သတင်းများ

တံတားဦးခရိုင်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် သူများအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ

တံတားဦးခရိုင်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူများကို ဖေဖော်ဝါရီ ၅ ရက်နေ့နံနက်ပိုင်းကစ၍ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှသိရသည် ။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တံတားဦးခရိုင်တွင် တံတားဦး စာစစ်ဌာန၊ ချောင်းခွစာစစ်ဌာနနှင့် ငါန်းဇွန်စာစစ် ဌာနဟူ၍ သုံးခုရှိပါကြောင်း တံတားဦး စာစစ်ဌာန၌ (STEAMS - 1)  တွင် မြန်မာ ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဇီဝ ဘာသာတို့၌ ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၂၉၇)ဦး ၊ ချောင်းခွစာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၈၁)ဦး ၊ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း (၁၁၀)ဦး ၊ တံတားဦးစာစစ်ဌာန ၌ (STEAMS - 2)  တွင် မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ဓါတု ၊ ရူပ ၊ ဘောဂဘာသာတွင်   ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၁၇၅)ဦး ၊ ချောင်းခွစာစစ်ဌာနတွင် ဖြေဆိုရန် ကျောင်းသား/သူ စုစုပေါင်း(၈၆)ဦး ၊ ငါန်းဇွန်စာစစ်ဌာန တွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၁၇၉)ဦး ၊ တံတားဦး စာစစ်ဌာန၌ (STAMS - 1)  တွင် မြန်မာ၊အင်္ဂလိပ်၊ သင်္ချာ ၊ ပထဝီဝင် ၊ သမိုင်း ၊ ဘောဂဘာသာတွင်  ၊ ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၂၈)ဦး ၊ ချောင်းခွ စာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း (၃၀)ဦး ၊ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၉)ဦး ရှိပါကြောင်း ၊ တံတားဦးခရိုင် အနေဖြင့် စာစစ်ဌာနသုံးခုတွင် (STEAMS - 1) ၌ ဖြေဆိုရန် ကျောင်းသား/သူ၊ စုစုပေါင်း(၄၈၈)ဦး၊ (STEAMS - 2)  ၌ ဖြေဆိုရန် ကျောင်းသား/သူ၊ စုစုပေါင်း(၄၄၀)ဦး၊ (STAMS - 1)  ဖြေဆိုရန် ကျောင်းသား/သူ၊ စုစုပေါင်း(၆၇)ဦး၊ ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ဦးရဲတင့် ( ပြန်/ဆက်)

၀၉-၇၉၇၄၃၈၃၀၅

ဆန်စက်(၁၁)ခုတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်(၁၅)မဂ္ဂါဝပ်ခန့် ထုတ်လုပ်မည့် အစီအစဉ် မေလတွင် ပြီးစီးမည်

ဆန်စက် (၁၁) ခုတွင် ဆိုလာစနစ်တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အား စုစုပေါင်း (၁၅) မဂ္ဂါဝပ်ခန့် ထုတ်လုပ်မည့် အစီအစဉ်ကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး လာမည့်မေလတွင် ပြီးစီးရန် လျာထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှသိရသည်။ အဆိုပါစနစ်ကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သီလဝါရှိ ဆန်စက်၌စတင် အကောင်အထည်ဖော် လျက်ရှိကြောင်း သိရသည်။

“ဆန်စက်(၁၁)ခုလောက်ရှိမယ်။ စုစုပေါင်း(၁၅)မဂ္ဂါဝပ်လောက် တပ်သွားမယ်။ အခုစလုပ် နေပါပြီ သီလဝါ က ဆန်စက်ဆို စတပ်နေပါပြီ ပြီးတော့မယ်။ အဓိကက ဆန်စက်တွေက ဆိုလာတပ်ပြီး သုံးလိုက်ရင် မဟာဓာတ်အားလိုင်းက ထုတ်သုံးတာလျော့သွားတာပေါ့။ မဟာဓာတ်အားလိုင်းက ထုတ်သုံးတာ လျော့သွားရင် တခြားစက်မှုလက်မှုလုပ်ငန်းတွေနဲ့ ပြည်သူတွေကို နိုင်ငံတော်က ပိုပြီးပေးနိုင်မှာပါ။ (၁၅) မဂ္ဂါဝပ်ကို ဆန်စက် တွေမှာ သုံးဖို့တပ်လိုက်ခြင်းဟာ (၁၅) မဂ္ဂါဝပ်စက်ရုံတစ်ရုံ ထူထောင်လိုက်တာနဲ့ အတူတူပဲ။ ကျွန်တော်တို့ သုံးတာလျော့သွားရင် ပြည်သူတွေပိုသုံးနိုင်တာပေါ့” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင် က NP News ကိုပြောသည်။

