ပနားမားသည် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) စီမံကိန်းတွင် ဆက်လက်ပါဝင်မည်မဟုတ်ကြောင်း သမ္မတ José Raúl Mulino က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marce Rubio နှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့ပါသည်။ အဆိုပါ ဆုံးဖြတ်ချက်များကြောင့် ပနားမားသည် လက်တင်အမေရိကတွင် BRI မှ ထွက်ခွာသည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့ကြောင်း The Economic Time သတင်းဌာနတွင် ဖော်ပြခဲ့သည်။

ပနားမားနှင့် တရုတ်နိုင်ငံတို့အကြား ယခင်အစိုးရလက်ထက်က ပနားမားတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့နိုင်ခဲ့သည့် တရုတ်၏ Belt and Road စီမံကိန်းကို ပံ့ပိုးကူညီရန် သဘောတူညီမှုများကို ကျယ်ပြန့်စွာလုပ်ဆောင်ခဲ့သော်လည်း အဆိုပါသဘောတူညီချက်ကို သက်တမ်းတိုးမည်မဟုတ်ကြောင်း ပနားမားသမ္မတ Muine က ပြောကြားခဲ့ပါသည်။
Mutino သည် သဘောတူညီချက်ကို လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း ပြန်လည်သက်တမ်း တိုးရန် စီစဉ်ထားသော်လည်း ၎င်း၏အစိုးရသည် ပိုမိုစောစီးစွာရပ်စဲဖျက်သိမ်းနိုင်ရေး ဆောင်ရွက်သွားမည်" ဟုလည်း ၎င်းကပြောကြားခဲ့ပါသည်။ ပနားမားသည် အဆိုပါ အစီအစဉ်ကို ၂၀၁၇ ခုနှစ် ယခင်အစိုးရလက်ထက်ကတည်းက ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
“လက်ရှိအချိန်တွင် ကြားနေရေးသဘောတူစာချုပ်၏ တရားဝင်မှုနှင့် စာချုပ်ချုပ်ဆိုရန် စစ်အင်အားအသုံးပြုမှုသည် အမှန်တကယ်ခြိမ်းခြောက်မှုတစ်စုံတစ်ရာရှိလာသည်" ဟု မယူဆပါကြောင်း ပြောကြားခဲ့ပြီး Trump နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးနိုင်ရေးက အရေးကြီးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမှစတင်ခဲ့သော Belt and Road Initiative (BRI) သည် ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများတွင် အခြေခံအဆောက်အအုံစီမံကိန်းများကို ငွေကြေးထောက်ပံ့ ခြင်းဖြင့် တရုတ်၏ ကမ္ဘာ့စီးပွားရေးဩဇာလွှမ်းမိုးမှုကို တိုးချဲ့ရန် အဓိကယန္တရားတစ်ခုအဖြစ် ဆောင်ရွက်ခဲ့သည်။ ပနားမားနိုင်ငံသည် ၂၀၁၇ ခုနှစ်က သမ္မတဟောင်း Juan Carlos Varela ၏ အုပ်ချုပ်မှုကာလအတွင်း BRI သို့ပါဝင်ခဲ့ပြီး တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာခဲ့ပါသည်။
ကိုးကား- The Economic Time သတင်းဌာန

ဂျပန်အီလက်ထရောနစ်ကုမ္ပဏီကြီး Panasonic Holdings သည် အကျိုးအမြတ်နည်းလာသည့် TV ထုတ်လုပ်မှုအား ရောင်းချနိုင်ခြေရှိခြင်းအပါအဝင် ကုမ္ပဏီ အုပ်စုတစ်ခုလုံးကို ပြန်လည်ဖွဲ့စည်းမည့် အစီအစဉ်များကို ကြေညာခဲ့ပါသည်။
Panasonic သည် ၂၀၂၉ ခုနှစ် မတ်လမတိုင်မီ အနည်းဆုံး ယန်း ဘီလီယံ ၃၀၀ (အမေရိကန်ဒေါ်လာ ၂ ဘီလီယံ) ခန့်အထိ အမြတ်အစွန်းရရှိရန် ရည်မှန်းထားကြောင်း ဆိုပါသည်။

အလုပ်သမားအရေအတွက် လျှော့ချပြီး TV နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းလုပ်ငန်းများကဲ့သို့ ငွေကြေးဆုံးရှုံးနေသည့်လုပ်ငန်းများကို ပြန်လည်သုံးသပ်မည်ဖြစ်သည်ဟု Panasonic က ဆိုပါသည်။
ဆောင်ရွက်နိုင်ခြေရှိသော အစီအစဉ်များ၌ TV ထုတ်လုပ်ရေးလုပ်ငန်းအားရောင်းချခြင်း သို့မဟုတ် ၎င်းလုပ်ငန်းအားရပ်တန့်ခြင်းများပါဝင်ပြီး အိမ်သုံး လျှပ်စစ်ပစ္စည်း၊ လေပူလေအေးပေးစက်နှင့် လျှပ်စစ်မီးကိရိယာများ ရောင်းချသည့် Panasonic လက်လီလုပ်ငန်းကို ဖျက်သိမ်းခြင်းလည်း ပါဝင်ပါသည်။
တီထွင်မှု၊ ထုတ်လုပ်မှုနှင့် အရောင်းလုပ်ငန်းများကို ခိုင်မာစေရန်အတွက် အိမ်သုံးအီလက်ထရောနစ် ပစ္စည်းလုပ်ငန်းများကို ပေါင်းစည်းမည်ဟု သိရှိရပါသည်။
Panasonic Holdings သည် ၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမကိုးလအတွင်း ၀င်ငွေများကို ထုတ်ပြန်ခဲ့ပြီး ကုမ္ပဏီအုပ်စုတစ်ခုလုံး၏ရောင်းအားသည် ယန်း ၆.၄ ထရီလီယံ (ဒေါ်လာ ၄၁ ဘီလီယံ) ခန့် ရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၁.၆ % ပိုများခဲ့ပါသည်။ သို့သော် အသားတင်အမြတ်ငွေသည် ၂၈ % ကျဆင်းခဲ့ပြီး ယန်း ၂၈၈.၄ ဘီလီယံ (ဒေါ်လာ ၁.၈ ဘီလီယံ)ခန့် ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
ကိုးကား-NHK World

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ကနေဒါနှင့် မက္ကဆီကိုတို့မှ သွင်းကုန်များအပေါ် ၂၅ ရာခိုင်နှုန်း အခွန်များချမှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ယင်းအခွန်ကောက်ခံမှုကို ဖေဖော်ဝါရီ ၄ ရက်တွင် အတည်ပြုမည်ဟု ကြေညာခဲ့ပါသည်။ ထိုကြေညာချက်အပေါ် ကနေဒါနှင့်မက္ကဆီကိုတို့မှ ပြန်လည်အကြောင်း တုံ့ပြန်ခဲ့ကြပြီး အခြေအနေများ ပိုမိုတင်းမာလာသည်။

