ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတဟောင်း Rodrigo Duterte က (ICC) မှ ၎င်းအား ဖမ်းဝရမ်းထုတ်ပါက ဖမ်းဆီးခံရန် သဘောတူကြောင်းပြော

News Image

  • ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတဟောင်း Rodrigo Duterte က (ICC) မှ ၎င်းအား ဖမ်းဝရမ်းထုတ်ပါက ဖမ်းဆီးခံရန် သဘောတူကြောင်းပြော

ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတဟောင်း Rodrigo Duterte သည် အပြည်ပြည် ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) မှ ၎င်းအား ဖမ်းဝရမ်းထုတ်ပါက ဖမ်းဆီးခံရန် သဘောတူကြောင်း ပြောကြားခဲ့သည်။ Duterte သည် ၎င်း၏ သမ္မတ သက်တမ်းအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးများတွင် လူ့အသက်ပေါင်းများစွာဆုံးရှုံးမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် ICC ၏ စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်နေရသည်။

Duterte က “ICC က ဖမ်းဝရမ်းထုတ်ပါက ဖမ်းခံမည်ဖြစ်ကြောင်း၊ ၎င်းအား ဖမ်းဆီးရန် ရဲတွေလာရင်း ၎င်း မတော်တဆ သေသွားမည်ဆိုလျှင်တောင်မှ ဖမ်းဆီးခံမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ၎င်းက ဖိလစ်ပိုင်နိုင်ငံသည် ICC မှ နုတ်ထွက်ပြီးဖြစ်သောကြောင့် ICC ၏ စုံစမ်းစစ်ဆေးမှုအား အသိအမှတ်မပြုကြောင်း ထပ်လောင်း ပြောကြား ခဲ့သည်။

Duterte ၏ အဆိုပါကြေညာချက်သည် ၎င်း၏သမ္မတသက်တမ်းအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးများတွင် လူ့အသက်ပေါင်း များစွာ ဆုံးရှုံးမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် အချိန်တွင်ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

ဖိလစ်ပိုင်၏ သမ္မတဟောင်း Rodrigo Duterte က လာမည့် ဖိလစ်ပိုင် ရွေးကောက်ပွဲတွင် ၎င်း၏ ဆီးနိတ်လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် ထောက်ခံမှုများတိုးတက်စေရန် ဖိလစ်ပိုင် အလုပ်သမား ထောင်ပေါင်းများစွာ တက်ရောက်သည့် ရွေးကောက်ပွဲ မဲဆွယ်ကာလတွင်မိန့်ခွန်းပြောကြားရန် ဟောင်ကောင်သို့ရောက်ရှိစဉ် နှစ်ပေါင်းများစွာ ဆင်နွှဲခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးကြောင့် လူပေါင်း ထောင်ချီသေဆုံးခဲ့ရပြီး ICC မှ ဖမ်းဝရမ်းထုတ်နိုင်သည့် အခြေအနေတွင် ဖမ်းဆီးခံရန်အသင့်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်မှုသည် Duterte အား ၂၀၁၆ ခုနှစ် တွင် သမ္မတအဖြစ် အာဏာရရှိစေခဲ့သည့် ၎င်း၏ထင်ရှားသော မူဝါဒ ဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများအား ပြင်းထန်စွာနှိမ်နင်းရန် ကတိပေးခဲ့သည့် စည်းရုံးမှုများဖြင့် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသူ ဖြစ်သည်။

ဖိလစ်ပိုင်၏ လက်ရှိသမ္မတ Ferdinand Marcos Jr ၏ ရုံးသည် မတ်လ ၁၀ ရက်(တနင်္လာ)နေ့တွင် Interpol ထံမှ တရားဝင် အကြောင်းကြားချက် မရရှိသေးကြောင်း ပြောကြားခဲ့သော်လည်း Duterte အား လွှဲအပ်နိုင်သည့် အလားအလာကို ညွှန်ပြခဲ့သည်။

ကိုးကား-CNA

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