ထို့ပြင် လပွတ္တာမြို့နယ်ရှိ ဆန်စက်များတွင်လည်း စတင်တပ်ဆင်နေပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ ဆန်စက်များကို အဓိကတပ်ဆင်သွားမည့်အပြင် လတ်တလော အခြေအနေနှင့် ကိုက်ညီသည့် လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို တိုးချဲ့တပ်ဆင်သွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ စနစ်ကို လာမည့်မေလတွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး သွင်းကုန်လိုင်စင်အပါအဝင် ငွေကြေး လိုအပ်ချက် များလည်းရှိနေကြောင်း သိရသည်။

“ဒီနှစ် မတ်၊ ဧပြီ၊ မေမှာ ပြီးအောင်လုပ်မယ်။ အဓိကကတော့ ပြည်ပကနေသွင်းရတဲ့ သွင်းကုန် လိုင်စင် လိုအပ်ချက် ရှိတယ်။ ဒုတိယအချက်က နည်းပညာပိုင်းကလည်း မှန်ကန်ပြီးတော့ ရေရှည်အသုံးချ လို့ရတဲ့ နည်းပညာဖြစ်ဖို့လည်း လိုအပ်ချက်ရှိတယ်။ နောက်တစ်ချက်ကတော့ ဘဏ္ဍာငွေကြေး။ ဒီဟာက ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားတယ်။ အကြမ်းဖျင်း (၁) မဂ္ဂါဝပ်ကို မြန်မာကျပ်ငွေ သိန်း(၂၅,၀ဝဝ) (၃၀,ဝဝဝ) လောက်ရှိတယ်။ အဲဒီကုန်ကျစရိတ်ပေါ်မှာ ရင်းနှီးမြှုပ်နှံရတဲ့ပမာဏရှိတယ်။ နောက်ဆုံးအချက်ကတော့ ကျွမ်းကျင်ဝန်ထမ်းတွေကို Training ပေးရတယ်။ အခက်အခဲဆိုတာထက် အဓိက စဉ်းစားရတဲ့ အရေးကြီးတဲ့ အချက်ကတော့ (၄)ချက်ရှိတာပေါ့” ဟု ဦးရဲမင်းအောင်က ဆက်လက်ပြောသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ပြီးခဲ့သည့် ဇန်နဝါရီလထုတ်ပြန်ချက်အရ ယခုကာလတွင် လျှပ်စစ်ထုတ်လုပ်နိုင်မှုမှာ တစ်ရက် ပျမ်းမျှ (၂၂၀ဝ) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ (၅၀%) ခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်လျက်ရှိကြောင်း သိရသည်။

ကိုးကား NP News

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် Radisson Collection ဟိုတယ်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးထားသည့်အချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒူးမားလွှတ်တော်သို့ မြန်မာနိုင်ငံမှလေ့လာရေးအဖွဲ့များစေလွှတ်၍ အတွေ့အကြုံများ ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဂါရဝပြုတွေ့ဆုံ

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာမီးကီယာ ပြည်နယ်အကြီးအကဲ H.E.Mr. Batu KHASIKOV နှင့်အဖွဲ့ဝင်များက လာရောက်ဂါရဝပြုတွေ့ဆုံနှုတ်ဆက်၍ ကာမီးကီယာပြည်နယ်ရှိ ဗုဒ္ဓဥယျာဉ်အတွင်း မြန်မာနိုင်ငံမှစေတီတော် (သို့မဟုတ်) ဗုဒ္ဓရုပ်ပွားတော် လာရောက်တည်ထားကိုးကွယ်စေလိုမှု၊ မြန်မာနိုင်ငံမှ လေ့လာရေးကိုယ်စားလှယ်အဖွဲ့အား ကာမီးကီယာပြည်နယ်သို့ လာရောက်လေ့လာစေလိုမှုများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

လက်ဆောင်ပစ္စည်း အပြန်အလှန်ပေးအပ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာမီးကီယာပြည်နယ်အကြီးအကဲတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: MOI

