သတင်းများ

​​​​​​​ပစိဖိတ်သမုဒ္ဒရာအတွင်း ရက်ပေါင်း ၉၅ ရက်ကြာ မျောပါနေသည့် ပီရူးနိုင်ငံမှ ငါးဖမ်းသမားတစ်ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့

ပိုင်အီတာ၊ ထူးခြားဆန်းပြား

ပစိဖိတ်သမုဒ္ဒရာအတွင်း ရက်ပေါင်း ၉၅ ရက်ကြာ မျောပါနေသည့် ပီရူးနိုင်ငံမှ ငါးဖမ်းသမားတစ်ဦးအား   အီကွေဒေါသင်္ဘောတစ်စင်းက  တွေ့ရှိပြီးနောက် အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း မီဒီယာတစ်ခုက  မတ်လ ၁၆ ရက်တွင်ဖော်ပြသည်။

အသက် ၆၁  နှစ်အရွယ် မက်ဆီမိုနာပါကက်စထရိုအမည်ရှိ အဆိုပါငါးဖမ်းသမားကြီးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က ပီရူးနိုင်ငံတောင်ပိုင်းရှိ မာကိုနာမြို့မှ ငါးဖမ်းလှေတစ်စင်းဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် လမ်းကြောင်းပျောက်ကာ သမုဒ္ဒရာအတွင်း မျောပါနေခြင်းဖြစ်သည်။

ကက်စထရို၏   မိသားစုဝင်များနှင့် ငါးဖမ်းသမားများပါဝင်သည့် အဖွဲ့များသည်၎င်းအား ၃ လကြာ လိုက်လံရှာဖွေခဲ့ကြောင်းသိရသည်။

နောက်ဆုံးတွင် ကက်စထရိုအား အီကွေဒေါငါးဖမ်းသင်္ဘောတစ်စင်းမှ အမှုထမ်းတစ်ဦးက အီကွေဒေါနိုင်ငံကမ်းလွန်တွင် တွေ့ရှိပြီးနောက် အသက်ရှင်လျက်ပြန်လည်ကယ်ဆယ်နိုင်ခြင်းဖြစ်သည်။ ငါးဖမ်းသင်္ဘောက   ၎င်းအား ပြန်လည်တွေ့ရှိချိန်တွင်  ကက်စထရိုမှာရေဓာတ်ဆိုးရွားစွာပြတ်လပ်နေခဲ့ကြောင်းသိရသည်။

ကက်စထရိုသည် သမုဒ္ဒရာအတွင်းမျောပါနေချိန်တွင် မိုးရေကိုသောက်သုံးခဲ့ပြီး  အင်းဆက်များ၊  ငှက်များနှင့် လိပ်တစ်ကောင်ကို စားသောက်၍ အသက်ရှင်ရပ်တည်ခဲ့ကြောင်း၊ ထို့ပြင် ၎င်းသည် ၁၅ ရက်ကြာ အစားအစာမစားရဘဲ ဖြတ်သန်းခဲ့ရကြောင်းသိရသည်။

Ref: Ivt

Source: https://myawady.net.mm/

တရုတ်နိုင်ငံတောင်ပိုင်းတွင် တိုက်လေယာဉ်တစ်စင်း လေ့ကျင့်မှုပြုလုပ်စဉ် ပျက်ကျသွားသော်လည်း လေယာဉ်မှူးက လေထီးနှင့် ဘေးကင်းရာသို့ဆင်းသက်နိုင်ခဲ့

