COVID 19 ဆက်စပ်ပြဿနာအတွက် ဒေါ်လာ ၂၄ ဘီလီယံကို တရုတ်က ပေးဆောင်ရန် အမေရိကန်တရားသူကြီးက အမိန့်ချမှတ်
ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုအစပိုင်းကာလက မှန်ကန်မှုမရှိသည့် သတင်းအတုအယောင်များ ဖြန့်ချိခြင်းနှင့် ကာကွယ်ရေးပစ္စည်းများ သိမ်းဆည်းထားခြင်းတို့ကြောင့် တရုတ်အစိုးရကို ဒေါ်လာ ၂၄ ဘီလီယံ ပေးဆောင်ရန် အမေရိကန်ဖက်ဒရယ်တရားသူကြီးက မတ်လ ၇ ရက် တွင် အမိန့်ချမှတ်လိုက်ကြောင်း သိရပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် Missouri ပြည်နယ် ဥပဒေချုပ်က တရုတ်နိုင်ငံသည် ကိုဗစ်ကပ်ရောဂါ စတင်ကူးစက်ချိန်ကာလ၌ ရောဂါပြန့်ပွားမှုနှင့် အသိပေး အကြောင်းကြားမှုများကို လိမ်လည်ခဲ့ကြောင်း၊ ရောဂါကာကွယ်ရေးပစ္စည်း (PPE) တို့ကို သိမ်းဆည်းထားပြီး အခြားနိုင်ငံများသို့ ထောက်ပံ့မှု လျှော့ချဆောင်ရွက်ခဲ့ကြောင်း စွဲချက်တင်ခဲ့ပါသည်။ ထိုသို့လုပ်ဆောင်ခဲ့သဖြင့် ကာကွယ်ရေးပစ္စည်းများမှာ ဈေးနှုန်းမြင့်တက်ခဲ့ပြီး အခြားလိုအပ်သော နိုင်ငံများအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း စွဲချက်တွင် ဖော်ပြထားပါသည်။
Missouri ပြည်နယ်သည် ကိုဗစ်ကပ်ရောဂါကာလ ၂၀၂၀-၂၀၂၁ ခုနှစ်များတွင် သေဆုံးမှုအများဆုံး တတိယနေရာတွင် ရှိခဲ့သည်ဟု ထုတ်ဖော်ပြောကြားထားပါသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