ဖူဂျီတောင်ဆိုတာ ဂျပန်နိုင်ငံအတွက်အထင် ကရအဖြစ်ဆုံးသောနေရာတစ်ခုအဖြစ် လူသိများပါတယ်။ အဲဒီလိုနေရာမှာ နောက်ထပ် အထင်ကရဖြစ်စေမယ့်အရာတစ်ခု ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။ သိပ်မကြာလှတဲ့အချိန်မှာပေါ့။ အဲဒီအရာကဘာလဲဆိုရင် ကမ္ဘာပေါ်မှာပထမဆုံးဖြစ် လာမယ့် စက်ရုပ်မြို့ တော်ပါပဲ။ တိုယိုတာကုမ္ပဏီက ဖန်တီးတည်ဆောက်ထားတာဖြစ်ပါတယ်။

အခုလိုမျိုးအကောင်အထည်ပေါ်လာစေဖို့စိတ်ကူးနဲ့ပုံဖော်မှုကို ဆယ်စုနှစ်တစ်ခုကျော်ကြာလုပ်ခဲ့ရတာပါ။ တည်ဆောက်မှုအတွက်ကိုတော့ အချိန်ငါးနှစ်ယူခဲ့တာဖြစ်ပါတယ်။ သူ့ကိုပေးထားတဲ့အမည် က "Woven City"ပါ။ ဧရိယာ ၁၇၅ ဧကမှာတည်ဆောက်ထားတဲ့စက်ရုပ်မြို့တော်က အနာဂတ်ကာလမှာ ကြုံတွေ့ရမယ့်သွားလာလှုပ်ရှားမှု၊ စမတ်ဖြစ်တဲ့အခြေခံအဆောက်အဦနဲ့ ရေရှည်ထိန်းသိမ်းနိုင်မယ့် နေထိုင်မှုပုံစံတို့ကို လက်တွေ့စမ်းသပ်မှုလုပ်နိုင်စေမယ့်နေရာတစ်ခုလည်းဖြစ်ပါတယ်။
တိုယိုတာကုမ္ပဏီက Woven City ကို CES 2020 မှာစတင်ကြေညာခဲ့တာဖြစ်ပြီး ဒီနှစ်ဆောင်းရာသီမှာတော့ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ တိုယိုတာဆိုတာ တော်ကားထုတ်လုပ်သူအဖြစ်သာရပ်တည်ခဲ့ရာမှ အခုအချိန်မှာတော့ သွားလာလှုပ်ရှားမှုအခြေခံတဲ့ နည်းပညာကုမ္ပဏီအဖြစ်ကို ပြောင်းလဲလာပြီဆိုတာ Woven City တည်ဆောက်မှုမှာ မြင်တွေ့လာရပါတယ်။
ကမ္ဘာ့ပထမဆုံးသော စက်ရုပ်မြို့တော်ဖြစ်လာတဲ့ Woven City မှာ ကနဦးအနေနဲ့ လူအယောက် ၁၀၀ ကိုနေထိုင်ခွင့်ပြုသွားမှာပါ။ အဲဒီမှာနေထိုင်သွားမယ့် သူတွေက တိုယိုတာကုမ္ပဏီရဲ့ အင်ဂျင်နီယာတွေ၊ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုတွေဖြစ်ပါတယ်။
ရေရှည်မှာတော့ လူဦးရေ ၂၀၀၀ အထိကိုလက်ခံသွားမှာဖြစ်ပြီး လက်ရှိပထမအဆင့်မှာလူဦးရေ ၃၆၀ ကို နေထိုင်ခွင့်ပြုသွားမှာပါ။
လတ်တလောမှာ အဓိကနေထိုင်သူအုပ်စုနှစ်ခုနဲ့ စက်ရုပ်မြို့တော်ကိုပုံဖော်သွားမှာဖြစ်ပါတယ်။ ပထမ အုပ်စုက တီထွင်သူများဖြစ်ပြီး ဒုတိယအုပ်စုကအသုံး ပြုသူများဖြစ်ပါတယ်။ တီထွင်သူများအုပ်စုက နည်းပညာအသစ်တွေကို စိတ်ကူးပုံဖော်ဖန်တီးမယ်။ အဲဒီအချိန်မှာပဲ အသုံးပြုသူများက တီထွင်သူများ ဖန်တီးထားတဲ့နည်းပညာအသစ်တွေကို နေ့စဉ်ဘဝမှာအသုံးပြုပြီး လိုအပ်ချက်တွေနဲ့တုံ့ပြန်မှုတွေကို တီထွင်သူများဆီပြန်ပြောပေးရမှာဖြစ်ပါတယ်။
မြေပြင်မှာရှိတဲ့လမ်းတွေကိုလည်း အမျိုးအစား သုံးမျိုးခွဲခြားသွားမှာပါ။ တစ်မျိုးက လမ်းသွားလမ်းလာများအတွက်၊ ဒုတိယတစ်မျိုးက စက်ဘီးတို့၊ စကူ တာတို့လိုမျိုး အနှေးယာဉ်များအတွက်နဲ့ တတိယတစ်မျိုးက မောင်းသူမဲ့ယာဉ်များအတွက်ဆိုပြီးဖြစ်ပါတယ်။ ဒီလိုမျိုးခွဲခြားဖန်တီးရတဲ့ရည်ရွယ်ချက်က အလိုအလျောက်သုံးစနစ်တွေကို ထိန်းချုပ်ထားတဲ့ နေရာမှာစမ်းသပ်မှာဖြစ်ပေမယ့်လည်း မြို့ပြပုံစံကို အပြည့်အဝပုံဖော်ပြီး စမ်းသပ်သွားမှာဖြစ်ပါတယ်။
“ကျွန်တော်တို့အနေနဲ့တည်ဆောက်သွားမယ့်မြို့တော်က လူအားလုံး၊ အဆောက်အအုံအားလုံး၊ ယာဉ်အားလုံးနဲ့ အရာအားလုံးကို အာရုံခံကိရိယာတွေ၊ AI တွေနဲ့ချိတ်ဆက်မယ့်မြို့ဖြစ်ပါတယ်”လို့ တိုယိုတာ ရဲ့ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ အာကီယိုတိုယိုဒါက ပြောထားပါတယ်။
Ref: IE
ကိုထက်
MWD Web Portal

