သတင်းများ

ကုန်ကျစရိတ်မြင့်တက်မှုကြောင့် ဂျပန်ဗဟိုဘဏ်က အတိုးနှုန်းပြောင်းလဲ သတ်မှတ်

ဂျပန်နိုင်ငံတွင် စွမ်းအင်အတွက် ကုန်ကျစရိတ်မြင့်တက်မှုနှင့် ဝန်ဆောင်မှု ကဏ္ဍတွင်ဈေးနှုန်းများ မြင့်တက်လာမှုတို့ကြောင့် ဗဟိုဘဏ်က ယခုနှစ် ဒီဇင်ဘာလတွင် အတိုးနှုန်းအား ပြောင်းလဲ သတ်မှတ်ခဲ့ရသည်။

ဗဟိုဘဏ်သည် ဒီဇင်ဘာလအတွင်း အတိုးနှုန်းအား ၃ ဒသမ   ၀ အထိ တိုးမြှင့်ခဲ့ပြီး   လာမည့်နှစ်  ဇန်နဝါရီလ သို့မဟုတ် မတ်လအတွင်း၌လည်း လုပ်ခနှင့် ကမ္ဘာ့စီးပွားရေးအခြေအနေများအပေါ် မူတည်၍ အတိုးနှုန်းကို ထပ်မံတိုးမြှင့်ဖွယ်ရှိသည်။

ဂျပန်အစိုးရသည် စီးပွားရေးပြန်လည် တိုးတက်လာစေရန်   ကြိုးပမ်းလျက်ရှိသော်လည်း လက်ရှိတွင် နိုင်ငံအတွင်းရှိ စက်ရုံများမှ ထုတ်ကုန်ထုတ်လုပ်မှု လျော့ကျခြင်းနှင့် ယန်းငွေတန်ဖိုးကျဆင်းခြင်းတို့နှင့် ရင်ဆိုင်ရလျက်ရှိသည်။ နိုင်ငံအတွင်းရှိ စက်ရုံများမှ ကုန်ထုတ်လုပ်မှုသည် ယခုနှစ် နိုဝင်ဘာလအတွင်း ၂ ဒသမ ၃  ရာခိုင်နှုန်း ကျဆင်းလာခြင်းကြောင့် သုံးလအတွင်း ပထမဆုံးအကြိမ် ကျဆင်းခြင်းဖြစ်သည်။

ထို့ပြင် ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ယခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် ထူးထူးခြားခြား မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့်လအတွင်း၌ ငွေကြေးဖောင်းပွမှုသည် ၂ ဒသမ ၂ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ဒီဇင်ဘာလအတွင်း၌ ၂  ဒသမ ၄ ရာခိုင်နှုန်း အထိမြင့်တက်လာသည်။

ဂျပန်ယန်းငွေ၏  တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် ငါးလနီးပါးကျဆင်းလာခြင်းကြောင့် နိုင်ငံအတွင်းသို့ တင်သွင်းသည့်ကုန်ပစ္စည်းများ၊ အထူးသဖြင့် စွမ်းအင်နှင့် ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းသည် ပိုမိုမြင့်တက်လျက်ရှိသည်။  

Source: Myawady Web Portal

ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ငွေလွှဲပို့မှုတွင် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ ရရှိ

ယခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံသို့ ငွေလွှဲပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံခန့်ရှိပြီး အကြမ်းဖျင်း အားဖြင့် ယခင်နှစ်အတိုင်း အလားတူဖြစ်ကြောင်း အစိုးရထံမှ သိရသည်။

နိုင်ငံပေါင်း ၁၃၀ တွင် နေထိုင်လျက်ရှိသည့် ပြည်ပရောက် ဗီယက်နမ်နိုင်ငံသား ၆ သန်းနီးပါးထံမှ ရောက်ရှိ လာသည့် ငွေလွှဲပို့မှု ကိန်းဂဏန်းသည် ဗီယက်နမ်နိုင်ငံတွင် စီးပွားရေး၊ သိပ္ပံပညာရပ်ဆိုင်ရာ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများစွာကို အထောက်အကူဖြစ်စေသည်ဟု ဒုတိယဝန်ကြီးချုပ် နှင့်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son က ဒီဇင်ဘာ ၂၆ ရက်နေ့ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ကိုဗစ် -၁၉ ၏ သက်ရောက်မှုကြောင့် စီးပွားရေးတိုးတက်မှုနှေးကွေးသည့် ကာလပြီးနောက် ဗီယက်နမ်နိုင်ငံအတွက် ငွေလွှဲပို့မှု အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံသည် စံချိန်သစ်တစ်ခုဖြစ်ခဲ့သည်။

ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၇၂ ဘီလီယံရှိသည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု စီမံကိန်းပေါင်း ၄၂၁ ခုနှင့်အတူ ငွေလွှဲပို့မှုများသည် ဗီယက်နမ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ပြည်ပရောက်ဗီယက်နမ်နိုင်ငံသားများနှင့် ၎င်းတို့၏မွေးရပ်မြေအကြား ပိုမိုခိုင်မာသော ချိတ်ဆက်မှုရရှိစေရေးအတွက် ၎င်း၏မူဝါဒများနှင့် ဥပဒေမူဘောင်များကို ဆက်လက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း Son က ပြောကြားခဲ့သည်။

ပြည်ပရောက် ဗီယက်နမ်အသိုက်အဝန်းကို ပံ့ပိုးကူညီနိုင်မည့် ရေရှည်အစီအမံများကို အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ ပြည်ပရောက် ဗီယက်နမ်နိုင်ငံသားများသည် ဗီယက်နမ်နိုင်ငံသို့ ပြန်လည်နေထိုင် နိုင်ရန်၊ ရင်းနှီးမြှုပ်နှံနိုင်ရန်နှင့် စီးပွားရေးလုပ်ဆောင်ရန် ပိုမိုလွယ်ကူလာစေရန်အတွက် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ်ကူစေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ အစိုးရသည် လူမှုအသိုက် အဝန်း ချိတ်ဆက်မှုတိုးမြှင့်ရန်နှင့် နိုင်ငံရပ်ခြားရှိဗီယက်နမ်နိုင်ငံသားများ၏ စွမ်းဆောင်နိုင်မှု အရည်အချင်း ကို ပြုစုပျိုးထောင်ပြီး မြှင့်တင်ပေးနိုင်ရေးအတွက် သတင်းအချက်အလက်နည်းပညာကို အသုံးချနေကြောင်း Son က ပြောကြားခဲ့သည်။

ပြည်ပရောက်ဗီယက်နမ်အသိုက်အဝန်းများသည် အမိမြေနှင့်ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေကာ လာမည့်နှစ် များအတွင်း နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် သိသိသာသာအထောက်အကူဖြစ်စေမည် ဟု ဒုတိယ ဝန်ကြီးချုပ် က ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။

စီးပွားရေးသံတမန်ရေးရာသည် ဗီယက်နမ်နိုင်ငံ၏ အလုံးစုံစီးပွားရေးအောင်မြင်မှုတွင် အဓိကအခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေပါသည်။ နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏသည် ယခုနှစ်တွင် စံချိန်တင်ဒေါ်လာ ၈၀၀ ဘီလီယံအထိ ရောက်ရှိရန် ခန့်မှန်းထားသည်။

ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ကမ္ဘာ့ထိပ်တန်းလက်ခံသည့်နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပါသည်။ ထို့အပြင် ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာ ခရီးသွား ၁၅.၈ သန်း လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရှိရပါသည်။

ကိုးကား - VN Express International 

သာယာဝတီမြို့နယ်၌ တောင်သူများ စိုက်ပျိုးထားသည့် ဖူးစားပြောင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိ

ပဲခူးတိုင်းဒေသကြီး  သာယာဝတီမြို့နယ်ရှိ   ကျေးရွာများ၌ ယခုနှစ်တွင်ဖူးစားပြောင်းဧက   ၂၀၀၀  ကျော်   စိုက်ပျိုးထားကာ   အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း    ပြောင်းစိုက်ပျိုးသူများ၏ ပြောပြချက်အရ သိရသည်။

ဖူးစားပြောင်းစိုက်ပျိုးရာတွင် နွေရာသီနှင့် ဆောင်းရာသီတို့၌    စိုက်ပျိုးလျှင် ရေသွင်း၍   မြေအစိုဓာတ်လုံလောက်စွာ ရရှိရန် ပြုလုပ်ပေးရကြောင်း၊ စိုက်ပျိုးပြီးအပင်များ ကြီးထွား၍  ဝတ်ဆံတည်ချိန်တွင် အပင်များထိခိုက်ပြီး ဝတ်ဆံမကြွေ စေရန်   ဂရုစိုက်ပေးရကာ ဝတ်ဆံများပျက်စီးပြီး ကြွေကျသွားပါက ပြောင်းဖူးစေ့အောင်မြင်မှု    လျော့ကျသွားနိုင်ကြောင်း သိရသည်။

ဖူးစားပြောင်းသည် စိုက်ပျိုးပြီး နှစ်လအကြာတွင် ဖူးစပြုပြီး    သုံးလအတွင်းချိုးယူ ရောင်းချနိုင်ကြောင်း၊   ပြောင်းဖူးပင်များကို စနစ်တကျစိုက်ပျိုးထားပါက  ပြောင်းဖူးအထွက်နှုန်း ပို၍ကောင်းမွန်စေပြီး ဖူးစားပြောင်းများတွင်   ပြောင်းကြမ်း၊ သကြားပြောင်းနှင့်ပြောင်းစေးဟူ၍ သုံးမျိုးရှိရာ   ပြောင်းကြမ်းကို တိရစ္ဆာန်အစာ အတွက်သာ   စိုက်ပျိုးကြကြောင်း   သိရသည်၊၊

ပြောင်းဖူးများစိုက်ပျိုးရာတွင် ကြဲပက်ခြင်း၊ အတန်းလိုက် အစေ့ချစိုက်ပျိုးခြင်းစသည်ဖြင့် အမျိုးမျိုးရှိသော်လည်း အတန်းလိုက်အစေ့ချ၍ စနစ်တကျစိုက်ပျိုးပါက ရေသွယ်ခြင်း၊  ဆေးဖျန်းခြင်းနှင့် ပေါင်းမြက်ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည့်အတွက်    ပြောင်းဖူးပင်များ ပို၍ရှင်သန်ကြီးထွားပြီး အဖူးများလည်း ညီညာစေသည်။    

ပြောင်းဖူး တစ်ဧကလျှင်  အပင်ရေ ၁၀၀၀၀ ဝန်းကျင်စိုက်ပျိုးနိုင်ပြီး တစ်ပင်လျှင်  လေးဖူးခန့်ဖူးကာ  စိုက်ပျိုးသူများ ဝင်ငွေကောင်းပြီး အဆင်ပြေကြကြောင်း သိရသည်။   

ကလိန်အောင်မြို့တွင် သစ်သီးဝလံ ဟင်းသီးဟင်းရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

တနင်္သာရီတိုင်းဒေသကြီး   ထားဝယ်ခရိုင်   ကလိန်အောင်မြို့ရှိ  တောင်သူများသည် တစ်နှစ်ပတ်လုံး မြေအောက်ရေဖြင့် ဟင်းသီးဟင်းရွက်   သစ်သီးဝလံသီးနှံပင်များ မျိုးစုံစိုက်ခင်းကို စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးရောင်းချသူ တစ်ဦးထံမှ သိရသည်။

ကလိန်အောင်မြို့တွင်  သစ်သီးဝလံ ဟင်းသီးဟင်းရွက်များဖြစ်‌သော ငရုတ်၊ ချဉ်ပေါင်၊ ခရမ်းသီး၊ ဘူးသီး၊ ကန်စွန်းရွက်၊ တိုင်ထောင်ပဲ အစရှိသည့် သီးနှံပင်များကို တစ်နှစ်ပတ်လုံး မြေနုကျွန်းပေါ်များဖြစ်သည့် ကိုင်း၊ ခြံများတွင် မြေအောက်ရေဖြင့်သွင်း၍ စိုက်ပျိုးရောင်းချရပြီး မိသားစုများ နေ့စဉ်ပုံမှန်ဝင်ငွေရရှိကြောင်း    အဆိုပါ စိုက်ပျိုးသူတစ်ဦးကပြောသည်။

ထွက်ရှိသည့်    ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမျိုးစုံကို   ထားဝယ်မြို့နှင့် ကံပေါက်ကျေးရွာတို့မှ  ဈေးသည်များက ကိုင်းစိုက်ခင်းထဲအထိ    ဖောက်သည် လာရောက်ဝယ်ယူကြပြီး တစ်ဆင့်ပြန်လည်၍ ရောင်းချကြကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်၏ အခွန်စည်းကြပ်မည့်အစီအစဉ် အကောင်အထည်ဖော်မည်ဆိုပါက ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီတန်ဖိုး သုည ဒသမ ၃ ရာခိုင်နှုန်း လျော့ကျသွားဖွယ်ရှိ

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့အပေါ် အခွန်စည်းကြပ်မည့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက ကမ္ဘာလုံးဆိုင်ရာ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP)သည် သုည ဒသမ ၃ ရာခိုင်နှုန်း လျော့ကျသွားဖွယ်ရှိကြောင်း ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့ (JETRO) က ဒီဇင်ဘာ ၂၅ ရက်တွင် ပြောသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတင် သမ္မတရာထူး စတင်ထမ်းဆောင်သည့် အချိန်တွင် အဆိုပါနိုင်ငံများအနေဖြင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများနှင့် မူးယစ်ဆေးဝါးများကို အမေရိကန်သို့ တင်ပို့ခြင်းအား ရပ်တန့်ခြင်းမပြုပါက မက္ကဆီကိုနှင့် ကနေဒါတို့မှ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။

တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် ၁၀ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ရန် စီစဉ်ထားကြောင်းလည်း ၎င်းက ပြောကြားသည်။

မော်တော်ကား၊ အစားအသောက် ပြုပြင်ထုတ်လုပ်ရေး၊ အီလက်ထရွန်နစ် နှင့် လျှပ်စစ်စက်မှုလုပ်ငန်းတို့မှ ကုန်ပစ္စည်းများ တင်ပို့မှုအပေါ် ထိခိုက်စေသည့် အတွက် မက္ကဆီကို နိုင်ငံ၏ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးသည် ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ကနေဒါနိုင်ငံသည် ၁ ဒသမ ၂ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံသည် သုည ဒသမ ၃ ရာခိုင်နှုန်း လျော့ကျသွားနိုင်ကြောင်း ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့၏  ဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာ အင်စတီကျုမှ လက်ထောက် သုတေသီတစ်ဦးဖြစ်သူ အီဆိုနိုအီကူမိုက ခန့်မှန်းပြောကြားသည်။

အမေရိကန်နိုင်ငံသို့ ဂျပန်နိုင်ငံ၏ မော်တော်ကားနှင့် ပတ်သက်သော ပို့ကုန်များ တိုးလာဖွယ်ရှိသည့် အတွက် ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးသည် သုည ဒသမ ၂ ရာခိုင်နှုန်းတိုးလာနိုင်ကြောင်း ၎င်းက ခန့်မှန်း ပြောကြားသည်။

ထရမ့်၏ အခွန်စည်းကြပ်မှုသည် ကနေဒါနှင့် မက္ကဆီကို နိုင်ငံတို့၌ လည်ပတ်နေသော ဂျပန်ကုမ္ပဏီများအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း အီဆိုနို အီကူမိုက မှတ်ချက်ပြုပြောကြားသည်။

ကိုးကား -‌၂၆-၁၂-၂၀၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ

ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်မှ ရေနံနှင့်ဓာတ်ငွေ့ ပိုမဝယ်လျှင် စည်းကြပ်ခွန် တိုးမြှင့်မည်ဟု ထရမ့်ခြိမ်းခြောက်

ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်မှ ရေနံနှင့်သဘာဝဓာတ်ငွေ့များကို ပိုမိုဝယ် ယူခြင်းမရှိပါက ယင်းသမဂ္ဂမှ အမေရိကန်သို့ တင်သွင်းနေသော သွင်းကုန်များအပေါ် စည်းကြပ်အခွန် တိုးမြှင့်ကောက်ခံမည်ဟု အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် က ခြိမ်းခြောက်လိုက်သည်။

ဥရောပသမဂ္ဂသည် အမေရိကန်နိုင်ငံနှင့် ပတ်သက်လာလျှင် ဆယ်စုနှစ်များစွာ ကြာသည်အထိ ကုန်သွယ်ရေးပိုငွေပြနေကြောင်း၊ ထို့ကြောင့် အမေရိကန်ဘက်က ကုန်သွယ်ရေးလိုငွေကို ပြန်ပေးရမည်ဖြစ်ကြောင်း၊ ယင်းအတွက် ဥရောပသမဂ္ဂက အမေရိကန်မှရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပိုမိုဝယ်ယူပေးရမည်ဖြစ်ကြောင်း ထရမ့်က ဒီဇင်ဘာလ ၂၀ ရက်တွင်ပြောသည်။

ဒေါ်နယ်ထရမ့်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်း သစ္စာကျိန်ဆိုမည်ဖြစ်ပြီး သမ္မတမဖြစ်မီမှာပင် အမေရိကန်၏ အကြီးဆုံးသော ကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့ကိုလည်း သွင်း ကုန်စည်းကြပ်အခွန်များ တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက် ထားသေးသည်။

ယူကရိန်းပဋိပက္ခကို အကြောင်းပြု၍ အနောက်အုပ်စုက ရုရှားအပေါ်ပိတ်ဆို့မှု များ ချမှတ်ပြီးနောက် ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်မှ ရေနံနှင့်သဘာဝဓာတ် ငွေ့များအပေါ်ကိုသာ မှီခိုလာရကြောင်း သိရသည်။