ပေကျင်း၊ ပြည်တွင်းရေး

တရုတ်နိုင်ငံတောင်ပိုင်းတွင်   တိုက်လေယာဉ်တစ်စင်းလေ့ကျင့်မှုပြုလုပ်စဉ်ပျက်ကျသွားခဲ့သော်လည်း လေယာဉ်မှူးသည်   လေယာဉ်ပျက်မကျမီ   လေယာဉ်အတွင်းမှ အောင်မြင်စွာခုန်ထွက်၍ လေထီးနှင့်ဘေးကင်းရာသို့  ဆင်းသက်နိုင်ခဲ့ကြောင်း စစ်ဘက်သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ J-15 တိုက်လေယာဉ်ပျက်ကျမှုသည် ဟိုင်နန်ပြည်နယ် လင်ကောင်းမြို့အနီး၌ မတ်လ ၁၅ ရက်က ဖြစ်ပွားခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်အတွင်း  လူသေဆုံးမှုမရှိကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ   တောင်ပိုင်းစစ်နယ်ဝန်း ရေတပ်ဖွဲ့ဌာနချုပ်က    ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် အဆိုပါဟိုင်နန်ပြည်နယ်တွင် လေတပ်နှင့် ရေတပ်အခြေစိုက်စခန်းအများအပြားကို ဖွင့်လှစ်ထားကြောင်းသိရသည်။

အဆိုပါ တိုက်လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

Ref: Xinhua

ဖူးခက်တွင် ပထမဆုံးရေအောက်အနုပညာပြတိုက်တည်ဆောက်မည်

ဖူးခက်တောင်ပိုင်း ရာချာကျွန်းအနီးမှာ ကမ္ဘာလှည့်ခရီးများ ဆွဲဆောင်နိုင်ရန်အတွက် ပထမဆုံးရေအောက်ပြတိုက် တည်ဆောက်သွားမည် ဖြစ်ကြောင်း Phuket News သတင်းတွင် ဖော်ပြထားပါသည်။ 

ထိုပြတိုက်သည် အရှေ့တောင်အာရှတွင် ပထမဆုံးသော ရေအောက်အနုပညာပြတိုက်ဖြစ်လာမည့်အပြင် "RAYA" Phuket - Underwater Art Museum အချက်အခြာတစ်ခုဖြစ်လာပြီး ကမ္ဘာအနှံ့ကို ဆွဲဆောင်ရန်လည်း ရည်မှန်းထားပါသည်။

ပြတိုက်အတွင်း ထူးခြားသည့် ရေငုပ်အတွေ့အကြုံကို ပေးဆောင်မည့် အပြင်သဘာဝသယံဇာတ သန္တာကျောက်တန်းအတုများ ပုံဖော်ထားရှိကာ အဏ္ဏဝါထိန်းသိမ်းရေးကို မြှင့်တင်ရန်အတွက်လည်း ရည်ရွယ်ထားပြီး လာရောက်လည်ပတ်သူများအတွက် ထူးခြားသည့်အတွေ့အကြုံသစ်များ ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။

Phuket Art Association က ဦးစီးပြီး ဒေသတွင်း အနုပညာရှင်များနှင့် ပူးပေါင်းကာ ရာမယဏဇာတ်ဝင်ခန်းက ဇာတ်ရုပ်များကို ရေအောက် ပန်းပုများအဖြစ် ဖန်တီးပြီး ဟာနုမန် ပန်းပုရုပ်ကိုလည်း ၂၀၂၅ ခုနှစ်၊ ဧပြီလ အတွင်းမှာ အပြီး တပ်ဆင်ဖန်တီးထုလုပ်သွားမည်ဖြစ်ပါသည်။

ပြပွဲဆောက်လုပ်ပြီးစီးရန်အတွက် အချိန် ၂ နှစ်ကနေ ၄ နှစ် နီးပါး ကြာမြင့်မည်ဖြစ်ပြီး ပန်းပုရုပ်တု ၁၅ ချပ်ကျော် ပါဝင်ပြသသွားမည် ဖြစ်ပါသည်။

‌ရေအောက်အနုပညာပြတိုက်က ရေငုပ်သမားတွေကို ဆွဲဆောင်ရုံသာမက သက်ရှိအဏ္ဏဝါသက်ရှိများ နေထိုင်ရာအဖြစ်လည်း ဖန်တီးပေးမည် ဖြစ်သလို ဖူးခက်ခရီးသွားလုပ်ငန်းအတွက် အကျိုးသက်ရောက်မှု များစွာ ကိုလည်း ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။