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့လိုက်ပါ၍ ယနေ့တွင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထိုသို့ကြိုဆို နှုတ်ဆက်စဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေးအတွက် KG + 9 အထိ အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း၊ ပညာတတ်များဖြစ်မှသာလျင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် လူသားအရင်းအမြစ်ကောင်းများလည်း ရရှိနိုင်မည်ဖြစ်ပြီး ဒေသနှင့်နိုင်ငံ၏အကျိုးကိုလည်း ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ယူထားရသည့် သင်ကြားရေးလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်နှင့် စာပေပညာ၊ လူမှုဆက်ဆံရေး အသိပညာများရရှိစေရေး သင်ကြားပေးသွားရမည်ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့်အတိုင်း ကလေးငယ်များအနေဖြင့် ငယ်စဉ်ကလေးဘဝ ကတည်းကပင် စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာပြောဆိုတတ်စေရေး သင်ကြားပေးသွားရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက်လည်း စည်းရုံးဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့်မှာကြားပြီး လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြန်လည်ပြုပြင်တည်ဆောက်ရန်လိုအပ်သည့် စာသင်ဆောင်များနှင့် ယာယီစာသင်ဆောင် ဆောက်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စာသင်ဆောင်များ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် ရေရှည်ခိုင်ခံ့ကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စာသင်ဆောင်များတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးဆွမ်းတို့ကို ကပ်လှူပူဇော်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ကောင်းမှုတော်စေတီတော်မြတ်ကြီးအတွင်းပိုင်း၊ အပြင်ပိုင်းနှင့် စောင်းတန်းများ၊ သာသနိကအဆောက်အဦများ၌ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှု၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီး မြောက်ဘက်မျက်နှာစာရှိ မေတ္တာကန်၌ ငါးစာကျွေးခြင်း၊ ငါးလွှတ်ခြင်းတို့ဆောင်ရွက်၍ ကုသိုလ်ယူကြသည်။
ထို့နောက် စေတီတော်မြတ်ကြီးရှိ အောင်မြေဗောဓိဓမ္မာရုံအတွင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် ဂေါပကအဖွဲ့ဝင်များက ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးသမိုင်းကြောင်း မှတ်တမ်းဓာတ်ပုံများ၊ မန္တလေးငလျင်မလှုပ်ခတ်မီမှတ်တမ်းဓာတ်ပုံများနှင့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုမှတ်တမ်းဓာတ်ပုံများဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့ရမှုများကို မူလလက်ရာအတိုင်း ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်၊ မေတ္တာကန်ပတ်လည်၌ အရိပ်ရအပင်များကို အတန်းလိုက်၊ အကန့်လိုက်စိုက်ပျိုးသွားရန်၊ ဘုရားစေတီများရှိ စောင်းတန်းများတွင် ဘုရားဖူးလာရောက်သူများ စိတ်အေးချမ်းသာစွာဖြင့် နားနေနိုင်ရေးဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စေတီတော်မြတ်ကြီးအတွက် ဘက်စုံစုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြသည်။
ဆွမ်းဦးပုညရှင်စေတီတော်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်သို့ ရောက်ရှိကြပြီး ထိခိုက်ပျက်စီးမှုများအား ရှင်းလင်းဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဓမ္မာရုံ၌ ဂေါပကအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးသမိုင်းကြောင်း မှတ်တမ်းဓာတ်ပုံများ၊ မန္တလေးငလျင်မလှုပ်ခတ်မီ မှတ်တမ်းဓာတ်ပုံများနှင့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုမှတ်တမ်းဓာတ်ပုံများ၊ စေတီတော်ကြီးအား ကျွမ်းကျင်ပညာရှင်များက တိုင်းတာစစ်ဆေးခြင်းများပြုလုပ်ခဲ့မှု အခြေအနေများ၊ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သံကူကွန်ကရိထုတ်များဖြင့် အားဖြည့်တည်ထားမည့်နမူနာပုံစံများ၊ စေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများနေရာချထားမည့် နမူနာပုံစံများအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ရှေးမူမပျက်မူလပုံစံအတိုင်း ပြန်လည်ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်သွားရန်၊ စေတီတော်မြတ်ကြီး၏ ယခင်မှတ်တမ်းဓာတ်ပုံများကို ပြန်လည်စုဆောင်း၍ သမိုင်းမှတ်တမ်းဓာတ်ပုံများ စနစ်တကျပြုစုထားရှိသွားရန်နှင့် စေတီတော်ကြီးနှင့် သာသနိကအဆောက်အဦများ ပြန်လည်တည်ဆောက်ရာတွင် ခိုင်ခံ့မှုရှိစေရေး စနစ်တကျတွက်ချက်တည်ဆောက်သွားရန်နှင့် အခြားလိုအပ်သည်များကိုလမ်းညွှန်မှာကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဓမ္မာရုံတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုသည်။
စစ်ကိုင်းတံတား(အင်းဝ) ဂုံးအမှတ်(၄)နှင့်(၅) ဖယ်ရှားရှင်းလင်း
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတံတား(ရတနာပုံ)သို့ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက စစ်ကိုင်းတံတား(အင်းဝ) ဂုံးအမှတ်(၄)နှင့်(၅) အပျက်အစီးများကို ဖယ်ရှားရှင်းလင်း၍ ရေလမ်းကြောင်း ဖွင့်လှစ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဧရာဝတီတံတား(ရတနာပုံ)တွင် Lateral Bracing, Bearing နှင့် Pier တိုင်များ ပျက်စီးသည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
မဟာမြတ်မုနိဘုရားကြီး
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးသို့ရောက်ရှိကြပြီး ပန်း၊ ရေချမ်းကပ်လှူပူဇော်ကာ ဖူးမြော်ကြည်ညိုသည်။ ထို့နောက် ငလျင်ဘေးဒဏ်ဖြစ်ပေါ်ချိန်တွင် ပြင်းထန်သောလှုပ်ခတ်မှုများကြောင့် မြေခခဲ့ရသည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့၌ စေတနာရှင် အများပြည်သူများလှူဒါန်းထားရှိသည့် ရတနာရွှေငွေကျောက်သံပတ္တမြားနှင့် စိန်ဖူးတော်များ၊ ငလျင်လှုပ်ခတ်စဉ် ကွာကျခဲ့ရသည့် ရှေးဟောင်းလက်ရာ နံရံဆေးရေးပန်းချီများ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးနှင့် သာသနိကအဆောက်အဦများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိသည့်အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ပြတိုက်တော်ကြီးအတွင်း၌ မန္တလေးမြို့တော်ဝန်နှင့် မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌတို့က ငလျင်ဖြစ်ပေါ်ခဲ့စဉ်ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့ရမှုများအား မူလလက်ရာမပျတ် စနစ်တကျဖြင့် ပြန်လည်ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းများကို ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အင်ဂျင်နီယာရှုထောင့်မှကြည့်၍ ပြုပြင်မှုများကို ရေရှည်တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်သွားရန်နှင့် ပြုပြင်မှုများကို စနစ်တကျမှတ်တမ်း ထားရှိရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးနှင့် စူဠာမုနိရုပ်ရှင်တော်မြတ်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ကျောင်းတော်ကြီးအတွင်းရှိ စူဠာမုနိရုပ်ရှင်တော်မြတ်နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စူဠာမုနိရုပ်ရှင်တော်မြတ်အား ပိုမိုကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေးအတွက် ရွှေသင်္ကန်းတော်နှင့် ရွှေပလ္လင်တော်ကပ်လှူပူဇော်ထားရှိမှုအားကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဘက်စုံစုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ကျောင်းတော်ကြီးနှင့် ရုပ်ပွားတော်မြတ်များကို ပိုမိုကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
MOI

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဒေသအများအပြားတွင် မထိန်းချုပ်နိုင်သော အပူလှိုင်းကြောင့် နေ့အပူချိန်များသည် ၄၇ ဒီဂရီ စင်တီဂရိတ်ကျော်သည်အထိ မြင့်တက်လာကြောင်းနှင့် ထိုသို့အပူချိန်မြင့်တက်လာသည့်အတွက် ကျန်းမာရေး ပြဿနာများကိုလည်း ရင်ဆိုင်ရနိုင်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။
ရာဂျက်စသန်ပြည်နယ်ရှိ ဆရီဂန်ဂါနာဂါမြို့၏နေ့အပူချိန်မှာ ဇွန်လ ၉ ရက်တွင် ၄၇ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ရှိကြောင်း နှင့်ထိုမြို့၏ စံချိန်တင်အပူချိန်မှာ ၅၁ ဒီဂရီ ဖြစ်ကြောင်း အိန္ဒိယ မိုးလေဝသဌာနက ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုကဲ့သို့အပူချိန်များ မြင့်တက်လာမှုသည် နွေရာသီရောက်သည့်အတွက် ဖြစ်ပေါ်လာခြင်းဖြစ်သော်လည်း ကျန်းမာရေးဌာနများအတွက် စိန်ခေါ်မှုမြင့်တက်လာစေသည်။ မြင့်မားသော အပူချိန်နှင့်အချိန် ကြာမြင့်စွာ ထိတွေ့မိပါက အပူလျှပ်ခြင်းကို အများဆုံးဖြစ်ပေါ်စေပြီး အထူးသဖြင့် ပြင်ပတွင် အလုပ်လုပ်နေရသူများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ထိုဝေဒနာကို ပိုမိုခံစားရနိုင်သည်။
ပြီးခဲ့သည့်နှစ်တွင် လပေါင်းများစွာကြာမြင့်သည့် အပူလှိုင်းဖြတ်သန်းမှုကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း၌ လူ ၁၀၀ ကျော် သေဆုံးကာ လူပေါင်း ၄၀၀၀၀ ကျော်မှာ အပူလျှပ်သည့်ဝေဒနာကို ခံစားခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မိုးလေဝသဌာနက ရာဂျက်စသန်၊ ဥတ္တပရာဒေ့ရှ်၊ ဟာယာနာနှင့် နယူးဒေလီတို့၌ လာမည့်ရက်များအတွင်း အပူလှိုင်းဖြတ်သန်းမှု ဖြစ်ပေါ်နိုင်သည့် သတိပေးချက် တစ်ခုထုတ်ပြန်ထားကြောင်း သိရသည်။

(၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဝမ်းတွင်းမြို့တွင် ၄.၃၀ လက်မ၊ စစ်ကိုင်းမြို့တွင် ၃.၆၆ လက်မ၊ ပုသိမ်ကြီး(ရွှေစာရံ)တွင် ၃.၆၃ လက်မ၊ ချောင်းဆုံမြို့တွင် ၃.၅၄ လက်မ၊ အမရပူရမြို့တွင် ၃.၂၆ လက်မ၊ ပုသိမ်ကြီးမြို့တွင် ၃.၀၃ လက်မ၊ ရေးမြို့တွင် ၂.၈၃ လက်မ၊ ပင်လုံမြို့တွင် ၂.၇၉ လက်မ၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂.၆၈ လက်မနှင့် မအူပင်မြို့တွင် ၂.၆၄ လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန်တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ဝူတစ်” (WUTIP)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း“ဝူတစ်” သည် ကနဦးတွင် အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး၊ ၁၃-၆-၂၀၂၅ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်းသို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် မိုးပိုလာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးဇလ

၁။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် အားကောင်းနိုင်ပါသည်။
မိုးအခြေအနေနှင့် မိုးရွာရက်

၂။ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(တောင်ပိုင်း)တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
၃။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း) တို့တွင် ၇ ရက်မှ ၉ ရက်ခန့်နှင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယား ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် ၄ ရက်မှ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

တရုတ်နိုင်ငံပိုင် သတင်းဌာနတစ်ခုဖြစ်တဲ့ CCTV က တရုတ်တပ်မတော်က ပိုင်ဆိုင်ထားတဲ့ နျူကလီးယား ထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးကျည် တစ်မျိုးရဲ့ အသေးစိတ် အချက်အလက်များကို ထုတ်ဖော်လိုက်ပါတယ်။ ဒီလိုမျိုးထုတ်ဖော်မှုဟာ တရုတ်နိုင်ငံအတွက် ပထမဆုံးလည်းဖြစ်ပါတယ်။ အခုအသေးစိတ် အချက်အလက်တွေထွက်ပေါ်လာတဲ့ဒုံးကျည်က DF-5 အမျိုးအစား ဒုံးကျည်ပါ။

DF-5 ဒုံးကျည်က တရုတ်နိုင်ငံရဲ့ ပထမမျိုးဆက် မဟာဗျူဟာမြောက် တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ် အလွန်ကာလများမှာထုတ်လုပ်ပြီး ၁၉၈၁ ခုနှစ်မှာ စတင်အသုံးပြုခဲ့တာပါ။ သူက အဆင့်နှစ်ဆင့်ပါ ဒုံးကျည်ဖြစ်ပြီး နျူကလီးယားထိပ်ဖူး တစ်ခုတည်းကိုသာသယ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ သူသယ်ဆောင်နိုင်တဲ့ နျူကလီးယားထိပ်ဖူးရဲ့ ပေါက်ကွဲအားက တီအန်တီယမ်း ၄ မဂ္ဂါတန် ပေါက်ကွဲအားနဲ့ညီမျှပါတယ်။ ဒီပမာဏက ဟီရိုရှီးမားမှာ ပေါက်ကွဲခဲ့တဲ့ အက်တမ်ဗုံးရဲ့ ပေါက်ကွဲအားထက် အဆ ၂၀၀ နီးပါးပိုများပါတယ်။
ဒါ့အပြင် သူ့ရဲ့ထိရောက် အကွာအဝေးက မိုင်ပေါင်း ၇၄၀၀ ကျော်ရှိတာကြောင့် တရုတ်နိုင်ငံကနေဆိုရင် အမေရိကန်က DF-5 ဒုံးကျည်ရဲ့ပစ်ကွင်း အတွင်း ရောက်ရှိနေပါတယ်။
MWD Web Portal
နည်းပညာသတင်း

အမေရိကန်ရေတပ်က သူတို့ရဲ့ရေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းကို ပိုမိုအောင်မြင်စွာ လုပ်ဆောင်နိုင်စေဖို့ BAE Systems ကုမ္ပဏီကို ဒေါ်လာ ၁၀ သန်းခွဲတန်ဖိုးရှိတဲ့ ကန်ထရိုက်တစ်ခု ပေးလိုက်ပါတယ်။ အဲဒီ ကန်ထရိုက်က ဝေဟင်မှနေပြီးမိုင်းများကို ရှင်းလင်းမယ့်စနစ်ကိုဖန်တီးဖို့ပါ။ အဲဒီစနစ်ကိုတော့ Archerfish လို့အမည်ပေးထားပါတယ်။

ဒီစနစ်က ဗြိတိန်တော်ဝင်ရေတပ်မှာ အသုံးပြုဖို့ BAE Systems ကဖန်တီးပေးထားတဲ့စနစ်ဖြစ်ပြီး အခုစနစ်မှာတော့ မူလကထက် အမြန်နှုန်းနဲ့တိကျမှုနှုန်း ၄ ဆကျော်ပိုမြင့်တဲ့ ရေမြှုပ်မိုင်းဖျက်ဆီးရေး ဒုံးကျည်များ ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီ ဒုံးကျည်များကို ရဟတ်ယာဉ်ပေါ်မှာ တင်ဆောင်ကာ ပစ်ခတ်နိုင်မှာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

AlphaBot2 ဆိုတာ တရုတ်နိုင်ငံရှိ ရှန့်ဇန်းမြို့အခြေစိုက် AI2 Robotics ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ သို့သော်လည်း တခြားစက်ရုပ်တွေနဲ့ မတူတာက AlphaBot2 ဟာ AI ကိုအပြည့်အဝအသုံး ပြုထားပြီး အမျိုးမျိုးသော လုပ်ငန်းများ ကိုဆောင်ရွက်နိုင်စွမ်းရှိတဲ့ စက်ရုပ်တစ်ခု ဖြစ်နေခြင်းဖြစ်ပါတယ်။

AlphaBot2 အနေနဲ့လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းတွေထဲမှာ အရည်အသွေး စစ်ဆေးခြင်း၊ အစိတ်အပိုင်းများ တပ်ဆင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနဲ့ ပြုပြင်ထိန်းသိမ်း ခြင်းတို့ပါဝင်ပါတယ်။ ဒါကြောင့်အခုဆိုရင် AlphaBot2 ဟာ မော်တော်ကားထုတ် လုပ်ရေးစက်ရုံတစ်ခုမှာ လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါဟာ AI နည်းပညာကို အပြည့်အဝ အသုံးပြုခြင်းဖြင့် မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းမှာ စက်ရုပ်တွေကို ထိရောက်စွာ အသုံးချလာ နိုင်မှုကို ရည်ညွှန်းနေပါတယ်။
AlphaBot2 ဆိုတာ AI2 Robotics ရဲ့ Alpha Brain System ကို အသုံးပြုထားတဲ့ မျိုးဆက်သစ်အသိဉာဏ်မြင့် စွမ်းရည်ကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။ သူက သင်ယူမှုကိုမြန်ဆန်စွာ လုပ်ဆောင်နိုင်တဲ့အပြင် ပတ်ဝန်းကျင်အပေါ် မူတည်ပြီး သူ့ရဲ့သိရှိမှတ်သား နိုင်စွမ်းကိုလည်း တိုးမြှင့်နိုင်စွမ်းရှိတယ်လို့ AI2 Robotics ကထုတ် ပြန်ထားပါတယ်။

ထိုင်းနိုင်ငံအစိုးရသည် နိုင်ငံအတွင်းရှိ ခရီးသွားများ အများဆုံး လာရောက်လည်ပတ်လေ့ရှိသောနေရာများတွင် AI နည်းပညာအသုံးပြုထားသည့် ဒရုန်းများသုံး၍ ကင်းလှည့်မှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်းသိရသည်။
ထိုဒရုန်းများဖြင့် ရာဇဝတ်သားများနှင့် ဗီဇာသက်တမ်းလွန်နေထိုင်သူများကို ရှာဖွေထောက်လှမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း အများပြည်သူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာနေစဉ် ယခုအစီအစဉ်ကို အကောင်အထည်ဖော်ရန် စီစဉ်လာခြင်းဖြစ်သည်။

ယင်းဒရုန်းများကို ဗဟိုကထိန်းချုပ်မှုရှိသည့် AI အချက်အလက်စင်တာနှင့် ချိတ်ဆက်ထားမည်ဖြစ်ပြီး ဒရုန်းများတွင်ပါဝင်သော ကင်မရာများက လူအုပ်ကြားထဲတွင် ရှိနေသူများကို စကန်ဖတ်ကာ ဖမ်းဝရမ်းထုတ်ခံထားရသူများ၊ ဗီဇာသက်တမ်းလွန်နေသူများ၏ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်သည်။
ထိုင်းနိုင်ငံ၏နာမည်ကျော် အပန်းဖြေ စခန်းမြို့တစ်ခုဖြစ်သည့် ပတ္တယားမြို့၌ ရုရှားနိုင်ငံသားနှစ်ဦး တိုက်ခိုက်လုယက်ခံရမှုမှ ပြစ်မှုကျူးလွန်သူများကို ဇွန်လ ၉ ရက်တွင် ဖမ်းဆီးနိုင်ပြီးနောက် ယခုအစီအစဉ်ကို အကောင်အထည်ဖော်ရန် အစိုးရက စီစဉ်လာခြင်းဖြစ်သည်။
ထိုကဲ့သို့ ခရီးသွားများ တိုက်ခိုက်ခံရမှုကြောင့် ပတ္တယားမြို့သည် ယခင်ကကဲ့သို့ လုံခြုံအေးချမ်းမှုမရှိတော့ကြောင်း၊ အချို့က ၎င်းတို့အနေဖြင့် ပတ္တယား၌ညဘက် လမ်းလျှောက်ထွက်ခြင်းပင် မလုပ်ရဲတော့ကြောင်း ပြည်သူများက အွန်လိုင်းတွင် ဝေဖန်မှုများ လုပ်ဆောင်လာသည်ကို တွေ့ရသည်။

၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ငလျင်ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်၊ အလှူရှင်များ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို အပတ်စဉ် သတင်းထုတ်ပြန်ပေးလျက်ရှိရာ မေလ ၂၈ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ အခြေအနေ ကို ၃-၆-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပ
၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ငလျင်ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်၊ အလှူရှင်များ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို အပတ်စဉ် သတင်းထုတ်ပြန်ပေးလျက်ရှိရာ မေလ ၂၈ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ အခြေအနေ ကို ၃-၆-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ ဇွန်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရက်သတ္တပတ်တစ်ပတ်အတွင်း အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ နန်နင်းမြို့နှင့် Singapore Lotus Charity Society တို့မှ ထပ်မံပေးပို့လှူဒါန်းလာသော စားသောက်ကုန်၊ ဆေးနှင့်ဆေးပစ္စည်းများအနက် ဆေးနှင့် ဆေးပစ္စည်းများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန)သို့ လွှဲပြောင်းပေးခဲ့ပြီး ကျန်စားသောက်ကုန်များကို ဆောလျင်စွာ ဆက်လက်ဖြန့်ခွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှု စုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၆၄ စီး၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၃၂ စီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ မော်တော် ယာဉ် ၁၂ စီး စုစုပေါင်းတန်ချိန် ၂၄၂၇ ခန့်ဖြစ်ပါသည်။
နိုင်ငံတကာ အလှူရှင်များက ၄-၆-၂၀၂၅ ရက်နေ့မှ ၁၀-၆-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် တစ်ပတ်အတွင်း ပေးပို့လှူဒါန်းသည့် ပစ္စည်းများအား ဘေးသင့်ပြည်သူများအတွက် ဖြန့်ခွဲပေးပို့နိုင်ရေး ဆောင်ရွက်ထားရှိမှုကို ပူးတွဲပါဇယားများဖြင့် ဖော်ပြအပ်ပါသည်။
ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများရောက်ရှိမှုနှင့် ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို တစ်ပတ်လျှင်တစ်ကြိမ် ဆက်လက်ထုတ်ပြန် သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။