CES 2025 မှာ ဟွန်ဒါရဲ့ 0 Series လျှပ်စစ်သုံးယာဉ်များ ထွက်ပေါ်လာမည်

ဟွန်ဒါကုမ္ပဏီဆိုတာ ကမ္ဘာ့ကားဈေးကွက်မှာ နေရာတစ်ခုကို ရယူထားနိုင်တဲ့ ကုမ္ပဏီဖြစ်ပေမယ့်လည်း လျှပ်စစ်သုံး ယာဉ်ဈေးကွက်မှာတော့ သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းကို မပြသနိုင်သေးပါဘူး။

ဒါပေမဲ့ မကြာခင်မှာကျင်းပတော့မယ့် CES 2025 ပွဲမှာ အများမျှော်လင့်နေကြတဲ့ 0 Series ထဲက လျှပ်စစ်သုံးယာဉ်အမျိုး အစားအသစ် ရှေ့ပြေးပုံစံနှစ်မျိုးကို ထုတ်ဖော်ပြသမိတ်ဆက်ခြင်းဖြင့် ဒီဈေးကွက်မှာလူအများရဲ့စိတ်ဝင်စားမှုကို ရယူနိုင်ဖို့ ကြိုးစားနေပါတယ်။

အဲဒီအမျိုးအစားအသစ် ရှေ့ပြေးပုံစံနှစ်မျိုးက ယမန်နှစ် CES ပွဲမှာထုတ်ဖော်မိတ်ဆက်ခဲ့တဲ့ Saloon နဲ့ Space-Hub ဆိုတဲ့ စိတ်ကူးပုံစံများရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်လာနိုင်ခြေရှိတယ်လို့ သုံးသပ်ထားကြပါတယ်။ ဒီရှေ့ပြေးပုံစံတွေကတော့ ၂၀၂၆ ခုနှစ်မှာ ဈေးကွက်ဝင်လာနိုင်ခြေ ရှိနေပါတယ်။  

ကိုးကား - Myawady Web Portal

Israel to invest 114 mln USD to restore tourist sites

ဂျေရုဆလင်  ဒီဇင်ဘာ ၁၉

အစ္စရေးနိုင်ငံတစ်ဝန်း၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံကိန်း ၅၅ ခုတွင် အမေရိကန်ဒေါ်လာ ၁၁၄ သန်းခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အစ္စရေးခရီးသွားလာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် အစ္စရေး၊ ဟားမတ်စ်နှင့် ဟစ်ဇ်ဘိုလာတို့ ပဋိပက္ခဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလမှစပြီး အစ္စရေးနိုင်ငံအတွင်းရှိခရီးသွားလုပ်ငန်းအားလုံး ရပ်တန့်ခဲ့ပြီးနောက် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းအားလုံး နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အစ္စရေးခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဓိက ခရီးသွားလုပ်ငန်းစီမံကိန်းများတွင် အမွေအနှစ်စင်တာများ၊ လမ်းမကြီးများ၊ လေဆာရှိုးပွဲများ၊ ပန်းခြံများ၊ လည်ပတ်သွားလာရေးအစီအစဉ်များ၊ ဆွဲဆောင်မှုရှိသောနေရာများနှင့် စက်ဘီးလမ်းများ စသည်တို့ပါဝင်ကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အောင်ကျော်ကျော်

Source: ကြေးမုံသတင်းစာ

Photo: Business Standard

ကမ္ဘောဒီးယား၌ အီး-အင်ဗွိုက်စ် စနစ် မဖြစ်မနေ ကျင့်သုံးမည်

ဖနောင်ပင်၊ဒီဇင်ဘာ ၁၇

ကမ္ဘောဒီးယားသည် လာမည့်နှစ်အစောပိုင်းတွင် ကုမ္ပဏီများသည် e-invoice စနစ်အသစ်ကို မဖြစ်မနေကျင့်သုံးရန် စတင် စမ်းသပ်နေကြောင်းသိရသည်။

“လောလောဆယ်မှာကျွန်တော်တို့က B2G (စီးပွားရေးမှအစိုးရထံ e – invoicing စနစ်) ကို စမ်းသပ်နေပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ဒစ်ဂျစ်တယ်စီးပွားရေးအထွေထွေဌာနမှ တာဝန်ရှိသူ Mengchhonhg Keang ကပြောကြားခဲ့သည်။

“ဒီစနစ်က ပိုပြီးထိရောက်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပြီးတော့ ပိုလဲပွင့်လင်းလာမယ်။ဒီ့‌နောက်မှာတော့ B2B (စီးပွားရေးမှစီးပွားရေးလုပ်ငန်း) ကို စတင်ချင်ပါတယ်။ဒါက ‌ပိုကောင်းတဲ့အနာဂတ်ပါပဲ” ဟုလည်း ၎င်းကအလေးပေးပြောကြားခဲ့သည်။

