ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၃ ပေခန့် ရှိနိုင်ပါသည်။ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးပိုနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွကမနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးဇလ

လျှပ်စစ်စွမ်းအင်သုံးကားများနဲ့ ပတ်သက်လို့ လူပြောများနေတဲ့အချက်တစ်ချက်က သူ့မှာပါဝင်တဲ့ ဘက်ထရီအကြောင်းပါ။ အဲဒီဘက်ထရီတွေက အရွယ်အစားလည်းကြီးသလို ဈေးနှုန်းကလည်းမြင့်မားပါတယ်။ သူတို့ကိုလဲလှယ်မယ်ဆိုရင်လည်း ကားတစ်စီးစာလောက်ကို ကုန်ကျနိုင်တယ်လို့ ဆိုကြပါတယ်။ အပြောများတဲ့တစ်ချက်ကတော့ သူ့ရဲ့သက်တမ်းပါ။ အဲဒီဘက်ထရီတွေက ၁၀ နှစ်ပဲ သက်တမ်းခံမယ်ဆို ပြီးပြောနေကြတာဖြစ်ပါတယ်။ လူအများ စုကလည်း အဲဒီပြောဆိုချက်တွေအတိုင်း မှတ်သားထားကြပါတယ်။ ဒါပေမဲ့ အဲဒီပြောဆိုမှုတွေက တကယ်လား။ အထူးသဖြင့် ဘက်ထရီတွေရဲ့သက်တမ်းက နည်းတယ်ဆိုတာ တကယ်ပဲလားဆိုတာကို&
လျှပ်စစ်စွမ်းအင်သုံးကားများနဲ့ ပတ်သက်လို့ လူပြောများနေတဲ့အချက်တစ်ချက်က သူ့မှာပါဝင်တဲ့ ဘက်ထရီအကြောင်းပါ။ အဲဒီဘက်ထရီတွေက အရွယ်အစားလည်းကြီးသလို ဈေးနှုန်းကလည်းမြင့်မားပါတယ်။ သူတို့ကိုလဲလှယ်မယ်ဆိုရင်လည်း ကားတစ်စီးစာလောက်ကို ကုန်ကျနိုင်တယ်လို့ ဆိုကြပါတယ်။ အပြောများတဲ့တစ်ချက်ကတော့ သူ့ရဲ့သက်တမ်းပါ။ အဲဒီဘက်ထရီတွေက ၁၀ နှစ်ပဲ သက်တမ်းခံမယ်ဆို ပြီးပြောနေကြတာဖြစ်ပါတယ်။ လူအများ စုကလည်း အဲဒီပြောဆိုချက်တွေအတိုင်း မှတ်သားထားကြပါတယ်။ ဒါပေမဲ့ အဲဒီပြောဆိုမှုတွေက တကယ်လား။ အထူးသဖြင့် ဘက်ထရီတွေရဲ့သက်တမ်းက နည်းတယ်ဆိုတာ တကယ်ပဲလားဆိုတာကို သုတေသနပညာရှင်တွေက လက်တွေ့လေ့လာမှုတွေလုပ်ခဲ့ကြပါတယ်။
ဒီလေ့လာမှုကိုတော့ Geotab ဆိုတဲ့ ကုမ္ပဏီကလုပ်တာပါ။ သူတို့က လျှပ်စစ်စွမ်းအင်သုံးကားပေါင်း ၁၀၀၀၀ ကျော်ကို စောင့်ကြည့်မှုတွေနဲ့အတူ လေ့လာမှုတွေ လုပ်ခဲ့ရာမှာ ဒီကားတွေရဲ့ဘက်ထရီသက်တမ်းက မထင်ထားလောက်အောင် မြင့်မားတာတွေ့ရပါတယ်။ သူတို့တွေ့ရှိတဲ့ အချက်အလက်တွေအရ လျှပ်စစ်ကား တစ်စီးမှာပါတဲ့ ဘက်ထရီရဲ့ပျမ်းမျှသက်တမ်းဟာ နှစ်ပေါင်း ၂၀ တောင်ရှိတယ်လို့ ဆိုပါတယ်။
ဘက်ထရီဆိုတာက အချိန်ကာလကြာ မြင့်လာတာနဲ့အမျှ စွမ်းဆောင်ရည်လျော့ ကျတတ်တာကပုံမှန်ပါပဲ။ စွမ်းဆောင်ရည် ကျဆင်းမှုက တစ်နှစ်ကို ၁ ဒသမ ၈ ရာခိုင်နှုန်းရှိပါတယ်။ ဒီလိုကျဆင်းမှုနဲ့အတူ လျှပ်စစ်စွမ်းအင်သုံးကားရဲ့ မူလရောက်ရှိနိုင်တဲ့မိုင်နှုန်းကလည်း ကျဆင်းသွားပါတယ်။ ဒါပေမဲ့ ဒီလောက်ကျဆင်းမှုက သိပ်တော့မပြောပပါဘူး။ နှစ်ပေါင်း ၂၀ ကြာတဲ့အခါမှာ လျှပ်စစ်စွမ်းအင်သုံးကားတစ်စီးက သူ့ရဲ့မူလမိုင်နှုန်းထက် ၆၄ ရာခိုင်နှုန်းအထိ ဆက်သွားနိုင်နေဦးမယ်လို့ ပညာရှင်များရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဘက်ထရီရဲ့စွမ်းဆောင်ရည်ကိုကျဆင်း စေတဲ့အကြောင်းရင်းများအနက် အဓိက အကျဆုံးတစ်ခုက ရာသီဥတုပါ။ ပူပြင်းတဲ့ပတ်ဝန်းကျင်မှာမောင်းရင်တော့ ဘက်ထရီရဲ့စွမ်းဆောင်ရည်အပေါ်မှာ သက်ရောက်မှုရှိစေမှာဖြစ်ပြီး ဂရုစိုက်မှုအပေါ် မူတည်လို့ ဘက်ထရီရဲ့သက်တမ်းနဲ့သူ့ရဲ့ စွမ်းဆောင်ရည်ကလည်း ကွာခြားသွားနိုင်ပါတယ်။ ခေတ်မီကားတွေမှာတော့ ဘက်ထရီအအေးပေးစနစ်ကို ကောင်းစွာ အသုံးပြုထားတာကြောင့် ဒီတစ်ချက်ကလည်း သိပ်တော့ပြောပလောက်တဲ့အခြေအနေမရှိပါဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကားကိုအရိပ်ထဲမှာရပ်တာ၊ အားသွင်းရင်လည်း အရိပ်ထဲမှာသွင်းတာမျိုးတွေတော့ လုပ်ပေးသင့်ပါတယ်လို့ လေ့လာသူများ ကအကြံပြုထားပါတယ်။
Ref: AE
MWD Web Portal

ခေတ်သစ်ဘုရင့် နောင်ကုမ္ပဏီလက် အောက်ရှိ YBS 75 ယာဉ်လိုင်းသည် ဇွန်လ (၂၀) ရက်က စတင်ကာ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသည်။
တိုးချဲ့ပြေးဆွဲပေးသည့် လမ်းကြောင်းမှာ ယခင်ဂိတ်ရင်း ငမိုးရိပ် (ကားကြီးဂိတ်) အစား မြောက်ဒဂုံ(ပင်လုံအိမ်ရာ)မှ ပြေးဆွဲပေးခြင်းဖြစ်သည်။

ထို့ကြောင့် မြောက်ဒဂုံ(ပင်လုံအိမ်ရာ) – ဘုရင့်နောင်လမ်း – ပင်လုံစီးတီးမော်လ် – ဆရာစံလမ်း – ပင်လုံဆေးရုံ – တံတားထိပ်(ပြည်ထောင်စုလမ်း) – တောင်/ မြောက်လမ်းဆုံ – ငမိုးရိပ်(ကားကြီးဂိတ်) – သွားဆေးတက္ကသိုလ် – သုဝဏ္ဏလမ်းဆုံ – ကြက်ဘဲဈေး – အာသောက – တာမွေအဝိုင်း– ရွှေဂုံတိုင် – မြေနီကုန်း – ဗားကရာလမ်း – ကြည့်မြင်တိုင်ဘူတာ – ကြည့်မြင်တိုင် (ညစျေး) အထိ တိုးချဲ့ပြေးဆွဲပေးတော့မည် ဖြစ်သည်။
ရန်ကုန်မြို့တွင် နေ့စဉ်သွားလာရေးအတွက် YBS ယာဉ်များကို အဓိကအားကိုးနေကြရကာ နေ့စဉ် ခရီးသည် (၁)သန်းခွဲနီးပါးကို ယာဉ်အစီးရေ (၃,၀၀၀)ကျော်ဖြင့် နေ့စဉ် ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။
Popular Myanmar

Xiaomi ကုမ္ပဏီဆိုတာ တရုတ်နိုင်ငံရဲ့နည်းပညာကုမ္ပဏီတစ်ခုဖြစ်သလို အရင်တုန်းကဖုန်းများနဲ့ လူသုံးလျှပ်စစ်ပစ္စည်းများကိုသာ ထုတ်လုပ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားများကိုပါ အောင်မြင်စွာ ထုတ်လုပ်လာနိုင်တာကိုတွေ့ရပါတယ်။ သူတို့ရဲ့ ပထမဆုံးသော လျှပ်စစ်ကားအမျိုးအစားက SU7 ဖြစ်ပါတယ်။ SU7 ကိုထုတ်လုပ်မှုနဲ့အတူ အောင်မြင်မှုလည်းရရှိထားပါတယ်။ ဒါကြောင့် Xiaomi အနေနဲ့ သူတို့ရဲ့အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် နောက်ထပ် လျှပ်စစ်စွမ်းအင်သုံးကား တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ အဲဒါကတော့ YU7 ပါပဲ။ SU7 က Sedan ကားဖြစ်ပေမယ့် YU7 ကတော့ SUV အမျ
Xiaomi ကုမ္ပဏီဆိုတာ တရုတ်နိုင်ငံရဲ့နည်းပညာကုမ္ပဏီတစ်ခုဖြစ်သလို အရင်တုန်းကဖုန်းများနဲ့ လူသုံးလျှပ်စစ်ပစ္စည်းများကိုသာ ထုတ်လုပ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားများကိုပါ အောင်မြင်စွာ ထုတ်လုပ်လာနိုင်တာကိုတွေ့ရပါတယ်။ သူတို့ရဲ့ ပထမဆုံးသော လျှပ်စစ်ကားအမျိုးအစားက SU7 ဖြစ်ပါတယ်။ SU7 ကိုထုတ်လုပ်မှုနဲ့အတူ အောင်မြင်မှုလည်းရရှိထားပါတယ်။ ဒါကြောင့် Xiaomi အနေနဲ့ သူတို့ရဲ့အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် နောက်ထပ် လျှပ်စစ်စွမ်းအင်သုံးကား တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ အဲဒါကတော့ YU7 ပါပဲ။ SU7 က Sedan ကားဖြစ်ပေမယ့် YU7 ကတော့ SUV အမျိုးအစားဖြစ်ပါတယ်။
Xiaomi ကုမ္ပဏီက YU7 SUV ကိုထုတ်လုပ်ထား ပြီးဖြစ်ပေမယ့်လည်း ဇူလိုင်လမှသာ တရားဝင်ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီကအစောပိုင်းမှာပြော ထားပါတယ်။ ဒါပေမဲ့ မကြာသေးမီကထွက်ပေါ်လာတဲ့ ကုမ္ပဏီအမှုဆောင်ချုပ်နဲ့တည်ထောင်သူရဲ့ ပြောစကားတစ်ခုကြောင့် YU7 SUV က ယခင်သတ်မှတ်ထားတဲ့အချိန်ထက် ပိုစောပြီးထွက်ပေါ်လာဖို့ရှိနေပါတယ်။ ကုမ္ပဏီအမှုဆောင်ချုပ်နဲ့တည်ထောင်သူ လေးကျွန်းက သူတို့အနေနဲ့ YU7 SUV ကို ဒီလကုန် မှာမြင်တွေ့ရစေဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်ဆိုပြီး လူမှုကွန်ရက်မှာတင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် အရင်တုန်းက ဇူလိုင်လမှသာထွက် ပေါ်လာဖို့ရှိနေတဲ့ YU7 SUV ကို အခုလကုန်မှာမြင်တွေ့ရတော့မှာပါ။ အခုဆိုရင်ပဲ တရုတ်နိုင်ငံရဲ့မြို့ပေါင်း ၈၆ မြို့နယ်ရှိ အရောင်းဆိုင်ပေါင်း ၃၁၇ ဆိုင်မှာပြသမယ့် YU7 SUV တွေက ဇွန်လလယ်ကတည်းကရောက်ရှိနေပါပြီ။
SU7 လျှပ်စစ်စွမ်းအင်သုံးကားနဲ့အောင်မြင်မှုရရှိထားတဲ့ Xiaomi ကုမ္ပဏီက အခုတစ်ခေါက်မှာလည်း ဝယ်ယူသူများရဲ့ စိတ်ဝင်စားမှုကိုအမြင့်ဆုံးရရှိထား ပါတယ်။ မေလနှောင်းပိုင်းမှာ Xiaomi ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ လုဝေဘင်းက အခုတစ်ကြိမ် YU7 SUV ကိုမှာယူဖို့အတွက် ကြိုတင်ငွေပေးချေကြသူအရေအတွက် က SU7 မှာတုန်းက ကြိုတင်ငွေပေးချေသူအရေအတွက်ထက် သုံးဆပိုများတယ်လို့ဆိုထားပါတယ်။ ကုမ္ပဏီက YU7 SUV နဲ့ပတ်သက်ပြီး အမွှမ်းတင် ပြောဆိုထားမှုတွေ ရှိပေမယ့်လည်း အရေးကြီးတဲ့ အရာတစ်ခုကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပါဘူး။ အဲဒါကတော့ YU7 SUV ရဲ့ဈေးနှုန်းပါပဲ။
တချို့ကလည်း YU7 SUV ရဲ့ဈေးနှုန်းက ယွမ် ၂၃၅၉၀၀ ရှိတယ်လို့ဆိုကြပေမယ့် လေးကျွန်းက ဒီပြောဆိုမှုတွေကို ငြင်းဆိုထားပါတယ်။ ဒါ့အပြင် YU7 SUV ရဲ့ဈေးနှုန်းက SU7 ရဲ့ဈေးနှုန်းကြားကွာခြားမှု ရှိမှာဖြစ်ပြီး အဲဒီကွာခြားမှုက ယွမ် ၂၀၀၀၀ ထက်ပိုမယ်လို့လည်း ပြောထားပါတယ်။ အရင်ထုတ်လုပ် ခဲ့တဲ့ SU7 ရဲ့ဈေးနှုန်းက ယွမ် ၂၁၅၉၀၀ ကနေစတင်တာပါ။ ဒါကြောင့် YU7 SUV ရဲ့ဈေးနှုန်းအတိအကျက တရားဝင်မိတ်ဆက်ပွဲ ဒါမှမဟုတ် အဲဒီမိတ်ဆက် ပွဲမတိုင်မီ တစ်ရက်၊ နှစ်ရက်အလိုမှာ ထွက်ပေါ်လာနိုင်တယ်လို့ယူဆရပါတယ်။
Xiaomi ကုမ္ပဏီအနေနဲ့ အခုထုတ်လုပ်ထားတဲ့ YU7 SUV မှာ အဓိကကျတဲ့အခန်းကဏ္ဍက သူ့ရဲ့ လေခွင်းအားပုံစံဖြစ်ပါတယ်။ သူ့မှာ လေဖြတ်သန်း စီးဆင်းနိုင်တဲ့လမ်းကြောင်းစုစုပေါင်း ၁၀ ခုအပြင် အဆင်ပြေအောင်ဖန်တီးထားတဲ့ လေပေါက်ပေါင်း ၁၉ ခုအထိပါဝင်နေတာကိုတွေ့ရပါတယ်။ YU7 SUV ကမြင်းကောင်ရေ ၃၁၆ ကောင်အားထုတ်ပေးနိုင်မယ့် လျှပ်စစ်မော်တာတစ်လုံးကိုတပ်ဆင်ထားပြီး အမြင့် ဆုံးအမြန်နှုန်းအနေနဲ့ တစ်နာရီကို ကီလိုမီတာ ၂၄၀ နှုန်းအထိမောင်းနှင်နိုင်စေမှာပါ။ သူ့မှာတပ်ဆင်ထားတဲ့ ဘက်ထရီစွမ်းအင်ပမာဏက ၉၆ ဒသမ ၃ ကီလို ဝပ်နာရီရှိတာကြောင့် အားအပြည့်သွင်းရင် ၈၃၅ ကီလိုမီတာအထိသွားနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီအားသွင်းတဲ့အခါမှာလည်း ၁၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိကို ၁၂ မိနစ်ပဲကြာမှာဖြစ်ပြီး ၁၅မိနစ်အထိအားသွင်းပြီးတဲ့အခါမှာတော့ ကီလိုမီတာ ၆၂၀ အထိမောင်းနှင်နိုင်စေမှာဖြစ်ပါတယ်။ နောက်ထပ်အားသာချက်တစ်ခုက သူ့မှာအသုံးပြုထားတဲ့ အောက်ပိုင်းစနစ်က အနိမ့်အမြင့်ကို ငါးမျိုးအထိချိန်ညှိလို့ရတာကြောင့် မြေပြင်ကင်းလွတ်အမြင့်ကို ၈ ဒသမ ၇ လက်မအထိ ရရှိစေမှာပါ။ ယာဉ်မောင်းသူ အထောက်အပံ့စနစ်အတွက် LiDar sensor၊ 4D milimeter-wave ရေဒါ၊ အဆင့်မြင့်ကင်မရာ ၁၁ လုံးနဲ့ အသံလှိုင်းရေဒါ ၁၂ လုံးတို့ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။
Ref: AE
ကိုထက်

ဆိုလာစွမ်းအင်ဆိုတာ အဖိုးနည်းဝန်ပါဆိုသလို သိပ်ကိုတန်ဖိုးကြီးတဲ့ စွမ်းအင်အရင်းအမြစ်ကြီးတစ်ခုဖြစ်ပါတယ်။ အခုတစ်ကမ္ဘာလုံးလိုလိုကလည်း ဆိုလာစွမ်းအင်တစ်ဖြစ်လဲ နေရောင်ခြည်စွမ်းအင်ကို အပြည့်အဝ အသုံးချနိုင်ဖို့ ကြိုးစားလာနေတာတွေ့ ရှိရပါတယ်။ နေရောင်ခြည်စွမ်းအင်ကို ကျယ်ပြန့်စွာ အသုံးမပြုနိုင်ချိန်တုန်းက ကျောက်မီးသွေး စွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားကို ရယူကြတာပါ။ ကျောက်မီးသွေးဆိုတာက ကမ္ဘာမြေထဲကနေထုတ် ယူရတဲ့ သယံဇာတတစ်ခုဖြစ်ပါတယ်။ သူတို့ကို ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေမှာ သုံးခြင်းအားဖြင့် လျှပ်စစ်ဓာတ်အားကိုရရှိ အသုံးပြုတာဖြစ်ပါတယ်။

ဒီအတွက်လိုအပ်တဲ့ ကျောက်မီးသွေးကိုရရှိနိုင်ဖို့ ကျောက်မီးသွေးတွင်းကြီးတွေကိုတူးဖော်ပြီး အထဲမှ ကျောက်မီးသွေးကို ထုတ်ယူကြပါတယ်။ ထုတ်ယူခံလိုက်ရတဲ့ ကျောက်မီးသွေးတွင်းကြီးတွေ ဘဝမှာတော့ ကြီးမားလှတဲ့ ချိုင့်ခွက်တွေနဲ့ အတူ နောက်ဆုံးမှာ စွန့်ပစ်ခံဘဝကိုသာ ရောက်ရှိသွားကြတာပါ။ သူတို့ကိုတခြားနည်းနဲ့ပြန်သုံးကြဖို့ ဘယ်သူမှ မစဉ်းစားကြတော့ပါဘူး။
အခု Global Energy Monitor ဆိုတဲ့ အဖွဲ့အစည်းက ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လာတာ တွေ့ရပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ စွန့်ပစ်ကျောက်မီးသွေးတွင်းကြီးတွေကို ပြန်အသုံးပြုနိုင်စေမယ့် နည်းလမ်းကိုဖော်ပြထားပါတယ်။ အဲဒီနည်းလမ်းကတော့ ကျောက်မီးသွေးတွင်းဟောင်း နေရာတွေမှာ ဆိုလာပြားတွေတပ် ဆင်ခြင်းဖြစ်ပါတယ်။ ကျောက်မီးသွေး တွင်းဟောင်းနေရာတွေဆိုတာ အင်မတန်မှကြီးမားကျယ်ပြန့်တဲ့ ဟင်းလင်းပြင်မြေနေရာတွေဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနေရာတွေမှာ ဆိုလာပြားတွေကို တပ်ဆင်လိုက်မယ်ဆိုရင် ထွက်ရှိလာနိုင်တဲ့ လျှပ်စစ်ဓာတ်အားပမာဏက 300 GW အထိ ရှိနိုင်ပါတယ်။ အဲဒီကနေထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အား ပမာဏက ဂျာမနီလိုနိုင်ငံမျိုးကို တစ်နှစ်စာ စွမ်းအင်ပေးနိုင်တဲ့အထိ လုံလောက်ပါတယ်။ ဒီလိုနည်းလမ်းဟာ ကမ္ဘာကြီးပူနွေးမှုကို တစ်ဖက်တစ်လမ်းမှ လျှော့ချပေးနိုင်တဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်အဖြေဖြစ်ပါတယ်။

တရုတ်နိုင်ငံသည် လက်ရှိအချိန်တွင် သန့်ရှင်းစွမ်းအင်ကို ဦးစားပေးပြီး စီးပွားရေးဆောင်ရွက်နေသည့် ထိပ်တန်းနိုင်ငံ ဖြစ်လာလျက်ရှိကြောင်း၊ ယခုအတိုင်းဆက်သွားပါက ကာဗွန်ထွက်ရှိမှုကို လျှော့ချပြီး တရုတ်နိုင်ငံ၏ ၂၀၃၅ ခုနှစ် စီးပွားရေးရည်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း သုတေသန ပညာရှင်များက ပြောသည်။

ထို့ကြောင့် အဆိုပါအနေအထားမျိုးသို့ ရောက်ရှိနိုင်စေရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အစိမ်းရောင်နည်းပညာ ဖန်တီးတီထွင်ထုတ်လုပ်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်နိုင်စေရေးအတွက် မူဝါဒများချမှတ်ပေးရမည်ဖြစ်ကြောင်း ဟယ်ဆင်ကီမြို့ အခြေစိုက်စွမ်းအင်နှင့် သန့်ရှင်းလေထု သုတေသနဌာနက ထုတ်ပြန်ထားသည်။
၂၀၃၅ ခုနှစ်အရောက်တွင် တရုတ်နိုင်ငံ၏ သန့်ရှင်းစွမ်းအင် လုပ်ငန်းသည်နှစ်ဆ တိုးပွားလာနိုင်ပြီး စီးပွားရေး၌ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ထရီလီယံအထိမြင့် တက်လာစေနိုင်ကြောင်း ပညာရှင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ကမ္ဘာပေါ်ရှိပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတွင် တရုတ်နိုင်ငံကဦးဆောင် ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်နေသည်။ ထို့ကြောင့် စဉ်ဆက်မပြတ် အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုသည် ၁၀ စုနှစ်တစ်ခုအတွင်း တရုတ်နိုင်ငံကို အတန်အသင့် ချမ်းသာကြွယ်ဝသော နိုင်ငံအဖြစ်သို့ရောက်ရှိလာ စေမည်ဖြစ်ကြောင်း လေ့လာသူများက ပြောသည်။
ဧပြီလအထိရရှိသော စာရင်းများအရ တရုတ်နိုင်ငံသည် လေစွမ်းအင်နှင့်နေစွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အားပမာဏကို 1533 GW အထိထုတ်ယူ အသုံးပြုလျက်ရှိ ကြောင်းသိရသည်။

နေပြည်တော် ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ သပြေရိုးကျေးရွာ၌ အထောက်အထားမဲ့ သိုလှောင်ထားသည့် Glacial Acetic Acid ၃၀ လီတာစီပါ ပလတ်စတစ်ပုံး ၈၅ဝ ပုံးနှင့် အဆိုပါတရားမဝင်ပစ္စည်းများနှင့် ပါဝင်ပတ်သက်သူ ၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ပျော်ဘွယ်မြို့နယ်၊ သပြေရိုးကျေးရွာ၌ စိုးသက်ပိုင်အား အထောက်ထားမဲ့သိုလှောင်ထားသည့် Glacial Acetic Acid ၃၀ လီတာစီပါ ပလတ်စတစ်ပုံး ၈၅ဝ ပုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဓာတုပစ္စည်းများကို သိမ်းဆည်းရန် အခကြေးငွေပေး၍ စေခိုင်းသူဇော်လင်းဦးအား ဇွန်လ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ စွယ်တော်လမ်းရှိ ၎င်း၏နေအိမ်၌ လည်းကောင်း၊ ဓာတုပစ္စည်းများအား ရန်ကုန်မှပျော်ဘွယ်သို့ တာဝန်ခံသယ်ဆောင်သူ ကျော်မြင့်ဦး (ခ)ဖိုးကျော်(ခ)ဖြိုးကျော်အား ဇွန် ၁၂ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဒလမြို့ရှိနေအိမ်၌ လည်းကောင်း၊ ဓာတုပစ္စည်းများအား တရားမဝင် တင်ပို့ပေးသူအောင်အောင်ဦး (ခ)ကိုခန့်အား ဇွန် ၁၄ ရက် နံနက် ၆ နာရီခန့်တွင် တာမွေမြို့နယ်၊ ၁၅၂ လမ်းရှိ နေအိမ်၌လည်းကောင်း၊ ဓာတုပစ္စည်းများအား တရားမဝင်ရောင်းချခဲ့သူ နေအောင်လှိုင်သိန်း(ခ)နေအောင်အား နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဖန်ချက်စက်လမ်းရှိ နေအိမ်၌လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဓာတုပစ္စည်းများကို မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုရန်ရည်ရွယ်၍ တရားမဝင်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အား တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
MOI

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယူနန်ပြည်နယ်အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့၌ ကျင်းပပြုလုပ်သော(၉)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ နှင့် (၂၉)ကြိမ်မြောက် ကူမင်း ပို့ကုန်၊ သွင်းကုန် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ဇွန် ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့မှထွက်ခွာခဲ့ရာ ကူမင်းမြို့သို့ ဒေသစံတော်ချိန် ၆ နာရီ ၄၅ မိနစ်တွင် ရောက်ရှိ ရာ ကူမင်းမြို့ ချန်းရွှေအပြည်ပြည် ဆိုင်ရာလေဆိပ်၌ ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Yang Yalin နှင့် ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်တို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ခေတ္တတည်းခိုမည့် Green Lake Hotel သို့ လိုက်ပါပို့ဆောင်ခဲ့သည်။
လှည့်လည်ကြည့်ရှု
မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ကူမင်းမြို့တီယန်ချီအပြည်ပြည် ဆိုင်ရာကွန်ဗန်းရှင်းစင်တာ (Dian Chi International Exhibition and Convention Center) ၌ ကျင်းပပြုလုပ်သော(၉)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉)ကြိမ်မြောက် ကူမင်းပို့ကုန်၊ သွင်းကုန်ကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနားသို့ရောက်ရှိပြီး လျှပ်စစ်မော်တော်ယာဉ်များဖြင့် ကုန်စည် ပြခန်းဆောင်များအား လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Wang Dongming နှင့် အာဖဂန် နစ္စတန်နိုင်ငံ၊ မော်လ်ဒိုက်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အကြီးအကဲများနှင့်အတူ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တီယန်ချီအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ (Dian Chi International Exhibition and Convention Center) ခန်းမ ဆောင် ၇ ဧည့်ခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Wang Dongming နှင့် တွေ့ဆုံပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအတွက် ကူညီပေးရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မြန်မာ့ပြခန်းဆောင်၌ ခင်းကျင်းပြသထားသော မြန်မာ့ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးကာ ကုန်သည်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မြန်မာ့ထုတ်ကုန်များကို ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေးအတွက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ပလက်ဖောင်း (Platform)ကို ထိထိရောက်ရောက် အသုံးချရန်မှာကြားသည်။
ခရီးစဉ်အတွင်း ဇွန် ၁၈ ရက် နံနက်ပိုင်းက မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ္တတည်းခိုသည့် Green Lake Hotel ၌ Union Resources and Engineering Co.,Ltd အား လက်ခံတွေ့ဆုံခဲ့သည်။
မွန်းလွဲပိုင်းတွင် Yunnan Energy Investment Group နှင့် State Power Investment Yunnan International Co.,Ltd များသို့ သွားရောက်လေ့လာခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် မြန်မာနိုင်ငံ၌ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများကို ဆွေးနွေးခဲ့သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ကူမင်းမြို့ Hai Geng Garden Hotel ၌ ယူနန် ပြည်နယ် ကွန်မြူနစ်ပါတီကော်မတီအတွင်းရေးမှူး Mr. Wang Ning နှင့်တွေ့ဆုံပြီး အနာဂတ်တွင် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတို့ကို ဆွေးနွေးကြပြီး ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ ကော်မတီအတွင်းရေးမှူး Mr. Wang Ning က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၀ ရက် ဒေသစံတော်ချိန် ၁ နာရီ ၁၀ မိနစ်တွင် ကူမင်းမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာရာ ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ Mr. Yang Yalin နှင့် ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်တို့က လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ နိုင်ငံရေးဆိုင်ရာသံမှူးကြီး Mr. Jia Junjie နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ပြခန်းပေါင်း ၄၈၀၀ ခင်းကျင်းပြသ
(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် ကူမင်းပို့ကုန်၊ သွင်းကုန် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် တရုတ်၊ တောင် အာရှ၊ အရှေ့တောင်အာရှနှင့် ကမ္ဘာ့ နိုင်ငံ ၅၃ နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များက ၎င်းတို့၏ ထုတ်ကုန်များကို ပြခန်းဆောင် ၁၃ ခု၌ ပြခန်းပေါင်း ၄၈၀၀ ခင်းကျင်းပြသထားကြောင်း သတင်းရရှိသည်။

Space X ဆိုတာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံ နာသူဌေးကြီး အီလွန်မက်ပိုင်ဆိုင်တဲ့အာကာသယာဉ်လွှတ်တင်ရေး ကုမ္ပဏီတစ်ခုပါ။ သူ့ရဲ့ထင်ရှားမှုက နောက်တစ်ကြိမ်ပြန်သုံးနိုင်တဲ့ အာကာသဒုံးပျံတွေကို တီထွင်ဖန်တီးအသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် အာကာသထဲကို စူးစမ်းလေ့လာရေးယာဉ်တွေ၊ တခြားအာကာသယာဉ်တွေ စေလွှတ်တဲ့အခါမှာ ဒုံးပျံတွေကိုအသုံးပြုရပါတယ်။ ဒါပေမဲ့ အဲဒီဒုံးပျံတွေက တစ်ခါသုံးတွေပါ။ နောက်တစ်ကြိမ်ပြန်သုံးလို့မရပါဘူး။ အဲဒီတော့ ကုန်ကျစရိတ်လည်း ပိုမိုများပြားပါတယ်။ ဒါကြောင့် အာကာသသုတေသနလုပ်ငန်းမှာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ အကြောင်းရင်းကတော့ ကုန်ကျစရိတ်အကန့်အသတ်ကြောင့်ပါ
Space X ဆိုတာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံ နာသူဌေးကြီး အီလွန်မက်ပိုင်ဆိုင်တဲ့အာကာသယာဉ်လွှတ်တင်ရေး ကုမ္ပဏီတစ်ခုပါ။ သူ့ရဲ့ထင်ရှားမှုက နောက်တစ်ကြိမ်ပြန်သုံးနိုင်တဲ့ အာကာသဒုံးပျံတွေကို တီထွင်ဖန်တီးအသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် အာကာသထဲကို စူးစမ်းလေ့လာရေးယာဉ်တွေ၊ တခြားအာကာသယာဉ်တွေ စေလွှတ်တဲ့အခါမှာ ဒုံးပျံတွေကိုအသုံးပြုရပါတယ်။ ဒါပေမဲ့ အဲဒီဒုံးပျံတွေက တစ်ခါသုံးတွေပါ။ နောက်တစ်ကြိမ်ပြန်သုံးလို့မရပါဘူး။ အဲဒီတော့ ကုန်ကျစရိတ်လည်း ပိုမိုများပြားပါတယ်။ ဒါကြောင့် အာကာသသုတေသနလုပ်ငန်းမှာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ အကြောင်းရင်းကတော့ ကုန်ကျစရိတ်အကန့်အသတ်ကြောင့်ပါ။ အီလွန်မက်က အဲဒီအားနည်းချက်ကို ဖြည့်ဆည်းနိုင်စေဖို့အတွက် အာကာသယာဉ်လွှတ်တင်ရေးဒုံးပျံတွေကို နောက်တစ်ကြိမ်ပြန်အသုံးပြုနိုင်မယ်ဆိုရင် ကောင်းမယ်လို့ စဉ်းစားပြီး တီထွင်ဖန်တီးမှုတွေလုပ်ဆောင်ခဲ့ရာမှာ အခုလိုမျိုး နောက်တစ်ကြိမ်ပြန်သုံးနိုင်တဲ့ ဒုံးပျံများ နဲ့ အာကာသလုပ်ငန်းများကို စိတ်ကြိုက် လုပ်ဆောင်လာနိုင်တာဖြစ်ပါတယ်။
ဒီလိုမျိုး အာကာသယာဉ်လွှတ်တင်ရေးဒုံးကျည်နဲ့ပတ်သက်ရင် အီလွန်မက်ရဲ့ SpaceX ကုမ္ပဏီကိုယှဉ်နိုင်တဲ့သူ မရှိဘူးပေါ့။ အခုတော့ အဲဒီလိုမဟုတ်နိုင်တော့ပါဘူး။ သူ့ကိုယှဉ်နိုင်မယ့်သူတွေ ပေါ်ထွက်လာပါပြီ။ ဟိုတစ်ရက်က ဆိုရင် ဂျပန်နိုင်ငံက ပြန်သုံးနိုင်တဲ့ဒုံးပျံကို အောင်မြင်စွာ စမ်းသပ်လိုက်နိုင်သလို အခုလည်း တရုတ်နိုင်ငံမှ တက်သစ်စကုမ္ပဏီတစ်ခု က ပြန်သုံးနိုင်တဲ့ဒုံးပျံကို အောင်မြင်စွာ စမ်းသပ်နိုင်စေမယ့်လမ်းကြောင်းပေါ် ရောက်နေပါပြီ။ သူတို့စမ်းသပ်နေတဲ့ဒုံးပျံရဲ့အမည်က Zhuque-3 ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ တက်သစ်စ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Landspace ကုမ္ပဏီက ဇွန်လ ၂၀ ရက်မှာ သူတို့ရဲ့ ဒုံးပျံအင်ဂျင်စမ်းသပ်မှုကို လုပ်ဆောင်ပါတယ်။ အဲဒီ စမ်းသပ်မှုက ဒုံးပျံကိုပစ်လွှတ်စင်မှာထားပြီး သူ့ရဲ့ အင်ဂျင်ကို စမ်းနှိုးတာဖြစ်ပါတယ်။ အဲဒီစမ်းသပ်မှုကိုတော့ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကျူခွမ်း ဂြိုဟ်တုလွှတ်တင်ရေး စင်တာရှိ ဒုံးပျံလွှတ်တင်ရေး စခန်းမှာ လုပ်ဆောင်တာပါ။
Landspace ကုမ္ပဏီက Zhuque-3 ဒုံးပျံအတွက် ကိုယ်ပိုင်အင်ဂျင်တစ်မျိုးကို ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲဒီအင်ဂျင်က Tianque-12A ပါ။ သူက မီသိန်းနဲ့ အောက်ဆီဂျင်အရည်ကို ပေါင်းစပ်ထားတဲ့ လောင်စာကို အသုံးပြုထားတာဖြစ်ပါတယ်။ Zhuque- 3 ဒုံးပျံရဲ့ပထမအဆင့် ကိုယ်ထည်ကို သံမဏိနဲ့လုပ် ထားတာဖြစ်ပြီး အဲဒီမှာအင်ဂျင်ကိုးလုံးကို တပ်ဆင် ပေးထားတာဖြစ်ပါတယ်။ အဲဒီစမ်းသပ်မှုမှာ ဒုံးပျံ အင်ဂျင်တွေကို အစဉ်လိုက်နှိုးပြီး ၄၅ စက္ကန့်ကြာ နှိုးထားတာဖြစ်ပါတယ်။ ဒီအင်ဂျင်ကိုးလုံးစလုံးဆီ ကနေထွက်ရှိလာတဲ့ တွန်းကန်အားပမာဏက ၇၅၄၂ ကီလိုနယူတန်ရှိတာကို တွေ့ရပါတယ်။ အခုလိုမျိုး အင်ဂျင်တွေကို အောင်မြင်စွာစမ်းသပ် နိုင်ခြင်းဟာ Zhuque-3 ဒုံးပျံကို ပထမဆုံးအကြိမ် လက်တွေ့စမ်းသပ်နိုင်ဖို့အတွက် ခိုင်မာတဲ့အုတ်မြစ်တစ်ခုဖြစ်တဲ့ အပြင် တရုတ်နိုင်ငံရဲ့ပြန်သုံးနိုင်တဲ့ ဒုံးပျံနည်းပညာကိုလည်း ဖော်ထုတ်နိုင်ခြင်းဖြစ်တယ်လို့ Landspace ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Landspace ကုမ္ပဏီက Zhuque-3 ဒုံးပျံကို အခုနှစ် တတိယသုံးလပတ်အတွင်းမှာ အာကာသထဲကို လွှတ်တင်ပြီး လက်တွေ့စမ်းသပ်မှု လုပ်ဖို့စီစဉ်ထားပါတယ်။ အဲဒီစမ်းသပ်မှုမှာ ဟောင်လောင်းကုန်တင် အာကာသယာဉ်ရှေ့ပြေးပုံစံကို သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲဒီစမ်းသပ်မှုမှာတော့ ဒုံးပျံအနေနဲ့ အမှန်တကယ် အလုပ်လုပ်နိုင်စွမ်းရှိ၊ မရှိကိုစမ်းသပ်သွားမှာပါ။ လာမယ့်နှစ်မှာတော့ ဒုံးကျည်ကိုပြန်သုံး နိုင်ဖို့အတွက် လုပ်ဆောင်မှုအပါအဝင် အမျိုးမျိုးသော စမ်းသပ်မှုတွေကိုပါ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Landspace ကုမ္ပဏီဟာ အခုဖန်တီးစမ်းသပ်၊ အခု အောင်မြင်မှုရခဲ့တာတော့ မဟုတ်ပါဘူး။ သူတို့အနေ နဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ Zhuque-1 ဆို တဲ့ဒုံးပျံနဲ့ စမ်းသပ်မှုစတင် လုပ်ဆောင်ခဲ့တာပါ။ ဒါပေ မဲ့ အဲဒီစမ်းသပ်မှုဟာ ကျရှုံးခြင်းနဲ့ပဲ အဆုံးသတ်သွားရပါတယ်။ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာတော့ Zhuque-2 ဒုံးပျံကိုစမ်းသပ်မှုလုပ်ဆောင်ခဲ့ရာ မီသိန်း-အောက် ဆီဂျင်အရည်လောင်စာကို အသုံးပြုပြီး ကမ္ဘာပတ် လမ်းထဲရောက်ရှိခဲ့တဲ့ ပထမဆုံးဒုံးပျံဖြစ်ခဲ့ပါတယ်။ အခုတော့ အောင်မြင်မှုအလီလီ ရရှိခဲ့တဲ့ Landspace ကုမ္ပဏီဟာ မကြာခင်မှာ SpaceX ကုမ္ပဏီကိုစိန်ခေါ် လာနိုင်တဲ့ဒုံးပျံကို ပိုင်ဆိုင်သော တရုတ်ကုမ္ပဏီတစ်ခု ဖြစ်လာတော့မှာဖြစ်ပါတယ်။
MWD Web Portal
နည်းပညာသတင်း

ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်း ပြီးခဲ့သည့် နှစ်ဆန်းပိုင်း ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများထက် တစ်လီတာလျှင် ကျပ် ၁၀ဝ မှ ကျပ် ၁၅၀ ခန့်အထိ သက်သာလျော့နည်းလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကြိုတင်မှာယူထားသည့်အစီအစဉ်အတိုင်း ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများလည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး အရန်ဆီများလည်း နှစ်ပတ်စာခန့်ရှိနေ၍ ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။