သတင်းများ

ဇလွန်မြို့နယ်တွင် ဒေသထွက်ဖရဲသီးများ အရောင်းအဝယ်ကောင်းမွန်နေ

ဇလွန်   ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်မှ ဒေသထွက်ဖရဲသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဇလွန်မြို့နယ်လယ်ယာထွက်ကုန် ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဌေးက ပြောပြသည်။

ဇလွန်မြို့နယ်တွင် ဒေသထွက် ဖရဲသီးများသည် ယခုနှစ် ဧပြီလ ပထမပတ်မှစတင်ပြီး ယနေ့ထိ အရောင်းအဝယ် ကောင်းမွန်နေကြောင်း၊ အဆိုပါ ဖရဲသီးများကို ဒေသထွက်များဖြစ်သည့် ပုသိမ်၊ ကျောင်းကုန်း၊ ချောင်းသာ၊ ငွေဆောင်စသည့် ဒေသများကပါ ဝယ်ယူနေခြင်းကြောင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။

“ဖရဲသီးတွေ အရောင်းအဝယ်ကောင်းနေပါတယ်။ လက်ရှိဒေသထွက်ဖရဲသီးတွေကို အခြားမြို့တွေဘက်က အဝယ်လိုက်နေပါတယ်။ ဒါကလဲ ဒီဘက်ကို အခြားဒေသက ဖရဲသီးတွေ အဝင်နည်းနေတာကြောင့်လို့ ပွဲရုံလုပ်ငန်းရှင်တွေပြောပြချက်အရ သိရပါတယ်။ အခုနှစ် ဒေသထွက် ဖရဲသီးကလဲ အထွက်နှုန်းက အရမ်းမထွက်ပေမဲ့ ရောင်းပန်းလှ အရည်အသွေးလဲ ကောင်းမွန်ပါတယ်” ဟု ဇလွန်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဌေးက ပြောပြသည်။

ဇလွန်မြို့နယ်တွင် ဖရဲသီးကို မြေနုကျွန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် ကျေးရွာ ၁၄ ရွာတွင် ဒေသခံ ၁၀၄ ဦးမှ တစ်ဦးလျှင် တစ်ဧကမှ ငါးဧကထိ စိုက်ပျိုးထားကြောင်း၊ လက်ရှိ ဖရဲသီးတစ်လုံးလျှင် ငွေကျပ် ၃၅၀၀ မှ ၉၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ဇလွန်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဌေးက ဆက်လက်ပြောပြ၍ သိရသည်။

ကျော်ကျော်လင်း

Source: ရတနာပုံသတင်းစာ

လာမည့်ရာသီချိန်တွင် တရုတ်နိုင်ငံသို့မြန်မာ့ထောပတ်သီးတရားဝင်တင်ပို့နိုင်ရန် စီစဉ်နေ

လာမည့်ရာသီချိန်တွင် မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံသို့ (G to G)စနစ်ဖြင့် တရားဝင်တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရန် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက ဆောင်ရွက်နေခြင်းဖြစ်ပြီး မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂) စီမံကိန်းအရ G to G စနစ်ဖြင့် တင်ပို့နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ထောပတ်သီး တရားဝင်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သော်လည်း တရုတ်နိုင်ငံ၏ လိုအပ်ချက်အရ ထောပတ်သီးကို ယခုနှစ်နှစ်ရာသီချိန်အစ ဒီဇင်ဘာလတွင် တင်ပို့နိုင်ရန်မျှော်မှန်းထားကြောင်း သိရသည်။

ပြည်တွင်းရှိ ထောပတ်ခြံများနှင့် ထောပတ်သီးထုပ်ပိုးစက်ရုံများ၌ ပိုးမွှားကင်းရှင်းရန် ဆောင်ရွက်နေသည့်အခြေအနေများကို ယခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် တရုတ်နိုင်ငံဘက်မှ လူကိုယ်တိုင် သို့မဟုတ် အွန်လိုင်းမှတစဆင့် စစ်ဆေးရန် စီစဉ်ထားကြောင်း သိရသည်။

