သတင်းများ

တရုတ်ကုန်ပစ္စည်းများအပေါ် အပိုဆောင်းအခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမှုအား တရုတ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားမည်

တရုတ်နိုင်ငံက တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အပိုဆောင်းအခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမည့် အမေရိကန်၏ ဆုံးဖြတ်ချက်ကို  တရုတ်နိုင်ငံကကန့်ကွက်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂ ရက်တွင် တုံ့ပြန်လိုက်သည်။

ထို့ပြင် အမေရိကန်၏အဆိုပါ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေဖြင့်  တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့တိုင်ကြားမည်ဖြစ်ပြီး နိုင်ငံ၏အကျိုးစီးပွားနှင့် အခွင့်အလမ်းများကို ကာကွယ်ရန်အတွက် တန်ပြန်ဆောင်ရွက်မှုများကို လုပ်ဆောင်ရန် စီစဉ်ထားသည်။

အမေရိကန်အစိုးရက တစ်ဖက်သတ် လုပ်ဆောင်သည့် အခွန်တိုးမြှင့်ကောက်ခံမှုသည် WTO ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းဖြစ်ပြီး ယင်းသို့လုပ်ဆောင်ခြင်းသည်  အမေရိကန်၏ ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်သလို တရုတ်နှင့် အမေရိကန်တို့ကြား ပုံမှန်လုပ်ဆောင်နေသည့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းစေမည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရအနေဖြင့် အခြားနိုင်ငံများအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းကို အသုံးပြု၍ ခြိမ်းခြောက်ခြင်းထက် အကိုက်အခဲပျောက်ဆေး တစ်မျိုးဖြစ်သည့် fentanyl ဆေးဝါးတင်ပို့မှုနှင့် အခြားကိစ္စရပ်များအား   ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ဖြေရှင်းရန် တရုတ်အစိုးရကတိုက်တွန်းထားသည်။ တရုတ်နိုင်ငံသည် fentanyl ဆေးဝါးကို ကနေဒါနှင့် အခြားနိုင်ငံများမှတစ်ဆင့်  အမေရိကန်ပြည်ထောင်စုသို့ တင်ပို့လျက်ရှိသည်ဟု ထရမ့်က စွပ်စွဲထားသည်။

အမေရိကန်က  တရုတ်နိုင်ငံအပေါ် ချမှတ်လိုက်သည့် အခွန်တိုးမြှင့် ကောက်ခံမှုသည် အမေရိကန်ပြည်ထောင်စုရှိ စားသုံးသူများ၊ ကုန်ထုတ်လုပ်သူများနှင့် သွင်းကုန်တင်သွင်းသူများ အပေါ်သို့လည်း သက်ရောက်စေမည်ဖြစ်ပြီး ကုန်သွယ်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွင် မည်သည့် နိုင်ငံကမျှ  အနိုင်ရရှိမည် မဟုတ်ကြောင်း တရုတ်ပြည်သူ့တက္ကသိုလ်   နိုင်ငံတကာ ဆက်ဆံရေးအင်စတီကျုမှ    ညွှန်ကြားရေးမှူး ဝမ်ယိဝေက သတိပေးထားသည်။

အမေရိကန်အစိုးရက ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့မှ တင်သွင်းသည့်ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း၊ တရုတ်ထုတ်ကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမည့်   အမိန့်ကြေညာချက် တစ်စောင်ကို သမ္မတထရမ့်က ဖေဖော်ဝါရီ လ ၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။  

Source: Myawady Web Portal     

EU နှင့် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲဖြစ်က အောင်နိုင်သူမှာ တရုတ် ဖြစ်မည့်အကြောင်း အီးယူ အကြံပေး သတိပေး

EU နိုင်ငံများနှင့် အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်ဖွယ်ရှိပြီး ထိုဖြစ်စဉ်ကြောင့် အကျိုးအမြတ်ရရှိမည်မှာ တရုတ်နိုင်ငံဖြစ်နိုင်ကြောင်း EU နိုင်ငံခြားရေးအကြံပေး အကြီးအကဲ Kaja Kallas က သတိပေးလိုက်ပါသည်။

ဖေဖော်ဝါရီ ၂ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဥရောပနိုင်ငံများသည် အမေရိကန်ထံမှ မိုဘိုင်းဖုန်းများနှင့် လယ်ယာထွက်ကုန်များ ဝယ်ယူမှု မရှိကြကြောင်း အကြောင်းပြကာ ဥရောပနိုင်ငံများမှ တင်သွင်းလာမည့် ကုန်ပစ္စည်းများကို မကြာမီအချိန်တွင်အခွန်တိုးမြှင့်စည်းကြပ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်းပြောကြားထားမှုအပေါ် ဖေဖော်ဝါရီ ၃ ရက်တွင် ဘရပ်ဆဲလ်မြို့၌ ပြုလုပ်သည့် EU အဖွဲ့ဝင်များ၏ informal ညီလာခံတွင် သူမက သတင်းထောက်များကို ပြောကြားလိုက်ခြင်းဖြစ်ပါသည်။

နှစ်ဖက်တင်းကြပ်မှုသည် တရုတ်နိုင်ငံအတွက် အားသာချက်ဖြစ်နိုင်ပြီး EU နှင့် အမေရိကန်အတွက် ကုန်ပစ္စည်းများစျေးနှုန်းမြှင့်မားမှုများနှင့် အလုပ်အကိုင် ဆုံးရှုံးမှုများ ဖြစ်လာနိုင်ကြောင်း ၊ အမေရိကန်နှင့် EU သည် အပြန်အလှန် ဒွန်တွဲနေကြောင်း သူမက ပြောကြားထားသည်။

ကိုးကား- TASS

ရုရှား ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် အခွန်ပိုမို ကောက်ခံရန် အီးယူကို အဆိုပြု

ဒေသတွင်းစိုက်ပျိုးရေးအခန်းကဏ္ဍ၌ ဓာတ်မြေဩဇာနှင့်ပတ်သက်၍ အခက်အခဲဖြစ်နေချိန်တွင် ဥရောပကော်မရှင်ကို အီးယူနိုင်ငံအချို့မှ ဓာတ်မြေဩဇာထုတ်လုပ်သည့်ကုမ္ပဏီကြီးများက ရုရှားမှ တင်သွင်းနေသော ဓာတ်မြေဩဇာများအပေါ် အခွန်စည်းကြပ်နှုန်း ပိုမိုမြှင့်တင်ရန်အတွက် တောင်းဆိုမှုများ ပြုလုပ်နေကြကြောင်းသိရှိရသည်။ 

လွန်ခဲ့သောရက်ပိုင်းက ဥရောပကော်မရှင်အနေဖြင့် ရုရှားနှင့် ဘီလာရုစ်မှတင်သွင်းသည့် ဓာတ်မြေဩဇာ ၁ တန် ကို ၄၀ ယူရို မှ ၄၅ ယူရို အထိ တိုးကောက်ရန် ပြင်ဆင်နေပါသည်။ ဥရောပပါလီမန်နှင့် ဝန်ကြီးများကောင်စီမှ အတည်ပြုရန်သတ်မှတ်ထားသည့် အဆိုပြုချက်သည် အီးယူ၏ အဓိကစားသောက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန် တင်ပို့ရောင်းချသည့် အဖွဲ့ဝင်နိုင်ငံများဖြစ်သော ပြင်သစ်နှင့် နယ်သာလန်တို့ကဲ့သို့ အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန် ချိန်ညှိထားသည်ဟု သိရပါသည်။ 

ဓာတ်မြေဩဇာထုတ်လုပ်မှုသည် သဘာဝဓာတ်ငွေ့စွမ်းအင်အသုံးပြုမှုနှင့် များစွာသက်ဆိုင်နေပြီး ဥရောပ ဓာတ်မြေဩဇာထုတ်လုပ်သူများအနေဖြင့်  ဒေသတွင်း လိုအပ်ချက်ကို ပြည့်မီစေရန် မထုတ်လုပ်နိုင်ဘဲ ရုရှား၊ ဘီလာရုစ်တို့မှ ထုတ်လုပ်သည့် ဓာတ်မြေဩဇာဈေးနှုန်းကို ယှဉ်နိုင်ရန်မဖြစ်နိုင်ကြောင်း ဆိုကြသည်။ ထို့အတွက်ကြောင့် ရုရှားဓာတ်မြေဩဇာများကို သွင်းကုန်ခွန်တိုးမြှင့်လိုက်ခြင်းသည် EU ဒေသတွင်း ထုတ်လုပ်သူများအတွက် များစွာအကျိုးဖြစ်ထွန်းလာနိုင်ပါသည်။ သို့သော် ဥရောပကော်မရှင်ပြဋ္ဌာန်းထားသည့် သွင်းကုန်အခွန် ပမာဏနည်းလွန်းနေခြင်း၊ အခွန်တိုးမြှင့်မှု နောက်ကျနေခြင်းများကြောင့် ဓာတ်မြေဩဇာထုတ်လုပ်သူများက မကျေမနပ်ဖြစ်နေကြသည်ဟု ဆိုပါသည်။

ကုန်သွယ်ရေးအဖွဲ့ Fertilizers Europe ဥက္ကဋ္ဌ လီယိုအက်ဒါက “ပိုမိုရည်မှန်းချက်ကြီးသော ချဉ်းကပ်မှု”ကိုတောင်းဆိုနေပြီး ဥရောပကော်မရှင်အနေဖြင့်အကောက်ခွန်အဆင့်ကို အနည်းဆုံး ၃၀% အထိ မြှင့်တင်ပြီး ခြောက်လတစ်ကြိမ် ထပ်မံတိုးမြှင့်သင့်သည်ဟု ဆိုထားပါသည်။ 

ရုန်းကန်နေရသော အီးယူလယ်သမားများသည် ဒေသတွင်းစိုက်ပျိုးရေးကဏ္ဍ၌ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်နှင့် ဆက်စပ်သော စည်းမျဉ်းစည်းကမ်းများ တိုးမြင့်လာခြင်းနှင့် ထောက်ပံ့ကြေးများ ကန့်သတ်ခြင်းများကဲ့သို့သော အကျပ်အတည်းများနှင့် ကြုံတွေ့နေရပြီး အဆိုပါ အစီအမံများကြောင့် ပြင်းထန်သောဆိုးကျိုးများခံရမည်ဟု မျှော်လင့်ရကြောင်း သိရှိရပါသည်။

ကိုးကား-Myanmar National Post

ကနေဒါ၊ တရုတ်နှင့် မက္ကဆီကိုနိုင်ငံတို့သည် အမေရိကန်နိုင်ငံ၏ သွင်းခွန်တိုးမြှင့် ကောက်ခံမှုအပေါ် တားဆီးနိုင်မည်မဟုတ်ဟု ထရမ့် ပြောကြား

ကနေဒါ၊ တရုတ်နှင့် မက္ကဆီကိုနိုင်ငံတို့သည် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စတင်ကောက်ခံမည့် ဝါရှင်တန်၏ သွင်းခွန်နှုန်းထားအသစ်များကို ရှောင်လွှဲ၍ရနိုင်မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့သည်။

အဆိုပါနိုင်ငံများအပေါ် သွင်းကုန်ခွန်တိုးမြှင့်ရခြင်းမှာ တရုတ်နိုင်ငံက တစ်နှစ်လျှင် အမေရိကန်ပြည်သူပေါင်း ၁,၀၀၀ ခန့်အား သေစေလောက်သော fentanyl အပါအဝင် မူးယစ်ဆေးပမာဏအမြောက်အမြား တင်ပို့ လျက်ရှိပြီး ထိုအဆိပ်နှင့်တူသော မူးယစ်ဆေးများ မိမိ နိုင်ငံအတွင်းသို့ ဝင်လာနိုင်စေရန် ကနေဒါနှင့် မက္ကဆီကို နိုင်ငံတို့က ပြုလုပ်နေကြောင်း ထရမ့်က စွပ်စွဲပြစ်တင် ထားပြီး သွင်းကုန်ခွန်တိုးမြှင့် ကောက်ခံမည့်ကိစ္စနှင့် ပတ်သက်၍ အဆိုပါ ၃ နိုင်ငံအား အခွင့်အရေးပေးမည်မဟုတ်ကြောင်း ထရမ့်က ပြောကြားထားသည်။ 

ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ကနေဒါနှင့် မက္ကဆီကို နိုင်ငံတို့မှ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း (သို့သော် ကနေဒါစွမ်းအင်ထုတ်ကုန်များအပေါ် ၁၀ %) နှင့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ်က ဇန်နဝါရီ ၃၁ ရက်(သောကြာနေ့) တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကိုးကား-TASS

Photo: Al Jazeera

ပွင့်ဖြူမြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် စိုက်ပျိုးထားသည့် ဖူးစားပြောင်း ၂၀၀၈ ဧက ရိတ်သိမ်းပြီးဖြစ်

ပွင့်ဖြူ   ဖေဖော်ဝါရီ   ၂

      မကွေးတိုင်းဒေသကြီး    ပွင့်ဖြူမြို့နယ်၌    ယခုဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် စိုက်ပျိုးထားသည့်  ဖူးစားပြောင်း ၂၀၀၈ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားရေရိက္ခာ ဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ ဖူးစားပြောင်း ၂၇၂၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအခါ ဒေသခံတောင်သူများက ဆောလျင်စွာ စိုက်ပျိုးခဲ့သော ဖူးစားပြောင်းစိုက်ခင်းများကို ဇန်နဝါရီလမှ စတင်ရိတ်သိမ်းခဲ့ရာ လက်ရှိအချိန်ထိ ဖူးစားပြောင်း ၂၀၀၈ ဧက   ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း  သိရသည်။

"ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ပြီး ဖူးစားပြောင်း ၂၇၂၄ ဧက စိုက်ပျိုးထားပါတယ်။  ဖူးစားပြောင်း စိုက်ပျိုးချိန်မှာ အထွက်နှုန်းတိုးတက်အောင်     စိုက်နည်းစနစ်မှန်ကန်စေရေး၊ ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေ    ရွေးချယ်စိုက်ပျိုးနိုင်ရေး၊   ပိုးမွှားအန္တရာယ်ကင်းရှင်းရေးစတဲ့စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ လက်ရှိမှာ တောင်သူတွေက သီးနှံဝင်ငွေတိုးပွားရေး  အားထားစိုက်ပျိုးခဲ့တဲ့ ဖူးစားပြောင်း စိုက်ခင်းတွေကို  ရိတ်သိမ်းနေပြီး  ဖူးစားပြောင်း ၂၀၀၈ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။  အထွက်နှုန်းအနေနဲ့  တစ်ဧကကို  ပြောင်းဖူး  ၁၄၉၈၀  ထွက်ရှိပါတယ်" ဟု  ပွင့်ဖြူမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောသည်။

ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဖူးစားပြောင်းစိုက်ပျိုးတောင်သူများကို ပန်းတိုင်အထွက်နှုန်း ထွက်ရှိအောင် စိုက်နည်းစနစ်မှန်ကန်စေရေး၊  မျိုးကောင်းမျိုးသန့်ရွေးချယ် စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားကျရောက်မှုကင်းရှင်းရေး၊ အထွက်နှုန်းလျော့နည်းမှု မဖြစ်အောင် အချိန်မီရိတ်သိမ်းခြွေလှေ့နိုင်ရေး နည်းပညာများ ပံ့ပိုးကူညီပေးခြင်း စသည့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌  ဖူးစားပြောင်းကို စိုက်ဧကများ  ပိုမိုတိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးမည်ဆိုပါက ဒေသတွင်းစားရေရိက္ခာဖူလုံစေသည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်အစိုးရမှ တိုင်းပြည် သာယာဝပြောရေးနှင့်    စားရေရိက္ခာဖူလုံရေးတို့အတွက်   ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး တခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်တည်ဆောက်လျက်ရှိရာ တောင်သူများအနေဖြင့်   ရာသီအလိုက်သီးနှံများ စိုက်ပျိုးရာတွင်  ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း သိရသည်။    

BRICS ဘုံငွေကြေးထူထောင်ရန် မရှိကြောင်း Kremlin ပြောဆို

BRICS အဖွဲ့ဝင်နိုင်ငံများသည် ဘုံငွေကြေးတစ်ခု ဖန်တီးရန်အစီအစဉ်မရှိသော်လည်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်အတွက် ပူးတွဲ ရင်းနှီးမြှုပ်နှံမှုပလက်ဖောင်းများကို တက်ကြွစွာဆွေးနွေးနေကြောင်း Kremlin ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောကြားခဲ့သည်။

ဇန်နဝါရီ ၃၁ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံရာ၌ Peskov က BRICS နိုင်ငံများကို ဒေါ်လာနှင့်အစားထိုးရန် ဘုံငွေကြေးဖန်တီးပါက အခွန် စည်းကြပ်မှုဖြင့် BRICS နိုင်ငံများကို ခြိမ်းခြောက်ခဲ့သည့် အမေရိကန်သမ္မတ Donald Trump ၏ မှတ်ချက်စကားကို ပြောကြားခဲ့ပါသည်။

BRICS က ဘုံငွေကြေးတစ်ခု ဖန်တီးမည့်အစား တတိယနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေမည့် ပူးပေါင်းရင်းနှီးမြုပ်နှံမှု ပလက်ဖောင်း အသစ်များတည်ထောင်ရန်သာ အာရုံစိုက်နေပြီးအဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၃၀ ရက်နေ့တွင် Trump က BRICS နိုင်ငံများအား ဒေါ်လာအစားထိုး ဘုံငွေကြေးတစ်ရပ်ထူထောင်ပါက အခွန် ၁၀၀ % တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။

အလားအလာရှိသော BRICS ၏ ဘုံငွေကြေးစနစ်နှင့်ပတ်သက်၍ ထင်ကြေးပေးမှုများသည် မကြာသေးမီ နှစ်များအတွင်းက ပျံ့နှံ့ခဲ့သည်။၂၀၂၃ ခုနှစ်တွင် ဘရာဇီး သမ္မတ Luiz Inacio Lula da Silva သည် စီးပွားရေး အစုအဖွဲ့အတွင်း “ကုန်သွယ်မှုငွေကြေး” အယူအဆအတွက် ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးယူရိုငွေကြေးဖန်တီးမှုနှင့် ယှဉ်တွဲပြောဆိုခဲ့သည်။ သို့သော်လည်း ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက အပါအဝင် အခြားသော BRICS နိုင်ငံ့ခေါင်းဆောင်များကမူ ယင်းလုပ်ရပ်ကို ဆွေးနွေးရန် ငြင်းဆိုထားသည်။

