ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူပေါင်း တစ်ထောင်ကျော် သေဆုံးပြီး ပမာဏ ထပ်မံ မြင့်တက်ဖွယ်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ အသက်သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသဖြင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေအလိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၀၀၇ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂၃၈၉ ဦး၊ ပျောက်ဆုံးနေသူ ၃၀ ဦးဖြစ်ကာ အသေးစိတ် စာရင်းများအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ (မတ်လ ၂၉ ရက်) နံနက် အစောပိုင်းတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုလမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
Source: NP News

ငလျင်ဒဏ်သင့် မြန်မာအတွက် တရုတ်အစိုးရ က အမေရိကန်ဒေါ်လာ ၁၃ သန်း ကျော်ဖိုး လူသားချင်း စာနာမှု အကူအညီများ ပေးမည် ဖြစ်ကြောင်း CGTN သတင်းဌာန ၏ သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
မြန်မာ့ငလျင်ဘေးနှင့်ပတ်သက်၍ လိုအပ်သော အကူအညီများ ပေးအပ်ရန်နှင့်နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန် တရုတ်မှကူညီ ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က သဝဏ်လွှာပေးပို့ ရာတွင်လည်း ထည့်သွင်း ပြောကြားထားသည်။

တရုတ်အစိုးရသည် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော မြန်မာနိုင်ငံအတွက် ယွမ်သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၃.၇၈ သန်းခန့်) အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးရန် ဆုံးဖြတ်ခဲ့ပြီး တဲများ၊ စောင်များ၊ ရှေးဦးသူနာပြုပစ္စည်းများ၊ အစားအစာ၊ သောက်ရေစသည့် အရေးပေါ်လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများနှင့်အတူ ကယ်ဆယ်ရေးအဖွဲ့ နှစ်ဖွဲ့ကို စေလွှတ်ခဲ့ကြောင်း China International Development Cooperation Agency မှ ပြောရေးဆိုခွင့်ရှိသူ Li Ming က ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံမှ စေလွှတ်သော ကယ်ဆယ်ရေး ပထမအဖွဲ့သည် ယနေ့ (မတ်လ ၂၉ ရက်) တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ တရုတ်နိုင်ငံအနေဖြင့် နောက်ထပ်အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

မြန်မာ့ငလျင်အပြီးတွင် အိန္ဒိယနိုင်ငံ မှ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီ ပထမအသုတ်ကို စတင်ပေးပို့ကာ ရောက်ရှိပြီ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
@IAF_MCC C-130 လေယာဉ်ဖြင့် စောင်၊ တာပေါ်လင်မိုးကာ ၊သန့်ရှင်းရေးပစ္စည်းများ၊ sleeping bags၊ နေရောင်ခြည်သုံးမီးအိမ်များ၊ အစားအသောက်ထုပ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ သယ်ဆောင်လာကြောင်း သိရသည်။
ထို့ပြင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် ဆေးဘက်ဆိုင်ရာအဖွဲ့တို့သည်လည်း ဤလေယာဉ်ပါဝင်လိုက်ပါလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သံအမတ်ကြီး Abhay Thakur မှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ ပထမအကြိမ်အဖြစ် ပေးပို့သောကူညီကယ်ဆယ်ရေးပစ္စည်းများအား ရန်ကုန်မြို့တွင် ယနေ့ (မတ်လ ၂၉ ရက်) တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြစ်ပေါ်လျက်ရှိသောအခြေအနေများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး နောက်ထပ်အကူအညီများကို ဆက်လက်ပေးပို့သွားမည်ဖြစ်သည်ဟုလည်း သံရုံးမှ သိရသည်။
ငလျင်လှုပ်ခတ်အပြီးတွင် အိန္ဒိယနိုင်ငံမှအကူအညီနှင့် ကယ်ဆယ်ရေးပစ္စည်းများ အမြန်ပေးပို့နိုင်ရန် မြန်မာအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းရှိကြောင်း ကနဦးသတင္းရရှိပါသည္။

မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းမဆို၊ မြန်မာနိုင်ငံအတွင်းရှိ ရဟန်း၊ ရှင်လူ မိဘပြည်သူ မည်သူမဆို လာရောက်ကူညီနိုင်ကြောင်း ပြင်းထန်စွာ ငလျင်လှုပ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားသည်။

ငလျင်ကြောင့် မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ နေပြည်တော်တို့တွင် ပျက်စီးမှုများပြားခဲ့ရာ ယနေ့ ညအချိန်အထိ သတင်းပို့ချက်အရ နေပြည်တော်ကောင်စီနယ်မြေတွင် ၉၆ ဦး၊ စစ်ကိုင်းမြို့တွင် ၁၈ ဦး ၊ ကျောက်ဆည်မြို့တွင် ၃၀ ဦး စုစုပေါင်း ၁၄၄ ဦး သေဆုံးကြောင်း နှင့် နေပြည်တော်ကောင်စီနယ်မြေတွင် ၄၃၂ ဦး၊ စစ်ကိုင်းမြို့တွင် ၃၀၀ ဦး နှင့် ကျောက်ဆည်မြို့တွင် စိစစ်ဆဲဖြစ်ပြီး အားလုံးပေါင်း ၇၃၂ ယောက် ဒဏ်ရာရရှိသည်ဟု သိရကြောင်း နစကဥက္ကဋ္ဌ က ပြောသည်။
"သေဆုံးမှုနဲ့ဒဏ်ရာရရှိမှုကတော့ ဒီထက် တိုးလာစရာ ရှိပါတယ်။ အချို့နေရာတွေမှာလည်း တိုက်တွေ ပြိုကျတဲ့အတွက်ကြောင့် ဒီတိုက်တွေကိုလည်း ပြန်ပြီးတော့မှ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့ လုပ်နေဆဲဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါတယ်။ မိဘပြည်သူများအနေဖြင့်လည်း သဘာဝဘေးကြောင့်ဖြစ်လာတဲ့ ဒီငလျင်ဒဏ်ကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ကျယ်ပြန့်စွာလုပ်ဖို့ရှိတဲ့အတွက်ကြောင့် တတ်နိုင်သလောက် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်" ဟု နစကဥက္ကဋ္ဌက ပြောသည်။
မိမိအနေဖြင့် ဖြစ်ပွားသောဒေသအားလုံးကိုလည်း အရေးပေါ်အခြေအနေကြေညာထားပြီး ပြည်ပအကူအညီများပေးနိုင်ရန်လည်း လမ်းဖွင့်ပေးထားပြီးဖြစ်ကြောင်း နစကဥက္ကဋ္ဌ က ဆိုသည်။
"မကြာသေးမီကပဲ AHA စင်တာကနေပြီးတော့ မနက်ဖြန်မှာ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဖို့နဲ့ အိန္ဒိယနိုင်ငံကလည်း မနက်ဖြန်မှာ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဖို့ ကမ်းလှမ်းလာတာရှိတဲ့အတွက် ခွင့်ပြုထားပြီးဖြစ်ကြောင်း ကျွန်တော် ပြောလိုပါတယ်။ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းမဆို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရဟန်း၊ ရှင်လူ မိဘပြည်သူ မည်သူမျှမဆို လာရောက်ကူညီနိုင်ဖို့ ကျွန်တော် ဖိတ်ကြားလိုပါတယ်" ဟု နစကဥက္ကဋ္ဌ က ဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်ရှိ ငလျင်ဒဏ်သင့်ခဲ့သောနေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ (မတ်လ ၂၈ရက်)၊ မွန်းလွဲ ၁၂ နာရီ ၅၁မိနစ် အချိန်ခန့်က အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် (၃) ခုခန့် လှုပ်ရှားခဲ့သည်ကို တိုင်းထွာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ လူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့သို့ဖြစ်ပေါ်ခဲ့သဖြင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့် နေရာများအား ငလျင်လှုပ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ပြီး မကြာမီနာရီပိုင်းအတွင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပင်လောင်းလမ်းဆုံနေရာမှ နေပြည်တော်တိုင်းစစ်ဌာန ချုပ် မီးပွိုင့်နေရာအထိ ငလျင်ဒဏ်ကြောင့် လမ်းတံတားပျက်စီးခဲ့မှုများ၊ ရာဇဌာနီ လမ်းမ ကြီးပေါ်ရှိ လမ်းတံတားပျက်စီးမှုများ၊ ပျဉ်းမနား-တောင်ညိုလမ်းမကြီးပေါ်ရှိ လမ်းတံတား ပျက်စီးမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် အများပြည်သူများ သွားလာမှု အဆင် ပြေစေရေးနှင့် အမြန်ဆုံးသွားလာနိုင်ရေး ဦးစားပေးဆောင်ရွက်သွားရန်၊ လူအင်အား၊ ယာဉ်ယန္တရား အင်အားများကိုအသုံးပြု၍ လမ်းကြောင်းများ အမြန်ဆုံးပြန်လည်ကောင်း မွန်စေရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ၎င်းအဖွဲ့များသည် နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသမှုဆောင်ရွက်ပေး နေမှုများကို ကြည့်ရှု၍ အားပေးစကားပြောကြားကာ လိုအပ်သည်များကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။
အလားတူ နေပြည်တော်မြို့မဈေးအနီးရှိ ခရေဝန်ထမ်းအိမ်ရာအတွင်း ငလျင်ဘေး ဒဏ်သင့်မှုကြောင့် ပျက်စီးခဲ့ရသည့် အိမ်ရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှု၍ အဆောက်အဦပျက်များအတွင်း ပိတ်မိ နေသူများကို အမြန်ဆုံးကယ်ထုတ်နိုင်ရေး ဦးစားပေးဆောင်ရွက်သွားရန်နှင့် အခြားလို အပ်သည်များကို မှာကြားခဲ့ပြီး အခြားငလျင်ဘေးဒဏ်သင့်နေရာများသို့ ဆက် လက်၍ လိုက်လံကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေး အပါအဝင် ငလျင်ဒဏ်သင့်နေရာများကို အရေးပေါ်အခြေအနေသတ်မှတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ (မတ်လ ၂၈ရက်)၊ မွန်းလွဲ ၁၂ နာရီ ၅၁ အချိန်ခန့်က ပြင်းအား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် (၃) ခုခန့် လှုပ်ရှားခဲ့သည်ကို တိုင်းထွာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့မြောက်)၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်သည့် နေရာများကို အရေးပေါ်အခြေအနေအဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ကြေညာလိုက်ကြောင်း သိရသည်။
“အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောလျင်စွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ထွက်ပေါ်လာနိုင်တဲ့ကောလာဟလတွေအပေါ်မှာ ယုံကြည်ခြင်းမရှိဘဲ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ အဆက်မပြတ် ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်များကိုသာ နဲ့အညီသာလိုက်နာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
ထို့ကြောင့် အဆိုပါဒေသများ၌ ပျက်စီးဆုံးရှုံးမှုများအား အလျင်အမြန် စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောလျင်စွာဆောင် ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် လိုအပ်သည့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိ စေရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အလားတူ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း နေပြည်တော် (ကုတင် ၁၀၀ဝ) ဆေးရုံသို့ ရောက်ရှိနေသည့် လူနာများအား သွားရောက်ကြည့်ရှုနေကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
"မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းမှာရှိတဲ့ ဆေးရုံတွေမှာ ငလျင်ဒဏ်ကြောင့် ဒဏ်ရာရ လူနာတွေများပြားနေပါတယ်။ အဲဒီမှာ သွေးလိုအပ်ချက်လည်း များပြားပါတယ်။ သွေးအလှူရှင်များ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းက ဆေးရုံများနဲ့ အမြန်ဆုံးဆက်သွယ် ကုသိုလ်ပြုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

ရန်ကုန် မတ် ၂၄
လူငယ်တေးသံရှင် လွှမ်းပိုင်နှင့် ဂျီဖက်တို့၏ Pre Water Festival in Judson တေးဂီတ ဖျော်ဖြေပွဲကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Judson Entertainment Bar တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တေးသံရှင် လွှမ်းပိုင်ထံမှ သိရသည်။
အဆိုပါ Pre Water Festival in Judson တေးဂီတဖျော်ဖြေပွဲကို လာမည့် မတ် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် Judson Entertainment Bar တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တေးသံရှင် လွှမ်းပိုင် ထံမှ သိရသည်။

အဆိုပါ Pre Water Festival in Judson တေးဂီတဖျော်ဖြေပွဲကို လာမည့် မတ် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် Judson Entertainment Bar ရှိ Judson Indoor & Outdoor Area တွင် သင်္ကြန်ပွဲတော်ပုံစံအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဖျော်ဖြေရေးကတော့ Day 1 Day 2 ဆိုပြီး နှစ်ရက်ရှိပါမယ်။ ကျွန်တော်ကတော့ Day 2 တစ်နေကုန်ရှိနေမှာ ဖြစ်ပါတယ်။ Day 1 မှာတော့ ဂျီဖက်ရှိပါမယ်။ သင်္ကြန်ကာလရဲ့ ရေကစားပွဲတော်တွေကို အကြိုခံစားမှုအနေနဲ့ Judson ရဲ့ Indoor & Outdoor Area မှာ Water System အပြည့်ပြင်ဆင်ထားပြီး သင်္ကြန်ဖီလင်ကို အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒီ Pre Thingyan Day Event လေးမှာ အမှန်တကယ်သင်္ကြန်ကာလကို ရောက်သွားသလို ခံစားရမှာမို့ ခင်မင်သူတွေနဲ့ ရေကစားရင်း သီချင်းတွေ နားဆင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်” ဟု တေးသံရှင် လွှမ်းပိုင်က ပြောပြသည်။
အဆိုပါ Pre Water Festival in Judson တေးဂီတဖျော်ဖြေပွဲတွင် တေးသံရှင် လွှမ်းပိုင်၊ ဂျီဖက် တို့နှင့်အတူ Judson Band တေးဂီတအဖွဲ့က တီးခတ်ပံ့ပိုးပေးသွားမည့်အပြင် DJ Artists များနှင့်အတူ နာမည်ကျော် Dancer များက အလန်းစားကကွက်များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ

မင်းဘူး မတ် ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်ရှိ ရှားပါး စာရင်းဝင်ဒေသရင်းမျိုးစိတ် မြန်မာ့ကြယ်လိပ်များကို ရွှေစက်တော်ဘုရားပွဲရာသီအတွင်း လာရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း ရွှေစက်တော်ဘေးမဲ့တောဥယျာဉ် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းထံမှ သိရသည်။

ရွှေစက်တော် ဘေးမဲ့တောရှိ ကြယ်လိပ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် သာတွေ့ရသောဒေသရင်းဖွား မျိုးစိတ်ဖြစ်သည်။ မြန်မာ့ ကြယ်လိပ် (Burmese Star Tortoise) များကို ဒေသသုံး အမည်များအဖြစ် မြလိပ်၊ ဆီချို လိပ်၊ တောင်ပုံလိပ်နှင့် နတ်လိပ်ဟူ၍လည်း ခေါ်ဆိုကြပြီး ၂၀၀၄ ခုနှစ်မှစတင်ကာ မန္တလေး ရတနာပုံဥယျာဉ်၊ လောကနန္ဒာ ဘေးမဲ့တော၊ မင်းစုံတောင် ဘေးမဲ့ တော၊ ရွှေစက်တော် ဘေးမဲ့တော တို့တွင် ခြံခတ်မွေးမြူခြင်းကို သစ်တောဦးစီးဌာန၊ သားငှက် ထိန်းသိမ်းရေးအဖွဲ့နှင့် လိပ်မျိုးစိတ် ရှင်သန်ရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ကြယ်လိပ်များကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ တောခွေးများက ဖမ်းဆီးကိုက်ဖြတ် စားသောက် ခြင်း၊ ကြယ်လိပ်များကို အိမ်အလှမွေးတိရစ္ဆာန်အဖြစ် တွင်ကျယ်စွာမွေးမြူလာကြပြီး တရားမဝင် ရောင်းဝယ်မှုများရှိခြင်း၊ လိပ်များကျက်စားသည့် နယ်မြေရှိသစ်တော၊ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်း၍ စိုက်ပျိုး မြေ ပြုလုပ်လာခြင်းတို့ကြောင့် ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်မှ ဝန်ထမ်းများက ကြယ်လိပ်အကောင်ရေ ၂၀၀၀ ကျော်ကို မွေးမြူထိန်းသိမ်းထားသဖြင့် ရွှေစက်တော်ဘုရား ပွဲတော်ရာသီတွင် ဘုရားဖူးရင်းတစ်ဆက်တည်း ကြယ်လိပ်များပါ လေ့လာကြည့်ရှုနိုင်ကြကြောင်း ရွှေစက်တော်ဘေးမဲ့တောဥယျာဉ် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။
ဇေယျာထက်(မင်းဘူး)
Source: Myanmar National Portal

မြိတ် မတ် ၂၃
မြိတ်နှင့် ကျွန်းစုကို ဆက်သွယ်ထားသည့် မင်းသန်း- မောင်းလှော် (တနင်္သာရီမြစ်ကူးတံတားကြီး) တည်ဆောက်မှုရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့နယ်နှင့်ကျွန်းစုမြို့နယ်သို့ ဆက်သွယ်ထားသည့် အဆိုပါ တံတားကြီးကို တနင်္သာရီမြစ်ကူးတံတား(ဒေသအခေါ် မင်းသန်း-မောင်းလှော်တံတား) ဟုခေါ်ဆိုကြပြီး တနင်္သာရီမြစ်ကြီးကို ဖြတ်သန်းဖောက်လုပ်ထားကြောင်း သိရသည်။

အဆိုပါ တံတားကြီးကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
“ယခုလက်ရှိ တံတားပေါ်ကနေ ဆိုင်ကယ်၊ ကားတွေ ဖြတ်သန်းသွားလို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် တံတားဖွင့်ပွဲပြီးမှ ဒေသခံပြည်သူတွေအားလုံး ဖြတ်သန်းအသုံးပြုနိုင်မှာပါ။ အရင်က ရေလမ်းခရီးကိုပဲ အဓိကအသုံးပြုနေရတဲ့ မြိတ်မြို့နယ်နဲ့ ကျွန်းစုမြို့နယ်က ဒေသခံတွေအတွက် ယခုအခါ ကုန်းလမ်းကနေ တိုက်ရိုက်သွားလို့ရပါပြီ” ဟု မောင်းလှော်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ စီမံကိန်းကို ငွေကျပ်သန်းပေါင်း ၁၃၉၁၀ (၁၃ ဘီလီယံကျော်) အကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း၊ ယင်းတံတားကြီးသည် မြိတ်မြို့နယ်ရှိ မင်းသန်းကျေးရွာနှင့် ကျွန်းစုမြို့နယ်ရှိ မောင်းလှော်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် မြစ်ကူးတံတားဖြစ်ကြောင်း တံတားဦးစီးဌာနက တည်ဆောက်ရေးအဖွဲ့ (၄)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မင်းသန်း- မောင်းလှော်မြစ်ကူးတံတားမှာ အရှည်ပေ ၂၁၀၀ (၆၄၀ မီတာ) ရှည်လျားပြီး ယာဉ်သွားလမ်းအကျယ် ၂၂ ပေ၊ ရေလမ်းကင်းလွတ် အမြင့် ၂၆ ပေ ရှိပြီး ပြည်ထောင်စုကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရန်ပုံငွေနှင့် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရန်ပုံငွေတို့ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားကြီးမှာ ကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော်တို့မှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့အတွက် ရာသီမရွေးသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)
Source: မြန်မာ့အလင်းသတင်းစာ

ကရင်ပြည်နယ်၊ ဘားအံမြို့၏ နာမည်ကျော် ဇွဲကပင်တောင်သည် မတ်လ ၂၃ ရက်၊ နေ့လယ်ကစတင်၍ တောမီးလောင်ကျွမ်းနေပြီး မီးများသလို ယခုအချိန်အထိ မီးငြိမ်းမှုမရှိသေးကြောင်း ဒေသခံများဆီက စုံစမ်းသိရပါသည်။
ဖြစ်စဥ်မှာ မတ်လ ၂၃ ရက်၊ နေ့လယ် ၂ နာရီကျော်အချိန်ကစတင်၍ ဇွဲကပင်တောင်ရှိ နွားလပို့စေတီအနီးနား လျှိုအနီးတစ်ဝိုက်နှင့် ဝိဇ္ဇာ ညီနောင်ဘုရားရှိရာ တောင်အနီးတစ်ဝိုက်တွင် မီးလောင်ကျွမ်းနေကြောင်း သိရှိရပါသည်။

“ခါတိုင်းနှစ်များတွင်လည်း တောမီးကလောင်နေကြပါ။ ဒါပေမဲ့ဒီနှစ်ကတော့ ခါတိုင်းနှစ်နှင့်မတူဘဲ အရမ်းများနေပါသည်။ ယခုထိလည်း မငြိမ်းသေးပါ” ဟု ဒေသခံ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။
လက်ရှိတွင် မြို့ခံပရဟိတအသင်းအဖွဲ့များက စုဖွဲ့၍ မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေကြပြီး လူမှုကွန်ရက်မှာမြင်နေရသကဲ့သို့ တစ်တောင်လုံးမီးလောင်နေပုံ မဟုတ်တော့ဘဲ မီးခိုးငွေ့အများအပြားထွက်ပြီး လှိုက်လောင် နေသည့် ပုံစံမြင်နေရခြင်းဖြစ်ပါကြောင်း ဒေသခံတစ်ဦးက MT News ကို မတ်လ ၂၃ ရက်နေ့၊ ည ၁၀ နာရီခန့်မှာ ပြောခဲ့ကြောင်း သတင်းရရှိပါသည်။
ကိုးကား- https://www.mtnewstoday.com/?p=94913