၂၀၂၅ ခုနှစ်တွင် အမေရိကန်သည် အကောက်ခွန်များမှ အခွန်ဝင်ငွေများတိုးလာမှုကြောင့် ဘဏ္ဍာရေးလိုငွေပြမှု အနည်းငယ်ကျဆင်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အစီရင်ခံစာမှ ခန့်မှန်းချက်အရ သိရပါသည်။ သို့ရာတွင် အခွန်တိုးမြှင့်ကောက်ခံမှုကြောင့်ကုန်သွယ်ရေးစစ်ပွဲ ပိုမိုပြင်းထန်လာသဖြင့် စီးပွားရေးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှုအခြေအနေ ပိုမိုဆိုးရွားလာမည်ဟု အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားပါသည်။

အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေးလိုငွေပြမှုမှာ ၂၀၂၄ ခုနှစ်တွင် GDP ၏ ၇.၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင်မူ ၆.၅ ရာခိုင်နှုန်းအထိ လျော့ကျမည်ဟု မျှော်မှန်းထားပါသည်။ ထို့နောက် ၅.၆ ရာခိုင်နှုန်းတိုင်အောင် ဆက်လက်ကျဆင်းမည်ဟု ဖော်ပြထားပါသည်။ ထိုသို့ လိုငွေပြမှုကျဆင်းရသည့်အကြောင်းအရင်းမှာ ဒေါ်နယ်ထရမ့်၏ အကောက်ခွန် တိုးမြှင့်မှုကြောင့် အခွန်ဝင်ငွေတိုးတက်လာခြင်း ဖြစ်ပါသည်။
တစ်ဖက်တွင်လည်း ကုန်သွယ်ရေးစစ်ပွဲများကြောင့် အမေရိကန်စီးပွားရေးနှင့် ငွေကြေးဖောင်းပွမှုကို သက်ရောက်စေမည်ဖြစ်သောကြောင့် ဈေးနှုန်းတက်လာပြီး ကုန်ထုတ်လုပ်မှုများလည်း နှေးကွေးလာနိုင်ကြောင်း ဆိုထားပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဧပြီ ၂ ရက်က နိုင်ငံပေါင်း ၁၈၅ နိုင်ငံအပေါ် အကျိုးသက်ရောက်မည့်အကောက်ခွန်နှုန်းထားသစ်ကိုကြေညာခဲ့သည်။
အကောက်ခွန်များသည် အစိုးရဘဏ္ဍာရေးကို ယာယီ ထောက်ပံ့ပေးနိုင်သော်လည်း ကုန်သွယ်ရေးစစ်ပွဲများကြောင့် ရေရှည်တွင် အကျိုးဆက်များက စီးပွားရေးကို ပိုမိုထိခိုက်စေနိုင်လာပါသည်။
ကိုးကား- CNBC
ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

တရုတ်နိုင်ငံ၊ ရှန်ကျန့်မြို့ရှိ သွင်းကုန်အေဂျင်စီ ၃ ခုမှ သောကြာနေ့ (ဧပြီ ၂၅) က ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် အမေရိကန်ထုတ် တစ်ပိုင်းလျှပ်ကူး ပစ္စည်း (semiconductors) နှင့် အိုင်စီချစ်ပ်များ အတွက် စည်းကြပ်ထားသည့် အပြန်အလှန်အခွန် ၁၂၅% ကို လျှော့ချပေးခဲ့ကြောင်း သိရသည်။ ထို ပြောင်းလဲမှုကို တရုတ်အစိုးရက တရားဝင်ကြေညာခြင်းမရှိသော်လည်း၊ အေဂျင်စီများက ကြာသပတေးနေ့ (ဧပြီ ၂၄) က ယင်းအချက်ကို သတိပြု မိခဲ့သည်။

