ဘီလာရုစ်နှင့် ရုရှားနိုင်ငံတို့သည် သွင်းကုန်အစားထိုးမှုလုပ်ငန်းစဉ်များကို ပူးပေါင်းမြှင့်တင်ရန် လိုအပ်ကြောင်း ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို က MTRK "MIR" သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြား

News Image

  • Lukashanko

ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို က "မိမိတို့သည် သွင်းကုန် အစားထိုးမှု၊ နည်းပညာဆိုင်ရာ အချုပ်အခြာအာဏာနှင့် အခြားကဏ္ဍများကို အားဖြည့်ရပါမည်။ မိမိတို့တွင် ကုန်ကြမ်းပစ္စည်းများနှင့် နည်းပညာများ ရှိပါသည်။ အဆင့်မြင့်ဆုံးမဟုတ်တော့သည့်တိုင် လက်တွေ့အသုံးဝင်သော နည်းပညာများဖြစ်သည်" ဟု ရှင်းလင်းပြောကြားခဲ့ပါသည်။

ဥပမာတစ်ခုအနေဖြင့် "မိမိတို့သည် မာစီဒီးစ်ကားများကို ၃-၄ နှစ်ခန့် မမောင်းဘဲ၊ မိမိတို့၏ကားလုပ်ငန်းကို မြှင့်တင်ပြီး ယခုအဆင့်ထက် ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်ပါသည်။ မိမိတို့တွင် မော်စကိုဗစ်၊ ဇီဂူလီ စသည့် ကားထုတ်လုပ်ရေးအတွေ့အကြုံများ ရှိပါသည်။ ထိုကားများသည် အစပိုင်းတွင် သိပ်မကောင်းသော်လည်း တဖြည်းဖြည်း တိုးတက်လာပါသည်" ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို က ဖြည့်စွက်ပြောကြားခဲ့ပါသည်။ ထို့ပြင် "မိုဘိုင်းဖုန်းများ၊ တတ်ဘလက်များကို တရုတ်မှ ဝယ်ယူအသုံးပြုနိုင်ပါသည်။ ၎င်းတို့သုံးနေသည့် ဖုန်းမျိုးကိုပင် မိမိတို့သုံးနေသည်" ဟု ဘီလာရုစ်သမ္မတက ပြောကြားခဲ့ပါသည်။

ဘီလာရုစ်နှင့် ရုရှားတို့တွင် အခြေခံလိုအပ်ချက်များ ပြည့်မီနေကြောင်း ယုံကြည်ပါသည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို ကပြောကြားခဲ့ပါသည်။  "လူများကို ဝတ်ဆင်၊ ကျွေးမွေး၊ ကာကွယ်ရန်၊ သယ်ယူပို့ဆောင်ရေး၊ အဆောက်အအုံများတည်ဆောက်ရန်၊ လမ်းများ သန့်ရှင်းရေး စသည့်လုပ်ငန်းများအတွက် လိုအပ်သော အရင်းအမြစ်များ မိမိတို့တွင် ရှိပါသည်။ အချို့နေရာများတွင် နောက်ကျနေသော်လည်း ၃-၅ နှစ်အတွင်း စီးပွားရေးတိုးတက်မှုကို အလေးထားပါက အခြားနိုင်ငံ များကိုကျော်တက်နိုင်မည်"ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို က မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

ကိုးကား - Tass