လာမည့်ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် အမေရိကန်သို့ သွားရောက်ပြီး သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံမည့် အိန္ဒိယဝန်ကြီးချုုပ် နာရိန်ဒရာမိုဒီ အနေဖြင့် အမေရိကန်- အိန္ဒိယ ကုန်သွယ်မှု၌ အမေရိကန်ဘက်မှ ချမှတ်မည့် ကုန်သွယ်စည်းကြပ်ခွန်တိုးမြှင့်မှုအား တားဆီးနိုင်လိမ့်မည် ဟု အိန္ဒိယနိုင်ငံရေး အသိုင်းအဝိုင်းက မျှော်လင့်နေကြပါသည်။

ကုန်သွယ်ရေး စစ်ပွဲဖြစ်မလာစေရေး တားဆီးရန် မိုဒီက အမေရိကန် ထုတ်ကုန်များကို စိတ်ကြိုက်တင်သွင်းခွင့်ပြုမည်ဟု ယူဆရပြီး ထိုကဲ့သို့ ဖြစ်လာစေရန်လည်း အိန္ဒိယဘက်မှ ကြိုတင်ပြင်ဆင်ထားမှုများရှိသည် ဟု အိန္ဒိယအရာရှိကြီးများ၏ ပြောစကားကိုကိုးကား၍ ရိုက်တာ သတင်း ဌာနက ဖော်ပြထားသည်။
အီလက်ထရွန်နစ် ခွဲစိတ်ခန်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ဓာတုပစ္စည်းအချို့အား အနည်းဆုံး အမျိုးအစား တစ်ဒါဇင်ခန့်ကို ကုန်သွယ်မှု သဘောတူခွင့်ပြုချက်ပေးရန် ထည့်သွင်းစဉ်းစားနေကြောင်း အမည်မဖော် လိုသူ အစိုးရအရာရှိသုံးဦးက ရိုက်တာသို့ ပြောကြားခဲ့ပါသည်။
အိန္ဒိယသည် ပုံမှန်အားဖြင့် အမေရိကန်၏ ပို့ကုန်များအပေါ်တွင် မှီခိုနေရပြီး အမေရိကန်ထံမှ အရင်းအမြစ်များပိုမိုရရှိလာနိုင်သည့် ပစ္စည်းများ အပေါ် လိုက်လျောရန်စီစဉ်လျက်ရှိပါသည်။ ဤအကောက်ခွန်လိုက်လျောမှုသည် အိန္ဒိယပြည်တွင်းထုတ်လုပ်မှု အစီအစဉ်များ နှင့်လည်း လိုက်လျောညီထွေဖြစ်စေမည်ဟု ၎င်းတို့ကဆိုပါသည်။
အရာရှိတစ်ဦး၏ ပြောကြားချက်အရ ဝန်ကြီးချုပ်မိုဒီနှင့် ထရမ့် အကြား တွေ့ဆုံမှုသည် အမေရိကန်နှင့် တရုတ်နိုင်ငံကြားဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲကဲ့သို့ အခြေအနေမျိုးကို ရှောင်ရှားရန်ရည်ရွယ်ကြောင်း ဆိုပါသည်။
ကိုးကား-Myanmar National Post

ကနေဒါနှင့် မက္ကဆီကို အပါအဝင် အခြားနိုင်ငံများမှ တင်သွင်းသည့် သံမဏိနှင့် အလူမီနီယံများကို အမေရိကန်ပြည်ထောင်စုက သွင်းခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည့်ကိစ္စအား ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်းနှင့် နောက်ထပ်သွင်းခွန်များကိုလည်း ထုတ်ပြန် သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ ရက်နေ့တွင် သမ္မတ ထရမ့်က ပြောကြားခဲ့ပါသည်။

နယူးအော်လန်မြို့တွင် ကျင်းပသည့် အမေရိကန်၏ အကြီးကျယ်ဆုံး အားကစားပွဲ Super Bowl သို့ တက်ရောက်ရန် ဖလော်ရီဒါမှ ထွက်ခွာသည့် Air Force One လေယာဉ်ပေါ်တွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ဂါဇာ နှင့် ယူကရိန်းစစ်ပွဲများနှင့်ပတ်သက်၍လည်း ထရမ့်က မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။
ကိုးကား-AP

ယခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံသို့ ငွေလွှဲပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံခန့်ရှိပြီး အကြမ်းဖျင်းအားဖြင့် ယခင်နှစ်ကိန်းဂဏန်းနှင့် အလားတူဖြစ်ကြောင်း အစိုးရထံမှ သိရသည်။
နိုင်ငံနှင့်နယ်မြေပေါင်း ၁၃၀ တွင် နေထိုင်သည့် ဗီယက်နမ်နိုင်ငံသား ၆ သန်းနီးပါးမှ ရောက်ရှိလာသည့် ကိန်းဂဏန်းသည် ဗီယက်နမ်တွင် စီးပွားရေး၊ သိပ္ပံပညာ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများစွာကို အထောက်အကူဖြစ်စေသည်ဟု ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son က ဖေဖော်ဝါရီ ၆ ရက်နေ့ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က Covid-19 ၏ သက်ရောက်မှုကြောင့် တိုးတက်မှု နှေးကွေးသောကာလအလွန်တွင် ဗီယက်နမ်အတွက်ငွေလွှဲမှုဒေါ်လာ ၁၆ ဘီလီယံသည် စံချိန်သစ်တစ်ခုဖြစ်သည်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ပရောဂျက်ပေါင်း ၄၂၁ ခုနှင့်အတူ ယခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေသော ငွေလွှဲပို့မှုများသည် အရင်းအနှီး အမေရိကန်ဒေါ်လာ ၁.၇၂ ဘီလီယံရှိကြောင်း Son မှ ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် ပြည်ပရောက်ဗီယက်နမ်နိုင်ငံသားများနှင့် ၎င်းတို့၏ မွေးရပ်မြေတို့ကြား ပိုမိုခိုင်မာသော ချိတ်ဆက်မှုရရှိစေရေးအတွက် ၎င်း၏မူဝါဒများနှင့် ဥပဒေမူဘောင်များကို ဆက်လက်ပြင်ဆင်သွားမည်ဖြစ်ကြောင်း Son က ဆက်လက်ပြောကြားခဲ့သည်။
ကိုးကား-VN Express

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲမှ ထွက်ပေါ်လာနိုင်သည့် အကျိုးဆက်များအပေါ် စိုးရိမ်မှုကြောင့် ၂၀၂၄ ခုနှစ် အကုန်ပိုင်းမှစ၍ အင်္ဂလန်ဘဏ်မှ ရွှေချောင်းထောင်ပေါင်းများစွာကို ပြန်လည်ထုတ်ယူခဲ့ကြကြောင်း နာမည်ကြီး Telegraph သတင်းစာကြီးက ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက် ဈေးကွက်ရှိ ရွှေဈေးသည် လန်ဒန်မြို့ရှိ ငွေသားဈေးကွက်ထက် ဈေးနှုန်းမြင့်တက်လာပြီးနောက် နိုင်ငံအတွင်းရှိ ကုန်သည်အများအပြားက ရွှေချောင်းများ ပြန်လည်ထုတ်ယူရန် တောင်းဆိုလာခဲ့သည်ဟု အင်္ဂလန်ဘဏ်မှ လက်ထောက်အုပ်ချုပ်ရေးမှူး ဒေ့ရမ်စဒန်က ပြောကြားခဲ့ကြောင်း Telegraph သတင်းစာကြီးက ဖေဖော်ဝါရီလ၈ ရက်တွင် ဖော်ပြသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ အင်္ဂလန်ဘဏ်မှပြန်လည်ထုတ်ယူခဲ့သည့် ရွှေချောင်းများမှာ ၈၀၀၀ ခန့်ရှိပြီး ယင်းပမာဏသည် ဘဏ်အတွင်းရှိ ရွှေချောင်း စုစုပေါင်း၏ ၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အမေရိကန်အစိုးရ၏ ကုန်သွယ်ရေး စစ်ပွဲဆင်နွှဲမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထရမ့်က ရွှေချောင်းများအပေါ် အခွန်သစ်များ တိုးမြှင့်ကောက်ခံမည်ကို ဗြိတိန်ရှိ ကုန်သည်များက စိုးရိမ်ခဲ့ခြင်းဖြစ်ကြောင်း ဒေ့ရမ်စဒန်က ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။
Source: Myawady Web Portal