ဧပြီ ၁၂ ရက်က တရုတ်နိုင်ငံသည် အမေရိကန်ထုတ် ကုန်ပစ္စည်းအားလုံးအတွက် အခွန်နှုန်း ၁၂၅% အထိ တိုးမြှင့်ခဲ့သော်လည်း ယခုအခါတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် အိုင်စီချစ်ပ်များအတွက် ထိုအခွန်ကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ နည်းပညာလုပ်ငန်းများသည် အမေရိကန်ထုတ် တစ်ပိုင်း လျှပ်ကူးပစ္စည်းများအပေါ် များစွာမှီခိုနေရသဖြင့် အဆိုပါလုပ်ဆောင်ချက် သည် ကုန်သွယ်ရေးစစ်ပွဲ၏ ဆိုးကျိုးများကို လျှော့ချရန် ရည်ရွယ်ဟန် ရှိသည်။
၂၀၂၃ ခုနှစ်က တရုတ်နိုင်ငံသည် အမေရိကန်မှ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ အမေရိကန်ဒေါ်လာ ၁၁.၇ ဘီလီယံ တင်သွင်းခဲ့ပြီး၊ ယင်းသည် ၎င်း၏ နည်းပညာလုပ်ငန်းအတွက် အရေးပါသော အစိတ်အပိုင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က တရုတ်ထုတ်ကုန်များအတွက် အခွန်နှုန်း ၁၄၅% အထိ တိုးမြှင့်ခဲ့ပြီးနောက်၊ တရုတ်နိုင်ငံကလည်း အပြန်အလှန်အားဖြင့် အမေရိကန်ထုတ်ကုန်များအတွက် အခွန်များ တိုးမြှင့်ခဲ့သည်။
သို့သော် တရုတ်နိုင်ငံသည် မိမိတိုင်းပြည်တွင် မထုတ်လုပ်နိုင်သော (သို့မဟုတ်) အခြားနေရာများမှ အစားထိုးဝယ်ယူ၍ မရနိုင်သော ပစ္စည်းများအတွက် အခွန်လျှော့ချပေးရန် လိုအပ်နေသည်။
တစ်ပိုင်းလျှပ်ကူးပစ္စည်းများသည် အီလက်ထရွန်းနစ်ပစ္စည်းအားလုံး၏ အခြေခံဖြစ်သော်လည်း၊ ၎င်းတို့ထုတ်လုပ်ရန်အတွက် မြင့်မားသော နည်းပညာစွမ်းရည်နှင့် ငွေကြေးအရင်းအနှီး လိုအပ်သဖြင့်၊ ကမ္ဘာပေါ်တွင် ထုတ်လုပ်နိုင်သည့် ကုမ္ပဏီအနည်းငယ်သာ ရှိသည်။
တရုတ်နိုင်ငံသည် မိမိ၏တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းကို ဖွံ့ဖြိုးအောင် အားထုတ်နေသော်လည်း အမေရိကန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် နယ်သာလန်တို့မှ ချစ်ပ်များနှင့် ချစ်ပ်ထုတ် စက်များကို ဆက်လက်မှီခိုနေရဆဲဖြစ်သည်။
“တရုတ်နိုင်ငံသည် ကုန်သွယ်ရေးစစ်ပွဲတွင် ခိုင်မာသည်ဟု အမြဲပြသသော်လည်း၊ အဓိကနည်းပညာပစ္စည်းများအတွက် အမေရိကန်အပေါ် မှီခိုနေရမှုကို ငြင်းဆို၍မရကြောင်း အဆိုပါအခွန်လျှော့ချမှုက ဖော်ပြနေသည်” ဟု စီးပွားရေးပညာရှင်များက မှတ်ချက်ပြုထားသည်။
ကိုးကား-CNN
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဖျာပုံ ဧပြီ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ကဏန်းပျော့ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သူသူဝင်းက ပြောပြ၍ သိရသည်။
ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ကဏန်းပျော့ ပိဿာချိန် ၅၂၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ် ၁ ရက်မှ ၃၁ ရက်ထိ ကဏန်းပျော့ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ကဏန်းပျော့တွေကို ရန်ကုန်ဈေးကွက်က အရင်ကထက် ပိုမိုဝယ်ယူခဲ့တာဖြစ်ပါတယ်။ မတ်လအတွင်း ကဏန်းပျော့ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဖျာပုံမြို့နယ်ကထွက်ရှိတဲ့ ကဏန်းပျော့တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သူသူဝင်းက ပြောပြသည်။
ဖျာပုံမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ကဏန်းပျော့ တစ်ပိဿာလျှင် ငွေကျပ် ၁၇၅၀၀ မှ ၃၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ကဏန်းများ တင်ပို့ရောင်းချနေရသည့်အတွက် ရေလုပ်သားများ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ

စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် (SPIEF) တွင် နိုင်ငံနှင့် နယ်မြေ ၉၂ ခု ကျော် တက်ရောက်မည်ဟု ရော့စ်ကွန်ဂရက်စ် ဖောင်ဒေးရှင်း မှ အတည်ပြုဖော်ပြချက်အရ သိရပါသည်။
ထို့အပြင် အာရှ၊ အာဖရိက နှင့် လက်တင်အမေရိကနိုင်ငံများမှ ယခုနှစ် ဖိုရမ်၏ ဆွေးနွေးအစီအစဉ်များအပေါ် အထူးစိတ်ဝင်စားမှုရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှား၏ အရှေ့အလယ်ပိုင်းဒေသ မိတ်ဖက်အရေးပါသည့် ဘာရိန်း နိုင်ငံတော်သည် SPIEF-2025 ၏ ဧည့်သည်နိုင်ငံအဖြစ် ပါဝင်မည်ဖြစ်သည်။ SPIEF 2025 ဖိုရမ်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပမည် ဖြစ်ပါသည်။
ကိုးကား-TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အမေရိကန်နိုင်ငံမှ အကောက်ခွန်သက်သာခွင့် ရရှိစေရန် ရည်ရွယ်၍ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး အကန့်အသတ်ချမှတ်ရန် စဉ်းစားနေသော နိုင်ငံများအား ပြန်လည်အရေးယူမည်ဟု ပေကျင်း အစိုးရက သတိပေး လိုက်ပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည်အခြားနိုင်ငံများအား တရုတ်နိုင်ငံ နှင့် ကုန်သွယ်ရေးအကန့်အသတ်ချမှတ်ရန် ဖိအားပေးလျက်ရှိပြီး ငွေကြေး ဆိုင်ရာ ဒဏ်ခတ်မှုများ ပါဝင်နိုင်ကြောင်း သတင်းများက ဖော်ပြထား ပါသည်။

တရုတ်၏ အကျိုးစီးပွားကို ထိပါးစေသည့် မည်သည့် သဘောတူညီချက်ကိုမဆို တင်းတင်းမာမာ ကန့်ကွက်ကြောင်း၊ တုံ့ပြန်အရေးယူမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော် ပြောကြား ထားပါသည်။
အမေရိကန်သည် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးစစ်ပွဲတွင် ကုန်ပစ္စည်းများအား စုစုပေါင်း ၁၄၅ ရာခိုင်နှုန်းအထိ အကောက်ခွန်တိုးမြှင့်ခဲ့ပြီး အခြားနိုင်ငံ ၉၀ အား ရက်ပေါင်း ၉၀ အတွင်း ကုန်သွယ်ရေးညှိနှိုင်းမှုများ ပြုလုပ်ရန် ခေတ္တဆိုင်းငံ့ထားသော်လည်း တရုတ်နိုင်ငံကိုမူ ထိုသက်သာခွင့်မှ ချန်လှပ်ထားပါသည်။
ကိုးကား- RT

တရုတ်နိုင်ငံ၏ အကြီးဆုံးမော်တော်ကားပြပွဲ (Beijing/ Guangzhou Auto Show) တွင် BYD ကုမ္ပဏီက နည်းပညာအဆင့်မြင့် New Luxury Sports ကား အသစ်တစ်စီးကို စတင်မိတ်ဆက်ခဲ့သည်။ ကုမ္ပဏီကြီးများ အချင်းချင်း ပြပွဲလာရောက်သူများကို အာရုံဆွဲဆောင်နိုင်ရေး ယှဉ်ပြိုင်မှု မြင့်မားနေချိန်တွင် BYD ၏ ကားအသစ်အပေါ် စိတ်ဝင်စားမှု မြင့်တက် ခဲ့ခြင်းဖြစ်သည်။

BYD ၏ အဆိုပါဇိမ်ခံမော်တော်ကားအသစ်သည် ကုမ္ပဏီ၏ လျှပ်စစ်ကား နည်းပညာကဏ္ဍတွင် နောက်ထပ်တိုးတက်မှုတစ်ခုအဖြစ် မှတ်တမ်းတင် ခံရပြီး စျေးကွက်ရှိ Tesla နှင့် အခြားပြိုင်ဘက်များကို တိုက်ရိုက် စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်သည်။ ကားမော်ဒယ်၏ အသေးစိတ် အချက် အလက်များနှင့် စျေးနှုန်းကို ယခုအချိန်တွင် တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ၎င်း၏ ဒီဇိုင်းနှင့် စွမ်းဆောင်ရည်သည် ပြပွဲသို့ ရောက်ရှိလာသူများ၏ အာရုံကို အကောင်းဆုံးဆွဲဆောင်နိုင်ခဲ့သည်။
အဆိုပါပြပွဲသည် ကမ္ဘာ့မော်တော်ကားလုပ်ငန်း၏ အာရုံစိုက်မှုကို ရရှိ ထားပြီး တရုတ်နိုင်ငံသည် လျှပ်စစ်ကားနှင့် နည်းပညာမြင့် မော်တော် ယာဉ်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရှိန်အဟုန်မြင့် ဦးဆောင်လျက် ရှိသည်။ BYD အပါအဝင် တရုတ်ကုမ္ပဏီများသည် နိုင်ငံတကာစျေးကွက် သို့ ချဲ့ထွင်နိုင်ရန် ရည်မှန်းချက်ဖြင့် ၎င်းတို့၏ နောက်ဆုံးပေါ် မော်ဒယ် များကို ထိုကဲ့သို့သော ပြပွဲများတွင် အခွင့်ကောင်းယူ၍ မိတ်ဆက်လေ့ရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်နှင့်ရင်ဆိုင်လျက်ရှိသည့် ကုန်သွယ်ရေးစစ်ပွဲတွင် မူဝါဒပြောင်းလဲနိုင်ကြောင်း အရိပ်အမြွက်ပြု လိုက်သည်။ စျေးကွက်မတည်ငြိမ်မှုများ ဆက်လက်ရှိနေချိန်တွင် တရုတ် ကုန်ပစ္စည်းများအပေါ် စည်းကြပ်နေသည့် မြင့်မားသော အကောက်ခွန် နှုန်းထားများ “သိသိသာသာ လျှော့ချသွားမည် ဖြစ်သော်လည်း သုည အထိတော့ မလျှော့ချနိုင်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထရမ့်က အိမ်ဖြူတော်တွင် အင်္ဂါနေ့ (ဧပြီ ၂၂) က ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုလ အတွင်း တစ်ဘက်နှင့်တစ်ဘက် တင်းမာမှုများနှင့် အပြန်အလှန် အရေး ယူမှုများကြောင့် တရုတ်နိုင်ငံအပေါ် အကောက်ခွန်နှုန်းထား ၁၄၅% အထိ မြင့်တက်သွားခဲ့ပြီးနောက် ယခုအခါ ၎င်း၏ပြောဆိုမှုများတွင် ပျော့ပျောင်း မှုရှိလာသည်ကို တွေ့ရသည်။
“၁၄၅% ဆိုသည်မှာ အလွန်မြင့်မားသောနှုန်းဖြစ်ပြီး လျှော့ချသွားမည်” ဟု Oval Office တွင် သတင်းထောက်များနှင့် တွေ့ဆုံရှင်းလင်းစဉ် ထရမ့် က ပြောကြားခဲ့သည်။ “ယခင်သတ်မှတ်ထားသည့် အလွန်မြင့်မားသော နှုန်းထားများကို သိသိသာသာ လျှော့ချသွားမှာဖြစ်ပေမယ့် သုညတော့ မဖြစ်နိုင်ဘူး” ဟု ဆက်လက်ပြောကြားခဲ့သည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent ၏ ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၃) အစောပိုင်းက ထရမ့်၏ပြောဆိုချက်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ Bessent က အမေရိကန်နှင့် တရုတ်ကြား မြင့်မားသော အကောက်ခွန်နှုန်းထားများသည် စီးပွားရေး နှစ်ရပ်ကြား ကုန်သွယ်မှုကို အထိရောက်ဆုံး တားမြစ်ပိတ်ပင်ထားသည့် သဘောဖြစ်နေကြောင်း ပြောကြားခဲ့သည်။
JP Morgan Chase မှ ဦးဆောင်ကျင်းပသော ရင်းနှီးမြှုပ်နှံမှုညီလာခံတွင် Bessent က တရုတ်နှင့်ဖြစ်ပွားလျက်ရှိသည့် ကုန်သွယ်ရေးစစ်ပွဲသည် ရေရှည် တည်တံ့နိုင်စွမ်းမရှိကြောင်းနှင့် မကြာတော့သည့် အနာဂတ်တွင် ပဋိပက္ခ လျော့ပါးသွားမည်ဟု မျှော်လင့်ထားကြောင်း အဆိုပါကိစ္စနှင့် ရင်းနှီးသူ တစ်ဦးက CNN သို့ အတည်ပြုပြောကြားခဲ့သည်။
အဆိုပါရင်းမြစ်က CNN သို့ ပြောကြားရာတွင် Bessent က ရင်းနှီးမြှုပ်နှံ သူများအား အမေရိကန်နှင့်တရုတ်ကြား လုံးဝကင်းကွာမှု (complete decoupling) သို့မဟုတ် ပြတ်ပြတ်သားသားကွဲထွက်မှု (hard break) မဖြစ်စေဘဲ ကုန်သွယ်ရေးပြန်လည်ချိန်ညှိမှု (rebalancing of trade) ရရှိရန်သာ ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏နိုင်ငံအနေဖြင့် တရုတ်ပြည်မှ ကုန်ပစ္စည်းများအား ကောက်ခံသည့် အကောက်ခွန်နှုန်းထားများကိုလျှော့ချမည်ဟု ကြေညာခဲ့သော်လည်း အခွန်နှုန်းများကို သုညအထိ လျှော့ချမည်မဟုတ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါသည်။

အိမ်ဖြူတော်တွင် သတင်းမီဒီယာများ၏မေးခွန်းများကို ပြန်လည်ဖြေကြားစဉ် “လက်ရှိတွင် တရုတ်ပြည်မှ ကုန်ပစ္စည်းများအား စုစုပေါင်း ၁၄၅% အကောက်ခွန်ကောက်ခံနေရာမှ ယခုလို မြင့်မားသောနှုန်းထား ဆက်မရှိနိုင်တော့ပါ” ဟု သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။ ၎င်းက “အခွန်နှုန်းများ အမှန်ပင် သိသိသာသာ လျော့ကျသွားမည် ဖြစ်သော်လည်း လုံးဝသုညအထိ ရောက်ရှိမည်မဟုတ်ပါ” ဟု ရှင်းလင်း ပြောကြားခဲ့ပါသည်။
ကိုးကား - Tass

အမေရိကန်ဒုတိယသမ္မတ JD ဗန့်စ် သည် တနင်္လာနေ့ (ဧပြီ ၂၁) တွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ နှင့် နယူးဒေလီ၌ တွေ့ဆုံကာ နှစ်နိုင်ငံကြားနှစ်ဖက်အကျိုးပြု ကုန်သွယ်ရေးသဘောတူညီချက် တိုးတက်မှုများကို ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယခုလအစောပိုင်းတွင် ကြေညာခဲ့သည့် အကောက်ခွန် အသစ်များအား ရက် ၉၀ ရွှေ့ဆိုင်းထားသည့် ကာလအတွင်း ကျင်းပခြင်း ဖြစ်သည်။
အိန္ဒိယဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ ဆွေးနွေးပွဲတွင် ကုန်သွယ်ရေး၊ နည်းပညာနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား ဆွေးနွေးခဲ့သည်။

နှစ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် အိန္ဒိယ-အမေရိကန် နှစ်ဖက် ကုန်သွယ်ရေးကို နှစ်ဆတိုးရန် ရည်မှန်းထားပြီး၊ ဤဆွေးနွေးပွဲသည် ထရမ့်နှင့် မိုဒီတို့ ဖေဖော်ဝါရီလက ဝါရှင်တန်တွင် သဘောတူညီခဲ့သည့် ရည်ရွယ်ချက်များအတွက် အရှိန်မြှင့်တင်ရန် ဖြစ်သည်။
ထရမ့်က အိန္ဒိယအား “အကောက်ခွန် အလွန်အကျွံ ကျင့်သုံးသူ” ၊ “အကောက်ခွန် ဘုရင်” ဟု မကြာခဏ ရည်ညွှန်းခဲ့သော်လည်း မိုဒီအား “ခက်ထန်သော ညှိနှိုင်းဆွေးနွေးသူ” ဟုလည်း ချီးကျူးဖူးသည်။
ထရမ့် အစိုးရအဖွဲ့သည် အိန္ဒိယအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအပေါ် အကောက်ခွန်မြင့်တင်မှုများ ပြဋ္ဌာန်းခဲ့သော်လည်း ယခုအခါ ၎င်းအား ၉၀ ရက်ခန့် ရွှေ့ဆိုင်းထားသည်။
သို့သော်အိန္ဒိယတွင် အမေရိကန်နှင့်ကုန်သွယ်ရေး၏ အနာဂတ်နှင့် ပတ်သက်၍ မရေရာမှုများ ရှိနေဆဲဖြစ်သည်။
၂၀၁၈-၂၀၂၀ ကာလအတွင်း ထရမ့်အစိုးရက အိန္ဒိယမှ သံမဏိနှင့် အလူမီနီယမ်ထုတ်ကုန်များပေါ်တွင် အကောက်ခွန်များ မြှင့်တင်ခဲ့ပြီး အိန္ဒိယကလည်း အမေရိကန်ထုတ်ကုန်များအပေါ် တုံ့ပြန်အကောက်ခွန် များ ကျင့်သုံးခဲ့ဖူးသည်။
အဆိုပါဆွေးနွေးပွဲသည် အိန္ဒိယ-အမေရိကန် စီးပွားရေးဆက်ဆံရေးကို ပိုမိုအားကောင်းစေရန် အရေးပါသော အဆင့်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်။
ကိုးကား-RT

လာမည့်ရာသီချိန်တွင် မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံသို့ (G to G)စနစ်ဖြင့် တရားဝင်တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။
ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရန် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက ဆောင်ရွက်နေခြင်းဖြစ်ပြီး မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂) စီမံကိန်းအရ G to G စနစ်ဖြင့် တင်ပို့နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ထောပတ်သီး တရားဝင်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သော်လည်း တရုတ်နိုင်ငံ၏ လိုအပ်ချက်အရ ထောပတ်သီးကို ယခုနှစ်နှစ်ရာသီချိန်အစ ဒီဇင်ဘာလတွင် တင်ပို့နိုင်ရန်မျှော်မှန်းထားကြောင်း သိရသည်။
ပြည်တွင်းရှိ ထောပတ်ခြံများနှင့် ထောပတ်သီးထုပ်ပိုးစက်ရုံများ၌ ပိုးမွှားကင်းရှင်းရန် ဆောင်ရွက်နေသည့်အခြေအနေများကို ယခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် တရုတ်နိုင်ငံဘက်မှ လူကိုယ်တိုင် သို့မဟုတ် အွန်လိုင်းမှတစဆင့် စစ်ဆေးရန် စီစဉ်ထားကြောင်း သိရသည်။
ထိုသို့စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးစီး၍ အဆင်ပြေပါက နယ်စပ်လမ်းကြောင်းအပြင် တင်ပို့ရမည့် ပမာဏများပြားပါက ရန်ကုန်မြို့မှတစ်ဆင့် ပင်လယ်ရေကြောင်းမှလည်း တင်ပို့မည်ဖြစ်ကြောင်း သိရသည်။
Source: Popular Myanmar