သတင်းများ

Singapore Emergency Medical Team အဖွဲ့မှ ဧပြီလ (၁၃)ရက်နေ့အထိ ဆေးကုသပေးသွားမည်

Singapore Emergency Medical Team အဖွဲ့မှ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးကွင်းတွင် ဧပြီလ (၁၃)ရက်နေ့အထိ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငလျင်ဘေးသင့် မြန်မာနိုင်ငံသားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် စင်္ကာပူနိုင်ငံက မန္တ‌လေး၊ ဗထူးအားကစားကွင်းတွင် ဧပြီ ၇ ရက်က စတင်၍ ဖွင့်လှစ်ခဲ့သည်။

အဆိုပါနေရာတွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

စင်္ကာပူ အရေးပေါ်ဆေးအဖွဲ့ (SGEMT)သည် မန္တလေးမြို့ ဗထူးအားကစား ကွင်းတွင်ရှိပြီး မန္တလေးအထွေထွေဆေးရုံကြီးမှ ၁၀ မိနစ်ခန့်သာ လမ်းလျှောက်ရပြီး လူနာများအနေဖြင့် ဧပြီလ ၇ ရက်မှ ဧပြီလ ၁၃ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ အခမဲ့ ဆေးကုသမှု ခံယူနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးက “ထုတ်ပြန်ထားသည်။

လက်ရှိတွင် မန္တလေးမြို့၌ စင်္ကာပူ၊ အိန္ဒိယ၊ ရုရှား၊ ဂျပန်၊ တရုတ် စသည့် နိုင်ငံများမှ ယာယီဆေးရုံများ ဖွင့်လှစ်၍ ငလျင်ဘေးသင့်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

Source​: Popular Myanmar 

နေပြည်တော် ဧပြီ ၁၀

မတ် ၂၈ ရက်တွင် ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် ရထားလမ်းပိုင်းနှင့် တံတားအချို့ပျက်စီးခဲ့မှုများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် လူအင်အား၊ စက်ယန္တရားအင်အားများဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန် - မန္တလေးရထားလမ်းပိုင်းတွင် လူစီးရထားနှင့် ကုန်ရထားများ၊ ကုန်သေတ္တာရထားများကို ဧပြီ ၅ ရက်မှစ၍ ပြန်လည်ပြေးဆွဲခဲ့ပြီးဖြစ်သည်။ ယခုအခါ ရထားလမ်းပိုင်းပိုမိုတောင့်တင်းကြံ့ခိုင်စေရန်အတွက် ရန်ကုန်-မန္တလေး လမ်းပိုင်းအတွင်းရှိ ရွာပုလဲဘူတာနှင့် ဟံဇားဘူတာကြား၊ ညောင်လွန့်ဘူတာနှင့် မန်ကျည်းပင်ဘူတာကြား၊ ဖြူးဘူတာနှင့် ညောင်ပင်သာဘူတာများအကြားတွင် ကျောက်ဖြည့်ပက်ကင်ရိုက်ခြင်း၊ ကွန်ကရစ်ဇလီဖားတုံးညှိခြင်းများကို All TM စက်ယန္တရားကြီးများဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်လျက် ရှိသည်။

ထို့အတူ ခရီးသွားပြည်သူများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်များ အဆင်ပြေစွာ သယ်ယူပို့ဆောင်ပေးနိုင်ရေး ပျဉ်းမနား - တောင်တွင်းကြီး လမ်းပိုင်းတွင် အမှတ် (၁၀၃) အဆန်/အမှတ် (၁၀၄) အစုန် ပျဉ်းမနား - တောင်တွင်းကြီး - ပျဉ်းမနား လူစီးကုန်တင် ရထားများအား ဧပြီ ၁၀ ရက်မှစ၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးလျက်ရှိရာ အမှတ် (၁၀၃) အဆန် လူစီးကုန်တင်ရထားသည် ပျဉ်းမနားဘူတာမှ မွန်းလွဲ ၂ နာရီတွင် စတင်ထွက်ခွာ၍ တောင်တွင်းကြီးဘူတာသို့ ည ၈ နာရီတွင်လည်းကောင်း၊ အမှတ် (၁၀၄) အစုန် လူစီးရထားသည် တောင်တွင်းကြီးမှ နောက်နေ့ နံနက် ၅ နာရီတွင် စတင်ထွက်ခွာ၍ ပျဉ်းမနားသို့ နံနက် ၁၁ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ အဆိုပါရထားတွင် ရိုးရိုးတန်းလူစီးတွဲငါးတွဲနှင့် ဘရိတ်တွဲတစ်တွဲပါဝင်မည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားနှင့် လမ်းခရီးတွင် ရပ်နားမည့် ဘူတာများမှာ ယခင်အတိုင်းဖြစ်ကြောင်း သိရှိရသည်။

Source: www.moi.gov.mm

မူလထက် ပိုမိုကောင်းမွန်သည့် အဆောက်အဦများ၊ လမ်းတံတားများ ဖြစ်လာရမည်၊ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်သည့်မြို့များကို ဖော်ဆောင် ပေးနိုင်ရမည်ဟု မူဝါဒချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် မူလထက် ပိုမိုကောင်းမွန်သည့် အဆောက်အဦများ၊ လမ်းတံတားများ ဖြစ်လာရမည်၊ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်သည့်မြို့များကို ဖော်ဆောင်ပေးနိုင်ရမည်ဟု မူဝါဒချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဧပြီလ ၁၀ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာဝန်ထမ်းများအား တောင်ကြီးမြို့၊ မြို့တော်ခန်းမနှင့် ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမတို့၌ သီးခြားစီ တွေ့ဆုံ၍ ငလျင်သဘာဝဘေးဒဏ်ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များကို ဆွေးနွေးပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အလားတူ မကြာမီကျရောက်တော့မည့် မြန်မာ့ရိုးရာအတာသင်္ကြန်နှင့် ပတ်သက်၍လည်း ယခုနှစ် အတာသင်္ကြန်ကာလကို မြန်မာရိုးရာ အစဉ်အလာ နှင့်အညီ အေးအေးချမ်းချမ်းဖြင့်သာ ဖြတ်သန်းကြစေလိုကြောင်း ပြောကြား ခဲ့သလို လာမည့်ဒီဇင်ဘာလတွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အောင်မြင်စွာ ကျင်းပ ပြီးစီးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်းလည်း မှာကြားခဲ့သည်။ 

ထို့အပြင် ကျန်းမာရေးနှင့်ပတ်သက်၍လည်း မိမိနှင့် မိမိ မိသားစုအတွက် မည်သို့မျှအကျိုးမရှိသည့် ဆေးလိပ်၊ အရက်၊ ကွမ်း သုံးစွဲခြင်းများကို ရှောင်ကြဉ်ကြရန်လိုပြီး မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းဖြင့် နေထိုင် သွားကြရန်လိုကြောင်းနှင့် မိမိတို့ တစ်ဦးတစ်ယောက်ခြင်းစီ၏ သွားလာ နေထိုင်စားသောက်မှု မဆင်ခြင်ခြင်းများကြောင့် အချိန်မတိုင်မီ မလိုလား အပ်ပဲ အသက်ဆုံးရှုံးရခြင်းများ မဖြစ်စေရေး ကျန်းမာရေး အသိပညာ ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောကြား သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)သို့ သွားရောက်၍ လည်း ငလျင်ဘေးဒဏ်ကြောင့် ပင်မသုံးထပ်စာသင်ဆောင်နှင့် တောင်၊ မြောက် စာသင်ဆောင်များတွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှု၊ ကျောင်းသား၊ ကျောင်းသူအဆောင်များ၊ ဝန်ထမ်းအိမ်ရာများတွင် ထိခိုက်ပျက်စီးခဲ့ရမှု များကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဥ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပင်မသုံးထပ်စာသင်ဆောင်ကြီးသည် ပညာရှင် များ၏ စစ်ဆေးတွေ့ရှိချက်များအရ ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး အန္တရာယ်ရှိ အဆောက်အဦဖြစ်သဖြင့် စနစ်တကျဖြင့် ဖြိုဖျက်သွားရန် လိုကြောင်း၊ အသစ်ပြန်လည်တည်ဆောက်ရာတွင် အဆောက်အဦ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကို ဦးစားပေး၍ စနစ်တကျ တွက်ချက် တည်ဆောက် သွားရန်လိုကြောင်း၊ အခြားထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အဦများ ကိုလည်း စနစ်တကျဖြင့် ပြန်လည်ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းများကိုဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်ဟု သိရသည်။

ကိုးကား- MRTV

ငလျင်ဒဏ်သင့်ဒေသများအတွက် အော်ပရေတာများအားလုံး အခမဲ့ စာတို ပေးပို့မှုကို ဧပြီ ၁၁ ရက်အထိထပ်မံတိုးပေး

ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများဆက်သွယ်မှုအဆင်ပြေစေရန် အခမဲ့စာတိုပေးပို့ ဝန်ဆောင်မှုကိုဆောင်ရွက်ပေးထားရာ ယခုအခါ ဧပြီ ၁၁ ရက်အထိ ထပ်မံတိုးပေးလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ ထုတ်ပြန်ထားသည်။

အဆိုပါ အခမဲ့ဝန်ဆောင်မှုကို မူလက ဧပြီ ၅ ရက် အထိ အော်ပရေတာ များ ကအခမဲ့ဆောင်ရွက်ပေးထားရာ ယခုတွင် MPT၊ ATOM ၊ MYTEL ၊ Ooredooစသည့် အော်ပရေတာများအားလုံးက ငလျင်ဒဏ်သင့်ဒေသ များရှိပြည်သူများဆက်သွယ်မှုအဆင်ပြေစေရန် ယခုကဲ့သို့ထပ်တိုး၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

မတ်လ၂၈ ရက်နေတွင် ပြင်းထန်ငလျင်လှုပ်ခတ်မှုကြောင့်နိုင်ငံတစ်ဝှမ်းရှိ မိုဘိုင်းဆက်သွယ်ရေး စခန်း ၂၆,၀၀၀ ကျော်အနက် ၆,၇၃၀ ကျော်သည် ဆက်သွယ်ရေးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ကောင်းမွန်ရေး ဆောင်ရွက်ခဲ့ရာ ဧပြီ ၆ ရက်အထိစခန်းပေါင်း ၅,၉၀၀ ကျော် ပြုပြင်နိုင်ခဲ့ ကြောင်းသိရသည်။

ကိုးကား-NP News

မန္တလေးငလျင်ကြီးကြောင့် ထွက်ပေါ်လာသော အင်းဝမြို့ရှိ ရေနန်းဆောင်ကြီးကို စနစ်တကျဖော်ထုတ်ထိန်းသွားမည်

မန္တလေးငလျင်ကြီးကြောင့် ထွက်ပေါ်လာသော အင်းဝမြို့ရှိ ရေနန်းဆောင်ကြီးကို စနစ်တကျဖော်ထုတ်ထိန်းသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ယနေ့ (ဧပြီလ ၈ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

ယခုတွေ့ရှိရသည့် အင်းဝမြို့ဟောင်းရှိ ရေနန်းတော်ဟု ယူဆနေကြသော အဆောက်အအုံ၏ တောင်ဘက်ရှိ သရက်ကင်းလှေကား အစိတ်အပိုင်းများကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ဒေသခံများ အုတ်ဖုတ်လုပ်ငန်း ဆောင်ရွက်ရာမှ စတင်တွေ့ရှိခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းထားရှိခဲ့ကြောင်း သိရသည်။

ထိုသို့ထိန်းသိမ်းထားရှိခဲ့ရာ မတ်လ ၂၈ ရက်က လှုပ်ခဲ့သော ပြင်းထန်ကြီးမားသည့် မန္တလေးငလျင်ကြီးကြောင့် ယခင်တွေ့ရှိထားသည့် လှေကားခုံနှင့် ဆက်စပ်လျက်ရှိသော ယဉ်ကျေးမှု အမွေအနှစ်များကို အက်ကွဲကြောင်းများကြားမှ ထပ်မံတွေ့ရှိလာရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဧပြီလ ၆ရက်မှ စတင်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲက စမ်းသပ်တူးဖော်ခဲ့ရာတွင် အရှေ့ဘက် သရက်ကင်းလှေကား၏ သရက်ကင်းပုံ မြောက်ဘက်လက်တံနှင့် ဆင်ကပ်အုတ်ခုံတို့ကို တူးဖော်တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ပြင် ပန္နက်အုတ်ခုံ အလျား (၁၀ ပေ ၆ လက်မ)၊ အနက် (၃ ပေ ၈ လက်မ)၊ အုတ်ခံထောင့်ချိုး (၂ ပေ ၆ လက်မ)၊ အုတ်ခုံမှ လှေကားအထွက် ခိုနန်းချိုး (၁၈ လက်မ)၊ လက်ရုံးဒေါင့်ချိုး (၈ လက်မ)၊ ခိုနန်းချိုးမှ သရက်ကင်းအဆုံး (၁၁ ပေ ၄ လက်မ)တို့ကို တူးဖော်တွေ့ရှိထားပြီး ဆက်လက်တူးဖော်သုတေသန ပြုလုပ်လျက် ရှိကြောင်း သိရသည်။

လတ်တလော စမ်းသပ်တူးဖော်တွေ့ရှိချက်အရ ပုရပိုက်ပုံဆွဲများတွင် တွေ့ရှိရသည့် ရေနန်းတော်ကဲ့သို့ အဆောက်အအုံများစွာပါဝင်သည့် ကြီးမားသောအဆောက်အအုံမျိုး မဟုတ်ဘဲ အလျား (ပေ ၂၀၀ မှ ၂၅၀ ပေ)နှင့် အနံ (ပေ ၂၀၀ ခန့်) သစ်သားတိုင်များဖြင့် သရက်ကင်းလှေကားခုံကို တွဲဆက်တည်ဆောက်ထားသော အဆောက်အအုံမျိုးဖြစ်နိုင်ကြောင်း သိရသည်။

နီးစပ်ဆုံး နှိုင်းယှဉ်ရာတွင် အင်းဝ ဗားကရာ သစ်သားကျောင်း၊ မန္တလေးမြို့ရှိ ရွှေနန်းတော် ကျောင်းများကဲ့သို့ သရက်ကင်းလှေကား (၈ ခုမှ ၁၀ ခု) အထက်ပါရှိနိုင်သော အဆောက်အအုံမျိုး ဖြစ်နိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ဆိုသည်။

ရှေးမြန်မာမင်းများ အသုံးပြုခဲ့သည့် ရေနှင့်သက်ဆိုင်သော ပွဲလမ်းသဘင် အခမ်းအနားများ ကျင်းပသည်ကို ကြည့်ရှုရာတွင် အသုံးပြုသည့် အဆောက်အအုံမျိုး ပို၍ ဖြစ်နိုင်ကြောင်းနှင့် ရေနန်းတော်ထက် ရေနန်းဆောင်ဟုသာ သုံးနှုန်းသင့်ကြောင်း သိရသည်။

မြန်မာ့သမိုင်းတွင် ရေနန်းတော်ဟူသည် အုပ်ချုပ်သူဘုရင်မင်းကိုယ်တိုင် ဦးစီး၍ ခေါင်းဆေးမင်္ဂလာပြုခြင်း၊ သင်္ကြန်ခေါ်တော်မူခြင်း၊ အတာရေသဘင်ပွဲဆင်နွဲခြင်းနှင့် ရေခင်းသဘင် ဆင်ယင်ကျင်းပရန်အတွက် အရေးပါသည့် အဆောင်တော်များလည်းဖြစ်ကြောင်း သိရသည်။

အချုပ်အားဖြင့် ပုရပိုက်တွင် ပါရှိသည့် ရေနန်းတော်ကဲ့သို့ ကြီးကျယ်သည့် အဆောင်ခန်းများပါဝင်သည့် အဆာက်အအုံမဖြစ်နိုင်ကြောင်းကို ကနဦးလေ့လာတွေ့ရှိ သုံးသပ်ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား အစဉ်တစိုက်တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုငလျင်ကြီးကြောင့် ထွက်ပေါ်လာသည့် အင်းဝခေတ် ယဉ်ကျေးမှု အဆောက်အအုံမွေအနှစ်ကို စနစ်တကျ ဖော်ထုတ် ထိန်းသိမ်းသွားပြီး အများပြည်သူ လေ့လာနိုင်ရန်အတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အဆိုပါတွေ့ရှိသည့် ရေနန်းဆောင်ကိုထီးသုံး၊ နန်းသုံးအနေဖြင့် ရေနန်းဗိမာန်ဟု ခေါ်ဆိုကြောင်း U Pauk Paukက ဆိုထားသည်။

Source​: NP News

ပြည်ပနိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ပြင်းထန်မြေငလျင်ကြောင့်   ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်  ငလျင်ဒဏ်သင့် ပြည်သူများအတွက် ပြည်ပနိုင်ငံများမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် လေယာဉ်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်လက် ရောက်ရှိလာ ကြောင်း သိရသည်။

ယင်းသို့ ရောက်ရှိလာရာ ယနေ့နံနက် ၅ နာရီမိနစ်၄၀ အချိန်ခန့်တွင် စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံရှိ မြေငလျင်ဘေးဒဏ်သင့် ဒေသများအား လှူဒါန်းသည့် ကယ်ဆယ်ရေး အထောက်အကူပြု ဆေးရုံသုံးပစ္စည်း များနှင့် ဆေးဝါးများ၊ ပါဝင်သည့်(၅၇၃၇) Kgကို Asia Cargo Airlines ဖြင့်လည်းကောင်း၊ ၇ နာရီ၄၀ မိနစ်အချိန်ခန့်တွင် အမေရိကန်ပြည်ထောင်စု၊ Samaritans Purse International Reliefအဖွဲ့မှ မြန်မာနိုင်ငံရှိ မြေငလျင်ဘေးဒဏ်သင့် ဒေသများအားလှူဒါန်းသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ဆေးဝါးနှင့် ခွဲစိတ်ခန်း တည်ဆောက်ရန် ဆက်စပ်ပစ္စည်းများပါဝင်သည့် (၂၂၆၃၄) Kgနှင့် ခွဲစိတ် ဆရာဝန်များ၊ အထွေထွေရောဂါကုဆရာဝန်များ၊ သူနာပြုများ၊ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း(၂၅)ဦးကို တင်ဆောင်ပြီး Samaritans Purse အဖွဲ့ပိုင် လေယာဉ်ဖြင့် လည်းကောင်း အသီးသီးရောက်ရှိလာသည်။

ဆက်လက်ပြီး မွန်းလွဲ ၁၂ နာရီ၁၅ မိနစ်ခန့်တွင် တရုတ်ပြည်သူသမ္မတနိုင်ငံမှ လှူဒါန်းသော ကူညီ ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့်၊ဆေးသေတ္တာ ၊ရွက်ဖျင်တဲ၊ ခြင်ထောင်၊ ရေသန့်ဗူးစသည့်ပစ္စည်း ၈၇၃၉၀kgကို သယ်ဆောင်လာသည့် AIR CHINA CARGO လေယာဉ်သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Econnmic and Commercial Counsellory  Mr.Ouyang Daobingနှင့် တာဝန်ရှိ သူများက ကြိုဆိုလက်ခံခဲ့ကြသည်။

ယ​င်းအပြင်ညနေ ၅နာရီ ၅၀ မိနစ်အချိန်တွင်  သိရိလင်္ကာအစိုးရမှ လှူဒါန်းသော ကူညီ ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ရွက်ဖျင် တဲ၊ဆေးရုံသုံးပစ္စည်းများ၊ လက်သန့် ဆေးများ၊ရေသန့်စင် စက်များ ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများ နှင့်သီရိလင်္ကာ နိုင်ငံတပ်မတော်မှ Brigadier General  Karunatilake  Hewakattuge Punyasiri ဦးဆောင်သောဆေးတပ်ဖွဲ့ဝင်(၂၆)ဦးတို့သည် သီရိလင်္ကာနိုင်ငံပိုင်လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးH.E. Mrs. Prabashini Ponnamperumaနှင့် တာဝန်ရှိသူများ က ကြိုဆိုခဲ့ကြသည်။

အဆိုပါ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်း ကုန်တင်ကုန်ချ လုပ်သားများက သက်ဆိုင်ရာမော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နေပြည်တော်သို့ ဆက်လက် ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

Source​: Myawady Webportal 

ယနေ့မှစ၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် (၇)ရက်သတ်မှက်ကာ နိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချလွှင့်ထူမည်

အင်အားကြီးငလျင်ဘေး၏ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယနေ့(မတ်လ ၃၁ရက်)မှစ၍ (၇)ရက်သတ်မှက်ပြီး နိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချလွှင့်ထူမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မတ်လ ၂၈ရက်၊ မွန်းလွဲ ၁၂နာရီ ၅၁မိနစ်၊ ၂စက္ကန့်တွင် ဖြစ်ပွားခဲ့သော ပြင်းအား ၇ဒသမ ၇ရစ်(ခ်)တာစကေးရှိ အင်အားပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် အသက်အိုးအိမ် ဆုံးရှုံးများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဆုံးရှုံးမှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားရ၍ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် (the day of national mourning) ကို ယနေ့(မတ်လ ၃၁ရက်)မှ လာမည့် ဧပြီလ ၆ရက်နေ့အထိ (၇)ရက်တိုင်တိုင် သတ်မှတ်ကြေငြာခဲ့ခြင်း ဖြစ်‌ပြီး ယင်းရက်များအတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူမည်ဖြစ်ကြောင်း သိရသည်။

အင်အားကြီးမြေငလျင်ကြောင် စစ်ကိုင်းတိုင်းဒေကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် တို့တွင်ထိခိုက်သေဆုံးသူများစွာရှိခဲ့ပြီး အသက်အိုးအိမ်များစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ငလျင်ဘေးကြောင့် (၃)ရက်အတွင်း လူပေါင်း(၁၇၀၀) ကျော် သေဆုံးခဲ့ရပြီး လူအများအပြား ထိခိုက်ဒဏ်ရရှိခဲ့သည့်အပြင် စေတီပုထိုးများ၊ ရှေးဟောင်းသာသနိကအဆောက်အဦများ ပြိုကျ ပျက်စီးခြင်းများစွာလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အင်အားကြီးငလျင်ကြောင့် မဟာမြတ်မုနိဘုရားကြီး အပါအဝင် ရှေးဟောင်းစေတီ၊ အဆောက်အဦး (၆၀) ကျော် ထိခိုက်ပျက်စီး

အင်အားကြီးငလျင်ကြောင့် မန္တလေး မဟာမြတ်မုနိဘုရားကြီး အပါအဝင် ရှေးဟောင်းစေတီ၊ အဆောက်အဦး (၆၁) ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်က အင်အားရစ်ချ်တာစကေး(၇ ဒသမ ၇) ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။

အဆိုပါ ပျက်စီးဆုံးရှုံးမှုများအတွင်း သာသနိကအဆောက်အဦများ ဘုရားစေတီများ၊ ရှေးဟောင်းအမွေအနှစ်များစွာပါဝင်ခဲ့ပြီး မန္တလေးမြို့ ရှိ မဟာမုနိ ဘုရားကြီး၊ ကုသိုလ်တော်ဘုရား၊ မန္တလေးမြို့ရိုး၊ မစိုးရိမ်စာသင်တိုက်၊ မန္တလေးနာရီစင်၊ စိန်ဂျိုးဆက်ဘုရားကျောင်း ၊ မန္တလေးတက္ကသိုလ်၊ ရွှေစာရံဘုရားတို့ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းမြို့တွင်လည်း စစ်ကိုင်းတံတား၊ ဆွမ်းဦးပုညရှင်စေတီ၊ ဂျပန်ဘုရား၊ ဥမင်သုံးဆယ်ဘုရား၊ ကောင်းမှုတော်စေတီတော်၊ တောင်ပေါ်သီလရှင်တိုက်၊ ကမ္ဘာကျော်ကျောင်း၊ လေးကျွန်းမြေ အုတ်ကျောင်း၊စေတီလှ၊ ၉ ပေစေတီတော် နှင့် ကျောင်းတိုက်(စစ်ကိုင်း)၊ ကက်ကြေးဆေးလိပ်တိုက်၊ ထူပါရုံကျောင်း၊ မဟာခိုနန်းကျောင်း၊ ငါးထပ်ကြီးကျောင်းတို့လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
အလားတူ အမရပူရမြို့နယ်တွင်လည်း နဂါးရုံဘုရား၊ နန်းဦးဆုတောင်းပြည့်ဘုရား၊ ပုထိုးတော်ကြီး၊ရွှေဂူကြီး၊ရွှေရင်းရဲစေတီ၊ တောင်တမံ ဗူးဘုရား၊ စန္ဓာမုနိဘုရား၊ တောင်မင်းကြီးဘုရား၊ ဆင်ကြိုရွှေဂူကပ်ကျောင်း၊ ပိဋကက်ကျောင်းတိုက်၊ ကွန်ရင်စီကျောင်း၊သက်တော်ရှည်၊ သက်တော်ရ၊ ဦးလင်းဘုရား၊ ကျွန်းကျောင်း၊ ဘုရားသုံးဆူ၊ ဗားကရာအုတ်တံတိုင်း၊ ရွှေတိုက် (ရဲတိုက်)၊ နန်းမြင့် (ရဲတိုက်)နှင့် ရတနာမဉ္ဇူ ဘုရားတို့တွင်လည်း ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း သိရသည်။

ပင်းယမြို့ဟောင်းတွင်လည်း ရှေးဟောင်းစေတီ၊ အဆောက်အဦများဖြစ်သည့် ရွှေစည်းခုံ(ပင်းယ)၊ရွှေတောင်တော်စေတီ၊ အောင်စည်းခုံ စေတီ၊ ဂူကြီးသုံးလုံး၊ ဆေးအိုးဖိုအုပ်စု၊ မင်္ဂလာစေတီအုပ်စုတို့အပါအဝင် အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်းလေးထပ်ကြီးကျောင်း၊ တောင်ဘီလူးရွာ လောကထိပ်ဦးဘုရား၊ ရတနာဆီမီးဘုရား၊ ဆင်ကျုံးခံတပ်ကျောက်စာ၊ နန်းမြင့်မျှော်စင်၊ လောကသရဖူ၊ လောကထိပ်ဦး၊ ရွှေစည်းခုံစေတီတော်(အင်းဝ)၊ သစ္စာတိုက်ဘုရားတို့သည့်လည်း ပြိုကျပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျောက်ဆည်မြို့ရှိ တမုတ်ရွှေဂူကြီးဘုရား၊ မင်းကွန်းရှိ မြသိန်းတန်စေတီ၊ မင်းကွန်းပုထိုးတော်ကြီး၊ ရှမ်းပြည်နယ်၊ မောက်မယ်မြို့ရှိ မောက်စံကျောင်းနှင့် ပြည်မြို့၊ မှော်ဇာမြို့အနီး သုံးပန်လှကျောင်းတို့သည်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

မြန်မာ့ ငလျင်နှင့် ပတ်သက်၍ နစက ဥက္ကဌ ထံ အိန္ဒိယ ဝန်ကြီးချုပ်က ဝမ်းနည်းကြောင်း ဆက်သွယ် ပြောကြားခဲ့ပြီး မြန်မာ ပြည်သူများနှင့် အတူ ရပ်တည်နေဟုဆို

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းနည်းကြောင်း ဆက်သွယ် စကား ပြောကြားခဲ့သည်ဟု အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က ၎င်း၏ လူမှုကွန်ယက် X စာမျက်နှာထက်တွင် ရေးသားထားချက်အရ သိရသည်။

အိန္ဒိယနိုင်ငံ မှ ပေးပို့သော အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီ ပထမအသုတ်သည့် ယနေ့ (မတ်လ ၂၉ ရက်) နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ရာ စောင်၊ တာပေါ်လင်မိုးကာ ၊သန့်ရှင်းရေးပစ္စည်းများ၊ sleeping bags၊ နေရောင်ခြည်သုံးမီးအိမ်များ၊ အစားအသောက်ထုပ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ ပါဝင်သည်။
ထိုပြင် ရှာဖွေကယ်ဆယ်ရေးအဖွဲနှင့် ဆေးဘက်ဆိုင်ရာအဖွဲတို့သည်လည်း ဤလေယာဉ်ဖြင့်ပင် ပါဝင်လိုက်ပါလာကြောင်း သိရသည်။
“မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်းထံသို့ ဆက်သွယ်ပြီး ပြင်းထန်သောငလျင်ကြောင့် အသက်ဆုံးရှုံးမှုများအတွက် ဝမ်းနည်းရပါကြောင်း သတင်းစကားပြောကြား ခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးသောမိတ်ဆွေနှင့် အိမ်နီးချင်းနိုင်ငံအနေဖြင့် ဤခက်ခဲသောအချိန်ကာလတွင် မြန်မာပြည်သူများနှင့် အတူညီညွတ်စွာရပ်တည်နေပါသည်။ #OperationBrahma ၏အစိတ်အပိုင်းအနေဖြင့် ဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးစေလွှတ်ဆောင်ရွက်ပေးလျက်ရှိပါသည်” ဟု အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က ရေးသားခဲ့ခြင်း ဖြစ်သည်။

မြန်မာငလျင်ဘေးအတွက်ဥရောပသမဂ္ဂမှ အရေးပေါ် ယူရို ၂.၅သန်း အကူအညီပေးအပ်

ဥရောပသမဂ္ဂသည် ငလျင်ဒဏ် ထိခိုက်နေသော မြန်မာနိုင်ငံအတွက် ကနဦး အရေးပေါ်အကူအညီအဖြစ် ယူရို ၂.၅ သန်း ကူညီပံ့ပိုးရန် ဆုံးဖြတ်လိုက်ကြောင်းသိရသည်။
ယင်းအထောက်အပံဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခွဲဝေချထားပေးမှုသည် မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံးသူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အသက်များကို ကယ်တင်ရန်အတွက် အထောက်အကူဖြစ်စေမည် ဖြစ် ကြောင်းထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။
ဥရောပသမဂ္ဂသည် နောက်ထပ်အကူအညီများ ပေးအပ်ပံ့ပိုးနိုင်ရန်အတွက် မြေပြင်အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ယခုခွဲဝေချထားပေးမှုသည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် ထောက်ပံ့ထားသော ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စုစုပေါင်း ယူရို ၃၅ သန်းအထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။
မြန်မာနိုင်ငံ တွင် နောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၀၀၇ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂၃၈၉ ဦး၊ ပျောက်ဆုံးနေသူ ၃၀ ဦးဖြစ်ကာ အသေးစိတ် စာရင်းများအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။