ရုရှားဓာတ်ငွေ့ တဆင့်ခံပို့လွှတ်နိုင်ရေး လိုအပ်သည် အခြေခံအဆောက်အုံ အီရန်ပြင်ဆင်ပြီး
ရုရှားနိုင်ငံမှ အီရန်နိုင်ငံသို့ ဓာတ်ငွေ့တင်ပို့မည့်အစီအစဉ်အတွက် ယခင်က အသုံးပြုခဲ့သော ဓာတ်ငွေ့ပိုက်လိုင်းကို ပြန်လည်အသုံးပြုရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ထိုပိုက်လိုင်းမှ ခွဲထွက်၍ ပိုက်လိုင်း ခွဲသစ်တစ်ခု တည်ဆောက်ကာ ဓာတ်ငွေ့တင်ပို့ရန်ရည်ရွယ်ထားသည်ဟု အီရန်သံအမတ်ကြီး ကာဇမ် ဂျာလာလီက ယူရေးရှာ ရေနံနှင့်ဓာတ်ငွေ့ ဖိုရမ်တွင် ပြောကြားခဲ့သည်။
ဤအစီအစဉ်အတွက် အီရန်ဘက်က ပြင်ဆင်ရမည့် အခြေခံအဆောက်အုံ ဆောက်လုပ်ရေးလုပ်ငန်းများကို ပြီးစီးထားပြီး ဖြစ်ကြောင်းလည်း သံအမတ်ကြီးက ပြောပြခဲ့သည်။၎င်းအပြင် ဒေသအတွင်းတွင် ဓာတ်ငွေ့နှင့် စွမ်းအင်အရင်းအမြစ်များအတွက် လိုအပ်နေသော နိုင်ငံများကလည်း အီရန်မှ ဓာတ်ငွေ့ဝယ်ယူရန် စိတ်ဝင်စားကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ ပိုက်လိုင်းများကို အသုံးပြုပြီး ရုရှား၏ ဓာတ်ငွေ့ကို အီရန်မှ တစ်ဆင့် တခြားနိုင်ငံများသို့ တင်ပို့နိုင်လာမည်ဖြစ်ပြီး၊ ၎င်းက ဒေသတွင်း စွမ်းအင်ပေးပို့မှု လမ်းကြောင်းအသစ်တစ်ခုအဖြစ် ပိုမိုအရေးပါလာနိုင်သည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