Axiom ကုမ္ပဏီ၏ Ax-4 ပုဂ္ဂလိက အာကာသမစ်ရှင်ကို လွှတ်တင်ရန် Space -X ကုမ္ပဏီနှင့် နာဆာတို့ စီစဉ်ထား
ဝါရှင်တန် ဇွန် ၁၈
Axiom ကုမ္ပဏီ၏ Ax -4 ပုဂ္ဂလိက အာကာသမစ်ရှင်ကို ဇွန် ၁၉ ရက်တွင် လွှတ်တင်ရန် Space x ကုမ္ပဏီနှင့် အမေရိကန် အစိုးရ အမျိုးသားလေကြောင်းနှင့် အာကာသ စီမံခန့်ခွဲရေးအေဂျင်စီ (နာဆာ)တို့ စီစဉ်ထားကြောင်း ဇွန် ၁၇ ရက် သတင်းများအရ သိရသည်။
နိုင်ငံတကာအာကာသစခန်းဓာတ်ငွေ့ယိုစိမ့်မှုပြဿနာကို ဖြေရှင်းခဲ့ပြီးနောက် No-4 မစ်ရှင်ကို ဇွန် ၁၉ ရက်တွင် လွှတ်တင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
Ax-4 မစ်ရှင်အရ ပုဂ္ဂလိက အာကာသခရီးသည် လေးဦးလိုက် ပါမည့် Crew Dragon အာကာသ လူသယ်ယာဉ်ကို ဖယ်လ်ကွန်-၉ ဒုံးပျံဖြင့် နိုင်ငံတကာအာကာသ စခန်းသို့ လွှတ်တင်မည်ဖြစ်သည်။
Space X ကုမ္ပဏီသည် Ar -4 မစ်ရှင်ကို ဇွန် ၁၁ ရက်က လွှတ်တင်ရန် စီစဉ်ထားသော်လည်း ဖယ်လ်ကွန်-၉ ဒုံးပျံသည် ဓာတ်ငွေ့ယိုစိမ့်မှုနှင့် နောက်ပိုင်းတွင် နိုင်ငံတကာ အာကာသစခန်း ဓာတ်ငွေ့ယိုစိမ့်မှု ပြဿနာတို့ကြောင့် လွှတ်တင်ရေးအစီအစဉ်ကို ဆိုင်းငံ့ထားခဲ့ရခြင်းဖြစ်သည်။
နိုင်ငံတကာအာကာသစခန်း ဗက်ဇဒါပင်မကိုယ်ထည်၌ ဖြစ်ပွားနေသည့် ဓာတ်ငွေ့ယိုစိမ့်မှု ပြဿနာကို ဖြေရှင်းထားပြီးဖြစ်ကြောင်း နာဆာအဖွဲ့က သတင်းထုတ် ပြန်ထားသည်။
Ax-4 မစ်ရှင် ပုဂ္ဂလိကအာကာ သခရီးသည်လေးဦးတို့သည် နိုင်ငံတကာအာကာသစခန်း၌ သီတင်း နှစ်ပတ်ခန့်နေထိုင်၍ သိပ္ပံပညာ စမ်းသပ်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။
Ref: Xinhua News
Trs: KKO
YDNB Newspaper
Photo - Axiom