ထိုသို့စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးစီး၍ အဆင်ပြေပါက နယ်စပ်လမ်းကြောင်းအပြင် တင်ပို့ရမည့် ပမာဏများပြားပါက ရန်ကုန်မြို့မှတစ်ဆင့် ပင်လယ်ရေကြောင်းမှလည်း တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

Source: Popular Myanmar

ကာဇက်စတန်က ပါရှန်ပင်လယ်ကွေ့ အာရပ်နိုင်ငံများအား ရှားပါးသတ္တု တူးဖော်ရေးတွင် ပူးပေါင်းရန် ဖိတ်ခေါ်

ကာဇက်စတန်၏ နိုင်ငံခြားရေးဝန်ကြီး Murat Nurtleu သည် ဗဟိုအာရှ-ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ  (GCC) ၏ ဒုတိယ အကြိမ်မြောက် ဝန်ကြီးများအဆင့်အစည်းအဝေးအပြီးတွင်ကာဇက်စတန်၏ ရှားပါးသတ္တု (တန်ဖိုး အမေရိကန်ဒေါ်လာ ၄၆ ထရီလီယံကျော်) ကို ပူးပေါင်း တူးဖော်ရန် GCC အဖွဲ့ဝင်နိုင်ငံများကို အဆိုပြုဖိတ်ကြားလိုက်ပါသည်။ 

ကာဇက်စတန်တွင် သတ္တုသိုက် ၅,၀၀၀ ကျော် ရှိပြီး ခန့်မှန်းတန်ဖိုး ဒေါ်လာ ၄၆ ထရီလီယံကျော် ရှိပါသည်။   GCC နိုင်ငံများမှ ဘူမိရှာဖွေရေး၊ အဆင့်မြင့် ထုတ်လုပ်ရေးနှင့် နည်းပညာအသစ်များနှင့်ပတ်သက်သည့်  စီးပွားရေး လုပ်ငန်း များတွင် ပူးပေါင်းပါဝင်ကြရန် ၎င်းက ဖိတ်ခေါ်ခဲ့ပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ရုရှားဓာတ်ငွေ့ တဆင့်ခံပို့လွှတ်နိုင်ရေး လိုအပ်သည် အခြေခံအဆောက်အုံ အီရန်ပြင်ဆင်ပြီး

ရုရှားနိုင်ငံမှ အီရန်နိုင်ငံသို့ ဓာတ်ငွေ့တင်ပို့မည့်အစီအစဉ်အတွက် ယခင်က အသုံးပြုခဲ့သော ဓာတ်ငွေ့ပိုက်လိုင်းကို ပြန်လည်အသုံးပြုရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ထိုပိုက်လိုင်းမှ ခွဲထွက်၍ ပိုက်လိုင်း ခွဲသစ်တစ်ခု တည်ဆောက်ကာ ဓာတ်ငွေ့တင်ပို့ရန်ရည်ရွယ်ထားသည်ဟု အီရန်သံအမတ်ကြီး ကာဇမ် ဂျာလာလီက ယူရေးရှာ ရေနံနှင့်ဓာတ်ငွေ့ ဖိုရမ်တွင် ပြောကြားခဲ့သည်။

