သတင်းများ

ဆိုးလ် ဇွန် ၁၉

တောင်ကိုရီးယားနိုင်ငံတွင် မိုးရာသီ ဝင်ရောက်လာပြီး မိုးရွာသွန်းမှုများလည်း ယနေ့မှစတင်နေပြီဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ပြည်ထဲရေးဝန်ကြီးက သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း ယနေ့ သတင်းများတွင်ဖော်ပြထားသည်။
မိုးရာသီအတွင်း ပြည်သူများ အန္တရာယ် ကင်းစေရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကိုလည်း ကြိုတင်ပြင်ဆင်မှုများနှင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ပြုလုပ်ထားရန် ပြည်ထဲရေးဝန်ကြီးက ထုတ်ပြန်ထားကြောင်း၊ ပြည်ထဲရေးဝန်ကြီးသည် ဆိုးလ်မြို့တွင်အစိုးရအဖွဲ့ဝင်များဖြင့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး ဖြစ်ပေါ်လာနိုင်သည့်သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ မိုးရာသီကာလအတွင်း မိုးရွာသွန်း မှုများနှင့်ပတ်သက်ပြီး ပြည်သူများ အတွက် မိုးလေဝသခန့်မှန်းချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ် ကြောင်းလည်း Korea Meteorological Administration (KMA) က ထုတ်ပြန်ခဲ့သည်။

“တောင်ကိုရီးယားနိုင်ငံမှာ မိုးရာသီ စတင်ပြီဖြစ်ပါတယ်။ မိုးရာသီအတွင်း ရင်ဆိုင်ရနိုင်တဲ့ သဘာဝဘေးဒဏ်တွေနဲ့ပတ်သက်ပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ စီစဉ်နေပါပြီ။ အဓိကကတော့ ရေကြီးရေလျှံမှုအတားအဆီးတွေ တည်ဆောက်သွားဖို့ ပြင်ဆင်သွားပါ မယ်”ဟု ပြည်ထဲရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

Ref: Sputnik News

Trs: Sai Sat

YDNB Newspaper

ငလျင်အလွန်မြန်မာနိုင်ငံ၏ပြန်လည်ထူထောင်ရေးတိုးတက်မှုနှေးကွေးနေ

ဇွန် ၁၉

မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလျံရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့ ဦးတည်နေသည်ဟုဆိုသည်။

အပြည့်အစုံဖတ်ရှုရန်- https://sacministry.gov.mm/my/subject/7305

ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၌ စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်နိုင်ရန် အမျိုးသားပို့ကုန်ဆိုင်ရာ မဟာဗျူဟာများ မျှဝေဖလှယ်ခြင်းဆိုင်ရာ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

နေပြည်တော် ဇွန် ၁၉

ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၌ စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရန် အမျိုးသားပို့ကုန်ဆိုင်ရာမဟာဗျူဟာများ မျှဝေဖလှယ်ခြင်းဆိုင်ရာ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ (Regional Workshop on Sharing National Export Strategies to Enhance Agricultural Trade & Investment in BIMSTEC) ကို ယမန်နေ့ နံနက် ၉ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်က သဘာပတိအဖြစ် ဆောင်ရွက်သည်။

ဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာစားရေရိက္ခာနှင့် မူဝါဒသုတေသနမှ ကျွမ်းကျင်ပညာရှင်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ဘင်းမ်စတက်အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိ ကဏ္ဍများအနက် စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေးကဏ္ဍအား ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇) အရ ယနေ့ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် ဘင်းမ်စတက်ဒေသတွင်းနိုင်ငံများ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ လယ်သမားများ၏ လူနေမှုဘဝမြှင့်တင်ရေးတို့အတွက် အမျိုးသားပို့ကုန်ဆိုင်ရာ မဟာဗျူဟာများ၏ အခန်းကဏ္ဍကို အပြည်ပြည်ဆိုင်ရာ စားရေရိက္ခာ မူဝါဒသုတေသနဌာန၏ ကျွမ်းကျင်ပညာရှင်က လည်းကောင်း၊ ဘင်းမ်စတက်ဒေသတွင်းရှိ စိုက်ပျိုးရေးထွက်ကုန်များ၏ ကုန်သွယ်ရေး လွယ်ကူချောမွေ့စေရေးအတွက် ကြုံတွေ့ရသော စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် ကုန်သွယ်မှု ဆိုင်ရာ အတားအဆီးများကို သတ်မှတ်ဖော်ထုတ်ခြင်းခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဥက္ကဋ္ဌကလည်းကောင်း၊ ဘင်းမ်စတက်ဒေသတွင်းရှိ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုအလားအလာကောင်းများ၊ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများအပေါ် ခြုံငုံသုံးသပ်ခြင်း၊ အဖွဲ့ဝင်နိုင်ငံများရှိ အမျိုးသားပို့ကုန်ဆိုင်ရာ မဟာဗျူဟာများ၊ အလားအလာရှိသော ရင်းနှီးမြှုပ်နှံမည့်နယ်ပယ်များ စသည်တို့ကို ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များကလည်းကောင်း တင်ပြဆွေးနွေးကြပြီး ဘင်းမ်စတက်ဒေသတွင်းရှိ စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရန် အမျိုးသားပို့ကုန်ဆိုင်ရာ မဟာဗျူဟာများ မျှဝေဖလှယ်ခြင်းနှင့် သက်ဆိုင်သည့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို သတ်မှတ်ဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

MNP

ယနေ့ညနေ ၅ နာရီခွဲအချိန်တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလား ပြည်နယ်တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း ယနေ့ညမှ ဇွန်၂၅ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ ထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁ဝ ပေ မှ ၁၂ ပေခန့်ရှိနိုင်သည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့်   ဆည်မြောင်း တာတမံများအနေ​ဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် သတိပေးနှိုးဆော်အပ်ပါသည်။

(မိုး/ဇလ)

အိန္ဒိယ၌အရေးပေါ် ဆင်းသက်ရသည့် ဗြိတိန်မှ F-35B လေယာဉ် လေဆိပ်တွင် သောင်တင်နေ

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ သီရူဗာနမ် သာပူရမ်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ရသည့် ဗြိတိန်မှ F-35B တိုက်လေယာဉ်သည် ယခုအခါ လေဆိပ်တွင်သောင်တင်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလေယာဉ်သည် ပြီးခဲ့သည့် သီတင်းပတ်တွင် နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကြောင့် အိန္ဒိယရှိလေဆိပ်သို့ အရေးပေါ် ဆင်းသက်ရခြင်းဖြစ်ပြီး ယခု အချိန်အထိ ပြင်ဆင်မှုများ လုပ်ဆောင်၍ မပြီးသေးဘဲ သောင်တင်နေခြင်းဖြစ်သည် ဟု ဒေသတွင်းသတင်း ဌာနများက ဇွန်လ ၁၉ ရက်တွင် ဖော်ပြထားသည်။

ထိုတိုက်လေယာဉ်သည် HMS Prince of Wales လေယာဉ်တင်သင်္ဘော ဦးဆောင်သည့် တိုက်ခိုက်ရေးအုပ်မှ တိုက်လေယာဉ် ဖြစ်သည်။ အိန္ဒိယရေတပ်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ပြီးနောက် ယခုကဲ့သို့ နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ တိုက်လေယာဉ်ကို လော့ဟိမာ တင်ကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်ပြီး လေယာဉ်တင် သင်္ဘောများတွင် ဒေါင်လိုက် အတက်၊ အဆင်းလုပ်နိုင်အောင် ဒီဇိုင်းဆွဲ ထားခြင်းဖြစ်သည်။     

MWD Web Portal

အမျိုးသမီးများကို တရုတ်ယောက်ျားယူရန် ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြသူများအား လူကုန်ကူးမှုဖြင့်အလုပ်နှင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဇွန် ၁၈

အမျိုးသမီးများကို တရုတ်ယောက်ျားယူရန် ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရှမ်းပြည်နယ်၊ နမ္မတူမြို့နေ မ-----/၁၇/၂၀၂၅ နှစ်နှင့် မ-----/၁၆/၂၀၂၅ နှစ်တို့ နှစ်ဦးသည် ၂၀၂၃ ခုနှစ် (ရက်/လ) မမှတ်မိတွင် မူဆယ်မြို့ ဂိမ်းဆိုင်တွင် အလုပ်လုပ်ကိုင်နေစဉ် မဆိုင်ဟွမ်နှင့် ယခင်က လားရှိုးမြို့ Spa ဆိုင်၌ အလုပ်အတူ လုပ်ကိုင်ခဲ့သူ မခမ်းလင်းက Tik Tok @User 217194 7360280 အကောင့်ဖြင့် ဆက်သွယ်၍ တရုတ်ကောင်မလေးလုပ်ရမည်၊ ယွမ် ၃၅၀၀၀ ရရှိမည်၊ မပျော်ပါက ပြန်ခေါ်ပေးမည်ဟု စည်းရုံးကာ မခမ်းလင်းက စိုင်းခမ်းကော်နှင့် ဇနီး မနန်းယွမ်းယာ တို့ထံ ချိတ်ဆက်ပေးခဲ့ပြီး အဆိုပါလင်မယားက တရုတ်နိုင်ငံနေသူ မအေနန်းထံ ၎င်းတို့နှစ်ဦး၏ ဓာတ်ပုံရိုက်ယူ၍ ပို့ဆောင်ပေးခဲ့ကြောင်း စိုင်းခမ်းကော်မှ ၎င်းတို့နှစ်ဦးအား မူဆယ်-သိန္နီ-နမ့်တစ်သို့ ကားအဆင့်ဆင့်ဖြင့် ခေါ်ဆောင်ကာ အမည်မသိ တည်းခိုခန်းသို့ ပို့ဆောင်ခဲ့စဉ် ၎င်းအမျိုးသမီးငယ် နှစ်ဦးက တရုတ်ယောက်ျားယူရန် ဆန္ဒမရှိတော့၍ မူဆယ်မြို့သို့ ထွက်ပြေးလာခဲ့သဖြင့် စိုင်းခမ်းကော်ပါ လေးဦးအား ရဲအုပ်ခိုင်ထူးဗိုလ် မူဆယ်တပ်ဖွဲ့စု (၁၇) မှ တရားလို ပြုလုပ်တိုင်တန်းခဲ့ပြီး မူဆယ်မြို့မရဲစခန်း (ပ)၈၂/၂၀၂၅၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေး ဖွင့် တရားစွဲတင်ပို့ခဲ့သည်။

မူဆယ်ခရိုင် တရားရုံးမှ ဇွန် ၁၆ ရက်တွင် တရားခံစိုင်းခမ်းကော် ရပ်ကွက်(၆) နောင်ပိန်ရွာ ကျောက်မဲမြို့ ရှမ်းပြည်နယ်နှင့် မနန်းယွမ်းယာပုံဟရွာ စလန်းပုန်ထွန်အုပ်စု မိုင်းရယ်မြို့ ရှမ်းပြည်နယ်တို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က) ဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန်နှင့် တိမ်းရှောင် တရားခံ မခမ်းလင်း အေးမေတ္တာ ဘုန်းကြီးကျောင်း အနီး အမှတ် (၂) ရပ်ကွက် ကျောက်မဲမြို့ ရှမ်းပြည်နယ်နှင့် မအေနန်း မိန်းတိန်မြို့ တရုတ်နိုင်ငံနေသူတို့ နှစ်ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

MOI

Axiom ကုမ္ပဏီ၏ Ax-4 ပုဂ္ဂလိက အာကာသမစ်ရှင်ကို လွှတ်တင်ရန် Space -X ကုမ္ပဏီနှင့် နာဆာတို့ စီစဉ်ထား

ဝါရှင်တန် ဇွန် ၁၈

Axiom ကုမ္ပဏီ၏ Ax -4  ပုဂ္ဂလိက အာကာသမစ်ရှင်ကို ဇွန် ၁၉ ရက်တွင် လွှတ်တင်ရန် Space x ကုမ္ပဏီနှင့် အမေရိကန် အစိုးရ အမျိုးသားလေကြောင်းနှင့် အာကာသ စီမံခန့်ခွဲရေးအေဂျင်စီ (နာဆာ)တို့ စီစဉ်ထားကြောင်း ဇွန် ၁၇ ရက် သတင်းများအရ သိရသည်။

နိုင်ငံတကာအာကာသစခန်းဓာတ်ငွေ့ယိုစိမ့်မှုပြဿနာကို ဖြေရှင်းခဲ့ပြီးနောက် No-4 မစ်ရှင်ကို ဇွန် ၁၉ ရက်တွင် လွှတ်တင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

Ax-4 မစ်ရှင်အရ ပုဂ္ဂလိက အာကာသခရီးသည် လေးဦးလိုက် ပါမည့် Crew Dragon အာကာသ လူသယ်ယာဉ်ကို ဖယ်လ်ကွန်-၉ ဒုံးပျံဖြင့် နိုင်ငံတကာအာကာသ စခန်းသို့ လွှတ်တင်မည်ဖြစ်သည်။ 

Space X ကုမ္ပဏီသည် Ar -4 မစ်ရှင်ကို ဇွန် ၁၁ ရက်က လွှတ်တင်ရန် စီစဉ်ထားသော်လည်း ဖယ်လ်ကွန်-၉ ဒုံးပျံသည် ဓာတ်ငွေ့ယိုစိမ့်မှုနှင့် နောက်ပိုင်းတွင် နိုင်ငံတကာ အာကာသစခန်း ဓာတ်ငွေ့ယိုစိမ့်မှု ပြဿနာတို့ကြောင့် လွှတ်တင်ရေးအစီအစဉ်ကို ဆိုင်းငံ့ထားခဲ့ရခြင်းဖြစ်သည်။ 

နိုင်ငံတကာအာကာသစခန်း ဗက်ဇဒါပင်မကိုယ်ထည်၌ ဖြစ်ပွားနေသည့် ဓာတ်ငွေ့ယိုစိမ့်မှု ပြဿနာကို ဖြေရှင်းထားပြီးဖြစ်ကြောင်း နာဆာအဖွဲ့က သတင်းထုတ် ပြန်ထားသည်။

Ax-4 မစ်ရှင် ပုဂ္ဂလိကအာကာ သခရီးသည်လေးဦးတို့သည် နိုင်ငံတကာအာကာသစခန်း၌ သီတင်း နှစ်ပတ်ခန့်နေထိုင်၍ သိပ္ပံပညာ စမ်းသပ်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

Ref: Xinhua News

Trs: KKO

YDNB Newspaper

Photo - Axiom

ဂျိမ်းစ်ဝက်ဘ်အာကာသရေဒီယိုတယ်လီစကုပ်က အအေးဓာတ်အပြင်းထန်ဆုံး၊ သက်တမ်းရှေးအကျဆုံးနှင့်အလင်းအားအနည်းဆုံးဂြိုဟ်တစ်စင်းကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့

ဝါရှင်တန် ဇွန် ၁၈

အမေရိကန်အစိုးရအမျိုးသား လေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအေဂျင်စီ(နာဆာ) ၏ ဂျိမ်းစ်ဝက်ဘဲ အာကာသရေဒီယို တယ်လီစကုပ်သည် အအေးဓာတ် အပြင်းထန်ဆုံး သက်တမ်း ရှေးအကျဆုံးနှင့် အလင်းအားအနည်းဆုံး ဂြိုဟ်တစ်စင်းကို တိုက်ရိုက် ဓာတ်ပုံ ရိုက်ကူးနိုင်ခဲ့ကြောင်း ဇွန် ၁၇ ရက် သတင်းများအရ သိရသည်။

14 Her C အမည်ရှိ အဆိုပါ ဂြိုဟ်သည် ကမ္ဘာမြေနှင့် အလင်း နှစ် ၆၀ ခန့်အကွာတွင်ရှိသည့် ကြယ်တစ်စင်းကို ဗဟိုပြုလှည့် ပတ်လျက်ရှိသည်။

ဂျိမ်းစ်ဝက် အာကာသရေဒီယို တယ်လီစကုပ်ရိုက်ကူးထားသော ဓာတ်ပုံများထဲတွင် 14 Her C ဂြိုဟ်ကို လိမ္မော်ရောင်အစက် အပြောက်ငယ်တစ်ခုအဖြစ် တွေ့

မြင်နိုင်သည်။ 
14 Her C ဂြိုဟ်သည် သက် တမ်းအားဖြင့် နှစ်ပေါင်း လေး ဘီလီယံခန့်ရှိပြီး လေထုလွှာအပူ ချိန်မှာ အနှုတ် သုံးဒီဂရီဆဲလ်စီယပ်စ်ထိသာရှိရာ အအေးဓာတ် အလွန်ပြင်းထန်သော ဂြိုဟ်တစ် စင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များ က ပြောကြားသည်။

အဆိုပါဂြိုဟ်သည် မိခင်ကြယ် ဖြစ်သည့် 14 Her ကြယ်ကို မိုင် ပေါင်း ၁ ဒသမ ၄ ဘီလီယံအကွာ မှတစ်ဆင့် လှည့်ပတ်နေကြောင်း သိရသည်။

အအေးဓာတ်ပြင်းထန်သော၊ သက်တမ်းရှေးကျသော 14 Her C ကဲ့သို့သော ဂြိုဟ်များမှာ တိုက်ရိုက် ဓာတ်ပုံရိုက်ကူးရန် အလွန်ခက်ခဲ သည့် ဂြိုဟ်များဖြစ်ကြောင်း သိရသည်။

ဥရောပအာကာသအေဂျင်စီ၏ ဂြိုဟ်တုနှစ်စင်းက တိကျစွာနေရာယူ ယှဉ်တွဲပျံသန်းခြင်းဖြင့် ကမ္ဘာ့ပထမဆုံးနေကြတ်မှုဖြစ်စဉ်တုကို ဖန်တီးနိုင်ခဲ့

ပဲရစ် ဇွန် ၁ဝ

ဥရောပအာကာသအေဂျင်စီ ၏ ဂြိုဟ်တုနှစ်စင်းသည် တိကျစွာ နေရာယူ ယှဉ်တွဲပျံသန်းခြင်းဖြင့် ကမ္ဘာ့ပထမဆုံးနေကြတ်မှုဖြစ်စဉ် တုကို ဖန်တီးနိုင်ခဲ့ကြောင်း ဇွန် ၁၇ ရက် သတင်းများအရ သိရသည်။ 

ပရိုဘာ-၃ မစ်ရှင်ဂြိုဟ်တု နှစ် စင်းဖန်တီးထားသော နေကြတ်မှု ဖြစ်စဉ်တုဓာတ်ပုံများကို ဥရောပအာကာသအေဂျင်စီက ဇွန် ၁၆ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

ပရိုဘာ-၃ မစ်ရှင် ဂြိုဟ်တု နှစ် စင်းသည် တစ်စင်းနှင့် တစ်စင်း မီတာ ၁၅၀ ခွာ၍ နေရာယူပျံသန်း ပြီး ကမ္ဘာ့ပထမဆုံး ဆုံး နေကြတ်မှု ဖြစ်စဉ်တုကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပရိုဘာ-၃ မစ်ရှင် ဂြိုဟ်တု နှစ် စင်းသည် စမ်းသပ်ဆဲကာလများ တွင်လည်း နေကြတ်မှုဖြစ်စဉ်တု များကို ၁၀ ကြိမ်ထိ ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပရိုဘာ-၃ မစ်ရှင် ဂြိုဟ်တု နှစ် စင်းသည် မစ်ရှင်သက်တမ်း နှစ်နှစ် အတွင်း နေကြတ်မှုဖြစ်စဉ်တု ၂ဝဝ ခန့်ထိ ဖန်တီးမည်ဖြစ်သည်။

အမေရိကန်ဒေါ်လာသန်း ၂၁၀ တန်ဖိုးရှိ ပရိုတာ-၃ မစ်ရှင်ကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဥရောပအာကာသ အေဂျင်စီက လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Russia Today

Tis: KKO

weather forecast

ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ စစ်ကိုင်းတိ

ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ခန္တီးမြို့တွင် ၈.၆၆ လက်မ၊ ကျောက်ဖြူမြို့တွင် ၅.၆၉ လက်မ၊ ကျိုက္ခမီမြို့တွင် ၂.၆၄ လက်မ၊ ဥက္ကံမြို့တွင် ၂.၅၆ လက်မ၊ စစ်တွေမြို့တွင်  ၂.၁၃ လက်မ၊ ကျိုက်လတ်မြို့တွင် ၂.၁၀ လက်မ၊ ချောင်းဆုံမြို့တွင် ၁.၉၇ လက်မ၊ မအူပင်မြို့တွင် ၁.၇၃ လက်မနှင့် ရေးမြို့နှင့် ပင်လောင်းမြို့တို့တွင် ၁.၅၄ လက်မစီတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၃:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ ဂျက်ခမ်းပြည်နယ်နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြု အပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါ သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။

နောက် ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးပိုနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။            မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။                 မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။                နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးဇလ