လွှမ်းပိုင်နှင့် ဂျီဖက်တို့၏ Pre Water Festival in Judson ဖျော်ဖြေပွဲကို Judson Entertainment Bar တွင် ပြုလုပ်မည်
ရန်ကုန် မတ် ၂၄
လူငယ်တေးသံရှင် လွှမ်းပိုင်နှင့် ဂျီဖက်တို့၏ Pre Water Festival in Judson တေးဂီတ ဖျော်ဖြေပွဲကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Judson Entertainment Bar တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တေးသံရှင် လွှမ်းပိုင်ထံမှ သိရသည်။
အဆိုပါ Pre Water Festival in Judson တေးဂီတဖျော်ဖြေပွဲကို လာမည့် မတ် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် Judson Entertainment Bar တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တေးသံရှင် လွှမ်းပိုင် ထံမှ သိရသည်။
အဆိုပါ Pre Water Festival in Judson တေးဂီတဖျော်ဖြေပွဲကို လာမည့် မတ် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် Judson Entertainment Bar ရှိ Judson Indoor & Outdoor Area တွင် သင်္ကြန်ပွဲတော်ပုံစံအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဖျော်ဖြေရေးကတော့ Day 1 Day 2 ဆိုပြီး နှစ်ရက်ရှိပါမယ်။ ကျွန်တော်ကတော့ Day 2 တစ်နေကုန်ရှိနေမှာ ဖြစ်ပါတယ်။ Day 1 မှာတော့ ဂျီဖက်ရှိပါမယ်။ သင်္ကြန်ကာလရဲ့ ရေကစားပွဲတော်တွေကို အကြိုခံစားမှုအနေနဲ့ Judson ရဲ့ Indoor & Outdoor Area မှာ Water System အပြည့်ပြင်ဆင်ထားပြီး သင်္ကြန်ဖီလင်ကို အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒီ Pre Thingyan Day Event လေးမှာ အမှန်တကယ်သင်္ကြန်ကာလကို ရောက်သွားသလို ခံစားရမှာမို့ ခင်မင်သူတွေနဲ့ ရေကစားရင်း သီချင်းတွေ နားဆင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်” ဟု တေးသံရှင် လွှမ်းပိုင်က ပြောပြသည်။
အဆိုပါ Pre Water Festival in Judson တေးဂီတဖျော်ဖြေပွဲတွင် တေးသံရှင် လွှမ်းပိုင်၊ ဂျီဖက် တို့နှင့်အတူ Judson Band တေးဂီတအဖွဲ့က တီးခတ်ပံ့ပိုးပေးသွားမည့်အပြင် DJ Artists များနှင့်အတူ နာမည်ကျော် Dancer များက အလန်းစားကကွက်များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