BRICS ခေါင်းဆောင်များသည် ဒေါ်လာတန်ဖိုးအား ကျဆင်းစေရေးလုပ်ဆောင်ရန် စိတ်ဝင်စားခြင်း မရှိကြောင်း BRICS ခေါင်းဆောင်များက အကြိမ်ကြိမ် ပြောဆိုခဲ့သည်။

ကိုးကား-RT

ဒေါ်လာ ၅၀ ဘီလီယံတန်ဖိုးရှိ ရုရှားကားဈေးကွက်တွင် တရုတ်နှင့် ရုရှားလုပ်ကားများက ထိပ်ဆုံးမှ ဦးဆောင်

အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများရှိနေသော်လည်း ရုရှားပြည်သူများ၏ မော်တော်ကားဝယ်ယူမှုသည်  ပြီးခဲ့သည့်နှစ်အတွင်း၌  ရူဘယ် ၄ ဒသမ ၉၁ထရီလီယံ (ဒေါ်လာ ၅၀ ဒသမ ၁ ဘီလီယံ) အသုံးပြုခဲ့ပြီး နိုင်ငံအတွင်းရှိ ကားဈေးကွက်တွင် တရုတ်နှင့် ရုရှားလုပ်မော်တော်ကားများက    ထိပ်ဆုံးမှဦးဆောင်လျက်ရှိကြောင်း ကားဈေးကွက်လေ့လာရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Avtostat က ထုတ်ပြန်သည်။

ရုရှားနိုင်ငံ၏  မော်တော်ကားသစ်များအပေါ် ငွေကြေးအသုံးပြုမှုသည် ၂၀၂၃ခုနှစ်က ပမာဏနှင့်နှိုင်းယှဉ်ပါက ၅၇ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်။ ထို့ပြင် ရုရှားကားဈေးကွက်တွင်   ဦးဆောင်နေသည့် တရုတ်နှင့် ရုရှားမော်တော်ကားများသည် ရုရှားနိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကြောင့်   နိုင်ငံအတွင်းမှ ထွက်ခွာသွားသည့်   အနောက်နိုင်ငံများနှင့်    ဂျပန်ကားကုမ္ပဏီများ၏နေရာတွင် အစားထိုးဝင်ရောက်လာခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံ၌ မော်တော်ကားသစ်အစီးပေါင်း ၁ ဒသမ ၅၇ သန်းခန့်ရောင်းချနိုင်ခဲ့ပြီး  ယင်းပမာဏသည် ငါးနှစ်အတွင်း     အမြင့်ဆုံးအဆင့်သို့ရောက်ရှိလာခြင်းဖြစ်ကြောင်း Avtostat နှင့် Gazprombank Auto Leasing တို့က ပူးတွဲထုတ်ပြန်သည့်   အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းရောင်းချနိုင်ခဲ့သည့် စာရင်းများအရ ယင်းလအတွင်း၌  တရုတ်နိုင်ငံထုတ် မော်တော်ကားများသည် ရုရှားနိုင်ငံတွင် ရောင်းချခဲ့သည့် မော်တော်ကား စုစုပေါင်းအနက် ၆၂  ရာခိုင်နှုန်းရှိပြီး ရုရှားထုတ်ကားများက ၁၇  ဒသမ  ၅ ရာခိုင်နှုန်းဖြင့်ဒုတိယနေရာတွင်     ရပ်တည်နိုင်ခဲ့သည်။ယင်းနောက်တွင်    ဥရောပထုတ်ကားများက    တတိယနှင့် ဂျပန်နိုင်ငံထုတ်မော်တော်ကားများက စတုတ္ထနေရာများ၌ အသီးသီးရပ်တည်ခဲ့သည်။

ရုရှားနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ရောင်းချခဲ့သည့် မော်တော်ကားများတွင်ဇိမ်ခံကားအမျိုးအစားပါဝင်မှုများမြင့်တက်လာကြောင်း Avtostat က ဆက်လက်ဖော်ပြသည်။     ရုရှားပြည်တွင်းဖြစ် ကားထုတ်လုပ်မှုတွင် Lada ကုမ္ပဏီထုတ် မော်တော်ကားများက ထိပ်ဆုံးမှရပ်တည်လျက်ရှိပြီး ၎င်းကုမ္ပဏီထုတ် Granta နှင့် Vesta ကားများမှာ လူကြိုက်များသည့် မော်ဒယ်များဖြစ်သည်။

Ref: RT

တညင်းကုန်းလက်ကားဈေးကြီး၌ နယ်စုံမှထွက်ရှိသောရာသီပေါ်သစ်သီးဝလံများ လှိုင်လှိုင်ဝင်ရောက် ကာ လာရောက်ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိ

ရန်ကုန်   ဇန်နဝါရီ   ၂၉

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရှိ တညင်းကုန်းလက်ကားဈေးကြီး၏ ဈေးရုံအမှတ်(၁)တွင် နယ်စုံမှထွက်ရှိသော သစ်သီး၀လံများကို အဓိကရောင်းချပြီး  ယခုအခါ အဆိုပါဈေးကြီး၌   ရာသီပေါ် သစ်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိရာလာရောက်ဝယ်ယူသူများဖြင့်   စည်ကား လျက်ရှိကြောင်း သိရသည်။

တညင်းကုန်းလက်ကားဈေးကြီးတွင် ဒေသအသီးသီးမှထွက်ရှိသော ကုန်မျိုးစုံ၊ ကုန်ခြောက်မျိုးစုံ၊    သစ်သီး၀လံများ၊        ဟင်းသီးဟင်းရွက်များနှင့် ရာသီပေါ်သီးနှံ များကို   လက်လီလက်ကားရောင်းချပေး လျက်ရှိပြီး လက်ရှိ တညင်းကုန်းလက်ကားဈေးကြီးရှိ ဈေးရုံငါးရုံတွင် ဆိုင်ခန်းပေါင်း  ၇၆၀၀ ကျော်  ဖွင့်လှစ်ထားကြောင်း သိရသည်။

“ဈေးရုံအမှတ်(၁)မှာ ဆိုင်ခန်းပေါင်း ၁၀၀၀ လောက်ရှိပြီးတော့ အဲဒီဈေးရုံမှာ သစ်သီး၀လံတွေကို အဓိကရောင်းချတာ ပါ။ လက်ရှိမှာ ရာသီပေါ်သီးနှံတွေဖြစ်တဲ့ စတော်ဘယ်ရီသီး၊ ထောပတ်သီး၊ လိမ္မော် သီး၊ စပျစ်သီး၊ ပျားလိမ္မော်၊ ဆီးသီး  စတဲ့ သစ်သီးဝလံတွေ အများအပြားဝင်ရောက် လျက်ရှိပါတယ်။ အဓိကက ရှမ်းပြည်နယ် ဘက်က ဝင်ရောက်တာများပါတယ်"  ဟု တညင်းကုန်းလက်ကားဈေးကြီးမှ အထွေထွေမန်နေဂျာ ဦးရဲထွန်းကပြောသည်။

တညင်းကုန်းလက်ကားဈေးကြီး၏ ဈေးရုံအမှတ်(၁)တွင်  သစ်သီး၀လံများ၊ ဈေးရုံအမှတ်(၂)တွင် ဟင်းသီးဟင်းရွက် များ၊ ဈေးရုံအမှတ် (၃)တွင် မီးဖိုချောင်သုံးကုန်မျိုးစုံနှင့်ကုန်ခြောက်ပစ္စည်းများ၊ ဈေးရုံအမှတ်(၄)တွင်  ရာသီပေါ်သစ်သီး ၀လံများနှင့် သားငါးများ၊  ဈေးရုံအမှတ်(၅)တွင်  ဆန်၊  ဆီ၊ ကြက်သွန်နီ စသည့်အခြေခံ စာသောက်ကုန်ပစ္စည်းများကို     ရောင်းချ ပေးလျက်ရှိသည်။

တညင်းကုန်းလက်ကားဈေးကြီးတွင် ၀န်ဆောင်မှုများအနေဖြင့်  လုံခြုံရေးအတွက်  ဈေးအတွင်းနေရာအနှံ့အပြား တွင် CCTV ကင်မရာများ  တပ်ဆင်ထား ခြင်း၊  လုံခြုံရေး၀န်ထမ်းများဖြင့်  နေ့ည မပြတ်   စောင့်ကြပ်ကြည့်ရှုခြင်း၊ ၂၄ နာရီ လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်ပေးထား ခြင်း၊ စားသောက်ဆိုင်များနှင့် အများသုံး သန့်စင်ခန်းများ ဖွင့်လှစ်ပေးထားခြင်းများ ဆောင်ရွက်ထားရှိကြောင်း၊ ထို့ပြင် မြန်မာ နိုင်ငံအနှံ့မှရန်ကုန်မြို့သို့လာရောက်၍  ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ကြသောကုန်တင်ယာဉ်အမျိုးမျိုး  လုံခြုံစိတ်ချစွာ ညအိပ်ရပ်နားနိုင်စေရန် ဈေး၀င်းအတွင်း ၌ ယာဉ်ရပ်နားစခန်းကိုလည်း  ဖွင့်လှစ် ထားရှိကြောင်း သိရသည်။  

ပွင့်ဖြူမြို့နယ်၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် မေမြို့ပန်း(ချင်းမိုင်မျိုး)များ  အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူများ ဝင်ငွေအကျိုးအမြတ်ရရှိနေ

ပွင့်ဖြူ     ဇန်နဝါရီ     ၃၀

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခု    ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့်  တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် မေမြို့ ပန်း(ချင်းမိုင်မျိုး)များ အောင်မြင်ဖြစ်ထွန်း ၍   စိုက်ပျိုးသူများ  ဝင်ငွေအကျိုးအမြတ်
ရရှိပြီး   လုပ်ငန်းအဆင်ပြေနေကြောင်း  ဒေသခံတောင်သူများ၏ပြောပြချက်အရ သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ သည်  မိသားစုဝင်ငွေတိုးပွားစေရေးအတွက် မုန်းချောင်းရေနှင့်  မြေအောက်ရေတို့ကို စနစ်တကျအသုံးပြုပြီး  ဂန္ဓမာပန်း၊ ကံ့ကော်ပန်း၊   နှင်းဆီပန်း၊ သစ္စာပန်း၊ နှင်းပန်း၊  စံပယ်ပန်း၊ သပြေပန်းမျိုးစုံနှင့် မေမြို့ပန်း(ချင်းမိုင်မျိုး) စသည့်ပန်းများကို စိုက်ပျိုးရောင်းချကြသည်။

"ဒီဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ  မေမြို့ပန်း(ချင်းမိုင်မျိုး) စိုက်ပျိုးရေးလုပ်ငန်း က အောင်မြင်ဖြစ်ထွန်းပြီး ပန်းတွေ ရောင်းချရာကနေ  တောင်သူတွေ ဝင်ငွေအကျိုးအမြတ်ရရှိနေပါတယ်။ မေမြို့ပန်း (ချင်းမိုင်မျိုး)က တစ်ပင်ကို ငွေကျပ် ၁၀၀ နဲ့ ဝယ်ယူစိုက်ပျိုးရပါတယ်။  စိုက်ပျိုးနည်း ကတော့    ပန်းမစိုက်မီ   မြေကိုထယ်ရေး ညက်အောင်  ထွန်ယက်ပြီး   မြေဩဇာ၊ သဘာဝမြေဆွေး၊   သစ်ရွက်ဆွေးတို့ကို ရောနှောပြီး  မြေဆီလွှာကောင်းမွန်အောင်  ပြုပြင်တာ၊မြေအစိုဓာတ်ရအောင် ရေလောင်းတာတွေ လုပ်ဆောင်ပေးရပါတယ်။  မြေအစိုဓာတ်ရအောင် သုံးလေး ရက်လောက်နှပ်ထားပြီးရင် စတင်စိုက်ပျိုး လို့ရပါပြီ။ စိုက်ပျိုးပြီးတဲ့အချိန်မှာအပင်တွေရှင်သန်ကြီးထွားအောင် ရေဖျန်း ပေးတာ၊   မြေဩဇာကျွေးတာ၊   အပင် အားဆေးဖျန်းတာတွေ   ပြုလုပ်ပေးရပါ တယ်။ စိုက်ပျိုးပြီး နှစ်လလောက်အကြာ မှာ  ပန်းတွေကို စတင်ချိုးယူရောင်းချလို့ ရပါပြီ။ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ဒေသခံတောင်သူအများစုက  အပို ဝင်ငွေရရှိစေဖို့  စိုက်ပျိုးမြေအပြင်  မိမိတို့ရဲ့နေအိမ်မြေကွက်လပ်တွေမှာပါ  ဘုရား ပန်းစိုက်ပျိုးရေးနဲ့   ဟင်းသီးဟင်းရွက်  စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်" ဟု  ပွင့်ဖြူမြို့နယ်  ရွာသစ်ကျေးရွာမှ    ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာ အုပ်စုအတွင်းရှိ ရွာသစ်ကျေးရွာ၊ ပိန္နဲတော ကျေးရွာ၊ ယောစုကျေးရွာနှင့် မုန်းချောင်း ဘေးတစ်လျှောက်ရှိ ကျေးရွာများ၌ စိုက်ပျိုးသော မေမြို့ပန်း(ချင်းမိုင်မျိုး)မှာ လတ်ဆတ်မှုရှိပြီးတာရှည်ခံသည့်အတွက် ဒေသခံပြည်သူများက အကြိုက် တွေ့ဝယ်ယူကြသည့်အပြင် မင်းဘူး၊ စလင်း၊မကွေးမြို့တို့သို့   တင်ပို့ရောင်းချရသဖြင့် စိုက်ပျိုးသူများဝင်ငွေရရှိကာ လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း၊မြန်မာနိုင်ငံသည် ဒေသအလိုက်သီးနှံမျိုးစုံ  ဖြစ်ထွန်းရှင်သန်စေနိုင်မည့် မတူညီသော ရာသီဥတု၊ မြေအမျိုးအစား၊ သဘာဝဂေဟ စနစ်၊   စိုက်ပျိုးရေအရင်းအမြစ်  စသည့် စိုက်ပျိုးရေးကို  အထောက်အကူပြုသော အခြေခံကောင်းများ ပြည့်စုံကြွယ်ဝသည့်   နိုင်ငံဖြစ်ကြောင်း၊  နိုင်ငံတော်မှ   စိုက်ပျိုး ထုတ်လုပ်သူများအား လိုအပ်ချက်မရှိ အောင် ကူညီဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့လုပ်ငန်းများ ပိုမိုအောင်မြင်ရေးအတွက်  အားသွန်ခွန်စိုက်  ကြိုးပမ်းကြ ရမည်ဖြစ်‌ကြောင်း သိရသည်။ 

နိုင်ငံ့စီးပွားရေးတိုးတက်စေရန်အတွက်သာမက  ဥရောပ၏ Silicon Valley အဖြစ် ထွက်ပေါ်လာစေရန် ရည်ရွယ်ထားသည့် အောက်စဖို့-ကိန်းဘရစ် စီးပွားရေးစင်္ကြံ

ဗြိတိန်နိုင်ငံက ဖော်ဆောင်မည့် အောက်စဖို့-ကိန်းဘရစ်စီးပွားရေးတိုးတက်မှုစင်္ကြံသည်လာမည့် ၂၀၃၅ ခုနှစ်ခန့်တွင်  နိုင်ငံ့စီးပွားရေးအတွက်စတာလင်ပေါင် ၇၅ ဘီလီယံ ထွက်ပေါ်လာစေနိုင်သောကြောင့် အစိုးရအနေဖြင့်၎င်းစင်္ကြံအတွင်း အခြေခံအဆောက်အဦစီမံကိန်းများ ဖော်ဆောင်ရေးကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးရေချယ်ရိက ဇန်နဝါရီလ၂၉ ရက်တွင်ပြောသည်။

အဆိုပါ စင်္ကြံတွင် မြို့ကြီးနှစ်မြို့ကို ဆက်သွယ်ပေးမည့်စီမံကိန်းများအပါအဝင် သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှုအသစ်များ၊ အိမ်ရာစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် သောက်သုံးရေစီမံကိန်းများအပြင် ဉာဏ်ရည်တု (AI) နည်းပညာများပါဝင်မည်ဖြစ်သည်။ ဗြိတိန်နိုင်ငံသည် ၎င်းစင်္ကြံကို ဖော်ဆောင်ခြင်းအားဖြင့် နိုင်ငံ၏စီးပွားရေးတိုးတက်မှုအတွက် အထောက်အကူပြုစေရန်အတွက်သာမက ဗြိတိန်အား ဥရောပ၏ Silicon Valley အဖြစ်ထွက်ပေါ်လာစေရန်ရည်ရွယ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ အောက်စဖို့-ကိန်းဘရစ်  စီးပွားရေးတိုးတက်မှုစင်္ကြံတွင် စီးပွားရေးလုပ်ငန်းအများအပြားက ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်မည်ဟု ကြေညာ ထားပြီးဖြစ်သည်။ ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများတွင် အမေရိကန်ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် moderna ပါဝင်လျက်ရှိပြီး ၎င်းကုမ္ပဏီက အောက်စဖို့ရှိုင်းယားတွင် စတာလင်ပေါင် တစ်ဘီလီယံရင်းနှီးမြှုပ်နှံထားသည်။

ထို့ပြင် အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ လျှပ်စစ်ကားများအတွက် အားသွင်းပေးနိုင်သည့်ကွန်ရက်အား အဆင့်မြှင့်တင်ရန် စတာလင်ပေါင် ၆၅ သန်း၊ ဆိုလာပြားများ၊ လေစွမ်းအင်သုံးတာဘိုင်များနှင့် လျှပ်စစ်ကားများအတွက် လိုအပ်သည့်ကုန်ကြမ်းများအတွက် စတာလင်ပေါင် ၂၈ သန်းအသုံးပြုမည်ဖြစ်သည်။

Ref: Pbctoday