Space X ဆိုတာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံ နာသူဌေးကြီး အီလွန်မက်ပိုင်ဆိုင်တဲ့အာကာသယာဉ်လွှတ်တင်ရေး ကုမ္ပဏီတစ်ခုပါ။ သူ့ရဲ့ထင်ရှားမှုက နောက်တစ်ကြိမ်ပြန်သုံးနိုင်တဲ့ အာကာသဒုံးပျံတွေကို တီထွင်ဖန်တီးအသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် အာကာသထဲကို စူးစမ်းလေ့လာရေးယာဉ်တွေ၊ တခြားအာကာသယာဉ်တွေ စေလွှတ်တဲ့အခါမှာ ဒုံးပျံတွေကိုအသုံးပြုရပါတယ်။ ဒါပေမဲ့ အဲဒီဒုံးပျံတွေက တစ်ခါသုံးတွေပါ။ နောက်တစ်ကြိမ်ပြန်သုံးလို့မရပါဘူး။ အဲဒီတော့ ကုန်ကျစရိတ်လည်း ပိုမိုများပြားပါတယ်။ ဒါကြောင့် အာကာသသုတေသနလုပ်ငန်းမှာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ အကြောင်းရင်းကတော့ ကုန်ကျစရိတ်အကန့်အသတ်ကြောင့်ပါ

Space X ဆိုတာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံ နာသူဌေးကြီး အီလွန်မက်ပိုင်ဆိုင်တဲ့အာကာသယာဉ်လွှတ်တင်ရေး ကုမ္ပဏီတစ်ခုပါ။ သူ့ရဲ့ထင်ရှားမှုက နောက်တစ်ကြိမ်ပြန်သုံးနိုင်တဲ့ အာကာသဒုံးပျံတွေကို တီထွင်ဖန်တီးအသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် အာကာသထဲကို စူးစမ်းလေ့လာရေးယာဉ်တွေ၊ တခြားအာကာသယာဉ်တွေ စေလွှတ်တဲ့အခါမှာ ဒုံးပျံတွေကိုအသုံးပြုရပါတယ်။ ဒါပေမဲ့ အဲဒီဒုံးပျံတွေက တစ်ခါသုံးတွေပါ။ နောက်တစ်ကြိမ်ပြန်သုံးလို့မရပါဘူး။ အဲဒီတော့ ကုန်ကျစရိတ်လည်း ပိုမိုများပြားပါတယ်။ ဒါကြောင့် အာကာသသုတေသနလုပ်ငန်းမှာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ အကြောင်းရင်းကတော့ ကုန်ကျစရိတ်အကန့်အသတ်ကြောင့်ပါ။ အီလွန်မက်က အဲဒီအားနည်းချက်ကို ဖြည့်ဆည်းနိုင်စေဖို့အတွက် အာကာသယာဉ်လွှတ်တင်ရေးဒုံးပျံတွေကို နောက်တစ်ကြိမ်ပြန်အသုံးပြုနိုင်မယ်ဆိုရင် ကောင်းမယ်လို့ စဉ်းစားပြီး တီထွင်ဖန်တီးမှုတွေလုပ်ဆောင်ခဲ့ရာမှာ အခုလိုမျိုး နောက်တစ်ကြိမ်ပြန်သုံးနိုင်တဲ့ ဒုံးပျံများ နဲ့ အာကာသလုပ်ငန်းများကို စိတ်ကြိုက် လုပ်ဆောင်လာနိုင်တာဖြစ်ပါတယ်။
ဒီလိုမျိုး အာကာသယာဉ်လွှတ်တင်ရေးဒုံးကျည်နဲ့ပတ်သက်ရင် အီလွန်မက်ရဲ့ SpaceX ကုမ္ပဏီကိုယှဉ်နိုင်တဲ့သူ မရှိဘူးပေါ့။ အခုတော့ အဲဒီလိုမဟုတ်နိုင်တော့ပါဘူး။ သူ့ကိုယှဉ်နိုင်မယ့်သူတွေ ပေါ်ထွက်လာပါပြီ။ ဟိုတစ်ရက်က ဆိုရင် ဂျပန်နိုင်ငံက ပြန်သုံးနိုင်တဲ့ဒုံးပျံကို အောင်မြင်စွာ စမ်းသပ်လိုက်နိုင်သလို အခုလည်း တရုတ်နိုင်ငံမှ တက်သစ်စကုမ္ပဏီတစ်ခု က ပြန်သုံးနိုင်တဲ့ဒုံးပျံကို အောင်မြင်စွာ စမ်းသပ်နိုင်စေမယ့်လမ်းကြောင်းပေါ် ရောက်နေပါပြီ။ သူတို့စမ်းသပ်နေတဲ့ဒုံးပျံရဲ့အမည်က Zhuque-3 ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ တက်သစ်စ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Landspace ကုမ္ပဏီက ဇွန်လ ၂၀ ရက်မှာ သူတို့ရဲ့ ဒုံးပျံအင်ဂျင်စမ်းသပ်မှုကို လုပ်ဆောင်ပါတယ်။ အဲဒီ စမ်းသပ်မှုက ဒုံးပျံကိုပစ်လွှတ်စင်မှာထားပြီး သူ့ရဲ့ အင်ဂျင်ကို စမ်းနှိုးတာဖြစ်ပါတယ်။ အဲဒီစမ်းသပ်မှုကိုတော့ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကျူခွမ်း ဂြိုဟ်တုလွှတ်တင်ရေး စင်တာရှိ ဒုံးပျံလွှတ်တင်ရေး စခန်းမှာ လုပ်ဆောင်တာပါ။
Landspace ကုမ္ပဏီက Zhuque-3 ဒုံးပျံအတွက် ကိုယ်ပိုင်အင်ဂျင်တစ်မျိုးကို ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲဒီအင်ဂျင်က Tianque-12A ပါ။ သူက မီသိန်းနဲ့ အောက်ဆီဂျင်အရည်ကို ပေါင်းစပ်ထားတဲ့ လောင်စာကို အသုံးပြုထားတာဖြစ်ပါတယ်။ Zhuque- 3 ဒုံးပျံရဲ့ပထမအဆင့် ကိုယ်ထည်ကို သံမဏိနဲ့လုပ် ထားတာဖြစ်ပြီး အဲဒီမှာအင်ဂျင်ကိုးလုံးကို တပ်ဆင် ပေးထားတာဖြစ်ပါတယ်။ အဲဒီစမ်းသပ်မှုမှာ ဒုံးပျံ အင်ဂျင်တွေကို အစဉ်လိုက်နှိုးပြီး ၄၅ စက္ကန့်ကြာ နှိုးထားတာဖြစ်ပါတယ်။ ဒီအင်ဂျင်ကိုးလုံးစလုံးဆီ ကနေထွက်ရှိလာတဲ့ တွန်းကန်အားပမာဏက ၇၅၄၂ ကီလိုနယူတန်ရှိတာကို တွေ့ရပါတယ်။ အခုလိုမျိုး အင်ဂျင်တွေကို အောင်မြင်စွာစမ်းသပ် နိုင်ခြင်းဟာ Zhuque-3 ဒုံးပျံကို ပထမဆုံးအကြိမ် လက်တွေ့စမ်းသပ်နိုင်ဖို့အတွက် ခိုင်မာတဲ့အုတ်မြစ်တစ်ခုဖြစ်တဲ့ အပြင် တရုတ်နိုင်ငံရဲ့ပြန်သုံးနိုင်တဲ့ ဒုံးပျံနည်းပညာကိုလည်း ဖော်ထုတ်နိုင်ခြင်းဖြစ်တယ်လို့ Landspace ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Landspace ကုမ္ပဏီက Zhuque-3 ဒုံးပျံကို အခုနှစ် တတိယသုံးလပတ်အတွင်းမှာ အာကာသထဲကို လွှတ်တင်ပြီး လက်တွေ့စမ်းသပ်မှု လုပ်ဖို့စီစဉ်ထားပါတယ်။ အဲဒီစမ်းသပ်မှုမှာ ဟောင်လောင်းကုန်တင် အာကာသယာဉ်ရှေ့ပြေးပုံစံကို သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲဒီစမ်းသပ်မှုမှာတော့ ဒုံးပျံအနေနဲ့ အမှန်တကယ် အလုပ်လုပ်နိုင်စွမ်းရှိ၊ မရှိကိုစမ်းသပ်သွားမှာပါ။ လာမယ့်နှစ်မှာတော့ ဒုံးကျည်ကိုပြန်သုံး နိုင်ဖို့အတွက် လုပ်ဆောင်မှုအပါအဝင် အမျိုးမျိုးသော စမ်းသပ်မှုတွေကိုပါ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Landspace ကုမ္ပဏီဟာ အခုဖန်တီးစမ်းသပ်၊ အခု အောင်မြင်မှုရခဲ့တာတော့ မဟုတ်ပါဘူး။ သူတို့အနေ နဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ Zhuque-1 ဆို တဲ့ဒုံးပျံနဲ့ စမ်းသပ်မှုစတင် လုပ်ဆောင်ခဲ့တာပါ။ ဒါပေ မဲ့ အဲဒီစမ်းသပ်မှုဟာ ကျရှုံးခြင်းနဲ့ပဲ အဆုံးသတ်သွားရပါတယ်။ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာတော့ Zhuque-2 ဒုံးပျံကိုစမ်းသပ်မှုလုပ်ဆောင်ခဲ့ရာ မီသိန်း-အောက် ဆီဂျင်အရည်လောင်စာကို အသုံးပြုပြီး ကမ္ဘာပတ် လမ်းထဲရောက်ရှိခဲ့တဲ့ ပထမဆုံးဒုံးပျံဖြစ်ခဲ့ပါတယ်။ အခုတော့ အောင်မြင်မှုအလီလီ ရရှိခဲ့တဲ့ Landspace ကုမ္ပဏီဟာ မကြာခင်မှာ SpaceX ကုမ္ပဏီကိုစိန်ခေါ် လာနိုင်တဲ့ဒုံးပျံကို ပိုင်ဆိုင်သော တရုတ်ကုမ္ပဏီတစ်ခု ဖြစ်လာတော့မှာဖြစ်ပါတယ်။
MWD Web Portal
နည်းပညာသတင်း

ဆိုလာစွမ်းအင်ဆိုတာ အဖိုးနည်းဝန်ပါဆိုသလို သိပ်ကိုတန်ဖိုးကြီးတဲ့ စွမ်းအင်အရင်းအမြစ်ကြီးတစ်ခုဖြစ်ပါတယ်။ အခုတစ်ကမ္ဘာလုံးလိုလိုကလည်း ဆိုလာစွမ်းအင်တစ်ဖြစ်လဲ နေရောင်ခြည်စွမ်းအင်ကို အပြည့်အဝ အသုံးချနိုင်ဖို့ ကြိုးစားလာနေတာတွေ့ ရှိရပါတယ်။ နေရောင်ခြည်စွမ်းအင်ကို ကျယ်ပြန့်စွာ အသုံးမပြုနိုင်ချိန်တုန်းက ကျောက်မီးသွေး စွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားကို ရယူကြတာပါ။ ကျောက်မီးသွေးဆိုတာက ကမ္ဘာမြေထဲကနေထုတ် ယူရတဲ့ သယံဇာတတစ်ခုဖြစ်ပါတယ်။ သူတို့ကို ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေမှာ သုံးခြင်းအားဖြင့် လျှပ်စစ်ဓာတ်အားကိုရရှိ အသုံးပြုတာဖြစ်ပါတယ်။

ဒီအတွက်လိုအပ်တဲ့ ကျောက်မီးသွေးကိုရရှိနိုင်ဖို့ ကျောက်မီးသွေးတွင်းကြီးတွေကိုတူးဖော်ပြီး အထဲမှ ကျောက်မီးသွေးကို ထုတ်ယူကြပါတယ်။ ထုတ်ယူခံလိုက်ရတဲ့ ကျောက်မီးသွေးတွင်းကြီးတွေ ဘဝမှာတော့ ကြီးမားလှတဲ့ ချိုင့်ခွက်တွေနဲ့ အတူ နောက်ဆုံးမှာ စွန့်ပစ်ခံဘဝကိုသာ ရောက်ရှိသွားကြတာပါ။ သူတို့ကိုတခြားနည်းနဲ့ပြန်သုံးကြဖို့ ဘယ်သူမှ မစဉ်းစားကြတော့ပါဘူး။
အခု Global Energy Monitor ဆိုတဲ့ အဖွဲ့အစည်းက ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လာတာ တွေ့ရပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ စွန့်ပစ်ကျောက်မီးသွေးတွင်းကြီးတွေကို ပြန်အသုံးပြုနိုင်စေမယ့် နည်းလမ်းကိုဖော်ပြထားပါတယ်။ အဲဒီနည်းလမ်းကတော့ ကျောက်မီးသွေးတွင်းဟောင်း နေရာတွေမှာ ဆိုလာပြားတွေတပ် ဆင်ခြင်းဖြစ်ပါတယ်။ ကျောက်မီးသွေး တွင်းဟောင်းနေရာတွေဆိုတာ အင်မတန်မှကြီးမားကျယ်ပြန့်တဲ့ ဟင်းလင်းပြင်မြေနေရာတွေဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနေရာတွေမှာ ဆိုလာပြားတွေကို တပ်ဆင်လိုက်မယ်ဆိုရင် ထွက်ရှိလာနိုင်တဲ့ လျှပ်စစ်ဓာတ်အားပမာဏက 300 GW အထိ ရှိနိုင်ပါတယ်။ အဲဒီကနေထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အား ပမာဏက ဂျာမနီလိုနိုင်ငံမျိုးကို တစ်နှစ်စာ စွမ်းအင်ပေးနိုင်တဲ့အထိ လုံလောက်ပါတယ်။ ဒီလိုနည်းလမ်းဟာ ကမ္ဘာကြီးပူနွေးမှုကို တစ်ဖက်တစ်လမ်းမှ လျှော့ချပေးနိုင်တဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်အဖြေဖြစ်ပါတယ်။

နေပြည်တော် ဇွန် ၂၀
ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်း ပြီးခဲ့သည့် နှစ်ဆန်းပိုင်း ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများထက် တစ်လီတာလျှင် ကျပ် ၁၀ဝ မှ ကျပ် ၁၅၀ ခန့်အထိ သက်သာလျော့နည်းလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကြိုတင်မှာယူထားသည့်အစီအစဉ်အတိုင်း ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများလည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး အရန်ဆီများလည်း နှစ်ပတ်စာခန့်ရှိနေ၍ ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။
MOI

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယူနန်ပြည်နယ်အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့၌ ကျင်းပပြုလုပ်သော(၉)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ နှင့် (၂၉)ကြိမ်မြောက် ကူမင်း ပို့ကုန်၊ သွင်းကုန် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ဇွန် ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့မှထွက်ခွာခဲ့ရာ ကူမင်းမြို့သို့ ဒေသစံတော်ချိန် ၆ နာရီ ၄၅ မိနစ်တွင် ရောက်ရှိ ရာ ကူမင်းမြို့ ချန်းရွှေအပြည်ပြည် ဆိုင်ရာလေဆိပ်၌ ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Yang Yalin နှင့် ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်တို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ခေတ္တတည်းခိုမည့် Green Lake Hotel သို့ လိုက်ပါပို့ဆောင်ခဲ့သည်။
လှည့်လည်ကြည့်ရှု
မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ကူမင်းမြို့တီယန်ချီအပြည်ပြည် ဆိုင်ရာကွန်ဗန်းရှင်းစင်တာ (Dian Chi International Exhibition and Convention Center) ၌ ကျင်းပပြုလုပ်သော(၉)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉)ကြိမ်မြောက် ကူမင်းပို့ကုန်၊ သွင်းကုန်ကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနားသို့ရောက်ရှိပြီး လျှပ်စစ်မော်တော်ယာဉ်များဖြင့် ကုန်စည် ပြခန်းဆောင်များအား လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Wang Dongming နှင့် အာဖဂန် နစ္စတန်နိုင်ငံ၊ မော်လ်ဒိုက်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အကြီးအကဲများနှင့်အတူ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တီယန်ချီအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ (Dian Chi International Exhibition and Convention Center) ခန်းမ ဆောင် ၇ ဧည့်ခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Wang Dongming နှင့် တွေ့ဆုံပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအတွက် ကူညီပေးရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မြန်မာ့ပြခန်းဆောင်၌ ခင်းကျင်းပြသထားသော မြန်မာ့ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးကာ ကုန်သည်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မြန်မာ့ထုတ်ကုန်များကို ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေးအတွက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ပလက်ဖောင်း (Platform)ကို ထိထိရောက်ရောက် အသုံးချရန်မှာကြားသည်။
ခရီးစဉ်အတွင်း ဇွန် ၁၈ ရက် နံနက်ပိုင်းက မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ္တတည်းခိုသည့် Green Lake Hotel ၌ Union Resources and Engineering Co.,Ltd အား လက်ခံတွေ့ဆုံခဲ့သည်။
မွန်းလွဲပိုင်းတွင် Yunnan Energy Investment Group နှင့် State Power Investment Yunnan International Co.,Ltd များသို့ သွားရောက်လေ့လာခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် မြန်မာနိုင်ငံ၌ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများကို ဆွေးနွေးခဲ့သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ကူမင်းမြို့ Hai Geng Garden Hotel ၌ ယူနန် ပြည်နယ် ကွန်မြူနစ်ပါတီကော်မတီအတွင်းရေးမှူး Mr. Wang Ning နှင့်တွေ့ဆုံပြီး အနာဂတ်တွင် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတို့ကို ဆွေးနွေးကြပြီး ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ ကော်မတီအတွင်းရေးမှူး Mr. Wang Ning က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၀ ရက် ဒေသစံတော်ချိန် ၁ နာရီ ၁၀ မိနစ်တွင် ကူမင်းမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာရာ ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ Mr. Yang Yalin နှင့် ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်တို့က လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ နိုင်ငံရေးဆိုင်ရာသံမှူးကြီး Mr. Jia Junjie နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ပြခန်းပေါင်း ၄၈၀၀ ခင်းကျင်းပြသ
(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် ကူမင်းပို့ကုန်၊ သွင်းကုန် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် တရုတ်၊ တောင် အာရှ၊ အရှေ့တောင်အာရှနှင့် ကမ္ဘာ့ နိုင်ငံ ၅၃ နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များက ၎င်းတို့၏ ထုတ်ကုန်များကို ပြခန်းဆောင် ၁၃ ခု၌ ပြခန်းပေါင်း ၄၈၀၀ ခင်းကျင်းပြသထားကြောင်း သတင်းရရှိသည်။

ယူကေနှင့် တရုတ်နိုင်ငံတွင် အမျိုးသမီး ၁၀ ဦးအား မုဒိမ်းမှု အကြိမ်ကြိမ် ကျူးလွန်ခဲ့သည့် တရုတ်ကျောင်းသားတစ်ဦးအား အနည်းဆုံး ထောင်ဒဏ်၂၄ နှစ် ချမှတ်လိုက်သည်။
၂၈ နှစ်အရွယ် Zhenhao Zou အား Inner London Crown တရားရုံးတွင် ကြာသပတေးနေ့ (ဇွန် ၁၉) က ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ် ခဲ့သည်။ တရားသူကြီး Rosina Cottage က ၎င်းသည် လွတ်ငြိမ်းချမ်းသာ ခွင့်ရရန် သတ်မှတ်ချက်ပြည့်မီမည့်အချိန်မတိုင်မီ ၂၂ နှစ်နှင့် ၂၂၇ ရက် ထောင်ကျခံရမည်ဟု ကြေညာခဲ့ပြီး ယင်းကာလတွင် တရားရင်ဆိုင်စဉ် က ချုပ်ရက်များလည်း ပါဝင်သည်ဟု UK ၏ PA Media သတင်းဌာနက ဖော်ပြသည်။

Zou အား မတ်လတွင် မုဒိမ်းမှု ၁၁ မှု၊ မတရားချုပ်နှောင်မှု ၁ မှု၊ လိင်ပိုင်း ဆိုင်ရာ စော်ကားမှု ၃ မှုနှင့် ညစ်ညမ်းပုံရိပ်များပိုင်ဆိုင်မှု၊ မုဒိမ်းမှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် မူးယစ်ဆေးလက်ဝယ်ထားရှိမှုအပါအဝင် အခြားမှုခင်းများစွာအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။
အမှုဖော်ထုတ် စစ်ဆေးသူများ၏အဆိုအရ ကျူးလွန်ခံရသူ အမျိုးသမီး များစွာသည် မူးယစ်ဆေးတိုက်ခံရပြီးနောက် “သတိလစ်ကာ ခုခံနိုင်စွမ်း မရှိတော့သည့်အခြေအနေ” တွင် ရှိခဲ့ကြသည်ဟု သိရှိရသည်။
ရဲနှင့် အမှုဖော်ထုတ်စစ်ဆေးသူများက Zou (အွန်လိုင်းတွင် "Pakho" အမည်ဖြင့်လည်း သိကြသူ) သည် WeChat နှင့် ချိန်းတွေ့ရေး အက်ပ် များမှတစ်ဆင့် တရုတ်မျိုးနွယ်ဝင် ကျောင်းသူများကို ဆက်သွယ်ကာ လန်ဒန်နှင့် တရုတ်ရှိ ၎င်း၏တိုက်ခန်းများသို့ ဖိတ်ခေါ်ပြီး မူးယစ်ဆေး တိုက်၍ ကျူးလွန်ခဲ့ကြောင်း ဖော်ပြသည်။ ရဲများက ၎င်းသည် ကျူးလွန်ခံ ရသူများထံမှ လက်ဝတ်ရတနာများနှင့် အဝတ်အစားစသည့် ပစ္စည်းများ ကိုလည်း ခိုးယူခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ယူကေ၏ Crown Prosecution Service (CPS) က Zou သည် Mobile Devices နှင့် Hidden camera များဖြင့် အချို့သော ကျူးလွန်မှုများကို ဗီဒီယိုရိုက်ကူးခဲ့ကြောင်း ပြောကြားခဲ့သည်။ ရဲများက ၎င်းသည် “အမျိုးသမီး များကို လှည့်ဖြားပြီး မူးယစ်ဆေးတိုက်ကာ အရှက်မဲ့ဆုံးနည်းလမ်းဖြင့် စော်ကားခဲ့သည်” ဟု မှတ်ချက်ပြုခဲ့သည်။
Zou သည် University College London (UCL) တွင် PhD ကျောင်းသား တစ်ဦးဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ကျူးလွန်ခံရသူတစ်ဦးက ရဲတပ်ဖွဲ့သို့ သတင်းပေးပို့ပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။
မတ်လတွင် အမှုဖော်ထုတ်စစ်ဆေးသူများက “Zhenhao Zou ၏ ရက်စက်ယုတ်မာသော ပြစ်မှုများကို သတင်းပေးပို့ရန် ရဲတပ်ဖွဲ့သို့ ရဲရင့်စွာ လာရောက်ခဲ့ကြသော အမျိုးသမီးများသည် အံ့ဖွယ်ရဲရင့်မှုနှင့် စိတ်အားထက်သန်မှုရှိခဲ့ကြပြီး ၎င်းတို့၏ သက်သေခံချက်များကြောင့် ၎င်းအား အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်နိုင်ခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိ” ဟု ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဝါရှင်တန် ဇွန် ၁၉
အမေရိကန်နိုင်ငံ တန်နက်စီ ပြည်နယ် မပ်ဖစ်မြို့တွင် ဘီလီယံနာ အီလွန်မက်စ်ပိုင်ဆိုင်သည့် xAI ကုမ္ပဏီကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေသဖြင့် National Association for the Advancement of colored People (NA-ACP) က တရားစွဲဆိုရန်ပြင်ဆင်နေ ကြောင်း ယနေ့သတင်းများတွင် ဖော်ပြထားသည်။

NAACP အနေဖြင့် အီလွန်မက်စ်ကုမ္ပဏီကို တရားဥပဒေလမ်းကြောင်းအတိုင်းရင်ဆိုင်သွားမည်ဖြစ်ပြီး မကြာမီ တရားစွဲဆိုမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း xAI ကုမ္ပဏီ၏ အချက်အလက် စုဆောင်းသည့်စင်တာမှ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များ ထုတ်လွှတ်နေမှုသည် မမ်ဖစ်မြို့၏ လေထုညစ်ညမ်းမှုကို ဆိုးရွားစွာ ဖြစ်ပေါ်လာစေကြောင်း NAACP က အချက်အလက်များနှင့်တကွ ထုတ်ပြန်ခဲ့သည်။
"မမ်ဖစ်မြို့က ပြည်သူတွေရဲ့ ကျန်းမာရေးလုံခြုံမှုကို ခြိမ်းခြောက် နေတဲ့အရာတွေကို တားမြစ်သွားဖို့အတွက် တရားဥပဒေလမ်း ကြောင်းအတိုင်း ဆောင်ရွက်သွားမယ်။ xAI ကုမ္ပဏီရဲ့ အချက်အလက်စုဆောင်းတဲ့ စင်တာကနေ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ထုတ်လွှတ်မှုနှုန်းက အရမ်းကို မြင့်မားနေတယ်။ စင်တာအတွက် လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်တွေကို သဘာဝဓာတ်ငွေ့ တာဘိုင်တွေ တည်ဆောက်ပြီး ထုတ်ယူနေတယ်။ ဒီတာဘိုင်တွေဟာ ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထားတာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနဲ့ ငြိစွန်းနေပါတယ်။ လေထုညစ်ညမ်းမှုတွေလဲ ဖြစ်ပေါ်စေတဲ့အတွက်ကြောင့်တရားဥပဒေလမ်းကြောင်းအတိုင်း ရင်ဆိုင်သွားဖို့ ပြင်ဆင်နေပါတယ်" ဟု Southem Envi ronmental Law Center (SELC) မှ စီနီယာရှေ့နေတစ်ဦးဖြစ်သူ ပက်ထရစ်အန်ဒါဆင်က ပြောကြားခဲ့သည်။
Ref: Russia Today
Trs: Sai Sat
YDNB Newspaper

ဇွန် ၁၉
မတ်လအတွင်းက လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာတစ်ဘီလျံရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့ ဦးတည်နေသည်ဟုဆိုသည်။
အပြည့်အစုံဖတ်ရှုရန်- https://sacministry.gov.mm/my/subject/7305

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ သီရူဗာနမ် သာပူရမ်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ရသည့် ဗြိတိန်မှ F-35B တိုက်လေယာဉ်သည် ယခုအခါ လေဆိပ်တွင်သောင်တင်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလေယာဉ်သည် ပြီးခဲ့သည့် သီတင်းပတ်တွင် နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကြောင့် အိန္ဒိယရှိလေဆိပ်သို့ အရေးပေါ် ဆင်းသက်ရခြင်းဖြစ်ပြီး ယခု အချိန်အထိ ပြင်ဆင်မှုများ လုပ်ဆောင်၍ မပြီးသေးဘဲ သောင်တင်နေခြင်းဖြစ်သည် ဟု ဒေသတွင်းသတင်း ဌာနများက ဇွန်လ ၁၉ ရက်တွင် ဖော်ပြထားသည်။

ထိုတိုက်လေယာဉ်သည် HMS Prince of Wales လေယာဉ်တင်သင်္ဘော ဦးဆောင်သည့် တိုက်ခိုက်ရေးအုပ်မှ တိုက်လေယာဉ် ဖြစ်သည်။ အိန္ဒိယရေတပ်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ပြီးနောက် ယခုကဲ့သို့ နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ တိုက်လေယာဉ်ကို လော့ဟိမာ တင်ကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်ပြီး လေယာဉ်တင် သင်္ဘောများတွင် ဒေါင်လိုက် အတက်၊ အဆင်းလုပ်နိုင်အောင် ဒီဇိုင်းဆွဲ ထားခြင်းဖြစ်သည်။

ဆိုးလ် ဇွန် ၁၉
ဆိုးလ် ဇွန် ၁၉
တောင်ကိုရီးယားနိုင်ငံတွင် မိုးရာသီ ဝင်ရောက်လာပြီး မိုးရွာသွန်းမှုများလည်း ယနေ့မှစတင်နေပြီဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ပြည်ထဲရေးဝန်ကြီးက သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း ယနေ့ သတင်းများတွင်ဖော်ပြထားသည်။
မိုးရာသီအတွင်း ပြည်သူများ အန္တရာယ် ကင်းစေရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကိုလည်း ကြိုတင်ပြင်ဆင်မှုများနှင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ပြုလုပ်ထားရန် ပြည်ထဲရေးဝန်ကြီးက ထုတ်ပြန်ထားကြောင်း၊ ပြည်ထဲရေးဝန်ကြီးသည် ဆိုးလ်မြို့တွင်အစိုးရအဖွဲ့ဝင်များဖြင့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး ဖြစ်ပေါ်လာနိုင်သည့်သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ မိုးရာသီကာလအတွင်း မိုးရွာသွန်း မှုများနှင့်ပတ်သက်ပြီး ပြည်သူများ အတွက် မိုးလေဝသခန့်မှန်းချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ် ကြောင်းလည်း Korea Meteorological Administration (KMA) က ထုတ်ပြန်ခဲ့သည်။
“တောင်ကိုရီးယားနိုင်ငံမှာ မိုးရာသီ စတင်ပြီဖြစ်ပါတယ်။ မိုးရာသီအတွင်း ရင်ဆိုင်ရနိုင်တဲ့ သဘာဝဘေးဒဏ်တွေနဲ့ပတ်သက်ပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ စီစဉ်နေပါပြီ။ အဓိကကတော့ ရေကြီးရေလျှံမှုအတားအဆီးတွေ တည်ဆောက်သွားဖို့ ပြင်ဆင်သွားပါ မယ်”ဟု ပြည်ထဲရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
Ref: Sputnik News

နေပြည်တော် ဇွန် ၁၉
ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၌ စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရန် အမျိုးသားပို့ကုန်ဆိုင်ရာမဟာဗျူဟာများ မျှဝေဖလှယ်ခြင်းဆိုင်ရာ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ (Regional Workshop on Sharing National Export Strategies to Enhance Agricultural Trade & Investment in BIMSTEC) ကို ယမန်နေ့ နံနက် ၉ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်က သဘာပတိအဖြစ် ဆောင်ရွက်သည်။

ဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာစားရေရိက္ခာနှင့် မူဝါဒသုတေသနမှ ကျွမ်းကျင်ပညာရှင်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ဘင်းမ်စတက်အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိ ကဏ္ဍများအနက် စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေးကဏ္ဍအား ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇) အရ ယနေ့ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် ဘင်းမ်စတက်ဒေသတွင်းနိုင်ငံများ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ လယ်သမားများ၏ လူနေမှုဘဝမြှင့်တင်ရေးတို့အတွက် အမျိုးသားပို့ကုန်ဆိုင်ရာ မဟာဗျူဟာများ၏ အခန်းကဏ္ဍကို အပြည်ပြည်ဆိုင်ရာ စားရေရိက္ခာ မူဝါဒသုတေသနဌာန၏ ကျွမ်းကျင်ပညာရှင်က လည်းကောင်း၊ ဘင်းမ်စတက်ဒေသတွင်းရှိ စိုက်ပျိုးရေးထွက်ကုန်များ၏ ကုန်သွယ်ရေး လွယ်ကူချောမွေ့စေရေးအတွက် ကြုံတွေ့ရသော စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် ကုန်သွယ်မှု ဆိုင်ရာ အတားအဆီးများကို သတ်မှတ်ဖော်ထုတ်ခြင်းခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဥက္ကဋ္ဌကလည်းကောင်း၊ ဘင်းမ်စတက်ဒေသတွင်းရှိ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုအလားအလာကောင်းများ၊ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများအပေါ် ခြုံငုံသုံးသပ်ခြင်း၊ အဖွဲ့ဝင်နိုင်ငံများရှိ အမျိုးသားပို့ကုန်ဆိုင်ရာ မဟာဗျူဟာများ၊ အလားအလာရှိသော ရင်းနှီးမြှုပ်နှံမည့်နယ်ပယ်များ စသည်တို့ကို ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များကလည်းကောင်း တင်ပြဆွေးနွေးကြပြီး ဘင်းမ်စတက်ဒေသတွင်းရှိ စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရန် အမျိုးသားပို့ကုန်ဆိုင်ရာ မဟာဗျူဟာများ မျှဝေဖလှယ်ခြင်းနှင့် သက်ဆိုင်သည့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို သတ်မှတ်ဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
MNP