"RAYA" Phuket - Underwater Art Museumက ကမ္ဘာပေါ်မှာ ၁၁ ခု မြောက် ရေအောက်အနုပညာ ဆွဲဆောင်မှု ဖြစ်လာမည့်အပြင် ဖူးခက် အတွက် ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်အတွက် အထင်ကရပြယုဂ်တစ်ခု ဖြစ်လာမည်ဟု  မျှော်လင့်ထားကြပါသည်။

ကိုးကား- Onenews Myanmar Channel

ရုရှားနှင့်အမေရိကန်တို့ကြား အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် ရုရှားတိုက်တွန်း

ရုရှားနှင့်အမေရိကန်တို့ကြား  အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး လုပ်ငန်းများကို  ပူးပေါင်းဆောင်ရွက်ရန်  ရုရှားနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံရေးရန်ပုံငွေ အဖွဲ့က အီလွန်မက်အား တိုက်တွန်းခဲ့ကြောင်း အဆိုပါ ရန်ပုံငွေအဖွဲ့မှ အကြီးအကဲက မတ်လ ၁၅ ရက်တွင် ပြောကြားသည်။

ရုရှားနှင့်အမေရိကန်တို့ကြား ပူးပေါင်းလုပ်ဆောင်မည့် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး လုပ်ငန်းသည် လူသားများ၏ ပျက်စီးခြင်းအတွက် မဟုတ်ဘဲ လူသားများ၏ ထင်ပေါ်ကျော်ကြားမှုအတွက် ဖြစ်သည်ဟု ရုရှားနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံရေး ရန်ပုံငွေအဖွဲ့မှ အကြီးအကဲဖြစ်သူ ကီရေး ဒီမီထရီယက်က ၎င်း၏တွစ်တာ ဝက်ဆိုက်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံပိုင်  ရင်းနှီးမြှုပ်နှံရေး ရန်ပုံငွေအဖွဲ့၏  အဆိုပါပြောဆိုချက်သည် အီလွန်မက်၏ လာမည့် ၂၀၂၆ ခုနှစ်တွင် လုပ်ဆောင်မည့်အင်္ဂါဂြိုဟ်စူးစမ်း လေ့လာရေး အစီအစဉ်အား တုံ့ပြန်သည့်အနေဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။

SpaceX ကုမ္ပဏီအား တည်ထောင်ထားသည့် အီလွန်မက်အနေဖြင့် လာမည့်နှစ်တွင် ၎င်းတို့၏ Starship အာကာသယာဉ်ဖြင့်  Optimus  ဟု အမည်ပေးထားသည့် လူသားစက်ရုပ်တစ်ရုပ်အား သယ်ဆောင်သွားရန်   စီစဉ်ထားသည်။ အဆိုပါ Optimus စက်ရုပ်အား  Tesla ကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်သည်။ ထို့ပြင်   လာမည့် ၂၀၂၉ ခုနှစ်ခန့်တွင် လူသားများက အင်္ဂါဂြိုဟ်ပေါ်သို့ ခြေချနိုင်မည်ဟု မက်က ပြောကြားထားသည်။

ရုရှားနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံရေး ရန်ပုံငွေအဖွဲ့မှအကြီးအကဲ ကီရေး ဒီမီထရီယက်၏ ပြောဆိုချက်ကို မက်ကလူသိရှင်ကြား တုံ့ပြန်ပြောဆိုထားခြင်း မရှိသော်လည်း တွစ်တာအသုံးပြုသူများက အပြုသဘောဆောင်သည့် တုံ့ပြန်မှုများကို လုပ်ဆောင်ခဲ့ကြသည်။

တောင်အာဖရိကနိုင်ငံ၏ စီမံကိန်းများအတွက် အထောက်အကူပြုနိုင်ရန် အီးယူက ယူရို ၄ ဒသမ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

အီးယူအဖွဲ့အနေဖြင့် တောင်အာဖရိကနိုင်ငံ၏ စီမံကိန်းများအတွက် အထောက်အကူပြုနိုင်ရန် ယူရို ၄ ဒသမ ၇ ဘီလီယံ (ဒေါ်လာ  ၅ ဘီလီယံကျော်) ကို ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

အီးယူအဖွဲ့၏ အဆိုပါရင်းနှီးမြှုပ်နှံမှု အစီအစဉ်သည် အမေရိကန်က တောင်အာဖရိကနိုင်ငံအား  ပေးအပ်နေသည့် အကူအညီများကို ဖြတ်တောက်လိုက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အီးယူအဖွဲ့က ဖော်ဆောင်မည့် စီမံကိန်းများတွင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်စေခြင်းမရှိသည့်   စွမ်းအင်များ အသုံးပြုနိုင်ရေးအတွက် အသွင်ကူးပြောင်းခြင်း၊   ကာကွယ်ဆေးများ  ထုတ်လုပ်ခြင်း၊ ဒစ်ဂျစ်တယ်နှင့် ရုပ်ပိုင်းဆိုင်ရာ ဆက်သွယ်နိုင်ခြင်းတို့  ပါဝင်ကြောင်း ဥရောပကော်မရှင် အကြီးအကဲ ဗွန်ဒါလေယန်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျင်းပသည့်    ထိပ်သီးဆွေးနွေးပွဲ၌ ပြောကြားခြင်းဖြစ်သည်။

အဆိုပါထိပ်သီးဆွေးနွေးပွဲသည် အီးယူနှင့် တောင်အာဖရိကတို့ကြား ဆက်ဆံရေးတိုးမြှင့်နိုင်ရန်အတွက် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတစ်ရပ်ဖြစ်သည်။

လက်ရှိတွင် အမေရိကန်အစိုးရသည် တောင်အာဖရိကနိုင်ငံနှင့် သံတမန်ရေးဆိုင်ရာ တင်းမာမှုကြောင့် တောင်အာဖရိကအစိုးရသို့ ပေးအပ်နေသည့် အကူအညီများကို ဖြတ်တောက်ထားသည်။  

အာတိတ်ဒေသ၌ စွမ်းအင်ထုတ်လုပ်ရေး စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ရုရှားနှင့်အမေရိကန် ဆွေးနွေးလျက်ရှိ

ရုရှားနှင့် အမေရိကန်နိုင်ငံတို့သည် မကြာမီ အနာဂတ်ကာလတွင် အာတိတ်ဒေသ၌ စွမ်းအင်ထုတ်လုပ်ရေး စီမံကိန်းများအပါအဝင် နိုင်ငံတကာစီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။

အာတိတ်ဒေသသည်  ထုတ်ယူခြင်းမပြုရသေးသည့် စွမ်းအင်အရင်းအမြစ်များ၊ သတ္တုအရင်းအမြစ်များနှင့် မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းများကြောင့် ကမ္ဘာ့နိုင်ငံများ၏ စိတ်ဝင်စားမှုကိုခံနေရသည့် ဒေသတစ်ခုဖြစ်သည်။

ရုရှားနိုင်ငံသည် လက်ရှိတွင် မြောက်ပင်လယ်ရှိ လမ်းကြောင်းတစ်ခုကိုဖော်ဆောင်လျက်ရှိသည်။ အဆိုပါလမ်းကြောင်းသည် ယူရေရှားအနောက်ပိုင်းနှင့် အာရှ-ပစိဖိတ်ဒေသတို့ကြား  ဆက်သွယ်ပေးထားသည့် အတိုဆုံးလမ်းကြောင်းဖြစ်ပြီး ယင်းလမ်းကြောင်းသည် အာတိတ်ဒေသနှင့် အရှေ့ဖျားဒေသကို ဖြတ်သန်းလျက်ရှိသည်။

အဆိုပါလမ်းကြောင်းကို ရုရှားနိုင်ငံက လွန်ခဲ့သည့်နှစ်များအတွင်း  အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများဖြင့် ဖော်ဆောင်နေခြင်းဖြစ်သည်။ ယခုအခါ ရုရှားနိုင်ငံပိုင်စွမ်းအင် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Gazprom အနေဖြင့် အာတိတ်ဒေသရှိ ဖက်စပ်လုပ်ငန်းများတွင်  ပါဝင်လာရန်  အမေရိကန်အား ကမ်းလှမ်းနိုင်သည့်     အနေအထားတွင်ရှိနေသည်။ ထို့ပြင် ရုရှားနိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကို  ဖယ်ရှားပေးနိုင်မည်ဆိုပါက ရုရှားအနေဖြင့်   အမေရိကန်နှင့် ဆာခါလင်ဓာတ်ငွေ့ရည်စီမံကိန်းတွင်လည်း  ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထို့ပြင် ရုရှား-အမေရိကန် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွင် ဥရောပနှင့် အာရှဒေသများရှိ စီမံကိန်းများလည်း ပါဝင်လာနိုင်ကြောင်း အတွင်းသိများက ပြောကြားထားသည်။

ရုရှားနှင့်အမေရိကန်တို့ကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရေးအတွက်  အမေရိကန်က ကြိုးပမ်းနေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

မော်စကိုက အင်္ဂါဂြိုဟ်စူးစမ်းရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရန် အီလွန်မက် ကို ဖိတ်ခေါ်

ရုရှားနိုင်ငံ၏ နိုင်ငံပိုင်ငွေကြေးရန်ပုံငွေအဖွဲ့အကြီးအကဲ Kirill Dmitriev သည် Elon Musk ထံသို့ အင်္ဂါဂြိုဟ်စူးစမ်းရေးလုပ်ငန်းများတွင် အမေရိကန်- ရုရှား ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုခဲ့သည်။ အမေရိကန် -ရုရှား ဆွေးနွေးပွဲများတွင် စီးပွားရေးသံတမန်အဖြစ် တာဝန်ထမ်းဆောင် နေသည့် Dmitriev က မတ်လ ၁၅ ရက်နေ့က X ၌ ရေးသားခဲ့သည့် ပို့စ် တစ်ခုတွင် နှစ်နိုင်ငံအကြား အာကာသပူးပေါင်းဆောင်ရွက်မှု၏ အရေးပါ ပုံကို “လူသားမျိုးနွယ်၏ ဂုဏ်သိက္ခာအတွက်” ဟု ဖော်ပြခဲ့သည်။

Dmitriev ၏ မှတ်ချက်များသည် Musk ၏ ၂၀၂၆ ခုနှစ်တွင် အင်္ဂါဂြိုဟ်သို့ စူးစမ်းရေးခရီးစဉ် အစီအစဉ်များအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြောကြားခဲ့ခြင်းဖြစ်သည်။ SpaceX တည်ထောင်သူ Musk က ကုမ္ပဏီ၏ Starship အာကာသယာဉ်သည် လာမည့်နှစ်တွင် အင်္ဂါဂြိုဟ်သို့ ထွက်ခွာ မည်ဖြစ်ပြီး Optimus ဟု အမည်ရသည့် Tesla ၏ လူသားပုံစံစက်ရုပ်ကို သယ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပြီး Musk က လူသားများ အင်္ဂါဂြိုဟ် ပေါ်သို့ ၂၀၂၉ ခုနှစ်တွင် စတင်ဆင်းသက်နိုင်မည်ဟုလည်း ဆိုခဲ့သည်။

“၂၀၂၉ ခုနှစ်ကို အမေရိကန်-ရုရှား အင်္ဂါဂြိုဟ်စူးစမ်းရေးခရီးစဉ် ပူးပေါင်းဆောင်ရွက်မှုနှစ်အဖြစ် သတ်မှတ်သင့်ကြောင်းနှင့် မိမိတို့၏နည်းပညာများ သည် လူသားမျိုးနွယ်၏ ဂုဏ်သိက္ခာအတွက် အသုံးပြုသင့်ပြီး ဖျက်ဆီးရန် အတွက်မဟုတ်” ဟု Dmitriev က ရေးသားခဲ့သည်။၎င်းက ၂၀၂၅ ခုနှစ် သည် Apollo-Soyuz Test Project ၏ ၅၀ နှစ်မြောက် နှစ်ပတ်လည် ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။ ထိုစီမံကိန်းသည် ၁၉၇၅ ခုနှစ် ဇူလိုင် လတွင် အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပထမဆုံးသော အပြည်ပြည်ဆိုင်ရာအာကာသစီမံကိန်းဖြစ်သည်။

Musk သည် Dmitriev ၏ အဆိုပြုချက်ကိုတရားဝင်တုံ့ပြန်မှု မပြုသေးသော်လည်း ထိုအဆိုပြုချက်သည် X အသုံးပြုသူများထံမှ အပြုသဘော ဆောင်သော တုံ့ပြန်မှုများစွာကို ရရှိခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဒူတာတေးကို ထောက်ခံသူများ ဖိလစ်ပိုင်နိုင်ငံအတွင်း ကန့်ကွက်ဆန္ဒပြ

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ဖမ်းဆီးထိန်းသိမ်းကာ နယ်သာလန် နိုင်ငံ၊ သည်ဟိတ်မြို့တရားရုံးကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံ၌ အငြင်းပွားမှုများ ပိုမိုဖြစ်ပွားလာခဲ့ကြောင်းသိရပါသည်။

လွန်ခဲ့သောရက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံတဝှမ်းရှိမြို့များ၌ ဒူတာတေးကို အားပေးထောက်ခံသူများက ဒူတာတေး ဖမ်းဆီးခံရမှုအပေါ် ကန့်ကွက်ဆန္ဒ ပြကြလျက်ရှိပြီး မတ်လ ၁၄ ရက်ကလည်း ဒါဗာအိုပြည်နယ်အတွင်းရှိဒူတာတေး၏ နေအိမ်တွင် ဆုတောင်းပွဲများ လုပ်ဆောင်ပေးခဲ့ကြကာ ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာမြို့၏ တရားရုံးချုပ် အပြင်ဘက်၌လည်း ဒူတာတေး ပြန်လည်လွတ်မြောက်ရေးအတွက် ဖယောင်းတိုင်ထွန်းကာ ဆန္ဒပြခဲ့ကြကြောင်း သိရပါသည်။

ထို့အပြင် မတ်လ ၁၃ ရက်ကလည်း San Fernando မြို့၌ ဒူတာတေးကို အားပေးထောက်ခံသူ ၁၀၀ ကျော်သည် ဆုတောင်းပွဲများလုပ်ဆာင်ခဲ့ပြီး ဒူတာတေးရုပ်ပုံများ ကိုင်ဆောင်ကာ အားပေးထောက်ခံကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ သမ္မတဟောင်း ဒူတာတေးသည် သမ္မတအဖြစ် တာဝန်ယူချိန်အတွင်းပြုလုပ်ခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှိမ်နင်းမှုများတွင် လူပေါင်းထောင်ချီ သေဆုံး ခဲ့မှုနှင့်ပတ်သက်၍ လွန်ခဲ့သောရက်ပိုင်းက ဖမ်းဆီးခံရကာ မတ်လ ၁၄ ရက်တွင် သည်ဟိတ်မြို့ရှိ နိုင်ငံတကာရာဇဝတ်တရားရုံး၌ ရုံးတင် စစ်ဆေး ခံနေရကြောင်း သိရပါသည်။ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး၏ သမီးဖြစ်သူ ဆာရာဒူတာတေးကလည်း ဖိလစ်ပိုင်ပြည်သူများကို စုစည်း ညီညွတ်စွာရပ်တည်ရန် တိုက်တွန်းတောင်းဆိုထားပါသည်။

ဒူတာတေး၏ ရှေ့နေအဖွဲ့သည် ဒူတာတေးကို ယာယီပြန်လွှတ်ပေးရန် ကြိုးပမ်းနေကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

မတ်လ ၁၄ ရက်တွင် နိုင်ငံတကာရာဇဝတ်တရားရုံး၌ စစ်ဆေးမှုစတင်ခင် ဒူတာတေး၏ရှေ့နေဖြစ်သူက ဒူတာတေးသည် ပြန်ပေးဆွဲခံရခြင်း ဖြစ်ကြောင်း ပြောဆိုထားပါသည်။

အသက် ၇၉ နှစ်အရွယ်ရှိ ဒူတာတေးသည် မတ်လ ၁၁ ရက်တွင် ဖမ်းဆီးခံရပြီးနောက် အမှုကို စုံစမ်းစစ်ဆေးရန် မတ်လ ၁၄ ရက်တွင် နိုင်ငံတကာ ရာဇဝတ်တရားရုံး၌ ပထမဆုံး ရုံးထုတ်စစ်ဆေးခဲ့ပါသည်။

ဒူတာတေး၏သမီးဖြစ်သူ ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာဒူတာတေးက စုံစမ်းစစ်ဆေးမှုများကို စောင့်ကြည့်နေသည်ဟု ဆိုပါသည်။

နိုင်ငံတကာရာဇဝတ်တရားရုံးတရားသူကြီးက ဒူတာတေးသည် စိတ်ပိုင်းဆိုင်ရာကောင်းမွန်သကဲ့သို့ ကျန်းမာရေးလည်း ကောင်းမွန်လျက် ရှိကြောင်း ပြောသည်။

ကိုးကား-NP News

Solar Panel ပါဝင်သည့် လက်ပ်တော့ Lenovo မိတ်ဆက်

Mobile World Congress (MWC) မှာ ထူးခြားဆန်းသစ်သော နည်းပညာပစ္စည်းများကို ပြသနေရာ အဆိုပါပွဲတွင် Lenovo က Solar Panel ပါသော ပထမဆုံး လက်ပ်တော့ကို မိတ်ဆက်ပြသလိုက်ခြင်းဖြစ်ကြောင်း The verge သတင်းတွင် ဖော်ပြထားပါသည်။

Solar Panel ပါသော လက်ပ်တော့ကို Yoga Solar PC ဟု အမည်ပေးထားပါကြောင်း၊ Display အနောက်ဘက်တွင် Solar Panel တပ်ဆင်ထားပြီး နေရောင်ခြည်ကနေ အားသွင်းနိုင်ပါကြောင်း၊ Lenovo က နေရောင်ခြည် မိနစ်၂၀ ရရှိပါက ဗီဒီယို ၁ နာရီ ကြည့်နိုင်ကြောင်း၊ Solar Panel က စွမ်းအင် ဘယ်လောက်ထုတ်ပေးနိုင်သလဲဆိုသည်ကို ပြသပေးရန် Lenovo ၏ Dynamic Solar Tracking System Software ထည့်ပေးထားကြောင်း သိရှိရပါသည်။

Yoga Solar PC မှာ Back Contact Cell Design ပါသော Solar Cell ၈၄ ခု တပ်ဆင်ထားပါကြောင်း၊ နေရောင်ခြည် စွမ်းအင်ကို လျှပ်စစ်စွမ်းအင် အဖြစ်ပြောင်းပေးသည့် ကိရိယာများကို Solar Panel အောက်တွင် မြှုပ်နှံထားပါကြောင်း၊ Lenovo ကတော့ အဆိုပါလက်ပ်တော့ ထုတ်လုပ်ရောင်းချမည့် အချိန်ကို အတိအကျ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ ပင်တီးကျေးရွာအနီး ဘိန်းခင်းများဖျက်ဆီးမှု မှတ်တမ်းဓာတ်ပုံ။

၂၀၂၅ ခုနှစ်၊ မတ် ၁၅ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့၌ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့မှ ဘိန်းခင်းဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၅ ရက် နံနက် ၈ နာရီ ၃၅ မိနစ်တွင် ပင်လောင်းမြို့နယ်၊ ပင်တီးကျေးရွာ၏မြောက်ဘက် ခြောက်ဖာလုံခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း ၂၅ ဧကခန့်အား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ နံနက် ၇ နာရီ ၅၀ မိနစ်တွင် လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ဟဲနန်းကျေးရွာ၏အရှေ့မြောက်ဘက် ခြောက်မိုင်ခွဲခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း ခုနစ်ဧကခန့်၊ ဟဲနန်းကျေးရွာ၏အရှေ့ဘက် ခြောက်မိုင်ခွဲခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း ခြောက်ဧကခန့်၊ စုစုပေါင်း ဘိန်းခင်း ၁၃ ဧကခန့်အား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm