၄ ထရီလီယံ အထိရောက်ရှိနေပြီး အကြောင်းအရင်းမှာ ဘူမိနိုင်ငံရေးနှင့် ကုန်ထုတ်စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်နိုင်၍ဖြစ်ကြောင်း ဒေသတွင်း စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက ဆိုပါသည်။
လက်ရှိအနေအထားအတိုင်းဆက်ပြီး ထိန်းသိမ်းထားနိုင်မည်ဆိုပါက လက်ရှိဂျပန်ကို ကျော်တက်အပြီး နောက် ၃ နှစ် အတွင်း ဂျာမနီကိုပါ ဆက်လက်ကျော်တက်ကာ ကမ္ဘာ့တတိယ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်လာနိုင်ကြောင်း IMF ၏ အစီရင်ခံစာတစ်ခုတွင် ပါရှိပါသည်။
ကိုးကား- MNP

ဖျာပုံ မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကကတစ်ငါး ပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောပြ၍ သိရသည်။
ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လက ကကတစ်ငါး ပိဿာချိန် ၄၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ ကကတစ်ငါး ပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ တစ်လထဲမှာ ကကတစ်ငါးပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများနေလို့ တင်ပို့ရောင်းချမှုတက်ခဲ့တာပါ။ ကကတစ်ငါးက အကြမ်းခံတဲ့ငါး အမျိုးအစားထဲမှာ ပါပါတယ်။ ကကတစ်ငါးအပါအဝင် အခြားရေထွက်ကုန်တွေလဲ အရောင်းအဝယ် ပုံမှန်ဖြစ်နေပါတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောပြသည်။
ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ကကတစ်ငါး တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀ မှ ၂၂၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဒေသမှ ကကတစ်ငါးများအပါအဝင် ရေထွက်ကုန်များ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေရခြင်းကြောင့် ရေလုပ်သားများ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ ကုန်တင်ကုန်ချလုပ်သားများ အဆင်ပြေလျက်ရှိကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောပြ၍ သိရသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေး၊ နည်းပညာနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီချက် ၁၇ ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ အဆိုပါ သဘောတူညီချက်များတွင် လေကြောင်း၊ အာကာသ၊ သယံဇာတနှင့် စက်မှုလုပ်ငန်းများ ပါဝင်သည်။

ပြင်သစ်အနေဖြင့် အာရှတွင် တရုတ်၏ လွှမ်းမိုးမှုကို ဟန်ချက်ညီစေရန် ဗီယက်နမ်နှင့် မိတ်ဖက်ပြုခြင်းဖြစ်သည်။ ဗီယက်နမ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရရှိပြီး အဆင့်မြင့် နည်းပညာ များ လွှဲပြောင်းရရှိမည်ဖြစ်သည်။
Vietjet Air လေကြောင်းလိုင်းမှ ပြင်သစ် Airbus လေယာဉ် ၅၀ စီး ဝယ်ယူသွားမည်ဖြစ်ပြီး ပြင်သစ်က အခြေခံအဆောက်အအုံနှင့် သန့်ရှင်း သော စွမ်းအင်စီမံကိန်းများအတွက် ရန်ပုံငွေထောက်ပံ့မည်ဖြစ်သည်။
ပြင်သစ်ကုမ္ပဏီ Electricity de France (EDF) မှ ဗီယက်နမ်၏ လေစွမ်းအင်နှင့် နျူကလီးယားစွမ်းအင်စီမံကိန်းများတွင် ပါဝင် ဆောင်ရွက်မည်ဟု သိရှိရသည်။ ပြင်သစ်သည် အင်ဒိုပစိဖိတ်ဒေသတွင် ဩဇာလွှမ်းမိုးမှု မြှင့်တင်ရန် ဗီယက်နမ်ကို အချက်အခြာကျသော မိတ်ဖက်အဖြစ် ရှုမြင်သည်။
ဗီယက်နမ်အနေဖြင့်လည်း နိုင်ငံတကာမိတ်ဖက်များ ချဲ့ထွင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးရန် ရည်ရွယ်ခြင်းဖြစ်သည်။
အဆိုပါ သဘောတူညီချက်များသည် နှစ်နိုင်ငံအတွက် စီးပွားရေး အကျိုး ကျေးဇူး သာမက နိုင်ငံရေးအရလည်း အရေးပါသော ခြေလှမ်းဖြစ်သည်။ ပြင်သစ်သည် အာရှတွင် မိမိ၏ဩဇာညောင်းမှုကို ထိန်းသိမ်းရန်၊ ဗီယက်နမ်ကလည်း နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် ရည်ရွယ်သည်ဟု ဆိုနိုင်ပါသည်။
ကိုးကား- Reuters

ရန်ကုန် မေ ၂၅
ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းလိုင်စင်လျှောက်ထားသည့် ရွှေဆိုင် ၁၅၀၀ အထိရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
''လက်ရှိအချိန်ထိ လုပ်ငန်းလိုင်စင် လျှောက်ထားပြီးတဲ့ဆိုင် ၁၅၀၀ လောက်မှာ ၁၀၀၀ လောက်က လိုင်စင်ထုတ်ယူပြီးပါပြီ၊၊ အခုလျှောက်ထားတာ ဆိုင်ကြီးတွေများ ပါတယ်၊၊ ဆိုင်သေးတွေ ကျန်နေသေးတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

လိုင်စင်လျှောက်ထားရာတွင် မူလသတ်မှတ်ထားသည့် နောက်ဆုံးလျှောက်ထားရမည့် ရက်သတ်မှတ်ချက်ကိုလည်း ဖြေလျှော့ပေးထားပြီး ထပ်မံလျှောက်ထားခွင့်ပေးနေကြောင်း၊ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်သည့် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်း နှင့်ညီမျှသည့် ငွေကြေးပမာဏကို ဘဏ်တွင်အပ်နှံထားသော အထောက်အထား (Bank Statement) တင်ပြရမည်ဖြစ်ပြီး အရောင်းအဝယ်ပမာဏကို ရွှေအချိန်နှင့် ဖော်ပြပေးရမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း သို့မဟုတ် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ အဖွဲ့ဝင်ဖြစ်ကြောင်း ထောက်ခံချက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဦးစီးမှူး၏ ရွှေဆိုင်အတွက် လိုင်စင်လျှောက်ထားခြင်းကို ကန့်ကွက်မှု မရှိကြောင်း ထောက်ခံချက်၊ ရဲတပ်ဖွဲ့၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည်ဖြစ်သည်။
ယင်းအပြင် အခွန်ဆောင်ထားသည့် သက်ဆိုင်ရာပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်နှင့် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပေးထားသည့် လုပ်ငန်းလိုင်စင်ရှိပါကလည်း ပူးတွဲတင်ပြ ရမည်ဖြစ်ကြောင်း သိရသည်။
ရွှေဆိုင်များအနေဖြင့် မြေပြင်တွင်လည်း ရွှေရောင်းဝယ်ခြင်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်း မရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်အညီ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ အသိပေး ကြေညာထားကြောင်းနှင့် အွန်လိုင်းတွင် ရောင်းချပါက အွန်လိုင်း လိုင်စင် လျှောက်ထားရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
Source: Myawady Web Portal