သတင်းများ

ဗြိတိန် F-35B ကိုယ်ပျောက်တိုက်လေယာဉ် အိန္ဒိယတောင်ပိုင်းတွင် အရေးပေါ် ဆင်းသက်ခဲ့ရပြီး ဆက်လက် မပျံသန်းနိုင်

ဗြိတိန်တပ်မတော်၏ F-35B Lightning II ကိုယ်ပျောက်တိုက်လေယာဉ် တစ်စီးသည် စနေနေ့ (ဇွန် ၁၄) က အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ Thiruvananthapuram လေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက် ယခုအချိန်ထိ လေယာဉ် ပြေးလမ်းပေါ်တွင် ရပ်နားထားရသည်ဟု သတင်းများအရ သိရသည်။ ဒေသခံသတင်းများအရ ထိုလေယာဉ်သည် နည်းပညာဆိုင်ရာ ချို့ယွင်းချက်ကြောင့် ပျံသန်းနိုင်ခြင်းမရှိသေးဘဲ ဗြိတိန်လေယာဉ်ပညာရှင်များက ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

အဆိုပါ F-35B လေယာဉ်သည် HMS Prince of Wales လေယာဉ်တင် သင်္ဘော၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အိန္ဒိယရေတပ် နှင့် ပူးတွဲလေ့ကျင့်မှု များ ပြုလုပ်ပြီးနောက် အင်ဒို-ပစိဖိတ်ဒေသတွင် လှုပ်ရှားလျက်ရှိသည်။ Lockheed Martin က ဒီဇိုင်းရေးဆွဲထားသော F-35B သည် လေယာဉ် တင်သင်္ဘောများတွင် အသုံးပြုရန်သင့်လျော်သော ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်သည့် တိုက်လေယာဉ်အမျိုးအစားဖြစ်သည်။

NDTV ၏ သတင်းအရ စနေနေ့ညက ထိုလေယာဉ်သည် လောင်စာဆီ နည်းပါးမှုကြောင့် Thiruvananthapuram လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ပြီး ရာသီဥတုအခြေအနေဆိုးရွားမှုကြောင့်လည်း ၎င်း၏လေယာဉ်တင်သင်္ဘောဆီသို့ ပြန်လည်မဆင်းသက်နိုင်ဘဲ အရေးပေါ် ဆင်းသက်ခဲ့ရသည်။

အိန္ဒိလေတပ် (IAF) သည် ၎င်း၏ ရေဒါကွန်ရက်များဖြင့် အကူအညီပေးကာ လေကြောင်းထိန်းသိမ်းရေးဌာနနှင့် ညှိနှိုင်းမှုများပြုလုပ်ကာ ဘေးကင်းစွာ ဆင်းသက်နိုင်ရန် ထောက်ပံ့ပေးခဲ့သည်ဟု The Times of India က ဖော်ပြသည်။

တနင်္လာနေ့က ဗြိတိန်ဘုရင့်ရေတပ် (Royal Navy) ၏ ရဟတ်ယာဉ် တစ်စင်းသည် Thiruvananthapuram လေဆိပ်သို့ ရောက်ရှိလာကာ F-35B လေယာဉ်မှူးအား လေယာဉ်တင်သင်္ဘောဆီသို့ ပြန်လည် ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါဖြစ်စဉ်က F-35B ပြန်လည်အသုံးပြုနိုင်ရန် အချိန် အနည်းငယ် နောက်ကျနိုင်ကြောင်း ညွှန်းဆိုနေသည်။ 

အိန္ဒိလေတပ် (IAF) က အဆိုပါအရေးပေါ်ဆင်းသက်မှုသည် ပုံမှန်ဖြစ်စဉ် တစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခုအခြေအနေကို ကူညီဖြေရှင်း နိုင်ရန် နည်းပညာဆိုင်ရာနှင့် လက်တွေ့အထောက်အပံ့များ ပေးနေကြောင်း ဖြည့်စွက်ထုတ်ဖော်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဥရောပအာကာသအေဂျင်စီ၏ ဂြိုဟ်တုနှစ်စင်းက တိကျစွာနေရာယူ ယှဉ်တွဲပျံသန်းခြင်းဖြင့် ကမ္ဘာ့ပထမဆုံးနေကြတ်မှုဖြစ်စဉ်တုကို ဖန်တီးနိုင်ခဲ့

ပဲရစ် ဇွန် ၁ဝ

ဥရောပအာကာသအေဂျင်စီ ၏ ဂြိုဟ်တုနှစ်စင်းသည် တိကျစွာ နေရာယူ ယှဉ်တွဲပျံသန်းခြင်းဖြင့် ကမ္ဘာ့ပထမဆုံးနေကြတ်မှုဖြစ်စဉ် တုကို ဖန်တီးနိုင်ခဲ့ကြောင်း ဇွန် ၁၇ ရက် သတင်းများအရ သိရသည်။ 

ပရိုဘာ-၃ မစ်ရှင်ဂြိုဟ်တု နှစ် စင်းဖန်တီးထားသော နေကြတ်မှု ဖြစ်စဉ်တုဓာတ်ပုံများကို ဥရောပအာကာသအေဂျင်စီက ဇွန် ၁၆ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

ပရိုဘာ-၃ မစ်ရှင် ဂြိုဟ်တု နှစ် စင်းသည် တစ်စင်းနှင့် တစ်စင်း မီတာ ၁၅၀ ခွာ၍ နေရာယူပျံသန်း ပြီး ကမ္ဘာ့ပထမဆုံး ဆုံး နေကြတ်မှု ဖြစ်စဉ်တုကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပရိုဘာ-၃ မစ်ရှင် ဂြိုဟ်တု နှစ် စင်းသည် စမ်းသပ်ဆဲကာလများ တွင်လည်း နေကြတ်မှုဖြစ်စဉ်တု များကို ၁၀ ကြိမ်ထိ ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပရိုဘာ-၃ မစ်ရှင် ဂြိုဟ်တု နှစ် စင်းသည် မစ်ရှင်သက်တမ်း နှစ်နှစ် အတွင်း နေကြတ်မှုဖြစ်စဉ်တု ၂ဝဝ ခန့်ထိ ဖန်တီးမည်ဖြစ်သည်။

အမေရိကန်ဒေါ်လာသန်း ၂၁၀ တန်ဖိုးရှိ ပရိုတာ-၃ မစ်ရှင်ကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဥရောပအာကာသ အေဂျင်စီက လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Russia Today

Tis: KKO

YDNB Newspaper

အမျိုးသမီးများကို တရုတ်ယောက်ျားယူရန် ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြသူများအား လူကုန်ကူးမှုဖြင့်အလုပ်နှင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဇွန် ၁၈

အမျိုးသမီးများကို တရုတ်ယောက်ျားယူရန် ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရှမ်းပြည်နယ်၊ နမ္မတူမြို့နေ မ-----/၁၇/၂၀၂၅ နှစ်နှင့် မ-----/၁၆/၂၀၂၅ နှစ်တို့ နှစ်ဦးသည် ၂၀၂၃ ခုနှစ် (ရက်/လ) မမှတ်မိတွင် မူဆယ်မြို့ ဂိမ်းဆိုင်တွင် အလုပ်လုပ်ကိုင်နေစဉ် မဆိုင်ဟွမ်နှင့် ယခင်က လားရှိုးမြို့ Spa ဆိုင်၌ အလုပ်အတူ လုပ်ကိုင်ခဲ့သူ မခမ်းလင်းက Tik Tok @User 217194 7360280 အကောင့်ဖြင့် ဆက်သွယ်၍ တရုတ်ကောင်မလေးလုပ်ရမည်၊ ယွမ် ၃၅၀၀၀ ရရှိမည်၊ မပျော်ပါက ပြန်ခေါ်ပေးမည်ဟု စည်းရုံးကာ မခမ်းလင်းက စိုင်းခမ်းကော်နှင့် ဇနီး မနန်းယွမ်းယာ တို့ထံ ချိတ်ဆက်ပေးခဲ့ပြီး အဆိုပါလင်မယားက တရုတ်နိုင်ငံနေသူ မအေနန်းထံ ၎င်းတို့နှစ်ဦး၏ ဓာတ်ပုံရိုက်ယူ၍ ပို့ဆောင်ပေးခဲ့ကြောင်း စိုင်းခမ်းကော်မှ ၎င်းတို့နှစ်ဦးအား မူဆယ်-သိန္နီ-နမ့်တစ်သို့ ကားအဆင့်ဆင့်ဖြင့် ခေါ်ဆောင်ကာ အမည်မသိ တည်းခိုခန်းသို့ ပို့ဆောင်ခဲ့စဉ် ၎င်းအမျိုးသမီးငယ် နှစ်ဦးက တရုတ်ယောက်ျားယူရန် ဆန္ဒမရှိတော့၍ မူဆယ်မြို့သို့ ထွက်ပြေးလာခဲ့သဖြင့် စိုင်းခမ်းကော်ပါ လေးဦးအား ရဲအုပ်ခိုင်ထူးဗိုလ် မူဆယ်တပ်ဖွဲ့စု (၁၇) မှ တရားလို ပြုလုပ်တိုင်တန်းခဲ့ပြီး မူဆယ်မြို့မရဲစခန်း (ပ)၈၂/၂၀၂၅၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေး ဖွင့် တရားစွဲတင်ပို့ခဲ့သည်။

မူဆယ်ခရိုင် တရားရုံးမှ ဇွန် ၁၆ ရက်တွင် တရားခံစိုင်းခမ်းကော် ရပ်ကွက်(၆) နောင်ပိန်ရွာ ကျောက်မဲမြို့ ရှမ်းပြည်နယ်နှင့် မနန်းယွမ်းယာပုံဟရွာ စလန်းပုန်ထွန်အုပ်စု မိုင်းရယ်မြို့ ရှမ်းပြည်နယ်တို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က) ဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန်နှင့် တိမ်းရှောင် တရားခံ မခမ်းလင်း အေးမေတ္တာ ဘုန်းကြီးကျောင်း အနီး အမှတ် (၂) ရပ်ကွက် ကျောက်မဲမြို့ ရှမ်းပြည်နယ်နှင့် မအေနန်း မိန်းတိန်မြို့ တရုတ်နိုင်ငံနေသူတို့ နှစ်ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

MOI

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဇွန် ၁၈

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတို့တွင် ယနေ့အထိ သေဆုံးသူ ၃၇၅၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၅၀ ရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ် ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၃၄ ဦးကို ရှာဖွေပေးနိုင်ခဲ့သည်။

ဘေးသင့်ပြည်သူများသို့ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်အလှူရှင်များကငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းမှုများအတွက် ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

တရားမဝင် ကျောက်စိမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (ကုန်လှောင်ရုံ) ၌ လေယာဉ်ခရီးစဉ် အမှတ် 8M-336, SF- 5608, DHL HAWB No. 2186667556 ဖြင့် ဟောင်ကောင်မှတရားမဝင်တင်သွင်းလာသည့် ကျောက်စိမ်းဟုယူဆရသော လက်ကောက်ကွင်း ၁၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀) ကိုလည်းကောင်း၊ ဇွန် ၁၇ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ MAI Airlines လေယာဉ်ခရီးစဉ်အမှတ် 8M-365/ SF-5768 ဖြင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့လိုက်ပါလာသည့် မြန်မာနိုင်ငံသားခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန် ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် ဇွန် ၁၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်မြို့၊ တလိုင်းစု ရပ်ကွက်တလိုင်းစု (၃) လမ်း အိမ်အမှတ် (၄) ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄၃၀၀၀၀)ကိုလည်းကောင်း၊ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ဦးအောင်ဇေယျ (၃) လမ်းရှိကမ်းနားဆိပ်၌ စုပုံထားသော အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်းခြောက်မျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၂၈၁၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၂၄၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးဂိတ်၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၈၁၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ ကလေးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ကိုးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၇၀၁၅၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux Surf တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၈၅၉၆၅၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇွန် ၁၇ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ် ၁၅ စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၆၃ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၉၅၈၆၅၀၀) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်တင်သွင်းမှုများကြောင့် သွင်းကုန်အစားအထိုး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်၍ ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဥ်ဆက်မပြတ်ရရှိနေ

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များ စဥ်ဆက်မပြတ်ရရှိနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး၏သံအမတ်ကြီးကဇာတ်လမ်းပုံပြင်များစုစည်းမှုစာအုပ်မိတ်ဆက်ခြင်းအခမ်းအနား၌ပြောကြားခဲ့သည်။

မြန်မာ-တရုတ်နှစ်နိုင်ငံ၏ အဓိကအကျိုးစီးပွားများနှင့်အရေးကြီးသောကိစ္စရပ်များကိုအချင်းချင်းအခိုင်အမာထောက်ခံ၍စီးပွားရေး၊ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊အခြေခံအဆောက်အအုံ၊လျှပ်စစ်နဲ့ စွမ်းအင်၊ ပြည်သူအကျိုးပြုဖွံ့ဖြိုးတိုးတက်မှုနှင့်လူမှုရေး၊ယဉ်ကျေးမှုဖလှယ်ရေးနယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဉ်ဆက်မပြတ်ရရှိခဲ့သည်ဟုပြောသည်။

ထို့ပြင်အွန်လိုင်းလောင်းကစားနှင့်လိမ်လည်မှုကဲ့သို့သောနယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကိုလည်း ပူးပေါင်းတိုက်ဖျက်ခဲ့ကြကာနှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီး၇၅နှစ်တာကာလအတွင်း COVID(19)ရောဂါအားလက်တွဲပူးပေါင်းပြီးတိုက်ဖျက်ခဲ့ပြီးသဘာဝဘေးအန္တရာယ်များကိုလည်း တက်ညီလက်ညီကျော်လွှားနိုင်ခဲ့ကြသည်ဟုပြောသည်။

”နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီး၇၅ နှစ်တာကာလမှာအေးအတူပူအမျှလက်တွဲရပ်တည်ဖို့ဆိုတာမလွယ်ဘူးလို့ အားလုံးခံစားရပြီးနှစ်နိုင်ငံဆက်ဆံရေး၊ကျန်းမာတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိတ်အားနဲ့ဖြစ်ဖြစ်လူအားနဲ့ဖြစ်ဖြစ်အားထုတ်ကြိုးပမ်းနေကြပါတယ်” ဟု တရုတ်သံအမတ်ကြီးက ပြောသည်။

ထို့ပြင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်မှလည်း မြန်မာနိုင်ငံနှင့်အတူလက်တွဲကြိုးစား၍ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်မြောက်အထိမ်းအမှတ်ကိုသော့ချက်အဖြစ် “Belt and Road”ပူးပေါင်းဆောင်ရွက်မှုကိုအရည်အသွေးမြင့်ဖြင့်အရှိန်မြှင့်တင်ဆောင်ရွက်ပြီးကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ(GDl)၊ ကမ္ဘာလုံးဆိုင် ရာလုံခြုံရေးအစီအမံ(GSI)၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံ(GCI)ကိုအတူအကောင်ထည်ဖော်ကာတရုတ်မြန်မာအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ခြင်းအား ပိုမိုနက်ရှိုင်းစွာ၊ လက်တွေ့ကျစွာတိုးမြှင့်လုပ်ဆောင်ပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုမှုများ ပိုမိုဆောင်ကြဉ်းပေးသွားရန်ဆန္ဒရှိကြောင်း အလေးပေးပြောကြားခဲ့သည်ဟုလည်း တရုတ်သံအမတ်ကြီးကပြောကြားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံစားနပ်ရိက္ခာဖူလုံရေးအတွက် တရုတ်စိုက်ပျိုးရေးပညာရှင်များမှမြန်မာနိုင်ငံတွင်စပ်မျိုးနည်းပညာများကိုတက်သိသမျှအကုန်သင်ကြားပေးခဲ့ကာမြန်မာနိုင်ငံမှလတ်ဆက်သောရေ ထွက်ကုန်များ၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များကို အရည်သွေးမြင့်သောအအေးခန်းထောက်ပံ့ပို့ဆောင်မှုမှတစ်ဆင့်တရုတ်လူမျိုးများ၏ ထမင်းစားပွဲများသို့ တိုက်ရိုက်ပို့ဆောင်ပေးနေသည်ဟုလည်းတရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။

Source: Popular Myanmar

6G နည်းပညာသုံး အီလက်ထရွန်နစ်လက်နက် အဆင့်မြင့်ရေဒါကိုတောင် ရှောင်ကွင်းနိုင်

အီလက်ထရွန်နစ်စစ်ဆင်ရေးဆိုတာ အနာဂတ်စစ်ပွဲတွေမှာမရှိ မဖြစ်ပါဝင်လာမယ့် စစ်ဆင်ရေးတစ်မျိုး ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးက အင်မတန်မှလည်း အဆင့်မြင့်မားပြီး ထိရောက်မှုပမာဏကလည်း ပြင်းထန်လွန်းပါတယ်။

အခုတရုတ်နိုင်ငံမှသိပ္ပံပညာရှင်များက 6G ဆက်သွယ်ရေးနည်းပညာကိုအသုံးပြုထားတဲ့ အီလက်ထရွန်နစ်စစ်ဆင်ရေး လက်နက်စနစ်တစ်မျိုးကို ဖန်တီးတီထွင်လိုက်ပါတယ်။ ဒီလက်နက်စနစ်က လက်ရှိအသုံးပြုနေတဲ့ ခေတ်မီစစ်သုံးရေဒါများထက် ပိုမိုစွမ်းအားပြင်းတယ်လို့ တီထွင်သူများက ပြောပါတယ်။

တရုတ်နိုင်ငံဆိုတာ 6G နည်းပညာမှာ ကမ္ဘာ့ထိပ်တန်းသို့ရောက်ရှိနေတဲ့နိုင်ငံကြီးတစ်ခုဖြစ်ပါတယ်။ South China Morning Post သတင်းဌာနရဲ့ထုတ်ပြန်ချက်အရဆိုရင် တရုတ်နိုင်ငံက 6G နည်းပညာနဲ့ပတ်သက်လို့ မူပိုင်ခွင့်အများဆုံးတင်ထားတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့သိရပါတယ်။

အခု 6G နည်းပညာသုံး လက်နက်စီမံကိန်းကို တရုတ်နိုင်ငံရှိ ဟွကျောင်းသိပ္ပံ နှင့်နည်းပညာတက္ကသိုလ်မှ ပါမောက္ခတိန့်လိုင်ဦးဆောင်တဲ့ ပညာရှင်များက ဖန်တီးထားတာဖြစ်ပြီး မထင်ရလောက်အောင် များပြားတဲ့ ဆက်သွယ်ရေးစွမ်းဆောင်ရည်များနဲ့လှိုင်းနှုန်းဖျက်နိုင်စွမ်း၊ လှိုင်းနှုန်းဖျက်မှုမှ ရှောင်ကွင်းနိုင်စွမ်းတို့ရှိတယ်လို့ ကုမ္ပဏီကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီစနစ်က Northrop Gru-mman ရဲ့ AN/APG-85 အဆင့်မြင့်ရေဒါ စနစ်ကို အဓိကပစ်မှတ် ထားတယ်လို့ဆို ပါတယ်။ အဲဒီရေဒါစနစ်ကို F-35 ကိုယ်ပျောက်တိုက်လေယာဉ်မှာ အသုံးပြုထားတာပါ။ ဒီစနစ်က ၁၂ ဂစ်ဂါဟတ်အထိရှိတဲ့ လှိုင်းနှုန်းများနဲ့ X-band မှာ အသုံးပြုထားတာဖြစ်ပါတယ်။

ရေဒါရှောင်ကွင်းနိုင်တဲ့စွမ်းဆောင်ရည်ပိုင်းမှာဆိုရင်လည်း ဒီစနစ်က ရန်သူ့လေယာဉ်မှူးများကို စိတ်ရှုပ်ထွေးစေမယ့် ပစ်မှတ်အတုပေါင်း ၃၆၀၀ ကျော်ကိုဖန်တီးပေးနိုင်စေပါတယ်။ သူ့မှာရှိတဲ့ တခြားစွမ်းဆောင်ရည်တွေထဲမှာ မြေပြင်အခြေ ပြုလှိုင်းနှုန်းဖျက်စနစ်၊ မြန်နှုန်းမြင့်ဆက်သွယ်ရေး ဗဟိုချက်၊ ဖန်ကြိုးမျှင်လေးတွေကနေတစ်ဆင့် သက်ဆိုင်ရာဆက်စပ်ကိရိယာပေါင်း ၃၀၀ ကျော်ဆီကို အလွန်များပြားလှတဲ့ တိုက်ပွဲသတင်းအချက်အလက်တွေပေးပို့သူအဖြစ် တာဝန်ထမ်းဆောင်နိုင်ခြင်း ပါဝင်ပါတယ်။

တရုတ်သိပ္ပံပညာရှင်များက သူတို့ရဲ့ နည်းပညာအဆင့်မြှင့်တင်နိုင်ဖို့အတွက် ဖိုတွန်နဲ့အီလက်ထရွန်တို့ကို ပေါင်းစပ်ပြီး မိုက်ခရိုဝေ့ဖိုတွန်နစ်စနစ်ကိုဖန်တီးကာအီလက်ထရွန်နစ်ရဲ့ကန့်သတ်ချက်တွေကို ကျော်လွှားသွားတာဖြစ်ပါတယ်။

သမားရိုးကျစနစ်တွေက လုပ်ငန်းတစ်ခုတည်းကိုသာ အာရုံစိုက်လုပ်ဆောင်နိုင်ပေမယ့် အခုစနစ်ကတော့ အာရုံခံခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ ထုတ်လွှင့်ခြင်းဆိုတဲ့လုပ်ငန်းတွေကို စွမ်းအင်ပမာဏအနည်းဆုံး အသုံးပြုပြီး ပေါင်းစပ်လုပ်ဆောင်နိုင်စွမ်းရှိတာဖြစ်ပါတယ်။

သုတေသနပညာရှင်များရဲ့လေ့လာတွေ့ရှိချက်အရဆိုရင် အလွန်မြင့်မားလှတဲ့ဆက်သွယ်ရေး အမြန်နှုန်းနဲ့ လှိုင်းနှုန်း ဖိဖျက်မှုစွမ်းရည်တွေကို တစ်ချိန်တည်း တစ်ပြိုင်တည်းရရှိစေနိုင်မယ့် ကမ္ဘာ့ပထမဆုံးသော   အတည်ပြုနိုင်တဲ့စနစ်တစ်ခု ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။

နောက်တစ်ခုက 6G နည်းပညာကိုတိုးတက်ထွန်းကားအောင် ဖန်တီးနိုင်ခြင်းက ဆက်သွယ်ရေးစနစ်၊ ရေဒါစနစ်နဲ့ အီလက်ထရွန်နစ်စစ်ဆင်ရေးစနစ်တို့ရဲ့လုပ်ဆောင်ချက်တွေကို တစ်နေရာတည်းမှာ ပေါင်းဆုံမိစေတာဖြစ်တယ်လို့ Acta Optica Sin-ica ဂျာနယ်မှာ သုတေသနပညာရှင်များက ရေးသားဖော်ပြ ထားတာ တွေ့ရှိရပါတယ်။                          

Ref: IE

ကိုထက်

MWD Web Portal

နည်းပညာသတင်း

ဟွန်ဒါက ပြန်သုံးနိုင်သော ဒုံးပျံကို အောင်မြင်စွာစမ်းသပ်နိုင်

ဂျပန်နိုင်ငံမှ ဟွန်ဒါကုမ္ပဏီဆိုတာ မော်တော်ကားတွေ၊ ဆိုင်ကယ်တွေ၊ အင်ဂျင်တွေကိုသာထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ အခုသူတို့ကုမ္ပဏီက လူအများအံ့ဩသွားစေမယ့်လုပ်ဆောင်ချက်တစ်ခုကို ထုတ်ဖော်ပြသလိုက်ပါတယ်။

အဲဒါကတော့ ပြန်သုံးနိုင်တဲ့ ဒုံးပျံကိုလက်တွေ့အောင်မြင်စွာစမ်းသပ်လိုက်နိုင်တာပါ။ သူတို့ရဲ့စမ်းသပ်မှုမှာ ဒုံးပျံကိုလွှတ်တင်မှုနဲ့ အဲဒီဒုံးပျံက အောင်မြင်စွာပြန်လည်ဆင်းသက်မှုတို့ပါဝင်ပါတယ်။ ဒီလိုမျိုးစမ်းသပ်မှုက ဟွန်ဒါကုမ္ပဏီအနေနဲ့ပထမဆုံးအကြိမ်ဖြစ်ပြီး ပထမဆုံးသော အောင်မြင်မှုလည်းဖြစ်ပါတယ်။

ဟွန်ဒါကုမ္ပဏီက ပြန်သုံးနိုင်တဲ့ဒုံးပျံကို ကိုယ်ပိုင်နည်းပညာနဲ့ ကိုယ်တိုင်ဖန်တီး ထုတ်လုပ်ထားတာပါ။ အလျားအားဖြင့် ၂၀ ဒသမ ၆ ပေ၊ အချင်းက ၃၃ ဒသမ ၄ လက်မနဲ့ အလေးချိန်က ၁၉၈၄ ပေါင်ရှိပါတယ်။ ရှေ့ပြေးပုံစံဖြစ်တဲ့ အဲဒီစမ်းသပ်ဒုံးပျံက အမြင့်ပေ ၈၈၉ ပေအထိကိုတက်သွားပြီး မြေပြင်ကို မတိမ်းမစောင်းဘဲပြန်ဆင်းသက်နိုင်တာပါ။ ဒါဟာအနာဂတ်ရဲ့ အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်မှုမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်လာမှာဖြစ်ပါတယ်။                         

ကျင်ငယ်ရည်ဖြင့် သွားတု၊ အရိုးတုများကိုဖန်တီးနိုင်

မိမိတို့ခန္ဓာကိုယ်မှထွက်ရှိတဲ့ ကျင်ငယ်ရည်ကို စွန့်ပစ်ပစ္စည်းအဖြစ်သာသတ်မှတ်ထားပေမယ့် တကယ်တမ်း သုတေသနပြုမှုတွေနဲ့အတူ အသုံးပြုတတ်မယ်ဆိုရင် တန်ဖိုးကြီးမား လှတဲ့အရာတွေကို ဖန်တီးပေးနိုင်စေမယ့်အရာဖြစ်ပါတယ်။အဲဒါတွေထဲမှာဆေးဘက်ဆိုင်ရာအသုံးပြုနိုင်တဲ့ပစ္စည်းများလည်း ပါဝင်ပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသနပညာရှင်များက တခြားအမေရိကန်၊ ဂျပန်ပညာရှင်များနဲ့ ပူးပေါင်းပြီး ကျင်ငယ်ရည်ကို ဟိုက်ဒရောဆီယာပတ်တိုက်သို့ ပြောင်းလဲပေးမယ့် တဆေးအတုစနစ်ကို ဖန်တီးလိုက်နိုင်ပါတယ်။ ဟိုက်ဒရောဆီ ယာပတ်တိုက်ဆိုတာ သွားတုတွေ၊ အရိုး တုတွေထုတ်လုပ်ရာ၊ ရှေးဟောင်းပစ္စည်း တွေကို တူးဖော်ထိန်းသိမ်းရာနဲ့ ဇီဝနည်းအရဆွေးမြည့်နိုင်တဲ့အရာတွေဖန်တီးရာမှာ ကျယ်ပြန့်စွာအသုံးပြုလျက်ရှိတဲ့ ကယ်ဆီယံဖော့စဖိတ်သတ္တုဖြစ်ပါတယ်။

ပညာရှင်များက  အခုတီထွင်လိုက်တဲ့ နည်းပညာဟာ ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်ခြင်း ဒါမှမဟုတ် တစ်ချိန်တည်းမှာရည်မှန်းချက်နှစ်ခုကိုအောင်မြင်ခြင်းပင်ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ တစ်ဖက်မှာ စွန့်ပစ်ပစ္စည်းများကိုအလဟဿမဖြစ်စေခြင်းနဲ့ အခြားတစ်ဖက်မှာတော့ စီးပွားဖြစ်အသုံးပြုနိုင်တဲ့ ကုန်ကြမ်းပစ္စည်းများကို ပြန်လည်ထုတ်လုပ်ပေးနိုင်ခြင်းဖြစ်ပါတယ်။ အခုလိုအသုံးဝင်တဲ့အရာတွေ ထွက်ပေါ်လာစေဖို့အချိန်ယူရတာကတစ်ရက်တာမျှသာဖြစ်တာကြောင့် ငွေကြေးကုန်ကျမှုနဲ့ အချိန်ကြာမြင့်မှုကိုသက်သာစေပါတယ်။                           

Axiom ကုမ္ပဏီ၏ Ax-4 ပုဂ္ဂလိက အာကာသမစ်ရှင်ကို လွှတ်တင်ရန် Space -X ကုမ္ပဏီနှင့် နာဆာတို့ စီစဉ်ထား

ဝါရှင်တန် ဇွန် ၁၈

Axiom ကုမ္ပဏီ၏ Ax -4  ပုဂ္ဂလိက အာကာသမစ်ရှင်ကို ဇွန် ၁၉ ရက်တွင် လွှတ်တင်ရန် Space x ကုမ္ပဏီနှင့် အမေရိကန် အစိုးရ အမျိုးသားလေကြောင်းနှင့် အာကာသ စီမံခန့်ခွဲရေးအေဂျင်စီ (နာဆာ)တို့ စီစဉ်ထားကြောင်း ဇွန် ၁၇ ရက် သတင်းများအရ သိရသည်။

နိုင်ငံတကာအာကာသစခန်းဓာတ်ငွေ့ယိုစိမ့်မှုပြဿနာကို ဖြေရှင်းခဲ့ပြီးနောက် No-4 မစ်ရှင်ကို ဇွန် ၁၉ ရက်တွင် လွှတ်တင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

Ax-4 မစ်ရှင်အရ ပုဂ္ဂလိက အာကာသခရီးသည် လေးဦးလိုက် ပါမည့် Crew Dragon အာကာသ လူသယ်ယာဉ်ကို ဖယ်လ်ကွန်-၉ ဒုံးပျံဖြင့် နိုင်ငံတကာအာကာသ စခန်းသို့ လွှတ်တင်မည်ဖြစ်သည်။ 

Space X ကုမ္ပဏီသည် Ar -4 မစ်ရှင်ကို ဇွန် ၁၁ ရက်က လွှတ်တင်ရန် စီစဉ်ထားသော်လည်း ဖယ်လ်ကွန်-၉ ဒုံးပျံသည် ဓာတ်ငွေ့ယိုစိမ့်မှုနှင့် နောက်ပိုင်းတွင် နိုင်ငံတကာ အာကာသစခန်း ဓာတ်ငွေ့ယိုစိမ့်မှု ပြဿနာတို့ကြောင့် လွှတ်တင်ရေးအစီအစဉ်ကို ဆိုင်းငံ့ထားခဲ့ရခြင်းဖြစ်သည်။ 

နိုင်ငံတကာအာကာသစခန်း ဗက်ဇဒါပင်မကိုယ်ထည်၌ ဖြစ်ပွားနေသည့် ဓာတ်ငွေ့ယိုစိမ့်မှု ပြဿနာကို ဖြေရှင်းထားပြီးဖြစ်ကြောင်း နာဆာအဖွဲ့က သတင်းထုတ် ပြန်ထားသည်။

Ax-4 မစ်ရှင် ပုဂ္ဂလိကအာကာ သခရီးသည်လေးဦးတို့သည် နိုင်ငံတကာအာကာသစခန်း၌ သီတင်း နှစ်ပတ်ခန့်နေထိုင်၍ သိပ္ပံပညာ စမ်းသပ်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

Ref: Xinhua News

Trs: KKO

YDNB Newspaper

Photo - Axiom