အလေးချိန် ၁၈ တန်ရှိ လေယာဉ်ပျံတစ်စင်းအား အီရန်မှ ဂီတီမူဆာဗီက ကိုယ်လုံးဖြင့်ဆွဲပြ၍ ဂင်းနစ်မှတ်တမ်းသစ်တင်
တီဟီရန်၊ ထူးခြားဆန်းပြား
အီရန်နိုင်ငံမှ အမျိုးသမီးအားကစားသမားတစ်ဦးသည် အလေးချိန် ၁၈ တန်ရှိ လေယာဉ်ပျံတစ်စင်းအား ကိုယ်လုံးဖြင့်ဆွဲပြ၍ ဂင်းနစ်မှတ်တမ်းသစ်တင်နိုင်ခဲ့ကြောင်း အီရန် Mehr သတင်းအေဂျင်စီက မတ်လ ၇ ရက်တွင်ဖော်ပြသည်။
လေယာဉ်အားဆွဲပြခဲ့သည့် အမျိုးသမီးအားကစားသမားမှာ အီရန်နိုင်ငံ တာဘရစ်မြို့မှ ဂီတီမူဆာဗီဆိုသူဖြစ်ပြီး ၎င်းသည် ယခင်ကလည်း ထရပ်ကားတစ်စီးကို ဆွဲပြခဲ့သူဖြစ်ကြောင်း သိရသည်။
ထရပ်ကားကို ဆွဲပြပြီးနောက်ပိုင်းတွင် ဂီတီသည် ၎င်း၏နည်းပြများ၏ သင်ကြားပြသမှုကို ၃ နှစ်ကြာခံယူခဲ့ပြီး တစ်ရက်လျှင် ၂ နာရီမှ ၃ နာရီကြာလေ့ကျင့်ခဲ့ကြောင်း၊လေယာဉ်ပျံကိုဆွဲပြ၍ ဂင်းနစ်မှတ်တမ်းတင်နိုင်ရန်အတွက် အီရန်အာဏာပိုင်အဖွဲ့က ၎င်းအား အနီးကပ်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂီတီသည် အားကစားကဏ္ဍတွင်နှစ်ပေါင်းများစွာကြာ ပါဝင်လုပ်ဆောင်လျက်ရှိပြီး၎င်းအနေဖြင့် ထရပ်ကားတစ်စီးအား အောင်မြင်စွာဆွဲပြနိုင်ခဲ့ပြီးနောက်ပိုင်းတွင် ထူးခြားသည့် စွမ်းဆောင်ချက်တစ်မျိုးမျိုးကို လုပ်ဆောင်ပြသရန်စိတ်အားထက်သန်ခဲ့ကြောင်းသိရသည်။
Ref: Sputnik, Mehr
Source: https://myawady.net.mm/