သတင်းများ

တရုတ်အခြေစိုက် DeepSeek ကုမ္ပဏီ၏ AI assistant အပလီကေးရှင်းကြောင့် ဒေါ်လာ ၁၀၈ ဘီလီယံ ဆုံးရှုံး

တရုတ်အခြေစိုက် DeepSeek ကုမ္ပဏီသည် ၎င်းတို့၏ AI အပလီကေးရှင်းမော်ဒယ်တစ်ခုကို ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မိတ်ဆက်လိုက်ပြီးနောက် ကမ္ဘာပေါ်ရှိ ငွေကြေးအကြွယ်ဝဆုံးသော  လူပုဂ္ဂိုလ် ၅၀၀ ခန့်မှာ ဇန်နဝါရီလ ၂၇ ရက် တစ်ရက်တည်းမှာပင် ဒေါ်လာ ၁၀၈ ဘီလီယံ ဆုံးရှုံးသွားခဲ့ကြောင်း Bloomberg ကဖော်ပြသည်။

DeepSeek ကုမ္ပဏီသည် ၎င်းတို့၏ AI assistant  အပလီကေးရှင်းကို စတင်မိတ်ဆက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် အမေရိကန်အခြေပြု OpenAI ၏ ChatGPT ကိုကျော်တက်ပြီး Apple အပလီကေးရှင်းစတိုးတွင် လူကြိုက်အများဆုံးနှင့်  လူအများဆုံး download ရယူသည့် အပလီကေးရှင်းဖြစ်လာခဲ့သည်။

DeepSeek ကုမ္ပဏီ၏ AI assistant အပလီကေးရှင်းကြောင့် နည်းပညာကုမ္ပဏီများ အများဆုံးပါဝင်သည့် စတော့ဈေးကွက်မှာ ဂယက်ရိုက်ခတ်မှုခံခဲ့ရပြီး အစုရှယ်ယာများမှာ ဒေါ်လာဘီလီယံနှင့်ချီ၍ ထိုးကျခဲ့ခြင်းဖြစ်သည်။

ကယ်လီဖိုးနီးယားအခြေပြုသည့် Nvidia ကုမ္ပဏီသည် DeepSeek ကုမ္ပဏီ၏ AI assistant အပလီကေးရှင်း၏ ရိုက်ခတ်မှုကို အဆိုးရွားဆုံးခံခဲ့ရပြီး    ယင်းကုမ္ပဏီ၏ အစုရှယ်ယာဈေးနှုန်းမှာ ၁၇ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ကြောင်း Bloomberg ကဖော်ပြသည်။

ထို့ပြင် အစုရှယ်ယာဈေးနှုန်းကျဆင်းမှုနှင့်ရင်ဆိုင်ခဲ့ရသည့်နည်းပညာကုမ္ပဏီများတွင် Huang’s fortune၊ Oracle၊ Meta နှင့် Dell တို့ပါသည်။                    

  Ref: RT     

Source: Myawady Web Portal

တရုတ်နိုင်ငံ၏ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုက ပထမဆုံးအကြိမ်အဖြစ် တန်ချိန်ပေါင်း သန်း ၄၀၀ ကျော်လွန်

တရုတ်နိုင်ငံ၏ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုသည်    ပထမဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်တွင် တန်ချိန်ပေါင်း သန်း ၄၀၀ ကျော်လွန်လာခဲ့သည်။

တရုတ်နိုင်ငံ၏ ရေနံစိမ်းထုတ်လုပ်မှုသည် ၂၀၁၈ ခုနှစ်တွင် တန်ချိန် ၂၄ သန်း ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင်  တန်ချိန်ပေါင်း ၂၁၃ သန်းအထိမြင့်တက်လာသည်။

ထို့ပြင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွင်လည်း ပြီးခဲ့သည့်နှစ်တွင် ၂၄၆ ဒသမ ၄ ဘီလီယံ ကုဗမီတာအထိမြင့်တက်လာခဲ့ကြောင်း တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ငံ၏ရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု မြင့်တက်လာခြင်းသည်‌ ကမ်းလွန်နှင့် သမားရိုးကျမဟုတ်သည့် အရန်အရင်းအမြစ်များကြောင့်  ဖြစ်ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှု အဖွဲ့ကပြောသည်။