သို့ရာတွင် ၂၄ နာရီအတွင်းတွင် ကနေဒါနှင့်မက္ကဆီကိုတို့မှ အခွန်များကောက်ခံမည့် ကိစ္စကို ၃၀ ရက်ကြာ ရပ်ဆိုင်းရန် သဘောတူညီမှုများရရှိခဲ့သည်။ ကနေဒါက fentanyl ဆေးဝါး၏ တင်သွင်းမှုကို တားဆီးရန် အထူးတာဝန်ခံတစ်ဦး ခန့်အပ်၍ နယ်စပ်လုံခြုံရေးကို တိုးမြှင့်မည်ဟု ကတိပြုခဲ့သည်။ အခြားတစ်ဖက်တွင် မက္ကဆီကိုက မက္ကဆီကို-အမေရိကန် နယ်စပ်သို့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင် ၁၀,၀၀၀ ဦး ချထား၍ မူးယစ်ဆေးဝါးနှင့် တရားမဝင် ဝင်ရောက်မှုများကို တားဆီးမည်ဟု သဘောတူခဲ့သည်။ သို့သော် အချို့သော လေ့လာသုံးသပ်သူများက ယင်းကတိများသည် အစဉ်အလာအရ ဆောင်ရွက်နေသော အစီအစဉ်များဖြစ်ကြောင်း၊ ယခုကဲ့သို့ အခွန်များချမှတ်ခြင်းမရှိဘဲ ဆွေးနွေးနိုင်သော အရာများဖြစ်ကြောင်း ဆိုကြသည်။
သမ္မတဒေါ်နယ်ထရမ့်၏ အခွန်များချမှတ်ခြင်းနှင့် ပြန်လည်ရပ်ဆိုင်းခြင်းကဲ့သို့သော လုပ်ဆောင်ချက်များသည် ကုန်သွယ်မှုမိတ်ဖက်များအကြား အပြန်အလှန် ယုံကြည်မှုကို ထိခိုက်စေပြီး စီးပွားရေးအတက်အကျများ ဖြစ်ပေါ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ဝေဖန်ထားကြသည်။
အချုပ်ဆိုရသော် အခွန်များချမှတ်ခြင်းနှင့် ရပ်ဆိုင်းခြင်းတို့က အမေရိကန်နှင့် ကနေဒါ၊ မက္ကဆီကိုတို့နှင့် ရှိရင်းစွဲ ကုန်သွယ်မှုဆက်ဆံရေးများတွင် ယုံကြည်မှုကင်းမဲ့စေပြီး အတက်အကျများ ဖြစ်ပေါ်စေကာ စီးပွားရေးအကျိုးဆက်များအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လာစေပါသည်။
ကိုးကား-AL JAZEERA

အမေရိကန်ပြည်ထောင်စုမှ တင်သွင်းလာသည့် ကျောက်မီးသွေးနှင့် ဓာတ်ငွေ့ရည်တို့အပေါ် တရုတ်နိုင်ငံက အခွန် ၁၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု ဖေဖော်ဝါရီ လ ၄ ရက်တွင် ကြေညာလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အဆိုပါတုံ့ပြန်မှုသည် အမေရိကန်အစိုးရက တရုတ်နိုင်ငံမှ တင်သွင်းလာသည့် သွင်းကုန်အားလုံးအပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမှု စတင်အသက်ဝင်လာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်မှ တင်သွင်းလာသည့် ရေနံစိမ်း၊ စိုက်ပျိုးရေးသုံး စက်ကိရိယာများနှင့် မော်တော်ယာဉ်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။
အလားတူပင် တရုတ်အစိုးရသည် နိုင်ငံ၏လုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်အတွက် တန်စတင်၊ တယ်လူရီယံ၊ ဘစ်မက်၊ မိုလစ်ဒီနမ်နှင့် အင်ဒီယံ စသည့် ဓာတုဒြပ်စင်များ ပါဝင်သည့် ပို့ကုန်များအတွက် လိုင်စင်စနစ်ကိုလည်း စတင်ခဲ့သည်။ အဆိုပါဒြပ်စင်များသည် အဆင့်မြင့်ကုန်ထုတ်လုပ်မှုတွင် မရှိမဖြစ်လိုအပ်သည့် အရာများဖြစ်ကြောင်း သိရသည်။
ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရသည် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် သွင်းကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံရန် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
Source: Myawady Web Portal

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အခွန်တိုးမြှင့်ကောက်ခံမည့် ကြေညာချက်ကြောင့် ဖေဖော်ဝါရီလ ၃ ရက်တွင် အာရှနှင့် ပင်လယ်ကွေ့ဒေသများရှိ အစုရှယ်ယာဈေးကွက်များ ထိုးကျသွားခဲ့ကြောင်း သိရသည်။
သမ္မတထရမ့်က အမေရိကန်၏ အဓိကကုန်သွယ်ဖက်နိုင်ငံများအပေါ် အခွန်တိုးမြှင့်ကောက်ခံမည်ဟု တရားဝင်ကြေညာခဲ့ပြီးနောက် ဂျပန်၊ ဩစတြေးလျ၊ တောင်ကိုရီးယား၊ ဟောင်ကောင်ရှိ အစုရှယ်ယာဈေးကွက်များ ထိုးကျသွားခြင်းဖြစ်သည်။

ထို့ပြင် ပင်လယ်ကွေ့ဒေသရှိ ဆော်ဒီအာရေဗျအစု ရှယ်ယာဈေးကွက်များဖြစ်သည့် Basma Adeem Medical၊ ACWA Power Company၊ Elm Company တို့အပါအဝင် အာရပ်စော်ဘွားများ ပြည်ထောင်စုရှိ ဒူဘိုင်းအစုရှယ်ယာဈေးကွက်၊ အဘူဒါဘီ စတော့ဈေးကွက်နှင့် ကာတာနိုင်ငံတို့တွင်လည်း အစုရှယ်ယာဈေးနှုန်းများ အပြောင်းအလဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အစုရှယ်ယာဈေးကွက်များ၌ အပြောင်းအလဲများဖြစ်ပွားရခြင်းသည် ကမ္ဘာ့နိုင်ငံများကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပေါ်လာနိုင်သည့် မတည်ငြိမ်မှုများကြောင့် ဖြစ်ကြောင်း အကဲဖြတ်သူများက ပြောကြားထားသည်။
အလားတူပင် အမေရိကန်အစိုးရ၏ ကုန်သွယ်ရေး မူဝါဒများကြောင့် အမေရိကန်ပြည်တွင်းရှိ Nasdaq composite နှင့် Dow Jones Industrial Average စသည့် အစုရှယ်ယာ ဈေးကွက်တို့တွင်လည်း ကျဆင်းမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘိုကလေး ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးပြေမပိဿာချိန် အများအပြားတင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ်မှ ငါးမျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောကြားသည်။

ဘိုကလေးမြို့နယ်မှ ငါးမျိုးစုံ ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ဒေသထွက်ကုန်အမျိုးမျိုးကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ငါးပြေမပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ငါးပြေမပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။
“ဒေသထွက် ငါးပြေမတွေကို ပြည်တွင်းရန်ကုန်ဈေးကွက်က ဝယ်ယူမှု များပြားနေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ငါးပြေမပိဿာချိန် ၇၇၀၀၀ထိ တင်ပို့ရောင်းချခဲ့ရတယ်။ ဘိုကလေးမြို့နယ်ကနေ ငါးပြေမတွေအပါအဝင် ရေထွက်ကုန်မျိုးစုံကို ရန်ကုန်မြို့ဈေးကွက်ကိုပဲ အများဆုံး တင်ပို့ရောင်းချတာများပါတယ်။ ဘိုကလေးမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို အခြားရေထွက်ကုန်တွေလဲ တင်ပို့ရောင်းချနေပါတယ်။ ငါးပြေမကတော့ အများဆုံးတင်ပို့ခဲ့ရပါတယ်”ဟု ဘိုကလေးမြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောပြသည်။
ဘိုကလေးမြို့နယ်တွင် လယ်ငါးပြေမနှင့် မွေးမြူရေးငါးပြေမနှစ်မျိုး အများဆုံးရရှိပြီး ရရှိလာသည့် ငါးပြေမများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးပြေမ ၁၀ ပိဿလျှင် ငွေကျပ် ၁၅၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။
အဆိုပါ ဘိုကလေးမြို့နယ်မှ ထွက်ရှိသည့် ငါးပြေမများ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချမှုများပြားလာခြင်းကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာကြောင်း ဘိုကလေးမြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ဆက်လက်ပြောပြ၍ သိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ

ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ် နိုင်ငံများအား အမေရိကန်က စည်းကြပ်ခွန်ထပ်တိုးကောက်ခံသည့် ဆုံးဖြတ်ချက်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူကဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။ စည်းကြပ်ခွန်များက မလိုအပ်သည့် စီးပွားရေးကမောက်ကမဖြစ်မှုနှင့် ငွေကြေး ဖောင်းပွမှုကို တွန်းအားဖြစ်စေကြောင်း၊ ယင်းမှာ ဘက်ပေါင်းစုံအတွက် အကျိုးယုတ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဈေးကွက် တံခါးဖွင့်လှစ်ခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်းများကို လေးစားခြင်းသည် အားကောင်းပြီး စဉ်ဆက်မပြတ်ဖြစ်သော စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အလွန်အရေးကြီးကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့် လျော့နည်းသည့်စည်းကြပ်ခွန်ဖြင့် တိုးတက်အောင် မြှင့်တင်ခြင်းနှင့် စီးပွားရေးတည်ငြိမ်အောင် ဆောင်ရွက်ခြင်းကို အားထားဆောင်ရွက်လျက်ရှိသလို အားကောင်းပြီး စည်းမျဉ်းစည်းကမ်းကို အခြေခံသည့် ကုန်သွယ်ရေးစနစ်အား ထိန်းသိမ်းကာကွယ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“လက်ရှိ ဥရောပသမဂ္ဂထုတ်ကုန်တွေအပေါ် ထပ်ဆောင်းစည်းကြပ်ခွန်နဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘာမှ မသိရသေးပါဘူး”၊ ဥရောပသမဂ္ဂအနေဖြင့် ဥရောပသမဂ္ဂ ကုန်ပစ္စည်းများအပေါ် တရားမျှတမှုမရှိသည့် သို့မဟုတ် ထင်သလို စည်းကြပ်ခွန် ထပ်တိုးကောက်ခံနေသော မည်သည့် ကုန်သွယ်ဖက်ကိုမဆို “ပြတ်ပြတ်သားသား တုံ့ပြန်” သွားမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ထိုမတိုင်မီက အမေရိကန် သမ္မတ ထရမ့်သည် အမေရိကန်သို့ တင်ပို့သည့် ဥရောပသမဂ္ဂ ကုန်ပစ္စည်းများကို စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမည်ဟု ကြိမ်ဖန်များစွာ ခြိမ်းခြောက်ခဲ့သည်။ အကယ်၍ အမေရိကန်တွင် ထုတ်လုပ်သည့် ကုန်ပစ္စည်းများ မဟုတ်ပါက “ကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီးသာမက ထရီလီယံနဲ့ချီ” သည့် စည်းကြပ်ခွန်များနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း မကြာသေးမီရက်များတွင် ၎င်းက ပြောကြားခဲ့သည်။
Source: Xinhua

တရုတ်နိုင်ငံက တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အပိုဆောင်းအခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမည့် အမေရိကန်၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံကကန့်ကွက်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂ ရက်တွင် တုံ့ပြန်လိုက်သည်။
ထို့ပြင် အမေရိကန်၏အဆိုပါ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့တိုင်ကြားမည်ဖြစ်ပြီး နိုင်ငံ၏အကျိုးစီးပွားနှင့် အခွင့်အလမ်းများကို ကာကွယ်ရန်အတွက် တန်ပြန်ဆောင်ရွက်မှုများကို လုပ်ဆောင်ရန် စီစဉ်ထားသည်။

အမေရိကန်အစိုးရက တစ်ဖက်သတ် လုပ်ဆောင်သည့် အခွန်တိုးမြှင့်ကောက်ခံမှုသည် WTO ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းဖြစ်ပြီး ယင်းသို့လုပ်ဆောင်ခြင်းသည် အမေရိကန်၏ ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်သလို တရုတ်နှင့် အမေရိကန်တို့ကြား ပုံမှန်လုပ်ဆောင်နေသည့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းစေမည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန်အစိုးရအနေဖြင့် အခြားနိုင်ငံများအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းကို အသုံးပြု၍ ခြိမ်းခြောက်ခြင်းထက် အကိုက်အခဲပျောက်ဆေး တစ်မျိုးဖြစ်သည့် fentanyl ဆေးဝါးတင်ပို့မှုနှင့် အခြားကိစ္စရပ်များအား ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ဖြေရှင်းရန် တရုတ်အစိုးရကတိုက်တွန်းထားသည်။ တရုတ်နိုင်ငံသည် fentanyl ဆေးဝါးကို ကနေဒါနှင့် အခြားနိုင်ငံများမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့လျက်ရှိသည်ဟု ထရမ့်က စွပ်စွဲထားသည်။
အမေရိကန်က တရုတ်နိုင်ငံအပေါ် ချမှတ်လိုက်သည့် အခွန်တိုးမြှင့် ကောက်ခံမှုသည် အမေရိကန်ပြည်ထောင်စုရှိ စားသုံးသူများ၊ ကုန်ထုတ်လုပ်သူများနှင့် သွင်းကုန်တင်သွင်းသူများ အပေါ်သို့လည်း သက်ရောက်စေမည်ဖြစ်ပြီး ကုန်သွယ်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွင် မည်သည့် နိုင်ငံကမျှ အနိုင်ရရှိမည် မဟုတ်ကြောင်း တရုတ်ပြည်သူ့တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးအင်စတီကျုမှ ညွှန်ကြားရေးမှူး ဝမ်ယိဝေက သတိပေးထားသည်။
အမေရိကန်အစိုးရက ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့မှ တင်သွင်းသည့်ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း၊ တရုတ်ထုတ်ကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမည့် အမိန့်ကြေညာချက် တစ်စောင်ကို သမ္မတထရမ့်က ဖေဖော်ဝါရီ လ ၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

EU နိုင်ငံများနှင့် အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်ဖွယ်ရှိပြီး ထိုဖြစ်စဉ်ကြောင့် အကျိုးအမြတ်ရရှိမည်မှာ တရုတ်နိုင်ငံဖြစ်နိုင်ကြောင်း EU နိုင်ငံခြားရေးအကြံပေး အကြီးအကဲ Kaja Kallas က သတိပေးလိုက်ပါသည်။

ဖေဖော်ဝါရီ ၂ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဥရောပနိုင်ငံများသည် အမေရိကန်ထံမှ မိုဘိုင်းဖုန်းများနှင့် လယ်ယာထွက်ကုန်များ ဝယ်ယူမှု မရှိကြကြောင်း အကြောင်းပြကာ ဥရောပနိုင်ငံများမှ တင်သွင်းလာမည့် ကုန်ပစ္စည်းများကို မကြာမီအချိန်တွင်အခွန်တိုးမြှင့်စည်းကြပ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်းပြောကြားထားမှုအပေါ် ဖေဖော်ဝါရီ ၃ ရက်တွင် ဘရပ်ဆဲလ်မြို့၌ ပြုလုပ်သည့် EU အဖွဲ့ဝင်များ၏ informal ညီလာခံတွင် သူမက သတင်းထောက်များကို ပြောကြားလိုက်ခြင်းဖြစ်ပါသည်။
နှစ်ဖက်တင်းကြပ်မှုသည် တရုတ်နိုင်ငံအတွက် အားသာချက်ဖြစ်နိုင်ပြီး EU နှင့် အမေရိကန်အတွက် ကုန်ပစ္စည်းများစျေးနှုန်းမြှင့်မားမှုများနှင့် အလုပ်အကိုင် ဆုံးရှုံးမှုများ ဖြစ်လာနိုင်ကြောင်း ၊ အမေရိကန်နှင့် EU သည် အပြန်အလှန် ဒွန်တွဲနေကြောင်း သူမက ပြောကြားထားသည်။
ကိုးကား- TASS

ဒေသတွင်းစိုက်ပျိုးရေးအခန်းကဏ္ဍ၌ ဓာတ်မြေဩဇာနှင့်ပတ်သက်၍ အခက်အခဲဖြစ်နေချိန်တွင် ဥရောပကော်မရှင်ကို အီးယူနိုင်ငံအချို့မှ ဓာတ်မြေဩဇာထုတ်လုပ်သည့်ကုမ္ပဏီကြီးများက ရုရှားမှ တင်သွင်းနေသော ဓာတ်မြေဩဇာများအပေါ် အခွန်စည်းကြပ်နှုန်း ပိုမိုမြှင့်တင်ရန်အတွက် တောင်းဆိုမှုများ ပြုလုပ်နေကြကြောင်းသိရှိရသည်။