ဤအစီအစဉ်အတွက် အီရန်ဘက်က  ပြင်ဆင်ရမည့် အခြေခံအဆောက်အုံ ဆောက်လုပ်ရေးလုပ်ငန်းများကို ပြီးစီးထားပြီး ဖြစ်ကြောင်းလည်း သံအမတ်ကြီးက ပြောပြခဲ့သည်။၎င်းအပြင် ဒေသအတွင်းတွင် ဓာတ်ငွေ့နှင့် စွမ်းအင်အရင်းအမြစ်များအတွက် လိုအပ်နေသော နိုင်ငံများကလည်း အီရန်မှ ဓာတ်ငွေ့ဝယ်ယူရန် စိတ်ဝင်စားကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ပိုက်လိုင်းများကို အသုံးပြုပြီး ရုရှား၏ ဓာတ်ငွေ့ကို အီရန်မှ တစ်ဆင့် တခြားနိုင်ငံများသို့ တင်ပို့နိုင်လာမည်ဖြစ်ပြီး၊ ၎င်းက ဒေသတွင်း စွမ်းအင်ပေးပို့မှု လမ်းကြောင်းအသစ်တစ်ခုအဖြစ် ပိုမိုအရေးပါလာနိုင်သည်။

အင်ဒိုနီးရှားက အမေရိကန်မှ ဒေါ်လာ ၁၉ ဘီလီယံဖိုးအထိ သွင်းကုန်တင်သွင်းမည်

အင်ဒိုနီးရှားအစိုးရအနေဖြင့် အမေရိကန် အစိုးရကချမှတ်သော ထပ်ဆောင်း စည်းကြပ်အခွန်များကို ရှောင်ရှားနိုင်ရေးအတွက် အမေရိကန်မှ ဒေါ်လာ ၁၉ ဘီလီယံဖိုးအထိ သွင်းကုန်များကိုတင်သွင်းသွားမည်ဖြစ်ကြောင်း ကတိပြုလိုက်သည်။

အင်ဒိုနီးရှားစီးပွားရေးဝန်ကြီးနှင့်တာဝန်ရှိသူများက အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် သွားရောက် ညှိနှိုင်းဆွေးနွေးပြီးနောက် စွမ်းအင်ကဏ္ဍမှ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံဖိုးအထိအပါအဝင် သွင်းကုန်ပမာဏ စုစုပေါင်း ဒေါ်လာ ၁၉ ဘီလီယံဖိုးအထိ တင်သွင်းမည်ဟု ဧပြီလ ၁၈ ရက်တွင် စီးပွားရေးဝန်ကြီးကပြောခြင်း ဖြစ်သည်။

ထို့ပြင် စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ဂျုံ၊ ပဲပိစပ်တို့ကိုသာမက စက်မှုလုပ်ငန်းအတွက် သွင်းအားစုများကိုလည်း တိုးမြှင့်တင်သွင်းသွားမည်ဟု စီးပွားရေးဝန်ကြီး အဲလန်ဂါဟာတာတိုက ပြောသည်။

အလားတူ အင်ဒိုနီးရှားနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်နေသည့် အမေရိကန်ကုမ္ပဏီများ အဆင်ပြေစေရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဟု ၎င်းကဆက်ပြောသည်။     

 Ref: SCMP

Source: https://myawady.net.mm/

အမေရိကန်၏ နိုင်ငံ ၇၀ နှင့် အကောက်ခွန်လျှော့ချရေး ဆွေးနွေးမှု အဆင်ပြေနိုင်မလား

အမေရိကန်အစိုးရသည် နိုင်ငံပေါင်း ၇၀ နှင့် အကောက်ခွန် လျှော့ချရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ထိုဆွေးနွေးမှု များတွင် အဆိုပါနိုင်ငံများ၏ တရုတ်နိုင်ငံနှင့်စီးပွားရေး ပူးပေါင်းမှုကို ကန့်သတ်ရန် သတ်မှတ်ချက်များ ထည့်သွင်းနိုင်ကြောင်း The Wall Street Journal သတင်းအရ သိရပါသည်။