Ref: Xinhua

ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့မှု အခွန်ကင်းလွတ်ခွင့် ရရှိ

ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့ရာ၌ လာမည့် ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ ဩဂုတ်လကုန်အထိ ၇ လ ကြာကာလအတွင်း အခွန်ကင်းလွတ်ခွင့် ပေးထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရပါသည်။

“ပြောင်းကတော့ ယခုနှစ်ထဲမှာ ထိုင်းနိုင်ငံကို အများဆုံး တင်ပို့မည်ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံကလည်း ၇ လတာ အတွင်းမှာ အခွန်ကင်းလွတ်ခွင့်ပေးထားသည့်အတွက် ထိုကာလကို ချိန်ကိုက်ပြီး တင်ပို့ခြင်းဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံသို့ တင်ပို့ပြီးမှ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နှင့် ဘင်္ဂလားဒေ့ရှ်စသည့် နိုင်ငံများကို တင်ပို့သွားမည် ဖြစ်ပါကြောင်း၊ ယခုနှစ် ပြောင်းတင်ပို့မှုသည် ယခင်နှစ် ကထက် တိုးလာမည့်အခြေအနေမျိုး ဖြစ်ပါကြောင်း” အသင်း၏ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က NP News ကို ပြောသည်။

မြန်မာနိုင်ငံသည် ယခင် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း၌ ပြောင်းတန်ချိန် (၁ ဒသမ ၁၁)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ဧပြီလမှ နိုဝင်ဘာလအတွင်း၌ ပြောင်းတန်ချိန် (၁ ဒသမ ၈၈)သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(၄၄၇)သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် ပြောင်း တင်ပို့မှုကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအစား ရေကြောင်းကုန်သွယ်မှုဆိပ်ကမ်းများဖြစ်သည့် အလုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ မြန်မာ့စက်မှု ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ သီလဝါဆိပ်ကမ်း၊ ရွှေမဲဆိပ်ကမ်းနှင့် မင်းထက်မင်းဆိပ်ကမ်းတို့မှ အဓိက တင်ပို့နေကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် ကော့သောင်း ဆိပ်ကမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့ ပင်လယ်ရေကြောင်းလမ်းဖြင့် တင်ပို့နေသည့်အပြင် ကုန်းတွင်းနယ်စပ် တာချီလိတ်မှတစ်ဆင့်လည်း တင်ပို့ လျက်ရှိကြောင်း သိရသည်။

ကိုးကား-NP News

မအူပင်မြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်း ၂၀၃၆ ဧကစိုက်ပျိုးပြီးစီးနေပြီး လျာထားဧက ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိ

မအူပင်   ဇန်နဝါရီ   ၂၇

ဧရာဝတီတိုင်းဒေသကြီး  မအူပင် မြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် ပဲတီစိမ်း ၂၀၃၆   ဧကစိုက်ပျိုး ပြီးစီးနေပြီး လျာထားဧက  ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး  ဆောင်ရွက်လျက်ရှိကြောင်း မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးမှူး   ဦးဇော်မင်းထွန်း၏ ပြောပြချက်အရ သိရသည်။

မအူပင်မြို့နယ်၌   ယခုဆောင်းသီးနှံ စိုက်ပျိုးရာသီတွင်     ပဲတီစိမ်းလျာထား ၂၃၄၈ ဧကကို  ၂၀၂၄ ခုနှစ်   နိုဝင်ဘာလ ဒုတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်ထိပဲတီစိမ်း  ၂၀၃၆ ဧက  စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ စိုက်ပျိုးနေသည့် ပဲတီစိမ်းများ လျာထား ဧက  ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရန်     စိုက်ပျိုးရေးဦးစီးဌာနနှင့်   ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

'' ဒီဆောင်းသီးနှံ    စိုက်ပျိုးရာသီမှာ   ပဲတီစိမ်းကို    ၂၃၄၈  ဧကလျာထား စိုက်ပျိုးနေပါတယ်။ လက်ရှိ ပဲတီစိမ်း     ၂၀၃၆     ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ပဲတီစိမ်းတွေ လျာထားဧက ရာနှုန်းပြည့်  စိုက်ပျိုးနိုင်ဖို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက    စိုက်ပျိုးရေးနည်းပညာတွေ နဲ့  တခြားလိုအပ်တာတွေကို   ဆောင်ရွက်ပေးနေပါတယ်။  အထွက်နှုန်းကောင်းစေဖို့၊ ပိုးမွှားအန္တရာယ်မကျရောက်စေဖို့   စိုက်နည်းစနစ်မှန်ကန်စေဖို့စတဲ့လုပ်ငန်းတွေကို တောင်သူတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု  ဦးဇော်မင်းထွန်း ကပြောသည်။

မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပဲတီစိမ်းစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး  အထွက်နှုန်းကောင်းစေရေး၊   အရည်အသွေးကောင်းမွန်စေရေး၊  မျိုးကောင်းမျိုးသန့်များရရှိစေရေးနှင့်  စိုက်နည်းစနစ်မှန်ကန်စေရေးစသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  နိုင်ငံတော်အစိုးရမှ စိုက်ပျိုးထုတ်လုပ်သူများအား  လိုအပ်ချက်မရှိအောင် ကူညီဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့လုပ်ငန်းများ ပိုမိုအောင်မြင်ရေးကို      အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။

ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပေး

ဇန်နဝါရီ ၂၇မှ ၃၁ ရက်အထိ ငါးရက်တိုင်တိုင် (တနင်္လာနေ့မှ သောကြာနေ့အထိ)  နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆေးကုမ္ပဏီ၄ဝ မှ ဆေးဝါးမျိုးစုံတို့အား ပါဝင်ပြသရောင်းချပွဲကျင်းပလျက်ရှိကြောင်း  သိရသည်။

ယင်းသို့ဆေးဝါးများဝယ်ယူရာ၌ ဝယ်ယူမရရှိခြင်းများနှင့် အခြားသောအခက်အခဲများရှိနိုင်ခြင်းတို့အပြင် ဆေးဝါးမှားယွင်းဝယ်ယူမိခြင်းမရှိစေရန်နှင့် အာနိသင်ရှိသောအလားတူဆေးဝါးများအား စိတ်ချစွာဝယ်ယူနိုင်ရန်အတွက် ဆွေးနွေးတိုင်ပင်လမ်းညွှန်မှုပြုပေးနိုင်ရန်  ပြပွဲတွင်ဆရာဝန်နှင့်  ဆေးဝါးနားလည်ကျွမ်းကျင်သူများအားထားရှိကာ ဝန်ဆောင်မှုပေးဆောင်ရွက်သွားမည်ဖြစ်သည်။

“ဆေးဝါးတွေကို အလွယ်တကူရရှိနိုင်ဖို့အတွက် အလှည့်ကျဆရာဝန်တွေလည်း ရှိပါတယ်။ ဥပမာ ဒီဆေးသောက်ချင်တယ်ဆိုရင် ဆေးကိုလည်းရှာပေးမယ် သို့သော် မရှိခဲ့ဘူးဆိုရင်လည်း ဒီဆေးနဲ့အလားတူ သောက်လို့ရမယ်ပေါ့။ Brand ကွာမယ်၊Chemical တူမယ့်ပုံစံမျိုးကို ကူညီရှာဖွေပေးသွားမှာဖြစ်ပါတယ်။    နောက်ပြီးဆေးဝါးနဲ့ပတ်သက်တဲ့  အကြောင်းအရာတွေကိုလည်း  သေသေချာချာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ဆေးဝါးတွေအနေနဲ့ကတော့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ဆေး၊ အားဆေးအမျိုးမျိုး၊ ပိုးသတ်ဆေး၊ အပူကျဆေး၊   ချောင်းဆိုးပျောက်ဆေး စသဖြင့်ဆေးဝါးမျိုးစုံကို တစ်နေရာတည်းမှာရရှိနိုင်မှာဖြစ်ပါတယ်”ဟု  မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင်  လာမည့်ဖေဖော်ဝါရီလအတွင်းပဲခူးတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း အရောင်းစင်တာများကိုထပ်မံဖွင့်လှစ်၍ ဆေးကုမ္ပဏီများမှသုံးစွဲသူပြည်သူများသို့ တိုက်ရိုက်ဆေးဝါးရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီးဆေးဝါးသုံးစွဲသူပြည်သူများအနေဖြင့်  မိမိတို့ကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများအား   အဆိုပါဆေးဝါးအရောင်းစင်တာများတွင် လေ့လာကြည့်ရှုဝယ်ယူနိုင်ကြောင်းသိရသည်။

မြန်မာနိုင်ငံ   ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေဖြင့် အဆိုပါဆေးဝါးတိုက်ရိုက်ရောင်းချပွဲများကို ပထမအကြိမ်အနေဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင်လနှင့်ဩဂုတ်လတို့တွင် ရန်ကုန်၊  နေပြည်တော်နှင့်  ပဲခူးတိုင်းဒေသကြီးတို့တွင် အရောင်းစင်တာများဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း  သိရသည်။

ပခုက္ကူမြို့နယ်၌ ဆောင်းမြေပဲများထွက်ပေါ်ပြီး ဈေးကောင်းရ

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ ဆက္ခဝကျေးရွာအုပ်စုအတွင်းရှိ ဆိက္ခဝ၊ သီရိ၊ ဇီးကုန်း၊ ရွာနောင်စသည့် ‌ကျေးရွာများ၌ မြစ်ရေဝင်မြေနုကျွန်းများပေါ်၌ ငရုတ်၊ နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဆောင်းမြေပဲများကိုလည်း စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် လှိုင်လှိုင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

မြေပဲသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ရိတ်သိမ်းခဲ့ကြောင်း၊ မျိုးအနေဖြင့် ပင်ပြန့်အတောင့်ကြီးမျိုးများကို အဓိကစိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းခနှင့် လုပ်သားခအပါအဝင် မြေပဲတစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့်ကုန်ကျ‌ကြောင်း၊ မြေပဲတစ်ဧကလျှင် ၄၈ တင်းခန့်ထွက်ရှိပြီး‌ မြေပဲအတောင့်များကို ရောင်းချခြင်းမရှိဘဲ မြေပဲဆန်များကိုသာ ရောင်းချကြကြောင်း၊ ဈေးကွက်အနေဖြင့် မြေပဲဆန်များကို ပခုက္ကူမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်တွင် မြေပဲသီးနှံအထွက်နှုန်း‌ကောင်းမွန်ပြီး ဈေးကောင်းရရှိ၍ အကျိုးအမြတ်ပိုမိုရရှိကြောင်း မြေပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မကွေး)

Source: မြန်မာ့အလင်းသတင်းစာ

ပွင့်ဖြူမြို့နယ်၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် ပန်းမုန်လာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ သီးနှံဝင်ငွေရရှိသဖြင့် သီးနှံဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကို အထောက်အကူပြုစေမည်ဖြစ်

ပွင့်ဖြူ   ဇန်နဝါရီ   ၂၇

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် ပန်းမုန်လာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများသီးနှံဝင်ငွေရရှိသဖြင့် သီးနှံဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကိုအထောက်အကူပြုစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူ များ၏ပြောကြားချက်အရ သိရသည်။

"ဒီဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ  မုန်းချောင်းရေ၊ မြေအောက်ရေတို့နဲ့ မိသားစုဝင်ငွေတိုးပွားစေရေးအတွက် တစ်နိုင်တစ်ပိုင်စားဖို ဆောင်းသီးနှံ ပန်းမုန်လာစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးကြပါတယ်။ အခုဆိုရင် တောင်သူတွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြတဲ့  ပန်းမုန်လာစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းပြီး  ရောင်းချရာမှာလည်း ဈေးကောင်းရရှိလို့ လုပ်ငန်းအဆင်ပြေကြတယ်။ ပန်းမုန်လာစိုက်ပျိုးရေးလုပ်ငန်းမှာ အဖြူမျိုးနဲ့ အစိမ်းမျိုးဆိုပြီး နှစ်မျိုးရှိတယ်။ အဖြူမျိုးက တစ်ပွင့်တည်း သာပွင့်ပြီး အစိမ်းမျိုးက အနည်းဆုံးနှစ်ပွင့်၊  သုံးပွင့်အထိ  ဆွတ်ခူးရောင်းချရပါတယ်။ စားဖိုဆောင်သီးနှံတွေ စိုက်ပျိုးရာ မှာ ဝယ်ယူစားသုံးကြတဲ့ ပြည်သူတွေ အစားအစာဘေးကင်းလုံခြုံစေဖို့  အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်နဲ့   စိုက်ပျိုးတာကြောင့် သန့်ရှင်းလတ်ဆတ်မှုရှိပြီး အရည်အသွေးလည်း ကောင်းမွန်ပါတယ်။ သန့်ရှင်းလတ်ဆတ်မှုရှိတဲ့အတွက် ဈေးကွက်မှာ ရောင်းအားကောင်းမွန်နေပါတယ်" ဟု  ပွင့်ဖြူမြို့နယ်  ပိန္နဲတောကျေးရွာမှ ဒေသခံတောင်သူတစ်ဦးကပြောသည်။

ပန်းမုန်လာစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး နှစ်လခွဲခန့်အကြာတွင်ဆွတ်ခူးရောင်းချရကြောင်းနှင့်ပွင့်ဖြူမြို့နယ်ဒေသထွက် ပန်းမုန်လာများသည် အော်ဂဲနစ် စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးကြသဖြင့် သန့်ရှင်းလတ်ဆတ်ပြီး  အရည်အသွေးကောင်းမွန်၍  ဈေးကွက်အတွင်း ရောင်းအားကောင်းမွန်လျက်ရှိကာ မင်းဘူးနှင့် မကွေးမြို့တို့သို့လည်း တင်ပို့ရောင်းချနေရကြောင်း သိရသည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ခြင်းဖြင့် စိုက်ပျိုးတောင်သူများ၊ ဆက်စပ်လုပ်ကိုင်သူများနှင့်    ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကိုလည်း   များစွာအထောက်အကူပြုလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံစုံ  လျာထားချက်ထက်ပိုမိုစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ခုနှစ်   ဆောင်းရာသီတွင်  ဟင်းသီးဟင်းရွက် ၅၇၇ ဧက စိုက်ပျိုးရန်လျာထားသော်လည်း ၁၀၆၇ ဧက စိုက်ပျိုးနိုင်သည့်အတွက်လျာထားချက်ထက်    ပိုမိုစိုက်ပျိုးနိုင်ပြီး  ဟင်းသီးဟင်းရွက်စိုက်ခင်းများ   အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

“ ကျွန်တော် ဒီနှစ်ဆောင်းရာသီမှာ ချောင်းရေတင်ပြီး ပန်းမုန်လာ၊ မုန်လာထုပ်၊ ခရမ်း၊ ခရမ်းချဉ်၊ ကိုက်လန်၊  ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ သီးနှံများစိုက်ပျိုးထားပါတယ်။ ခရမ်း၊ ကိုက်လန်သီးနှံများ  သီးနှံပေါ်ချိန်  ဈေးကောင်းရရှိပြီးအကျိုးအမြတ်ရရှိပါတယ်။  တိုးချဲ့စိုက်ပျိုးဖို့ ပြင်ဆင်လျက်ရှိပါတယ်” ဟု  မန်ကျည်းအင်းကျေးရွာ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ ဦးချစ်မိုးကပြောသည်။

ကျွန်းလှမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနကဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် တောင်သူများအားသဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်သုံးစွဲရေး၊ သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေးနှင့် စိုက်ပျိုးရေးနည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။

စိုက်ပျိုးသီးနှံများကို တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိအောင်စိုက်ပျိုးနိုင်မည်ဆိုပါက နိုင်ငံအတွင်းစားသုံးမှုဖူလုံစေရုံမျှမက ပြည်ပပို့ကုန်အဖြစ်ပါတိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုနှင့်ဈေးကွက်လိုအပ်ချက်ဖြစ်သည့်  ဝယ်လိုအားမျှတလာပါက  ကုန်ဈေးနှုန်းတည်ငြိမ်၍လူမှုစီးပွားဘဝလည်းမြင့်မားတိုးတက်လာမည်ဖြစ်သဖြင့်  စိုက်ပျိုးသီးနှံများအထွက်နှုန်းတိုးတက်စေရေး    ဒေသမရွေးကြိုးပမ်းကြရမည်ဖြစ်ကြောင်း သိရသည်။

ယူကရိန်းပဋိပက္ခက ရေနံဈေးနှုန်းမြင့်တက်ခြင်းနှင့် သက်ဆိုင်မှုမရှိဟု ပက်စကော့ပြောကြား

ယူကရိန်းပဋိပက္ခသည် ရေနံဈေးနှုန်းမြင့်တက်ခြင်းနှင့် သက်ဆိုင်မှုမရှိကြောင်း ရုရှားအစိုးရအဖွဲ့၏  ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဇန်နဝါရီလ ၂၄  ရက်တွင်ပြောကြားသည်။

ယူကရိန်းပဋိပက္ခသည် ရုရှားနိုင်ငံ၏အမျိုးသားလုံခြုံရေးအပေါ် ကျရောက်လာသည့်ခြိမ်းခြောက်မှုဖြစ်ပြီး  ရုရှား၏စိုးရိမ်ပူပန်မှုများကို အနောက်နိုင်ငံများကအလေးထားရန် ပျက်ကွက်ခြင်းကြောင့်ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ရေနံဈေးနှုန်းများနှင့်သက်ဆိုင်မှုမရှိကြောင်း ပက်စကော့ က သတင်းထောက်များကိုပြောကြားရာတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ယူကရိန်းနိုင်ငံက နေတိုးအဖွဲ့သို့ ဝင်ရောက်ရန်ကြိုးပမ်းခြင်းသည်      နိုင်ငံအတွင်းရှိ အချို့နယ်မြေများရှိ ရုရှားနိုင်ငံသားများအတွက် ခြိမ်းခြောက်မှုဖြစ်လာကြောင်း၊ သို့သော်  အဆိုပါကိစ္စရပ်ကို အမေရိကန်နှင့်    ဥရောပနိုင်ငံများကလျစ်လျူရှုခဲ့ခြင်းကြောင့် ယူကရိန်းပဋိပက္ခဖြစ်ပွားနေခြင်းဖြစ်ကြောင်း    ၎င်းကဆက်လက်ပြောကြားသည်။

လက်ရှိ  ဆက်လက်ဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်စေရေးအတွက် ရေနံဈေးနှုန်းကိုလျှော့ချရန် ဆော်ဒီအာရေဗျနိုင်ငံနှင့် OPEC  နိုင်ငံများအား တောင်းဆိုမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က     ဇန်နဝါရီလ ၂၃ ရက်တွင် ပြောကြားပြီးနောက်  ရုရှားအစိုးရ၏တုံ့ပြန်ပြောဆိုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုအခါ ရေနံဈေးနှုန်းသည် မြင့်တက်လျက်ရှိသောကြောင့်   ယူကရိန်းပဋိပက္ခသည်     ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ကြောင်းသိရသည်။           

ရေနံဈေးနှုန်းများလျှော့ချရန် ထရမ့်တိုက်တွန်း

သမ္မတထရမ့်က ရေနံဈေးနှုန်းများလျှော့ချရန် ဆော်ဒီအာရေးဘီးယားနှင့် အခြားအိုပက် အဖွဲ့ဝင်နိုင်ငံများသို့ ပြောကြားခဲ့ပြီး အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံမည့်ကိစ္စကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ ရေနံဈေးနှုန်းများ မြင့်တက်နေမှုအပေါ် ဈေးနှုန်းကျဆင်းလာစေရန် လုပ်ဆောင်နိုင်စွမ်းမရှိသည့် OPEC အဖွဲ့ကိုလည်း အံ့ဩကြောင်း ဇန်နဝါရီ ၂၃ ရက်နေ့က Davos မြို့၌ ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်စဉ်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ 

“ရေနံဈေးနှုန်းမြင့်တက်လာပါက ရုရှား-ယူကရိန်း စစ်ပွဲ ပိုမို အရှိန်ရလာမည်ဖြစ်ပြီး ရေနံဈေးနှုန်းကျဆင်းလာပါက စစ်ပွဲအမြန်ဆုံးအဆုံးသတ်နိုင်ပါကြောင်း” ၎င်းက ထပ်မံပြောကြားခဲ့ပါသည်။

ဆော်ဒီအာရေးဘီးယားအိမ်ရှေ့မင်းသား မိုဟာမက်နှင့် သမ္မတထရမ့်တို့ ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်တွင် တွေ့ဆုံစဉ်က ရေနံဈေးနှုန်းများ လျှော့ချသင့်သည့်ကိစ္စနှင့်စပ်လျဉ်း၍ အပြန်အလှန် ပြောဆိုခဲ့ကြသော်လည်း ဆော်ဒီအာရေးဘီးယားဘက်က တစ်စုံတစ်ရာ ကတိပြု ပြောကြားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

ကိုးကား -BBC