လွန်ခဲ့သောရက်ပိုင်းက ဥရောပကော်မရှင်အနေဖြင့် ရုရှားနှင့် ဘီလာရုစ်မှတင်သွင်းသည့် ဓာတ်မြေဩဇာ ၁ တန် ကို ၄၀ ယူရို မှ ၄၅ ယူရို အထိ တိုးကောက်ရန် ပြင်ဆင်နေပါသည်။ ဥရောပပါလီမန်နှင့် ဝန်ကြီးများကောင်စီမှ အတည်ပြုရန်သတ်မှတ်ထားသည့် အဆိုပြုချက်သည် အီးယူ၏ အဓိကစားသောက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန် တင်ပို့ရောင်းချသည့် အဖွဲ့ဝင်နိုင်ငံများဖြစ်သော ပြင်သစ်နှင့် နယ်သာလန်တို့ကဲ့သို့ အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန် ချိန်ညှိထားသည်ဟု သိရပါသည်။
ဓာတ်မြေဩဇာထုတ်လုပ်မှုသည် သဘာဝဓာတ်ငွေ့စွမ်းအင်အသုံးပြုမှုနှင့် များစွာသက်ဆိုင်နေပြီး ဥရောပ ဓာတ်မြေဩဇာထုတ်လုပ်သူများအနေဖြင့် ဒေသတွင်း လိုအပ်ချက်ကို ပြည့်မီစေရန် မထုတ်လုပ်နိုင်ဘဲ ရုရှား၊ ဘီလာရုစ်တို့မှ ထုတ်လုပ်သည့် ဓာတ်မြေဩဇာဈေးနှုန်းကို ယှဉ်နိုင်ရန်မဖြစ်နိုင်ကြောင်း ဆိုကြသည်။ ထို့အတွက်ကြောင့် ရုရှားဓာတ်မြေဩဇာများကို သွင်းကုန်ခွန်တိုးမြှင့်လိုက်ခြင်းသည် EU ဒေသတွင်း ထုတ်လုပ်သူများအတွက် များစွာအကျိုးဖြစ်ထွန်းလာနိုင်ပါသည်။ သို့သော် ဥရောပကော်မရှင်ပြဋ္ဌာန်းထားသည့် သွင်းကုန်အခွန် ပမာဏနည်းလွန်းနေခြင်း၊ အခွန်တိုးမြှင့်မှု နောက်ကျနေခြင်းများကြောင့် ဓာတ်မြေဩဇာထုတ်လုပ်သူများက မကျေမနပ်ဖြစ်နေကြသည်ဟု ဆိုပါသည်။
ကုန်သွယ်ရေးအဖွဲ့ Fertilizers Europe ဥက္ကဋ္ဌ လီယိုအက်ဒါက “ပိုမိုရည်မှန်းချက်ကြီးသော ချဉ်းကပ်မှု”ကိုတောင်းဆိုနေပြီး ဥရောပကော်မရှင်အနေဖြင့်အကောက်ခွန်အဆင့်ကို အနည်းဆုံး ၃၀% အထိ မြှင့်တင်ပြီး ခြောက်လတစ်ကြိမ် ထပ်မံတိုးမြှင့်သင့်သည်ဟု ဆိုထားပါသည်။
ရုန်းကန်နေရသော အီးယူလယ်သမားများသည် ဒေသတွင်းစိုက်ပျိုးရေးကဏ္ဍ၌ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်နှင့် ဆက်စပ်သော စည်းမျဉ်းစည်းကမ်းများ တိုးမြင့်လာခြင်းနှင့် ထောက်ပံ့ကြေးများ ကန့်သတ်ခြင်းများကဲ့သို့သော အကျပ်အတည်းများနှင့် ကြုံတွေ့နေရပြီး အဆိုပါ အစီအမံများကြောင့် ပြင်းထန်သောဆိုးကျိုးများခံရမည်ဟု မျှော်လင့်ရကြောင်း သိရှိရပါသည်။
ကိုးကား-Myanmar National Post