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းများဖျက်ဆီး

၂၀၂၅ ခုနှစ်၊ မတ် ၁ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ မတ် ၁ ရက်တွင် ပင်လောင်းမြို့နယ်၊ ခေါပူကျေးရွာအရှေ့ဘက် ၂ ဖာလုံခန့်အကွာ၌ အမြင့် သုံးပေခန့် ဘိန်းခင်း ၃၀ ဧကခန့်အားလည်းကောင်း၊ အလားတူ နံနက် ၉ နာရီ ၅ မိနစ်တွင် ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ လွယ်မန့်ကျေးရွာအရှေ့မြောက်ဘက် ၂ ဖာလုံခန့်အကွာ၌ အမြင့် သုံးပေခန့် ဘိန်းခင်း ၁၁ ဧကခန့်အားလည်းကောင်း အသီးသီးဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. Mr. Andrei Removich နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. Mr. Andrei Removich နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)တို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရုရှားတပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ကြိုဆိုနှုတ်ဆက်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များသည် ကာကွယ်ရေးဝန်ကြီးဌာနသို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်သည်။

ယင်းနောက်တွေ့ဆုံပွဲကို အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နှစ်နိုင်ငံအကြား ကာကွယ်ရေးကဏ္ဍတွင် နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

အမှတ်တရပစ္စည်းများပေးအပ်

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။       

ရုရှားနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Reshetnikov ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အလေးပြုခြင်းကိုခံယူ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ထိုသို့ဂုဏ်ပြုတပ်ဖွဲ့မှ ပို့ဆောင်နှုတ်ဆက်စဉ် မြန်မာ - ရုရှားနှစ်နိုင်ငံ နိုင်ငံတော်တေးသီချင်းများကို တီးမှုတ်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။

ကြိုဆိုနှုတ်ဆက်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန်ညနေပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ Pulikovo လေဆိပ်သို့ရောက်ရှိကြရာ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev ၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးအောင်ဖေသက်နှင့် တာဝန်ရှိသူများကလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် မတ် ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများအား ဒေသစံတော်ချိန် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန ၁ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော်နှင့်ဇနီး၊ သံရုံး၊ စစ်သံရုံးမိသားစုဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံး၊ စစ်သံရုံး မိသားစုများက တစ်ဦးချင်းမိတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယခုလာရောက်ခဲ့သည့် ခရီးစဉ်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်အပါအဝင် ခေါင်းဆောင်ပိုင်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကောင်းမွန်သည့် ရလဒ်များရရှိခဲ့သည့်အတွက် အောင်မြင်သည့်ခရီးစဉ်တစ်ခုဖြစ်ကြောင်း။

ရုရှား-မြန်မာ သံတမန်ဆက်ဆံမှုသည် နှစ်ပေါင်း(၇၇)နှစ်ပြည့်မြောက် ကျော်လွန်လာခဲ့ပြီဖြစ်ပြီး ရှည်လျားသည့် သမိုင်းကြောင်းများရှိကြောင်း၊ ရှေးယခင်အဆက်ဆက်ကတည်းက ကောင်းမွန်သည့် သံတမန်ဆက်ဆံမှုများရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွက် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများတွင် ကူညီဆောင်ရွက်ပေးခဲ့မှုများရှိခဲ့ကြောင်း၊ မိမိအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စတင်တာဝန်ထမ်းဆောင်စဉ်မှစ၍ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးများလာရောက်ခဲ့ပြီး ယခုအခါ ၁၁ ကြိမ်မြောက်ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း။

ယခင်ကာလများ ကတည်းက ကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍လည်း ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်နောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှအရာရှိများကို ရုရှားနိုင်ငံတွင် ပညာတော်သင်များအဖြစ် လက်ခံဆောင်ရွက်ပေးခဲ့ပြီး ယခုအချိန်အထိလည်း နှစ်စဉ်တက်ရောက်ပညာသင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အတွက်လိုအပ်သည့် တန်ဖိုးရှိသောလူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ မြန်မာ့တပ်မတော် အဆင့်မြှင့်တင်ရေးအတွက်လည်း ရုရှားနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးခဲ့သည်များလည်းရှိကြောင်း။