“နောက်နှစ်မှာ B2B စနစ်ကို မဖြစ်မနေလုပ်နိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ အကယ်၍ နောက်နှစ်ကိုအကောင်အထည်မဖော်နိုင်ခဲ့ရင် နောက်သုံးနှစ်အတွင်းမှာအကောင်အထည်ဖော်နိုင်ဖို့ သေချာပါတယ်” ဟု လည်း၎င်းကပြောကြားခဲ့သည်။

ယင်းနောက် ၎င်းတို့သည် ဆက်လက်၍ စီးပွားရေးလုပ်ငန်းမှ စားသုံးသူများထံသို့ e – invoicing စနစ်ကိုဆက်လက်ကျင့်သုံးမည်ဖြစ်သည်ဟုလည်းသိရသည်။

e – invoicing စနစ်တွင် ကုန်ပစ္စည်းများ ဝယ်ယူခြင်းနှင့်ငွေပေးချေခြင်းစနစ်များပါဝင်သည်။ ယခုစနစ်အရပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုပိုကောင်းလာစေပြီး အီလက်ထရွန်းနစ် ပြေစာများအသုံးပြုမှုကို တွန်းအားပေးကာ အခွန်စည်းမျဉ်းများကို လိုက်နာစေကာ အာဆီယံဒစ်ဂျစ်တယ်စီးပွားရေးအတွက် ကူညီပေးနိုင်မည်ဟုလည်းပြောကြားခဲ့သည်။

Source- Popular Journal 

တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်

နေပြည်တော် ဒီဇင်ဘာ ၁၆

တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ China Texmatech Co. Ltd. မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မိတ္ထီလာမြို့နယ်မှ ရပ်မိရပ်ဖများ၊ စက်ရုံမှူး၊ စက်ရုံဝန်ထမ်းများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းမြတ်က စက်ရုံတည်ဆောက်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ)၊ ၂/၈၀ ချည်ချောစက်ရုံခွဲ မှတ်တမ်းရုပ်သံကိုကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူတို့အနေဖြင့် စတင်ဖြစ်တည်စဉ်ကတည်းပင် စားရေး၊ ဝတ်ရေး၊ နေရေးဟူသည့် ကိစ္စရပ်ကြီး ၃ ခုကို နေ့စဉ် မလွဲမသွေရင်ဆိုင်နေကြရကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ယင်းအရေးကိစ္စကို အဆင်ပြေစွာဖြေရှင်းနိုင်ရေး နိုင်ငံတော်တာဝန် စတင်ထမ်းဆောင်ချိန်ကတည်းက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိလာသည့် ကုန်ကြမ်းများကို ခိုင်မာသည့်ကုန်ထုတ်လုပ်ငန်းများအဖြစ် ဆောင်ရွက်နိုင်ရန်ရည်ရွယ်ခဲ့ကြောင်း၊ စား၊ ဝတ်၊ နေရေးတွင် ဝတ်ရေးဟူသည့် အဝတ်အထည်သည် လူသားများမွေးဖွားချိန်မှ သေဆုံးချိန်အထိ ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်ကြောင်း၊ အဝတ်အထည် အသုံးအဆောင်ဖူလုံရန်မှာ လူ့ဘဝတစ်လျှောက် အရေးကြီးကြောင်း၊ ထို့ကြောင့် ပြည်တွင်းအဝတ်အထည် ဖူလုံစေရေးအတွက် ပြည်တွင်း၌စိုက်ပျိုးနေသည့် ဝါမှတန်ဖိုးမြင့် ကုန်ပစ္စည်းများအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန် ကြိုးစားခဲ့ကြောင်း။

ဝါစိုက်ပျိုးရေးနှင့်ပတ်သက်ပါကလည်း ၂၀၁၆ ခုနှစ်ကစ၍ ဝါစိုက်ပျိုးမှုနှုန်း လျော့ကျလာသည့်အခြေအနေကို သုံးသပ်ပြီး ဝါစိုက်ပျိုးနိုင်သည့်ဒေသများတွင် အထွက်နှုန်းကောင်းပြီး အဆင့်မီချည်ထုတ်လုပ်နိုင်သည့် ချည်မျှင်ရှည်ဝါမျိုးများ စိုက်ပျိုးရေးကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဝါစိုက်ပျိုးရေးအောင်မြင်ရန် အခြေအနေကောင်းများရှိနေသော်လည်း ပြည်ပမှနှစ်စဉ်ချည်နှင့် ပိတ်ထည်များကို ပမာဏများစွာတင်သွင်းနေရကြောင်း၊ ထို့ကြောင့် ဝါစိုက်ပျိုးရေးကို အောင်မြင်အောင်ဆောင်ရွက်ပြီး နိုင်ငံတကာအဆင့်မီချည်ထည်များ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ချည်ထည်များကို အထည်ချုပ်လုပ်ငန်းများ၌ဖြစ်စေ၊ ပြည်ပကိုပြန် လည်တင်ပို့ခြင်းဖြစ်စေ ဆောင်ရွက်နိုင်မှသာ နိုင်ငံခြားငွေသုံးစွဲမှုကိုလျှော့ချနိုင်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားငွေများရရှိနိုင်မည်ဖြစ်ကြောင်း။

ယခုကဲ့သို့ ၂/၈၀ ချည်ချောစက်ရုံခွဲကို ဖွင့်လှစ်နိုင်သည့်အတွက် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) အနေဖြင့် ပြည်တွင်း၌ လိုအပ်နေဆဲဖြစ်သည့် အရည်အသွေးကောင်းမွန်သည့် နိုင်ငံတကာအဆင့်မီ ချည်ချောများကို ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်ကို ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားလိုကြောင်း။

တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) ကို ဝတ်ရေးဆိုင်ရာ အထည်အလိပ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ပြည်ပမှ မှာယူတင်သွင်းမှု လျော့နည်းစေရန်အတွက် တရုတ်-မြန်မာ အစိုးရတို့အကြား သဘောတူညီချက်စာချုပ် ချုပ်ဆိုပြီး ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ကို ၁၉၆၆-၁၉၆၇ တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စက်ရုံကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း။

မိမိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် စတင်ထမ်းဆောင်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင်လည်း တပ်မတော်အတွက် လိုအပ်သည့်စစ်ဝတ်ပစ္စည်းများ ဆက်လက်ထုတ်လုပ်နိုင်ရေး လိုအပ်သည့်စက်ပစ္စည်းများကို ဝယ်ယူပေးခဲ့ပြီး နိုင်ငံတကာတပ်မတော်များနည်းတူ စစ်ဝတ်ပစ္စည်းများ အဆင့်မီစေရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့အချိန်တွင် တပ်မတော်သားများအတွက် လိုအပ်သည့်ဝတ်စုံအမျိုးမျိုးအပြင် တပ်မတော်သားများနှင့် ပြည်သူများအတွက် လိုအပ်သည့်အခြားသော အထည်အလိပ်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်ပြီဖြစ်ကြောင်း။

ယခုကဲ့သို့ စက်ရုံအဆင့်မြှင့်တင်ခြင်းများ၊ စက်အသစ်ပြောင်းလဲ တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း အဆင့်မြင့် ၂/၈၀ ချည်များ မထုတ်လုပ်နိုင်သေးသည်ကို တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် ၂/၈၀ ချည်များကို ပြည်တွင်းကထွက်သည့် ဝါများနှင့်ထုတ်လုပ်နိုင်ရေးစက်ပစ္စည်းများကို ဖြည့်ဆည်းပေးခဲ့သည်မှာ ယခုဆိုပါက စတင်လည်ပတ်နိုင်ပြီဖြစ်ကြောင်း၊ ယခုတည်ဆောက်တပ်ဆင်ပြီးစီးသည့် စက်ရုံသည် စက်စွမ်းအားပြည့် လည်ပတ်မည်ဆိုပါက တစ်ရက်ချည်ပေါင်ချိန် ၄၈၄၀၊ တန်အားဖြင့် ၂ တန်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ၂/၈၀ ချည်ချောများကို ပြည်သူလူထုအတွက် လိုအပ်သည့်လုံချည်နှင့်ပိတ်များအဖြစ် ရက်လုပ်မည်ဖြစ်ပြီး ပိုလျှံသည့်ချည်များကို ပြင်ပဈေးကွက်ကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း။

ယခု ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်လှစ်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ချည်ထည်ခေတ်တစ်ခေတ်ပြောင်းလဲမှု၏ အစဖြစ်သည်ဟုပြောလိုကြောင်း၊ မိမိတို့အနေဖြင့် အဆင့်မြင့်ချည်ထည်များထုတ်လုပ်နိုင်သည့် ဝါမျိုးကောင်းမျိုးသန့်များကို စိုက်နည်းစနစ်မှန်ကန်စွာဆောင်ရွက်ပြီး ဝါအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရန်လို လိုကြောင်း၊ တစ်ဖက်ကလည်း ဝါကြိတ်စက်ရုံများ၊ ချည်မျှင်နှင့်အထည်စက်ရုံများကို အဆင့်မြှင့်တင်ပေးပြီး ဝါကိုအခြေခံသည့်စက်မှုလုပ်ငန်းကို ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် သဘာဝကပေးထားသည့် စိုက်ပျိုးရေးဆိုင်ရာ အခြေခံကောင်းများကို အသုံးချပြီးနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေမည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝါစိုက်ပျိုးရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ဝါစိုက်ပျိုးတောင်သူများအနေဖြင့် နိုင်ငံတော်၏ ဝါစိုက်ပျိုးမှု၊ ဝါထွက်ရှိမှုများတိုးတက်အောင် ကြိုးစားကြရန်တိုက်တွန်းလိုကြောင်း၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) က တပ်မတော်တစ်ရပ်လုံးအတွက် လိုအပ်သည့်စစ်ဝတ်ထည်ပစ္စည်းများကို ဝါဂွမ်းကုန်ကြမ်းမှ စစ်ဝတ်ကုန်ချောအထိ ထုတ်လုပ်ပေးနေသကဲ့သို့ ယနေ့ဖွင့်လှစ်လိုက်သည့် ၂/၈၀ ချည်ချောစက်ရုံသည် နိုင်ငံ၏အဝတ်အထည်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အဆင့်မီအဝတ်အထည်နှင့် အထည်အလိပ်များကို ထုတ်လုပ်ပေးနိုင်မည့်၊ မြန်မာ့အဝတ်အထည်လောကကို တစ်ခေတ်ဆန်းစေမည့် ဆောင်ရွက်ချက်များကို ယခုစက်ရုံကအစပြုပြီး တစ်နိုင်ငံလုံး၊ ပြည်သူလူထုတစ်ရပ်လုံး၊ အထည်အလိပ်အထောက်အကူပြု MSME လုပ်ငန်းစဉ်များတစ်ခုလုံးက ဦးတည်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် China Texmatech Co. Ltd. မှတာဝန်ရှိသူတစ်ဦးက စက်ပစ္စည်းတပ်ဆင်မှုနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို စက်ရုံမှူးထံသို့လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက ဖွင့်ပွဲအထိမ်းလက်ဆောင်အား ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံတည်ဆောက်ရာတွင်ပါဝင်ခဲ့သည့် CTMTC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးအား သစ်သီးခြင်းနှင့် အမှတ်တရလက်ဆောင်ပေးအပ်ပြီး၊ CTMTC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ဂါရဝပြုလက်ဆောင် ပြန်လည်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်တပ်ဆင်ရေးလုပ်ငန်းများကို ဦးစီးကြပ်မတ်ဆောင်ရွက်ခဲ့သည့် Project Chief Engineer အား ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်ထုတ်လုပ်မှုအဆင့်ဆင့်ပြကွက်များနှင့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ)၊ ၂/၈၀ ချည်ချော စက်ရုံခွဲမှ ထုတ်လုပ်ထားသည့် ချည်ထည်ပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ကောင်စီဝင်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစောတို့က ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စက်ရုံကမ္ပည်းမော်ကွန်းအားအမွှေး နံ့သာရည်များပက်ဖျန်းပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စက်ရုံအတွင်းရှိ ချည်ငင်အလုပ်ရုံ၊ ချည်ကျစ်အလုပ်ရုံနှင့် ချည်ဆေးဆိုးအလုပ်ရုံများအတွင်းချည်များအဆင့်ဆင့် ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ စက်ရုံမှတာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

အဆိုပါတပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) အနေဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက်လိုအပ်သည့် ဝတ်စုံများကိုချုပ်လုပ်ပေးလျက်ရှိ သကဲ့သို့ကျောင်းဝတ်စုံများ၊ အခြားနေ့စဉ်သုံးချည်ထည်ပစ္စည်းများကိုလည်း ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ဝတ်ရေးကို ပိုမိုအထောက် အကူပြုစေရန်နှင့် ပြည်တွင်းချည်ချောထုတ်လုပ်မှုများ တိုးတက်စေရေးဆောင်ရွက် လျက်ရှိချိန်တွင် ယခုကဲ့သို့ ၂/၈၀ ချည်ချောစက်ရုံခွဲကို ထပ်မံတိုးချဲ့တည်ဆောက် နိုင်ခဲ့ခြင်းဖြင့် ပြည်တွင်းရှိ အထည်အလိပ်နှင့်ပတ်သက်သည့် စက်မှုလုပ်ငန်းများအတွက် လိုအပ်ချက်ရှိနေသည့် ချည်မျှင်နှင့်အထည်အလိပ်များကို အတိုင်းအတာတစ်ခု အထိထုတ်လုပ်ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့် အရည်အသွေးစံနှုန်းများအတိုင်း ပြည့်မီစွာထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm