တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက် တစ်ရပ်ကို ချုပ်ဆိုလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့
အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီ ချက်တစ်ရပ်ကို ချုပ်ဆိုလိုပြီး ကောင်းမွန်စွာညှိနှိုင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့ အစည်းအဝေးတွင် ထုတ်ပြန်ပြောကြားခဲ့ပါသည်။
“တရုတ်နိုင်ငံနှင့်ပတ်သက်၍ ဘယ်လိုဆက်လက်ဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့က စောင့်ကြည့်ပါမယ်။ သဘောတူညီချက်တစ်ရပ်ကို ကျွန်တော် တို့အနေဖြင့် ချုပ်ဆိုလိုပါတယ်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပြီး ၎င်း၏အုပ်ချုပ်မှုအောက်၌ အမေရိကန်ပြည်ထောင်စု သည် “[တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ဆက်ဆံရေးကို] ပုံစံတစ်ခုထဲသို့ ရောက်ရှိစေမည်” ဟု ထင်မြင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
“ကျွန်တော်တို့က ကောင်းမွန်စွာညှိနှိုင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါ တယ်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်ကို ကျွန်တော်က အလွန် လေးစားပြီး ၎င်းက ကျွန်တော့်ရဲ့မိတ်ဆွေဖြစ်ခဲ့တာ ကြာပါပြီ၊ ကျွန်တော်တို့ နှစ်နိုင်ငံစလုံးအတွက် အလွန်ကောင်းမွန်မည့်အရာတစ်ခုကို ဖန်တီးနိုင်မယ်လို့ ထင်ပါတယ်” ဟု မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
ကိုးကား - Tass