ထိုယူဆချက်အရ တရုတ်စီးပွားရေးပိုမိုချို့တဲ့လာကာ နောက်ဆုံးတွင် ပေကျင်းက ဝါရှင်တန်နှင့် ညှိနှိုင်းမှုများဆီသို့ ပြန်လည်ရောက်ရှိစေရန် ရည်ရွယ်ထားကြောင်း၊ တရုတ်ကုန်ပစ္စည်းများကို ၎င်းနိုင်ငံများမှတစ်ဆင့် အမေရိကန်သို့ သွယ်ဝိုက်တင်ပို့ခြင်းကို တားမြစ်ရန်၊ တရုတ်ကုမ္ပဏီများ ထိုနိုင်ငံများတွင် အခြေစိုက်ခြင်းကို ငြင်းဆန်ရန်၊ တရုတ်၏ ဈေးနှုန်း ချိုသာသော စက်မှုကုန်ထည်များ ဝယ်ယူခြင်းကို ရှောင်ကြည်ရန် အမေရိကန်ဘက်က တောင်းဆိုလာနိုင်ကြောင်း ခန့်မှန်းထားပါသည်။ 

ထိုသို့လုပ်ဆောင်လိုက်ပါက အမေရိကန် သို့မဟုတ် တရုတ် တစ်နိုင်ငံတည်း ဖြင့်သာ စီးပွားရေးဆက်ဆံခိုင်းသလို ဖြစ်နေကြောင်း၊ ကနေဒါနှင့် မက္ကဆီ တို့လို အမေရိကန်ဈေးကွက်အပေါ် လွန်စွာမှီခိုနေရသည့် နိုင်ငံများ အတွက် သာယခုသတ်မှတ်ချက်ကို လက်ခံနိုင်ဖွယ်ရှိသော်လည်း အခြားနိုင်ငံများ အတွက် ထိုရွေးချယ်မှုမှာ ခက်ခဲနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်း ထားပါသည်။

ထို့ပြင် တရုတ်ကို လုံးဝအထီးကျန်စေမည့်အစား ကမ္ဘာ့စီးပွားရေး အကွဲ အပြဲ ပိုမိုဖြစ်ပွားလာစေနိုင်ပြီး တတိယ(ကြားနေ)နိုင်ငံများ၏ စီးပွားရေး ဘက်မလိုက်မူဝါဒ (Economic Non-Alignment) ကို ပိုမိုအားကောင်း စေမည် ဟု စီးပွားရေးပညာရှင်များက သုံးသပ်ထားကြပါသည်။ 

အခွန်စည်းကြပ်မှုကြေညာပြီး စတော့ဝယ်ယူခဲ့သည့် ဒေါ်နယ်ထရန့်နှင့် အပေါင်းအပါများကို စစ်ဆေးပေးရန် အမတ်များ တိုက်တွန်း

ဒေါ်နယ်ထရန့်၏ အခွန်စည်းကြပ်မှုဆိုင်ရာ ကြေညာပြီးနောက် စတော့ ရှယ်ယာဈေးကွက် ကျဆင်းနေချိန်တွင် စတော့ရှယ်ယာများ ဝယ်ယူခဲ့သော အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် သူ့မိတ်ဆွေများအပေါ် စုံစမ်းစစ်ဆေး ပေးရန် အမေရိကန်အထက်လွှတ်တော်အမတ်အချို့က အစိုးရစောင့် ကြည့်ရေးအဖွဲ့ ( Government Watchdog ) ကို  သောကြာနေ့က တိုက်တွန်း ထားပါသည်။

ဒေါ်နယ်ထရန့်သည် နိုင်ငံပေါင်း ၁၈၅ နိုင်ငံကို ဧပြီ ၂ ရက်နေ့က အခွန်စည်းကြပ်လိုက်ပြီးနောက် စတော့ဈေးကွက် ပြိုကျဆင်းခဲ့သည်။ ထို့နောက် ဆုံးဖြတ်ချက်ကို ဆန့်ကျင်သည့်အနေဖြင့် ဒါဇင်နှင့်ချီသော အချို့နိုင်ငံများအတွက် အခွန်စည်းကြပ်မှုများကို ရက် ၉၀ ကြာ ဆိုင်းငံ့လိုက်ရသဖြင့် စတော့ဈေးကွက် ပြန်လည်တက်လာခဲ့သည်။ ထိုအပြောင်းအလဲကာလအတွင်း ဒေါ်နယ်ထရန့် သို့မဟုတ် သူ့မိတ်ဆွေများက စတော့များကို ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်ဟု စွပ်စွဲချက် များ ရှိနေပါသည်။

ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က သူ၏ Truth လူမှုကွန်ရက် တွင် “ဝယ်ယူဖို့ တကယ့်အချိန်ကောင်းပဲ”     ( THIS IS A GREAT TIME TO BUY!!!)ဟု ရေးသားခဲ့ပါသည်။ယခုကိစ္စအပေါ် တရားမျှတမှုရှိရှိ ဥပဒေနှင့် အညီ အတိအကျဖြစ်စေရေး စုံစမ်းစစ်ဆေးသင့်ကြောင်း လွှတ်တော်အမတ် များက ပြောကြားထားကြပါသည်။ 

ကိုးကား- France 24

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက် တစ်ရပ်ကို ချုပ်ဆိုလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့

အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီ ချက်တစ်ရပ်ကို ချုပ်ဆိုလိုပြီး ကောင်းမွန်စွာညှိနှိုင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့ အစည်းအဝေးတွင် ထုတ်ပြန်ပြောကြားခဲ့ပါသည်။

“တရုတ်နိုင်ငံနှင့်ပတ်သက်၍ ဘယ်လိုဆက်လက်ဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့က စောင့်ကြည့်ပါမယ်။ သဘောတူညီချက်တစ်ရပ်ကို ကျွန်တော် တို့အနေဖြင့် ချုပ်ဆိုလိုပါတယ်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပြီး ၎င်း၏အုပ်ချုပ်မှုအောက်၌ အမေရိကန်ပြည်ထောင်စု သည် “[တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ဆက်ဆံရေးကို] ပုံစံတစ်ခုထဲသို့ ရောက်ရှိစေမည်” ဟု ထင်မြင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ 

“ကျွန်တော်တို့က ကောင်းမွန်စွာညှိနှိုင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါ တယ်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်ကို ကျွန်တော်က အလွန် လေးစားပြီး ၎င်းက ကျွန်တော့်ရဲ့မိတ်ဆွေဖြစ်ခဲ့တာ ကြာပါပြီ၊ ကျွန်တော်တို့ နှစ်နိုင်ငံစလုံးအတွက် အလွန်ကောင်းမွန်မည့်အရာတစ်ခုကို ဖန်တီးနိုင်မယ်လို့ ထင်ပါတယ်” ဟု မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

ကိုးကား - Tass

Lukashanko

ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို က "မိမိတို့သည် သွင်းကုန် အစားထိုးမှု၊ နည်းပညာဆိုင်ရာ အချုပ်အခြာအာဏာနှင့် အခြားကဏ္ဍများကို အားဖြည့်ရပါမည်။ မိမိတို့တွင် ကုန်ကြမ်းပစ္စည်းများနှင့် နည်းပညာများ ရှိပါသည်။ အဆင့်မြင့်ဆုံးမဟုတ်တော့သည့်တိုင် လက်တွေ့အသုံးဝင်သော နည်းပညာများဖြစ်သည်" ဟု ရှင်းလင်းပြောကြားခဲ့ပါသည်။

ဥပမာတစ်ခုအနေဖြင့် "မိမိတို့သည် မာစီဒီးစ်ကားများကို ၃-၄ နှစ်ခန့် မမောင်းဘဲ၊ မိမိတို့၏ကားလုပ်ငန်းကို မြှင့်တင်ပြီး ယခုအဆင့်ထက် ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်ပါသည်။ မိမိတို့တွင် မော်စကိုဗစ်၊ ဇီဂူလီ စသည့် ကားထုတ်လုပ်ရေးအတွေ့အကြုံများ ရှိပါသည်။ ထိုကားများသည် အစပိုင်းတွင် သိပ်မကောင်းသော်လည်း တဖြည်းဖြည်း တိုးတက်လာပါသည်" ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို က ဖြည့်စွက်ပြောကြားခဲ့ပါသည်။ ထို့ပြင် "မိုဘိုင်းဖုန်းများ၊ တတ်ဘလက်များကို တရုတ်မှ ဝယ်ယူအသုံးပြုနိုင်ပါသည်။ ၎င်းတို့သုံးနေသည့် ဖုန်းမျိုးကိုပင် မိမိတို့သုံးနေသည်" ဟု ဘီလာရုစ်သမ္မတက ပြောကြားခဲ့ပါသည်။

ဘီလာရုစ်နှင့် ရုရှားတို့တွင် အခြေခံလိုအပ်ချက်များ ပြည့်မီနေကြောင်း ယုံကြည်ပါသည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို ကပြောကြားခဲ့ပါသည်။  "လူများကို ဝတ်ဆင်၊ ကျွေးမွေး၊ ကာကွယ်ရန်၊ သယ်ယူပို့ဆောင်ရေး၊ အဆောက်အအုံများတည်ဆောက်ရန်၊ လမ်းများ သန့်ရှင်းရေး စသည့်လုပ်ငန်းများအတွက် လိုအပ်သော အရင်းအမြစ်များ မိမိတို့တွင် ရှိပါသည်။ အချို့နေရာများတွင် နောက်ကျနေသော်လည်း ၃-၅ နှစ်အတွင်း စီးပွားရေးတိုးတက်မှုကို အလေးထားပါက အခြားနိုင်ငံ များကိုကျော်တက်နိုင်မည်"ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို က မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

US သွင်းကုန်များအပေါ် ပထမအသုတ်အဖြစ် EU က ဧပြီ ၁၅ မှစ၍ အခွန်စည်းကြပ်မည်

ဥရောပသမဂ္ဂကောင်စီက အမေရိကန်မှ ဥရောပသို့ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ်ပထမအကြိမ်အဖြစ် အခွန်စည်းကြပ်ရန် စာရင်းကို အတည်ပြုလိုက်ပြီး လာမည့် ဧပြီလ ၁၅ ရက်မှစတင် ကျင့်သုံးမည် ဖြစ်ကြောင်း ကောင်စီက သတင်းထုတ်ပြန်ထားပါသည်။

ဥရောပ၏ သံမဏိနှင့်အလူမီနီယမ်များအပေါ် အမေရိကန်၏ အခွန် စည်းကြပ်မှုကို တုံ့ပြန်သည့်အနေဖြင့် ဥရောပကော်မရှင် အကြံပြုချက် အရ ကုန်သွယ်ရေးအရေးယူမှုများ ပြုလုပ်ရန် ဥရောပအဖွဲ့ဝင်နိုင်ငံများက မဲပေးအတည်ပြုခဲ့ကြသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသေးစိတ်အချက်အလက်များကို မဖော်ပြထားသော်လည်း Bloomberg သတင်းဌာနအပါအဝင် မီဒီယာများ၏ ယခင်က ဖော်ပြချက်အရ ယင်းအခွန် များမှာ ၂၅ ရာခိုင်နှုန်းအထိရှိနိုင်ပြီး အမေရိကန်မှ တင်သွင်းလာမည့် ၂၁ ဘီလီယံ ယူရိုတန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ် အကျိုးသက်ရောက်စေမည် ဖြစ်သည်။ ထိုအခွန်စည်းကြပ်မည့်ပစ္စည်းများတွင် စိုက်ပျိုးရေးနှင့် စက်မှု ထုတ်ကုန်များအပါအဝင် အမေရိကန်၏ နာမည်ကြီးထုတ်ကုန်များ ဖြစ်သည့် မော်တော်ဆိုင်ကယ်နှင့် ဂျင်းဘောင်းဘီများ ပါဝင်နေပါသည်။