သတင်းများ

အရှေ့အလယ်ပိုင်း ဝေဟင်ပိုင်နက်များကို နိုင်ငံတကာလေကြောင်းလိုင်းများ ရှောင်ကွင်းပျံသန်းနေရ

လန်ဒန် ဇွန် ၂၂

အီရန်နျူကလီးယား အဆောက်အအုံများကို အမေရိကန်နိုင်ငံက ယနေ့တွင်တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းများအနေဖြင့် အရှေ့အလယ်ပိုင်း ဝေဟင်ပိုင်နက် အတော်များများကို ဆက်လက်ရှောင်ကွင်းပျံသန်းနေရကြောင်း သိရသည်။ လေကြောင်းခရီးစဉ်စောင့်ကြည့်ရေးဝက်ဘ်ဆိုက်များ၏အဆိုအရ ယနေ့တွင် နိုင်ငံတကာလေကြောင်း လိုင်းများအနေဖြင့်အီရန်၊ အစ္စရေး၊ အီရတ်နှင့်ဆီးရီးယားဝေဟင်များကို ရှောင်ကွင်းပျံသန်းနေကြဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါဝေဟင်ပိုင်နက်များကို ဖြတ်သန်းရမည့် လေကြောင်းလမ်းများနေရာတွင် ကက်စပီယံ ပင်လယ်ဖြတ် လေကြောင်းလမ်းများ၊ အီဂျစ်နှင့် ဆော်ဒီအာရေဗျ ဝေဟင်ပိုင်နက်လေလမ်းကြောင်းများအစားထိုးအသုံးပြုနေရကြောင်း လေကြောင်းခရီးစဉ် စောင့်ကြည့်ရေးဝက်ဘ်ဆိုက်များက သတင်း ထုတ်ပြန်ထားသည်။

အစ္စရေးနိုင်ငံက ဇွန် ၁၃ ရက် တွင်အီရန်နျူကလီးယားအဆောက်အအုံများကို စစ်ရေးအရစတင် တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းများ အနေဖြင့် အရှေ့အလယ်ပိုင်းဝေဟင်ပိုင်နက်များကို စတင်ရှောင်ရှားခဲ့ရသည်။

လက်ရှိအချိန်တွင် အစ္စရေးနှင့် အီရန်ပဋိပက္ခမှာ ယနေ့တွင် ၁၀ ရက်တာကာလအတွင်း ဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။

Ref: Xinhua

Trs: KKO

YDNB Newspaper

Photo - CNA

နေရာကွက်၍မိုးကြီးနိုင်

မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယား - ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။

(မိုး/ဇလ)

Photo - Spectrum News

ရွှေတိဂုံစေတီတော်သို့ ယခုနှစ်ငါးလတာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် သုံးသောင်းကျော် လာရောက်ဖူးမြော်

ရန်ကုန် ဇွန် ၂၂

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ ငါးလတာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် သုံးသောင်း ကျော် လာရောက်ဖူးမြော်ကြကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပက အဖွဲ့မှ သိရသည်။

အဆိုပါကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုအနေဖြင့် ဇန်နဝါရီလက ၈၈၂၁ ဦး၊ ဖေဖော်ဝါရီလက ၇၆၄၀ ဦး၊ မတ်လက ၇၅၀၂ ဦး၊ ဧပြီလက ၄၁၇၃ ဦး၊ မေလက ၅၂၆၂ ဦး စုစုပေါင်း ၃၃၃၉၈ ဦးနှင့် ပြည်တွင်းခရီးသွားဝင်ရောက်မှုအနေဖြင့် ၃၀၉၉၆၉၀ ဦး ရှိကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်သို့ ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှုတွင် အာရှ၊ ဥရောပ၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံသားများ အများဆုံးလာ ရောက်လည်ပတ်ကြကြောင်း သိရသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့သည် ရပ်နီးရပ်ဝေးမှဘုရားဖူးများအဆင်ပြေစေရန်နှင့် စိတ်အေးချမ်းသာစွာဖူးမြော်နိုင်ရန် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ နံနက် ၅ နာရီ မှ ည ၉ နာရီအတွင်း ဖွင့်လှစ်ပေးလျက်ရှိရာမှ ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်မှစတင်ကာ ဘုရားဖူးမြော်ချိန်ကို နံနက် ၄ နာရီမှ ည ၁ဝ နာရီအတွင်း တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ဝန်းရံခ

 MWD Web Portal

အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက် အအုံသစ်ကို ကော့သောင်းမြို့တွင်ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ပြီးခဲ့သည့် ဇွန်လ (၂) ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံသစ်ကို မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လူမှုစီးပွား ဆက်သွယ်ရေးကို မြှင့်တင်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး နယ်စပ်ဖြတ်သန်းမှု စနစ်တကျ ဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသင်္ဘောများနှင့် စက်လှေများ မြို့မဆိပ်ခံတံတားကို ပိုမို ဝင်/ထွက် ဆိုက်ကပ်လာ၍ တိုးတက်လာသည့်အတွက် နှစ်ပေါင်း (၆၀) ခန့် အဆောက်အအုံကို မြန်မာ့ယဉ်ကျေးမှု အနုသုခုမလက်ရာများဖြင့် နိုင်ငံတကာအဆင့်မီ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက် ဂိတ်အဆောက်အအုံအဖြစ် ပြင်ဆင်တည်ဆောက်ထားသည်။

ထို့ပြင် ခရီးသွားရာသီများတွင် နေ့ချင်းပြန်နှင့် ညအိပ် ကျွန်းအလည်အပတ် ခရီးစဉ်များဖြင့် လာရောက်လည်ပတ်ပြီး ကော့သောင်းမြို့၏ ရေ၊ မြေ၊ တော၊ တောင်တို့၏ သဘာဝအလှတရားများကို ကြည့်ရှုခံစားမည့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်ရန်လည်း ရည်ရယ်ထားကြောင်း သိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်သစ်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေကျပ် (၁,၆၉၇.၁၄) သန်းဖြင့် ၂၀၂၃ ခုနှစ်မှ စတင်ပြီး နောင်ရိုး မြန်မာဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး သံကူကွန်ကရစ် အဆောက်အဦး အမျိုးအစားဖြစ်ကာ အလျား (၁၂၀) ပေ၊ အနံ (၆၀) ပေ၊ အမြင့် (၁၄) ပေ ရှိပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု လွှမ်းခြုံသော ခေတ်မီဗိသုကာဒီဇိုင်းဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

Source: Popular Myanmar

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၉ ဦး ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

နေပြည်တော် ဇွန် ၂၁

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့- မဲ့ထော်သလေး (KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၆ ဦး၊ အိန္ဒိယနိုင်ငံသားတစ်ဦး၊ နီပေါနိုင်ငံသားတစ်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး စုစုပေါင်း ၂၉ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးဌာန ဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီးဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ မှ ဇွန် ၂၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၇၀ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၉၀၆ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၆၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MNP

ဇွန်လကုန်မှာ မြင်တွေ့ရတော့မယ့် Xiaomi ရဲ့ လျှပ်စစ်စွမ်းအင်သုံး YU7 SUV

Xiaomi ကုမ္ပဏီဆိုတာ တရုတ်နိုင်ငံရဲ့နည်းပညာကုမ္ပဏီတစ်ခုဖြစ်သလို အရင်တုန်းကဖုန်းများနဲ့ လူသုံးလျှပ်စစ်ပစ္စည်းများကိုသာ ထုတ်လုပ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားများကိုပါ အောင်မြင်စွာ ထုတ်လုပ်လာနိုင်တာကိုတွေ့ရပါတယ်။ သူတို့ရဲ့ ပထမဆုံးသော လျှပ်စစ်ကားအမျိုးအစားက SU7 ဖြစ်ပါတယ်။ SU7 ကိုထုတ်လုပ်မှုနဲ့အတူ အောင်မြင်မှုလည်းရရှိထားပါတယ်။ ဒါကြောင့် Xiaomi အနေနဲ့ သူတို့ရဲ့အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် နောက်ထပ် လျှပ်စစ်စွမ်းအင်သုံးကား တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ အဲဒါကတော့ YU7 ပါပဲ။ SU7 က Sedan ကားဖြစ်ပေမယ့် YU7 ကတော့ SUV အမျ

Xiaomi ကုမ္ပဏီဆိုတာ တရုတ်နိုင်ငံရဲ့နည်းပညာကုမ္ပဏီတစ်ခုဖြစ်သလို အရင်တုန်းကဖုန်းများနဲ့ လူသုံးလျှပ်စစ်ပစ္စည်းများကိုသာ ထုတ်လုပ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားများကိုပါ အောင်မြင်စွာ ထုတ်လုပ်လာနိုင်တာကိုတွေ့ရပါတယ်။ သူတို့ရဲ့ ပထမဆုံးသော လျှပ်စစ်ကားအမျိုးအစားက SU7 ဖြစ်ပါတယ်။ SU7 ကိုထုတ်လုပ်မှုနဲ့အတူ အောင်မြင်မှုလည်းရရှိထားပါတယ်။ ဒါကြောင့် Xiaomi အနေနဲ့ သူတို့ရဲ့အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် နောက်ထပ် လျှပ်စစ်စွမ်းအင်သုံးကား တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ အဲဒါကတော့ YU7 ပါပဲ။ SU7 က Sedan ကားဖြစ်ပေမယ့် YU7 ကတော့ SUV အမျိုးအစားဖြစ်ပါတယ်။

Xiaomi ကုမ္ပဏီက YU7 SUV ကိုထုတ်လုပ်ထား ပြီးဖြစ်ပေမယ့်လည်း ဇူလိုင်လမှသာ တရားဝင်ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီကအစောပိုင်းမှာပြော ထားပါတယ်။ ဒါပေမဲ့ မကြာသေးမီကထွက်ပေါ်လာတဲ့ ကုမ္ပဏီအမှုဆောင်ချုပ်နဲ့တည်ထောင်သူရဲ့ ပြောစကားတစ်ခုကြောင့် YU7 SUV က ယခင်သတ်မှတ်ထားတဲ့အချိန်ထက် ပိုစောပြီးထွက်ပေါ်လာဖို့ရှိနေပါတယ်။ ကုမ္ပဏီအမှုဆောင်ချုပ်နဲ့တည်ထောင်သူ လေးကျွန်းက သူတို့အနေနဲ့ YU7 SUV ကို ဒီလကုန် မှာမြင်တွေ့ရစေဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်ဆိုပြီး လူမှုကွန်ရက်မှာတင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် အရင်တုန်းက ဇူလိုင်လမှသာထွက် ပေါ်လာဖို့ရှိနေတဲ့ YU7 SUV ကို အခုလကုန်မှာမြင်တွေ့ရတော့မှာပါ။ အခုဆိုရင်ပဲ တရုတ်နိုင်ငံရဲ့မြို့ပေါင်း ၈၆ မြို့နယ်ရှိ အရောင်းဆိုင်ပေါင်း ၃၁၇ ဆိုင်မှာပြသမယ့် YU7 SUV တွေက ဇွန်လလယ်ကတည်းကရောက်ရှိနေပါပြီ။

SU7 လျှပ်စစ်စွမ်းအင်သုံးကားနဲ့အောင်မြင်မှုရရှိထားတဲ့ Xiaomi ကုမ္ပဏီက အခုတစ်ခေါက်မှာလည်း ဝယ်ယူသူများရဲ့ စိတ်ဝင်စားမှုကိုအမြင့်ဆုံးရရှိထား ပါတယ်။ မေလနှောင်းပိုင်းမှာ Xiaomi ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ လုဝေဘင်းက အခုတစ်ကြိမ် YU7 SUV ကိုမှာယူဖို့အတွက် ကြိုတင်ငွေပေးချေကြသူအရေအတွက် က SU7 မှာတုန်းက  ကြိုတင်ငွေပေးချေသူအရေအတွက်ထက် သုံးဆပိုများတယ်လို့ဆိုထားပါတယ်။ ကုမ္ပဏီက YU7 SUV နဲ့ပတ်သက်ပြီး အမွှမ်းတင် ပြောဆိုထားမှုတွေ ရှိပေမယ့်လည်း အရေးကြီးတဲ့ အရာတစ်ခုကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပါဘူး။ အဲဒါကတော့ YU7 SUV ရဲ့ဈေးနှုန်းပါပဲ။

တချို့ကလည်း YU7 SUV ရဲ့ဈေးနှုန်းက ယွမ် ၂၃၅၉၀၀ ရှိတယ်လို့ဆိုကြပေမယ့် လေးကျွန်းက ဒီပြောဆိုမှုတွေကို ငြင်းဆိုထားပါတယ်။ ဒါ့အပြင် YU7 SUV ရဲ့ဈေးနှုန်းက SU7 ရဲ့ဈေးနှုန်းကြားကွာခြားမှု ရှိမှာဖြစ်ပြီး အဲဒီကွာခြားမှုက ယွမ် ၂၀၀၀၀ ထက်ပိုမယ်လို့လည်း ပြောထားပါတယ်။ အရင်ထုတ်လုပ် ခဲ့တဲ့ SU7 ရဲ့ဈေးနှုန်းက ယွမ် ၂၁၅၉၀၀ ကနေစတင်တာပါ။ ဒါကြောင့် YU7 SUV ရဲ့ဈေးနှုန်းအတိအကျက တရားဝင်မိတ်ဆက်ပွဲ ဒါမှမဟုတ် အဲဒီမိတ်ဆက် ပွဲမတိုင်မီ တစ်ရက်၊ နှစ်ရက်အလိုမှာ ထွက်ပေါ်လာနိုင်တယ်လို့ယူဆရပါတယ်။

Xiaomi ကုမ္ပဏီအနေနဲ့ အခုထုတ်လုပ်ထားတဲ့ YU7 SUV မှာ အဓိကကျတဲ့အခန်းကဏ္ဍက သူ့ရဲ့ လေခွင်းအားပုံစံဖြစ်ပါတယ်။ သူ့မှာ လေဖြတ်သန်း စီးဆင်းနိုင်တဲ့လမ်းကြောင်းစုစုပေါင်း ၁၀ ခုအပြင် အဆင်ပြေအောင်ဖန်တီးထားတဲ့ လေပေါက်ပေါင်း ၁၉ ခုအထိပါဝင်နေတာကိုတွေ့ရပါတယ်။ YU7 SUV ကမြင်းကောင်ရေ ၃၁၆ ကောင်အားထုတ်ပေးနိုင်မယ့် လျှပ်စစ်မော်တာတစ်လုံးကိုတပ်ဆင်ထားပြီး အမြင့် ဆုံးအမြန်နှုန်းအနေနဲ့ တစ်နာရီကို ကီလိုမီတာ ၂၄၀ နှုန်းအထိမောင်းနှင်နိုင်စေမှာပါ။ သူ့မှာတပ်ဆင်ထားတဲ့ ဘက်ထရီစွမ်းအင်ပမာဏက ၉၆ ဒသမ ၃ ကီလို ဝပ်နာရီရှိတာကြောင့် အားအပြည့်သွင်းရင် ၈၃၅ ကီလိုမီတာအထိသွားနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီအားသွင်းတဲ့အခါမှာလည်း ၁၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိကို ၁၂ မိနစ်ပဲကြာမှာဖြစ်ပြီး ၁၅မိနစ်အထိအားသွင်းပြီးတဲ့အခါမှာတော့ ကီလိုမီတာ ၆၂၀ အထိမောင်းနှင်နိုင်စေမှာဖြစ်ပါတယ်။ နောက်ထပ်အားသာချက်တစ်ခုက သူ့မှာအသုံးပြုထားတဲ့ အောက်ပိုင်းစနစ်က အနိမ့်အမြင့်ကို  ငါးမျိုးအထိချိန်ညှိလို့ရတာကြောင့် မြေပြင်ကင်းလွတ်အမြင့်ကို ၈ ဒသမ ၇ လက်မအထိ ရရှိစေမှာပါ။ ယာဉ်မောင်းသူ အထောက်အပံ့စနစ်အတွက် LiDar sensor၊ 4D milimeter-wave ရေဒါ၊ အဆင့်မြင့်ကင်မရာ ၁၁ လုံးနဲ့ အသံလှိုင်းရေဒါ ၁၂ လုံးတို့ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။                        

Ref: AE

ကိုထက်

နေပြည်တော် ဇွန် ၂၀

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ Artificial Intelligence (AI) (ဉာဏ်ရည်တု) နည်းပညာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာတင်ဘုန်းကျော်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် AI နည်းပညာသည်  လူသားများ၏ လုပ်ဆောင်နိုင်စွမ်းကို အတုယူပြီး ပြဿနာများကို ဖြေရှင်းရန်နှင့် ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် ကွန်ပျူတာများနှင့် စက်များကို အသုံးပြုထားသည့် နည်းပညာဖြစ်ပါကြောင်း၊ အထူးသဖြင့် ကွန်ပျူတာများ၊ စက်များက လူသားတို့၏ အသိဉာဏ်ကဲ့သို့ မျှတစွာတွေးခေါ် နိုင်စွမ်း၊ သင်ယူနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်း၊ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိသည့် ဉာဏ်ရည်တု နည်းပညာတစ်ခုပင်ဖြစ်ပါကြောင်း၊ AI နည်းပညာကို တာဝန်ယူမှုရှိစွာနဲ့ တီထွင်အသုံးချမည် ဆိုပါက လူသားများအတွက် အကျိုးများနိုင်သလို တာဝန်မဲ့စွာ အသုံးချပါက အန္တရာယ်ဖြစ်စေနိုင်သည်ကိုလည်း သတိပြုရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း e-Government စနစ်မှသည် Digital Government သို့ ဦးတည်၍ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများအနေဖြင့်လည်း AI နှင့်ပတ်သက်၍ စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သည့် AI ဆွေးနွေးပွဲမှ တစ်ဆင့် နည်းပညာဆိုင်ရာ အသိပညာဗဟုသုတများစွာရရှိပြီး မိမိဌာနနှင့် နိုင်ငံတော်အတွက် အကျိုးပြုသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာတင်ဘုန်းကျော်က AI နည်းပညာနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က လာရောက်ဟောပြောပေးသော ဒေါက်တာတင်ဘုန်းကျော်နှင့်အဖွဲ့အား ကျေးဇူးတင်စကားပြောကြားပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဒေါက်တာ တင်ဘုန်းကျော်အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ပြီး  အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

လျှပ်စစ်ကားများရဲ့ဘက်ထရီသက်တမ်းက ရေရှည်မခံဘူးဆိုတာ ဟုတ်ပါ့မလား

လျှပ်စစ်စွမ်းအင်သုံးကားများနဲ့ ပတ်သက်လို့ လူပြောများနေတဲ့အချက်တစ်ချက်က သူ့မှာပါဝင်တဲ့ ဘက်ထရီအကြောင်းပါ။ အဲဒီဘက်ထရီတွေက အရွယ်အစားလည်းကြီးသလို ဈေးနှုန်းကလည်းမြင့်မားပါတယ်။ သူတို့ကိုလဲလှယ်မယ်ဆိုရင်လည်း ကားတစ်စီးစာလောက်ကို ကုန်ကျနိုင်တယ်လို့ ဆိုကြပါတယ်။ အပြောများတဲ့တစ်ချက်ကတော့ သူ့ရဲ့သက်တမ်းပါ။ အဲဒီဘက်ထရီတွေက  ၁၀   နှစ်ပဲ  သက်တမ်းခံမယ်ဆို ပြီးပြောနေကြတာဖြစ်ပါတယ်။ လူအများ စုကလည်း အဲဒီပြောဆိုချက်တွေအတိုင်း မှတ်သားထားကြပါတယ်။ ဒါပေမဲ့ အဲဒီပြောဆိုမှုတွေက တကယ်လား။ အထူးသဖြင့်   ဘက်ထရီတွေရဲ့သက်တမ်းက နည်းတယ်ဆိုတာ  တကယ်ပဲလားဆိုတာကို&

လျှပ်စစ်စွမ်းအင်သုံးကားများနဲ့ ပတ်သက်လို့ လူပြောများနေတဲ့အချက်တစ်ချက်က သူ့မှာပါဝင်တဲ့ ဘက်ထရီအကြောင်းပါ။ အဲဒီဘက်ထရီတွေက အရွယ်အစားလည်းကြီးသလို ဈေးနှုန်းကလည်းမြင့်မားပါတယ်။ သူတို့ကိုလဲလှယ်မယ်ဆိုရင်လည်း ကားတစ်စီးစာလောက်ကို ကုန်ကျနိုင်တယ်လို့ ဆိုကြပါတယ်။ အပြောများတဲ့တစ်ချက်ကတော့ သူ့ရဲ့သက်တမ်းပါ။ အဲဒီဘက်ထရီတွေက  ၁၀   နှစ်ပဲ  သက်တမ်းခံမယ်ဆို ပြီးပြောနေကြတာဖြစ်ပါတယ်။ လူအများ စုကလည်း အဲဒီပြောဆိုချက်တွေအတိုင်း မှတ်သားထားကြပါတယ်။ ဒါပေမဲ့ အဲဒီပြောဆိုမှုတွေက တကယ်လား။ အထူးသဖြင့်   ဘက်ထရီတွေရဲ့သက်တမ်းက နည်းတယ်ဆိုတာ  တကယ်ပဲလားဆိုတာကို  သုတေသနပညာရှင်တွေက လက်တွေ့လေ့လာမှုတွေလုပ်ခဲ့ကြပါတယ်။

ဒီလေ့လာမှုကိုတော့ Geotab ဆိုတဲ့ ကုမ္ပဏီကလုပ်တာပါ။ သူတို့က လျှပ်စစ်စွမ်းအင်သုံးကားပေါင်း ၁၀၀၀၀ ကျော်ကို စောင့်ကြည့်မှုတွေနဲ့အတူ လေ့လာမှုတွေ လုပ်ခဲ့ရာမှာ ဒီကားတွေရဲ့ဘက်ထရီသက်တမ်းက မထင်ထားလောက်အောင် မြင့်မားတာတွေ့ရပါတယ်။ သူတို့တွေ့ရှိတဲ့ အချက်အလက်တွေအရ လျှပ်စစ်ကား တစ်စီးမှာပါတဲ့   ဘက်ထရီရဲ့ပျမ်းမျှသက်တမ်းဟာ  နှစ်ပေါင်း  ၂၀  တောင်ရှိတယ်လို့ ဆိုပါတယ်။

ဘက်ထရီဆိုတာက အချိန်ကာလကြာ မြင့်လာတာနဲ့အမျှ စွမ်းဆောင်ရည်လျော့ ကျတတ်တာကပုံမှန်ပါပဲ။ စွမ်းဆောင်ရည် ကျဆင်းမှုက တစ်နှစ်ကို ၁ ဒသမ ၈   ရာခိုင်နှုန်းရှိပါတယ်။ ဒီလိုကျဆင်းမှုနဲ့အတူ လျှပ်စစ်စွမ်းအင်သုံးကားရဲ့ မူလရောက်ရှိနိုင်တဲ့မိုင်နှုန်းကလည်း ကျဆင်းသွားပါတယ်။ ဒါပေမဲ့ ဒီလောက်ကျဆင်းမှုက သိပ်တော့မပြောပပါဘူး။ နှစ်ပေါင်း ၂၀ ကြာတဲ့အခါမှာ လျှပ်စစ်စွမ်းအင်သုံးကားတစ်စီးက သူ့ရဲ့မူလမိုင်နှုန်းထက် ၆၄ ရာခိုင်နှုန်းအထိ ဆက်သွားနိုင်နေဦးမယ်လို့ ပညာရှင်များရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဘက်ထရီရဲ့စွမ်းဆောင်ရည်ကိုကျဆင်း စေတဲ့အကြောင်းရင်းများအနက် အဓိက အကျဆုံးတစ်ခုက ရာသီဥတုပါ။ ပူပြင်းတဲ့ပတ်ဝန်းကျင်မှာမောင်းရင်တော့ ဘက်ထရီရဲ့စွမ်းဆောင်ရည်အပေါ်မှာ သက်ရောက်မှုရှိစေမှာဖြစ်ပြီး ဂရုစိုက်မှုအပေါ် မူတည်လို့ ဘက်ထရီရဲ့သက်တမ်းနဲ့သူ့ရဲ့ စွမ်းဆောင်ရည်ကလည်း ကွာခြားသွားနိုင်ပါတယ်။ ခေတ်မီကားတွေမှာတော့ ဘက်ထရီအအေးပေးစနစ်ကို ကောင်းစွာ အသုံးပြုထားတာကြောင့် ဒီတစ်ချက်ကလည်း သိပ်တော့ပြောပလောက်တဲ့အခြေအနေမရှိပါဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကားကိုအရိပ်ထဲမှာရပ်တာ၊ အားသွင်းရင်လည်း အရိပ်ထဲမှာသွင်းတာမျိုးတွေတော့ လုပ်ပေးသင့်ပါတယ်လို့ လေ့လာသူများ ကအကြံပြုထားပါတယ်။  

အိန္ဒိယနိုင်ငံအနေဖြင့် အိန္ဒုမြစ်ကြောင်းသဘောတူညီချက်ကို ပြန်လည်အသက်သွင်းမည်မဟုတ်ဟုဆို

အိန္ဒိယနိုင်ငံအနေဖြင့် ဆိုင်းငံ့ထားသော ပါကစ္စတန်နှင့် အိန္ဒုမြစ်ကြောင်းသဘောတူညီချက်ကို ပြန်လည် အသက်သွင်းသွားမည် မဟုတ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးအမစ်ရှားက အင်တာဗျူးတစ်ခုတွင် ပြောသည်ဟု Times of India သတင်းစာက ဇွန်လ ၂၁ ရက်တွင် ဖော်ပြထားသည်။ ထို့ပြင် အိန္ဒုမြစ်မှနေ၍ ပါကစ္စတန်နိုင်ငံ အတွင်းသို့စီးဆင်းလျက်ရှိသော ရေလမ်း ကြောင်းကိုပြောင်းလဲ၍ ပြည်တွင်း၌သုံးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းအမစ်ရှားကဆက်ပြောသည်။ အိန္ဒိယနိုင်ငံပိုင် ကက်ရှမီးယားဒေသ၌ ဖြစ်ပွားသောအကြမ်းဖက်တိုက်ခိုက်မှုတွင် အရပ်သား ၂၆ ဦးသေဆုံးပြီးနောက် ယင်းအကြမ်းဖက်တိုက်ခိုက်မှု၏ နောက်ကွယ်၌ ပါကစ္စတန်နိုင်ငံပါဝင်နေသည်ဟုဆိုကာ အိန္ဒိယနိုင

အိန္ဒိယနိုင်ငံအနေဖြင့် ဆိုင်းငံ့ထားသော ပါကစ္စတန်နှင့် အိန္ဒုမြစ်ကြောင်းသဘောတူညီချက်ကို ပြန်လည် အသက်သွင်းသွားမည် မဟုတ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးအမစ်ရှားက အင်တာဗျူးတစ်ခုတွင် ပြောသည်ဟု Times of India သတင်းစာက ဇွန်လ ၂၁ ရက်တွင် ဖော်ပြထားသည်။ ထို့ပြင် အိန္ဒုမြစ်မှနေ၍ ပါကစ္စတန်နိုင်ငံ အတွင်းသို့စီးဆင်းလျက်ရှိသော ရေလမ်း ကြောင်းကိုပြောင်းလဲ၍ ပြည်တွင်း၌သုံးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းအမစ်ရှားကဆက်ပြောသည်။ အိန္ဒိယနိုင်ငံပိုင် ကက်ရှမီးယားဒေသ၌ ဖြစ်ပွားသောအကြမ်းဖက်တိုက်ခိုက်မှုတွင် အရပ်သား ၂၆ ဦးသေဆုံးပြီးနောက် ယင်းအကြမ်းဖက်တိုက်ခိုက်မှု၏ နောက်ကွယ်၌ ပါကစ္စတန်နိုင်ငံပါဝင်နေသည်ဟုဆိုကာ အိန္ဒိယနိုင်ငံက ထိုနိုင်ငံနှင့်ရရှိထားသော အိန္ဒုမြစ်ကြောင်းမှ ရေခွဲဝေအသုံးပြုရေး သဘောတူညီချက်ကို ဆိုင်းငံ့ထားခြင်းဖြစ်သည်။ ပါကစ္စတန်နိုင်ငံ၏ လယ်ယာစိုက် ပျိုးရေးကဏ္ဍအတွက်ရေအရင်းအမြစ် ၈၀ ရာခိုင်နှုန်းက အိန္ဒိယနိုင်ငံ၌ မြစ်ဖျားခံသော အိန္ဒုမြစ်မှရရှိခြင်း ဖြစ်ကြောင်း သိရသည်။ 

Ref: TOI

YBS 75 ယာဉ်လိုင်း လမ်းကြောင်း တိုးချဲ့ ပြေးဆွဲပေးမည်

ခေတ်သစ်ဘုရင့် နောင်ကုမ္ပဏီလက် အောက်ရှိ YBS 75 ယာဉ်လိုင်းသည် ဇွန်လ (၂၀) ရက်က စတင်ကာ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသည်။

တိုးချဲ့ပြေးဆွဲပေးသည့် လမ်းကြောင်းမှာ ယခင်ဂိတ်ရင်း ငမိုးရိပ် (ကားကြီးဂိတ်) အစား မြောက်ဒဂုံ(ပင်လုံအိမ်ရာ)မှ ပြေးဆွဲပေးခြင်းဖြစ်သည်။

ထို့ကြောင့် မြောက်ဒဂုံ(ပင်လုံအိမ်ရာ) – ဘုရင့်နောင်လမ်း – ပင်လုံစီးတီးမော်လ် – ဆရာစံလမ်း – ပင်လုံဆေးရုံ – တံတားထိပ်(ပြည်ထောင်စုလမ်း) – တောင်/ မြောက်လမ်းဆုံ – ငမိုးရိပ်(ကားကြီးဂိတ်) – သွားဆေးတက္ကသိုလ် – သုဝဏ္ဏလမ်းဆုံ – ကြက်ဘဲဈေး – အာသောက – တာမွေအဝိုင်း– ရွှေဂုံတိုင် – မြေနီကုန်း – ဗားကရာလမ်း – ကြည့်မြင်တိုင်ဘူတာ – ကြည့်မြင်တိုင် (ညစျေး) အထိ တိုးချဲ့ပြေးဆွဲပေးတော့မည် ဖြစ်သည်။

ရန်ကုန်မြို့တွင် နေ့စဉ်သွားလာရေးအတွက် YBS ယာဉ်များကို အဓိကအားကိုးနေကြရကာ နေ့စဉ် ခရီးသည် (၁)သန်းခွဲနီးပါးကို ယာဉ်အစီးရေ (၃,၀၀၀)ကျော်ဖြင့် နေ့စဉ် ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။

Popular Myanmar