ဟနွိုင်း ဖေဖော်ဝါရီ ၈
ဗီယက်နမ်နိုင်ငံက ဇန်နဝါရီလအတွင်း ကော်ဖီတန်ချိန် ၁၅၄၆၃၅ တန် တင်ပို့နိုင်ခဲ့ကြောင်း ဗီယက်နမ်ကော်ဖီ-ကိုကိုးအသင်းက ထုတ်ပြန်ထားသည်။
ကော်ဖီစိမ်း တင်ပို့မှုမှာ ၁၃၇၅၆၈ တန်ရှိပြီး ဒေါ်လာ ၆၉၄ ဒသမ ၉ သန်းရရှိကာ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလနှင့် နှိုင်းယှဉ်ကြည့်ပါက တန်ဖိုး ၈ ဒသမ ၈ ရာခိုင်နှုန်း တိုးလာသော်လည်း ပမာဏ ၃၈ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

ပြုပြင်ပြီး ကော်ဖီတင်ပို့မှု ပမာဏမှာ ၁၇၀၆၇ တန်ရှိသဖြင့် ဒေါ်လာ ၁၀၄ ဒသမ ၆ သန်းရရှိကာ စုစုပေါင်း ကော်ဖီတင်ပို့မှု တန်ဖိုး၏ ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း ကော်ဖီတန်ချိန် ၁ ဒသမ ၉၈ သန်းထုတ်လုပ်ရန် ရည်မှန်းထားကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
Source: မြန်မာ့အလင်းသတင်းစာ

အာရှ၏ တတိယအကြီးဆုံးစီးပွားရေး နိုင်ငံဖြစ်သည့် အိန္ဒိယတွင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးလာခြင်းကို ဖြေရှင်းရန် အိန္ဒိယဗဟိုဘဏ်သည် ငါးနှစ် နီးပါးအတွင်း အတိုးနှုန်းကို ပထမဆုံးအကြိမ် လျှော့ချ လိုက်သည်။
Reserve Bank of India (RBI) သည်လည်း စီးပွားရေးပညာရှင်များ၏ မျှော်မှန်းချက်နှင့်အညီ ဖြစ်စေရန် ၎င်း၏ Repo Rate ကို ၆.၅ % မှ ၆.၂၅ % သို့ လျှော့ချခဲ့သည်။

Repo Rate သည် အိန္ဒိယဗဟိုဘဏ်မှ ကူးသန်းရောင်းဝယ်ရေး ဘဏ်များအား ချေးပေးသည့် သတ်မှတ်ချက် (ကာလတို ချေးယူမှုပုံစံ) ဖြစ်သည်။ ပြီးခဲ့သည့် ၄ နှစ် အတွင်း အိန္ဒိယနိုင်ငံ၏ GDP တိုးတက်မှုနှုန်း ၆.၇ % သို့ ကျဆင်းသွားချိန်တွင် Repo Rate အား တစ်ကြိမ် လျှော့ချ ခဲ့ဖူးသည်။
ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလျင်မြန်ဆုံး အိန္ဒိယနိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတိုးတက်မှုနှင့် မြို့ပြနေလူဦးရေ၏ ကုန်စည် ဝယ်ယူသုံးစွဲမှုရာခိုင်နှုန်းမှာ ကျဆင်းလျက်ရှိပြီး ကုမ္ပဏီ လုပ်ငန်းများ၏ အမြတ်အစွန်းများမှာလည်း ယခုနှစ် ဘဏ္ဍာရေးနှစ် ပထမနှစ်ဝက်တွင် ကျဆင်းခဲ့သည်။
သို့သော် ငွေကြေးဖောင်းပွမှုကို ထိန်းညှိပေးခြင်း၊ ကျေးလက်နေပြည်သူများ၏ ဝယ်လိုအား တိုးလာစေရန်နှင့် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ အထွက်နှုန်း ကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဟု RBI ဥက္ကဋ္ဌ Mr Malhotra က ပြောကြားခဲ့ပါသည်။
ယခုလို အတိုးနှုန်းလျှော့ချလိုက်ခြင်းသည် ချေးငွေနှင့် အကြွေးဝယ်ကတ်အတိုးနှုန်းများ သိသိသာသာ လျော့ကျသွားသည့်အပြင် ကုမ္ပဏီလုပ်ငန်းများအတွက် စရိတ် များလည်း သက်သာသွားစေသည်။
ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းမလျှော့ချမီက ပြည်တွင်း ဘဏ်လုပ်ငန်းစနစ်သို့ ကန်ဒေါ်လာ ၁၈ ဘီလီယံ (ပေါင် ၁၄.၄၈ ဘီလီယံ) ထည့်ဝင်ခြင်းအပါအဝင် နိုင်ငံ့စီးပွားရေးအတွက် ငွေသားပြတ်လပ်မှုကို သက်သာစေမည့် နည်းလမ်းများနှင့် ဆောင်ရွက်ချက်များကို ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် ဒီဇင်ဘာလတွင် အရန်ငွေသားထားရှိမှုအချိုး သို့မဟုတ် ကူးသန်းရောင်းဝယ်ရေးဘဏ်များအနေဖြင့် RBI တွင် ဆက်လက်ထားရှိရန်လိုအပ်သည့် အရန်ငွေကြေး ပမာဏကို လျှော့ချခဲ့ပြီး ဒီဇင်ဘာလတွင် ရာခိုင်နူန်း တစ်ဝက်ခန့်အထိ လျှော့ချခဲ့သည်။
အိန္ဒိယနိုင်ငံလူလတ်တန်းစားများ ရင်ဆိုင်ကြုံတွေ့နေ ရသော အခက်အခဲများ ပြေလည်စေရန်အတွက် ပြည်ထောင်စုဘတ်ဂျက်၏ အခွန်ရငွေထဲမှ ဒေါ်လာ ၁၂ ဘီလီယံ လျှော့ချလိုက်ပြီးနောက် RBI ၏ အရန်ငွေကြေး ထားရှိမှုနှုန်းထား လျှော့ချလိုက်ခြင်းဖြစ်သည်။
ထို့ပြင် မိုဒီအစိုးရသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချရန်အတွက် အစိုးရအသုံးစရိတ်များကို ထိန်းချုပ် ကန့်သတ်ရန် ရည်မှန်းထားပါသည်။ အိန္ဒိယ ဗဟိုဘဏ်ကလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် အတိုးနှုန်းများကို ၀.၅ % မှ ၁% အထိ နောက်ထပ်လျှော့ချသွားရန် မျှော်လင့်ထားကြောင်း စီးပွားရေးပညာရှင်များ၏ ခန့်မှန်းပြောဆိုချက်များအရ သိရှိရပါသည်။
သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကောက်ခွန်စစ်ပွဲကြောင့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး လုပ်ငန်းများ မတည်မငြိမ်ဖြစ်ခဲ့ရပြီး၊ ထိုမှတစ်ဆင့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ၏ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ထုတ်ယူခြင်းနှင့် ငွေကြေးတန်ဖိုး ကျဆင်းခြင်းများ ဖြစ်ပေါ်ကာ စီးပွားရေးလုပ်ငန်းများ ပိုမိုထိခိုက်လာခြင်းနှင့် RBI ၏ လုပ်ငန်းများ ပိုမိုရှုပ်ထွေး ခက်ခဲလာခြင်း ဖြစ်ပါသည်။ မကြာသေးမီလများအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အများအပြားကလည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအားအိန္ဒိယ စတော့ရှယ်ယာဈေးကွက်များမှ ပြန်လည်ထုတ်ယူခြင်းနှင့် ရောင်းချခြင်းတို့ကြောင့် အိန္ဒိယရူပီးသည် စံချိန်တင် ကျဆင်းလျက်ရှိသည်။
ကိုးကား -BBC

အီရန်နိုင်ငံက ရေနံစည် သန်းချီ၍ တရုတ်နိုင်ငံကို တင်ပို့ရာတွင် အသုံးပြုနေသည့် နိုင်ငံတကာကွန်ရက်များကို ပစ်မှတ်ထားကာ အီရန်ရေနံလုပ်ငန်းအပေါ် အမေရိကန် နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC) က ဒဏ်ခတ် ပိတ်ဆို့ အရေးယူလိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၆ ရက်တွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်ပါသည်။

အီရန် လက်နက်ကိုင်တပ်ဖွဲ့ AFGS အတွက် ရေနံတင်ပို့မှုများကို လုပ်ဆောင်ပေးနေသော Sepehr Energy ကုမ္ပဏီကို ပစ်မှတ်ထားဒဏ်ခတ်ခြင်းဖြစ်ကြောင်း၊ ယခု ဒဏ်ခတ်ခံရသူများတွင် တရုတ်၊ အိန္ဒိယ၊ အာရပ် စော်ဘွားများ ပြည်ထောင်စုနိုင်ငံများမှ လူပုဂ္ဂိုလ်များ၊ လုပ်ငန်းများ၊ ရေနံတင်သင်္ဘော၊ ကုန်တင်သင်္ဘော အများအပြားလည်းပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
အီရန် AFGS အဖွဲ့ ထိန်းချုပ်မှုအောက်ရှိ လည်ပတ်နေသော Sepehr Energy ကုမ္ပဏီနှင့် ဆက်စပ်နေသည့် ကုမ္ပဏီများမှာ ရေကြောင်းသွားလာမှုများအတွက် လက်မှတ်တုများပြုလုပ်ခြင်း အပါအဝင် လိမ်ညာလှည့်ဖြား၍ တရားမဝင် နည်းလမ်းများ အသုံးပြုကာ ရေနံအမြောက်အမြားကို အီရန်က တင်ပို့ခြင်းကို ဖုံးကွယ်ပြီး တရုတ်အပါအဝင် ကမ္ဘာ့နိုင်ငံများသို့ တင်ပို့ကုန်သွယ်ခြင်း လုပ်ဆောင်နေသည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ဒေသတွင်း မတည်မငြိမ်ဖြစ်စေသော လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် ဟားမတ်စ်၊ ဟူသီ နှင့် ဟစ်ဇ်ဘိုလာ အပါအဝင် ဒေသတွင်း အကြမ်းဖက်အဖွဲ့များစွာကို ထောက်ပံ့ရန်အတွက် ရေနံရောင်းချမှုမှတစ်ဆင့် နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီ၍ ရရှိနေသော အီရန်လက်နက်ကိုင် တပ်ဖွဲ့ AFGS သည် ရေနံသယ်ယူတင်ပို့ရောင်းချမှုများ လုပ်ဆောင်ရန် နိုင်ငံခြားအခြေစိုက် ရှေ့တန်းကုမ္ပဏီများနှင့် ပွဲစားများ၏ ကွန်ရက်များကို အသုံးပြုကြပါသည်။
ကိုးကား- အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန

ဥရောပသမဂ္ဂ (EU) သည် တရုတ်နိုင်ငံနှင့် အခြားနေရာများ၌ အခြေစိုက်သည့် အွန်လိုင်းမှ လက်လီရောင်းချသူများမှတစ်ဆင့် တင်သွင်းသော တန်ဖိုးနည်းပစ္စည်းများအပေါ် စည်းမျဉ်းများကို တင်းကြပ်ရန် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။
ဥရောပကော်မရှင်က ဖေဖော်ဝါရီ ၅ ရက်နေ့က အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထုတ်ကုန်များ၏ ဘေးကင်းမှုနှင့် တန်ဖိုးနည်းကုန်ပစ္စည်းများ အတွက် တရားမျှတသည့် ယှဉ်ပြိုင်မှုရှိရေးသေချာစေရန် လိုအပ်ကြောင်း EU က ဆိုပါသည်။

EU တွင် ယူရို ၁၅၀ (အမေရိကန်ဒေါ်လာ ၁၅၆) ထက် နည်းသည့် ပါဆယ်ပို့ဆောင်မှုများအတွက် အခွန် ကင်းလွတ်သည့်စနစ်ရှိပါသည်။
၂၀၂၄ ခုနှစ်အတွင်း၌ EU သို့ အွန်လိုင်းမှာယူမှုမှတစ်ဆင့် ၄.၆ ဘီလီယံ တန်ဖိုးရှိသော ပစ္စည်းများ တင်သွင်းခဲ့ကြောင်း ကော်မရှင်က ဆိုပါသည်။ အဆိုပါ တင်သွင်းမှုများအနက်မှ ၉၁ % သည် Temu နှင့် Shein ကဲ့သို့ အွန်လိုင်းမှရောင်းချသည့် Website များမှတစ်ဆင့် တရုတ်နိုင်ငံမှတင်သွင်းလာခြင်းဖြစ်သည်ဟု ကော်မရှင်က ဆိုပါသည်။
ဆောင်ရွက်မည့် စီမံချက်များတွင် ယူရို ၁၅၀ အောက် ပါဆယ်များအတွက် အခွန်ကင်းလွတ်ခွင့်ကို ဖယ်ရှားခြင်းနှင့် Online marketing website များကို စီမံခန့်ခွဲ နေသူများအနေဖြင့် ၎င်းတို့၏ကုန်ပစ္စည်းများ EU ကို မရောက်မီ ကုန်ပစ္စည်းဆိုင်ရာအချက်အလက်များအား အကောက်ခွန်အာဏာပိုင်များထံ ပေးရမည်ဟူသော အချက်များ ပါဝင်ကြောင်းသိရှိရသည်။
ကိုးကား-NHK World

ရုရှားနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့သည် ၎င်းတို့၏ အမျိုးသားငွေကြေးများဖြင့် ကုန်သွယ်မှုကို စတင်နေပြီဖြစ်ကြောင်း မော်စကိုမြို့ရှိ အီသီယိုးပီးယား သံအမတ်ကြီး Genet Teshome Jirru က ထုတ်ဖော် ပြောကြားလိုက်ပါသည်။

အဆိုပါနှစ်နိုင်ငံအမျိုးသားငွေကြေးများဖြင့် ကုန်သွယ်မှုဆောင်ရွက်ရန် လုပ်ငန်းစဉ်မှာ အစပိုင်းအဆင့်၌ပင် ရှိသေးသဖြင့် တိကျသည့် စာရင်းဇယားများဖြင့် ဖော်ပြ နိုင်ရန် စောလွန်းနေပါကြောင်း၊ သို့ရာတွင် နှစ်ဖက်စလုံး က မိမိနိုင်ငံသုံး ငွေကြေးနှင့် ပြုလုပ်မည့် ကုန်သွယ်မှုကို စိတ်ဝင်စားနေကြပါကြောင်း၊ ယခုပူးပေါင်းဆောင်ရွက်မှုသည် အချိန်နှင့်အမျှ တိုးတက်လာမည်ဖြစ်ပါကြောင်း သံအမတ်ကြီးက မှတ်ချက်ပြုထားပါသည်။
ကိုးကား -TASS
Photo: Sputnik Africa

Nissan ၏ အစုရှယ်ယာများကိုဝယ်ယူပြီး ၎င်း၏ ကုမ္ပဏီခွဲတစ်ခုဖြစ်လာရန် Honda Motor ၏ ကမ်းလှမ်းချက်ကို သဘောမတူကြောင်း Nissan Motor က တုံ့ပြန်ပြောကြားခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုပါသည်။
Nissan ၏ ဥက္ကဋ္ဌ Uchida Makoto သည် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် Honda Motor ၏ ဥက္ကဋ္ဌ Mibe Toshihiro နှင့် တွေ့ဆုံခဲ့သည်ဟုယူဆရကြောင်း သတင်းရင်းမြစ် များက ဆိုပါသည်။

Nissan ၏ ဘုတ်အဖွဲ့ဝင်အများအပြားက Honda ၏ ကမ်းလှမ်းမှုကို လက်မခံကြောင်း Uchida က Mibe ကို ပြောကြားခဲ့ပြီး Nissan ဘက်မှ သဘောမတူပါက ပေါင်းစည်းမှုသည် ခက်ခဲမည်ဟု Honda က ပြောဆို ထားပါသည်။
အဆိုပါ ဂျပန်ကားကုမ္ပဏီများသည် ဖက်စပ်မိခင် ကုမ္ပဏီ တစ်ခုထူထောင်ရန် ဒီဇင်ဘာလကတည်းကပင် ဆွေးနွေးနေခဲ့ကြပါသည်။
သို့သော် Honda က သတ်မှတ်ချက်များကို မကြာခင်က ပြောင်းလဲခဲ့ပြီး Nissan ကို လက်အောက်ခံ ကုမ္ပဏီအဖြစ် ထည့်သွင်းရန်အဆိုပြုခဲ့ပြီး Nissan ကလည်း တန်းတူညီတူလက်တွဲဆောင်ရွက်လိုသည့်ဆန္ဒကို အမြဲအလေးပေးပြောကြားလာခဲ့ခြင်းကြောင့် ၎င်းတို့အကြား၌ ကြီးမားသော သဘောထားကွာဟချက် ပေါ်ပေါက်လာခဲ့သည်။
၎င်းကုမ္ပဏီနှစ်ခုသည် စေ့စပ်ညှိနှိုင်းမှုများ ဆက်လုပ်ဆောင်နိုင်ရေးအတွက် ဆုံးဖြတ်ရန် စီစဉ်ထားကြောင်း သိရှိရသည်။