ရုရှားနိုင်ငံတွင် ပညာသင်ကြားခဲ့သည့် တပ်မတော်သားအရာရှိများမှ အချို့သည် အရပ်ဘက်တာဝန်များတွင် အဆင့်မြင့်နေရာများအထိထမ်းဆောင်နေကြပြီဖြစ်သဖြင့် နိုင်ငံအတွက်များစွာအကျိုးရှိကြောင်း၊ ထို့ကြောင့် ရုရှားနိုင်ငံနှင့်ဆက်ဆံရေးကိစ္စရပ်များတွင် အထောက်အကူဖြစ်စေရေး သံရုံး၊ စစ်သံရုံးမိသားစုများက ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း။

ရုရှားနိုင်ငံသည် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ အမြဲရပ်တည် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယူကရိန်းပဋိပက္ခမှာ ရုရှားနိုင်ငံကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်၍ ပြိုကွဲထိခိုက်စေမည့်ကိစ္စရပ်များကို နိုင်ငံအချို့က ဆောင်ရွက်ခဲ့ခြင်းကြောင့် စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ အနောက်အုပ်စုအနေဖြင့် ရုရှားနိုင်ငံပြိုကွဲစေရေး စွက်ဖက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်ကလည်း ဆိုဗီယက်ပြည်ထောင်စုပြိုကွဲစေရေး အနောက်နိုင်ငံများက ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် နိုင်ငံတကာအခြေအနေမှာ အချိန်နှင့်အမျှ ပြောင်းလဲမှုများရှိနေကြောင်း။

ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံတော်အတွက် အခွင့်အလမ်းရရှိနိုင်သည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရေး နိုင်ငံအတွက် အကျိုးရှိမည့်ကိစ္စရပ်များကိုနားစွင့်ပြီး ဖတ်ရှုလေ့လာမှတ်သား ဆောင်ရွက်ကြစေလိုကြောင်း၊ ရုရှား-မြန်မာကုန်သွယ်မှုများကို ယခုထက်ပိုမိုတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုဗိုစီဗစ်မြို့ကိုအခြေခံ၍ ကုန်သွယ်မှုများတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံမှ အရည်အသွေးမီသည့် ထုတ်ကုန်ပစ္စည်းများကို တင်ပို့နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုပြုနိုင်သည့် ထုတ်ကုန်ပစ္စည်းများရှိပြီးဖြစ်သဖြင့် ကုန်သွယ်မှုကဏ္ဍကို မြှင့်တင်နိုင်ရေးဆောင်ရွက်ကြရန်လိုကြောင်း။

သံရုံး၊ စစ်သံရုံးတို့တွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် မိမိတို့အားလပ်နေသည့်အချိန်များကို စာအုပ်စာပေများဖတ်ရှုလေ့လာခြင်း၊ ဘာသာစကားများ လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့အတွက် အကျိုးများစွာရှိမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ရုရှားစာပေနှင့် ဘာသာစကားများကို လေ့လာကြရန်လိုကြောင်း၊ သံရုံး၊ စစ်သံရုံးအသိုင်းဝိုင်းများအတွင်း စည်းစည်းလုံးလုံး သိုက်သိုက်ဝန်းဝန်းဖြင့် နေထိုင်ကြရန်လိုကြောင်း။

မိမိအနေဖြင့် ရုရှားနိုင်ငံတွင် သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် မော်စကိုထေရဝါရဗုဒ္ဓစင်တာကို တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆရာတော်သံဃာတော်များအတွက် လိုအပ်သည်များကိုလည်း တတ်နိုင်သမျှ ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သံရုံး၊ စစ်သံရုံး မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ သံအမတ်ကြီးနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)တို့က လက်ခံရယူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ သံအမတ်ကြီးက အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး သံရုံး၊ စစ်သံရုံး မိသားစုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Source: https://www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင်ရောက်ရှိလျက်ရှိသည့် စစ်ဘက်၊ အရပ်ဘက်မှ သင်တန်းသား အရာရှိများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် မတ် ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ် ၄ ရက်၊ ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေသည့် စစ်ဘက်၊ အရပ်ဘက်မှ သင်တန်းသားအရာရှိများအား မော်စကိုမြို့ရှိ Radisson Collection ဟိုတယ် Conference Hall ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးဦးသစ်လင်းအုန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင်ရောက်ရှိလျက်ရှိသည့် စစ်ဘက်၊ အရပ်ဘက်မှ သင်းတန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားသည်။

ထိုသို့ပြောကြားရာတွင် မိမိဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့ခြင်းဖြစ်ပြီး သာမန်ချစ်ကြည်ရေးခရီးစဉ်ထက် ပိုမိုလေးနက်သည့် ချစ်ကြည်ရေးခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတအပါအဝင် ရုရှားနိုင်ငံဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးတို့ဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံဆွေးနွေးမှုများတွင် စစ်ဘက်၊ အရပ်ဘက် ပညာသင်ကြားရေးကိစ္စရပ်များလည်း ပါဝင်ကြောင်း။

ပညာတော်သင်များစေလွှတ်ရာတွင် သာမန်ထက်ထူးချွန်သည့်သူများကို ရွေးချယ်၍ ပညာတော်သင်များ စေလွှတ်ခြင်းဖြစ်ကြောင်း၊ ပညာသင်ကြားရေးသာမက ရုရှားဘာသာစကား တတ်မြောက်ရေးအတွက်လည်း အခြေခံများသင်ကြားပြီးမှ ရုရှားနိုင်ငံသို့ ပညာတော်သင်စေလွှတ်ခြင်းဖြစ်ကြောင်း၊ ယခင်တပ်မတော်ခေါင်းဆောင်များ၏ အမျှော်အမြင်ကြီးမားစွာဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် မိမိတို့နိုင်ငံအတွက်လိုအပ်သည့် တန်ဖိုးမဖြတ်နိုင်သော လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသားများအနေဖြင့် မိမိတို့ကိုယ်ကိုတန်ဖိုးထားစေချင်ကြောင်း၊ နိုင်ငံအတွက် လိုအပ်ချက်များရှိခြင်းကြောင့် ပညာတော်သင်များ စေလွှတ်ခြင်းဖြစ်ကြောင်း၊ မိမိတို့သည်ရွေးချယ်ခံရသည့် ထူးချွန်သူများဖြစ်သည်နှင့်အညီ ဆက်လက်၍လည်း ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

ဘွဲ့လွန်ပညာများသင်ကြားရာတွင် အချိန်နှင့်ငွေကြေးများ စိုက်ထုတ်သုံးစွဲရကြောင်း၊ မိမိကိုယ်တိုင်ကုန်ကျရခြင်းများရှိသကဲ့သို့ နိုင်ငံတော်မှငွေကြေး ကုန်ကျရခြင်းများလည်းရှိကြောင်း၊ မိမိတို့၏အချိန်၊ ငွေကြေးနှင့်လုပ်အားများ ပေးဆပ်ထားရခြင်းကြောင့် ပညာသင်ကြားမှုများ မထိခိုက်အောင် ဆောင်ရွက်ကြရန်နှင့် သာမန်ထက်ထူးချွန်သည့်သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ထူးချွန်ထက်မြက်သည့် ထိုက်တန်သောဘွဲ့ရပညာတတ်များ ဖြစ်ကြစေလိုကြောင်း၊ ထူးချွန်စွာဆောင်ရွက်နိုင်မည်ဆိုပါက “သားရွှေအိုးထမ်းလာသည်” ဆိုသကဲ့သို့ နိုင်ငံတော်အတွက် အကျိုးခံစားရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ပညာတတ်လူသားအရင်းအမြစ်များ များစွာလိုအပ်နေသေးကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ များစွာလိုအပ်ကြောင်း၊ ကျောင်းနေအရွယ်တွင် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှုများသည် လူတစ်ဦးအတွက် စည်းကမ်းလိုက်နာမှု၊ ကြိုးစားအားထုတ်မှုနှင့် အသိပညာ၊ အတတ်ပညာများတွင် ပညာရေးအားနည်းသူများထက် ပိုမိုသာလွန်သည်ကိုတွေ့ရကြောင်း၊ နိုင်ငံသားအားလုံး ပညာတတ်များဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပညာရည်မြင့်မားစေရေးအတွက် KG + 9 ထိ ပညာသင်ကြားနိုင်ရေး အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပညာရေးစနစ်၊ ဥရောပနိုင်ငံများ၏ ပညာရေးစနစ်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများ၏ ပညာရေးစနစ်ကိုလေ့လာ၍ နိုင်ငံတော်အတွက် အကျိုးပြုနိုင်သည့်ကဏ္ဍများကို ဆောင်ရွက်ပေးကြစေလိုကြောင်း။

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်ပြီး AI ခေတ်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံတိုင်းသည် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာနှင့်ပတ်သက်၍ နောက်ကျမကျန်နေစေရေး မိမိတို့အနေဖြင့် ကြိုးပမ်းအားထုတ်နေရန်လိုကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် နည်းပညာများတိုးတက်စေရေး ကြိုးပမ်းသင်ယူကြရန်လိုကြောင်း၊ အလားတူ AI နှင့် ပတ်သက်၍လည်း စဉ်ဆက်မပြတ်လေ့လာနေရန်လိုကြောင်း၊ အကောင်းဘက်ကိုဦးတည်သည့် AI နည်းပညာများကို လေ့လာသင်ယူကြရန်လိုကြောင်း။

ပညာတော်သင်အရာရှိများအနေဖြင့် နိုင်ငံတော်အပေါ်သစ္စာစောင့်သိရန်လိုကြောင်း၊ တပ်မတော်သားများသည် နိုင်ငံတော်အတွက် မိမိတို့၏အသက်ကိုပေးဆပ်မည်ဟု သစ္စာဆို၍ ဝင်လာသူများဖြစ်သဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားကိုထိခိုက်စေနိုင်သည့် ကိစ္စရပ်များဆောင်ရွက်ခြင်းမပြုမိအောင် စောင့်ထိန်းရန်လိုကြောင်း၊ နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာရှိရှိဖြင့် ခံယူချက်ရှိစွာဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက်လည်း ပါတီနိုင်ငံရေးများ ကင်းရှင်းကြရန်လိုကြောင်း။

စာပေများဖတ်ရှုလေ့လာမှုမှရရှိသည့် အသိပညာအတွေ့အကြုံများသည် မိမိ၏အလုပ်၊ မိမိ၏ဌာန၊ မိမိ၏ နိုင်ငံအတွက်အထောက်အကူရအောင် ရည်မှန်းချက်ထားစေချင်ကြောင်း၊ နေပြည်တော်တွင် တည်ထားကိုးကွယ်သည့် ကမ္ဘာပေါ်ရှိကျောက်ဆစ်ရုပ်ပွားတော်မြတ်များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် ရုရှားနိုင်ငံတွင် ပညာသင်ကြားခဲ့သည့် အင်ဂျင်နီယာပညာရှင်များ၊ ကွန်ပျူတာပညာရှင်များပါဝင်ကြောင်း၊ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ပညာရပ်များကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဘာသာရပ်များအလိုက် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် လူငယ်အရာရှိများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် မိမိအနေဖြင့် တိုက်တွန်းမှာကြားလိုကြောင်း။

ရုရှားဘာသာရပ်နှင့်ပတ်သက်၍ အသုံးချခြင်းအားဖြင့် ရုရှား-မြန်မာချစ်ကြည်ရေးကို တိုးတက်စေရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အစိုးရခေတ်အဆက်ဆက်တွင် ရုရှားနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံဘက်မှထောက်ခံရပ်တည်ပေးခဲ့သကဲ့သို့ မိမိတို့နိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရုရှား-မြန်မာချစ်ကြည်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ကိုယ်တိုင်သစ္စာရှိရန်၊ မိမိအဖွဲ့အစည်းအပေါ်သစ္စာရှိရန်နှင့် နိုင်ငံတော်အပေါ်သစ္စာရှိရန် အလေးထားမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံ (Red Carpet Cinema) အဖြစ်ထားရှိနိုင်ရန် လိုအပ်သည့် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိနေပြီးပြင်ဆင်ထိန်းသိမ်းပြီးပါက ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ်သာမက ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးများ၊ စတူဒီယိုနှင့် အနုပညာဖန်တီးနိုင်သည့်နေ ရာတစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာရုပ်ရှင်ပွဲတော်များ၊ ရုပ်ရှင်နှင့်ပတ်သက်သည့်အမှတ်တရပွဲများ၊ Memory Film Festival ကဲ့သို့ ပွဲတော်များ ကျင်းပခြင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ရှေးဟောင်းအမွေအနှစ်ပြတိုက်တစ်ခုအဖြစ် လည်ပတ်ရန် နေရာတစ်ခုအဖြစ် ဖန်တီးခြင်း၊ စနေ၊ တနင်္ဂနွေနေ့များတွင် ရှေးဟောင်းဇာတ်ကားများ ပြသခြင်း၊ ရုပ်သေးပွဲများ ပြသခြင်း၊ ရုပ်ရှင်နှင့်ပတ်သက်သည့်ပြခန်းများ ပြသခြင်းတို့ကိုပါ ဆောင်ရွက်မည် ဖြစ်သည်။

ဝဇီရာရုပ်ရှင်ရုံ၏ တည်နေရာသည် ဆူးလေစေတီတော်အနီး ရန်ကုန်မြို့၏ အချက်အချာကျသည့် နေရာတွင်တည်ရှိနေသဖြင့် ရုပ်ရှင်လုပ်ငန်းများကိုသာမက အနုပညာနှင့် ဆက်စပ်သည့် အခြားလုပ်ငန်းများအားလုံးကိုလည်း ဆောင်ရွက်နိုင်သည့် အကောင်းဆုံးနေရာတစ်ခု ဖြစ်ကာ ရန်ကုန်မြို့သို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားများအား မိမိတို့တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အနုပညာများ၊ မြန်မာတို့၏ ယဉ်ကျေးမှု အကအလှပသာဒများဖြင့် ဖျော်ဖြေတင်ဆက်၍ မိမိတို့၏ ယဉ်ကျေးမှုတန်ဖိုးများ မြင့်မား ပျံ့ပွားအောင် လုပ်ဆောင်နိုင်သည့် အနေအထားရှိသည်ဟုလည်း သိရသည်။

ဝဇီရာရုပ်ရှင်ရုံအား ၁၉၂၄ ခုနှစ်ခန့်တွင် တည်ဆောက်ခဲ့သည်ဟု ယူဆရပြီး ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်၌ တည်ရှိကာ (၁၆) ရာစုမှ (၁၈) ရာစုအတွင်းရှိ ပြင်သစ်ဗိသုကာ အသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံဖြစ်ပြီး ရုပ်လုံးရုပ်ကြွများဖြင့် တန်ဆာဆင်ထားသည်။

မူလအမည်မှာ New Excelsior ရုံဖြစ်ပြီး ၁၉၄၂ ခုနှစ်ခန့်တွင် အေဝမ်းရုပ်ရှင်ရုံ အဖြစ်လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် ဝဇီရာရုပ်ရှင်ရုံအဖြစ်လည်းကောင်း အမည်များပြောင်းလဲခဲ့ကြောင်း သိရသည်။

Source: Popular Myanmar

E-cigarette၊ Vape အစရှိသည့် အီလက်ထရွန်နစ် အငွေ့ရှူစက်များနှင့် ပတ်သက်၍ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေ

လူငယ်များအကြားတွင် ရေပန်းစားလျက်ရှိသည့် E-cigarette၊ Vape အစရှိသည့် အီလက်ထရွန်နစ် အငွေ့ရှူစက်များနှင့်ပတ်သက်၍လည်း ဥပဒေအရ ထိန်းချုပ်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

မတ် ၃ ရက်က ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၂၅) ကို ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) Meeting Hall ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းသုံးစွဲမှုသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို ရောဂါနှင့် လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါစသည့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပြီး မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားသေဆုံးမှုသည် ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါအသွင် များပြားလာကာ ကျန်းမာရေးကို များစွာထိခိုက်စေကြောင်း ပြောကြားသည်။

အများပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့်အန္တရာယ်မှ ကာကွယ်ရန်အတွက် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေနှင့် ဒေသများထူထောင်ရေးကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များအကြားတွင် ရေပန်းစားလျက်ရှိသည့် E-cigarette၊ Vape အစရှိသည့် အီလက်ထရွန်နစ် အငွေ့ရှူစက်များနှင့်ပတ်သက်၍လည်း ဥပဒေအရ ထိန်းချုပ်ဆောင်ရွက်နိုင်ရေးအတွက်  စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည့် “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်” သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စတင် အာဏာသက်ဝင်ခဲ့ပြီးဖြစ်ကြောင်း၊ အမိန့်စာကို လုပ်ငန်းရှင်များက လိုက်နာဆောင် ရွက်နိုင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများအနေဖြင့် ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို အားဖြည့်ဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်”နှင့်စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။

ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက်များကို ဆွေးနွေးတင်ပြပြီး ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုးကား-Eleven Media Group