လာပက်ဇ် ဇန်နဝါရီ ၉
ဘိုလီးဗီးယားနိုင်ငံ၌ ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ကာ မိုးရာသီတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူ ၁၆ ဦးအထိ တိုးလာပြီး မိသားစု ၁၆၀၀၀ ကျော် ထိခိုက်ခဲ့ရကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားသည်။

တောင်အမေရိကနိုင်ငံဖြစ်သည့် ဘိုလီးဗီးယားနိုင်ငံ၌ ပြီးခဲ့သည့် နိုဝင်ဘာလမှစကာ ဇန်နဝါရီပထမပတ်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူအသေအပျောက်များသည့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားပြီး အကြီးအကျယ်ပျက်စီးခဲ့ရကြောင်း အရပ်ဘက်ကာကွယ်ရေးဒုတိယဝန်ကြီး ဂျွန်ကာလော့စ် ကယ်ဗီမွန်တပ်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အနောက်ဘက် လာပက်ဇ်ဒေသအားလုံး အပိုလို၊ လာအက်ဆန်တာနှင့် လူရီဘေးတို့တွင် နောက်ဆက်တွဲအခြေအနေများနှင့်ပတ်သက်ပြီး ဘေးအန္တရာယ်အခြေအနေတစ်ခုအဖြစ် အာဏာပိုင်များက ကြေညာခဲ့ကြောင်း သိရသည်။
ဘိုလီးဗီးယားနိုင်ငံ၌ ဆီးနှင်းခဲများ ဖုံးလွှမ်းခြင်းနှင့် မိုးသီးမုန်တိုင်းများ တိုက်ခတ်ခြင်းအပါအဝင် နိုဝင်ဘာလကတည်းက အခြားရာသီဥတုဆိုင်ရာ ဖြစ်စဉ်များကြောင့် ဒေသငါးခုတွင် ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဘိုလီးဗီးယားနိုင်ငံ၏ မိုးရာသီကာလသည် ၂၀၂၅ ခုနှစ် မတ်လ သို့မဟုတ် ဧပြီလာအနှောင်းပိုင်းအထိ ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ဆင်ဟွာ
Source: မြန်မာ့အလင်းသတင်းစာ

ရာနှင့်ချီသောအစွန်းရောက်သြသဒေါက်စ် ဂျူးဆန္ဒပြသူများသည် Haredi အမျိုးသားများအား အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သို့ စစ်မှုထမ်းဆောင်စေခြင်းကို ဆန့်ကျင်သည့်အနေဖြင့် Tel Aviv အရှေ့ဘက် Bnei Brak အနီး အဝေးပြေးလမ်းမကြီးပေါ်တွင် ဇန်နဝါရီ ၉ ရက်နေ့က ပိတ်ဆို့ဆန္ဒပြခဲ့ကြသည်။
အစ္စရေးနိုင်ငံတွင် နိုင်ငံသားအများစုအတွက် စစ်မှု မထမ်းမနေရစနစ်ရှိပြီး အမျိုးသား၊အမျိုးသမီးများသည် ၂၄ လ မှ ၃၂ လ အထိ စစ်မှုထမ်းကြရသည်။

Haredi ဂျူးလူမျိုးများသည် အစ္စရေးနိုင်ငံ စတင်တည်ထောင်ချိန် ၁၉၄၈ ခုနှစ်ကတည်းက ကင်းလွတ်ခွင့် ရခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် တရားရုံးချုပ်က အဆိုပါကင်းလွတ်ခွင့်ကို ရုတ်သိမ်းခဲ့သည်။
ဂါဇာရှိ ဟားမတ်စ်များအပေါ် စစ်ဆင်ရေးဆင်နွှဲချိန်အတွင်း အင်အားဖြည့်တင်းရန်လိုအပ်သည့် IDF ၏ ကြိုးပမ်းမှုနှင့်တိုက်ဆိုင်နေပြီး Haredi အမျိုးသားများ သည် ဩဂုတ်လတွင် စစ်မှုထမ်းရန် အကြောင်းကြားစာများ စတင်လက်ခံရရှိခဲ့သော်လည်း အနည်းငယ်သာဆန္ဒအလျောက် စာရင်းသွင်းခဲ့ကြသည်။
အစွန်းရောက် ဩသဒေါက်စ် အကြမ်းဖက်အဖွဲ့ Jerusalem Faction နှင့်ဆက်နွယ်နေသော ဆန္ဒပြသူများသည် ဇန်နဝါရီ ၉ ရက်နေ့က Bnei Brak အဝေးပြေး လမ်းမကြီးပေါ်တွင် လမ်းနှစ်ဘက်စလုံး ပိတ်ဆို့ဆန္ဒပြခဲ့ကြပြီး လူစုခွဲရန်ကြိုးစားသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ခဲ့ကြသည်။ အစ္စရေးတွင် Haredim တစ်သန်းကျော်နေထိုင်လျက်ရှိပြီး ၎င်းတို့သည် အစ္စရေး၏ အခြားသောဓလေ့ထုံးတမ်းယုံကြည်ကိုးကွယ်သူ ဂျူးအများစုနှင့် ထိတွေ့ဆက်ဆံမှုနည်းပါးစွာ နေထိုင်လေ့ရှိကြသည်။ စစ်မှုထမ်းဆောင်ခြင်းသည် ၎င်းတို့၏ Torah လေ့လာမှုများ၊ ဆုတောင်းခြင်းလုပ်ရိုးလုပ်စဉ်များနှင့် ဘာသာရေးဓလေ့ထုံးစံများကို အနှောင့်အယှက်ဖြစ်စေသည်ဟု ယုံကြည်ကြသည်။ IDF က ၎င်းတို့၏ လူနေမှုဘဝပုံစံနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် မူဝါဒများနှင့် လေ့ကျင့်ရေးအခြေခံများကို လိုက်လျောညီထွေဖြစ်စေရေး လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။
ကိုးကား-RT
Photo: Anadolu Ajansi

ဆိုးလ် ဇန်နဝါရီ ၉
ကိုးရီးယားနိုင်ငံ၏ ဒေသအများအပြားတွင် ဇန်နဝါရီ ၁၀ ရက်တွင် အပူချိန် အနုတ် ၂၁ ဒီဂရီ ဆဲလ်စီးယပ်အထိ ကျဆင်းနိုင်ခြေရှိသည့်အတွက် အအေးဆုံးရာသီဥတုကို ကြုံတွေ့ခံစားရရနိုင်ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကိုရီးယားမိုးလေဝသ စီမံခန့်ခွဲမှုဌာနက ဇန်နဝါရီ ၁၀ ရက်နံနက်ပိုင်းတွင် အပူချိန်သည် အနုတ် ၂၁ ဒီဂရီဆဲလ်စီးယပ်မှ ၅ ဒီဂရီဆဲလ်စီးယပ်ကြားရှိနိုင်ပြီး ဇန်နဝါရီ ၉ ရက် အပူချိန်ထက် ပိုမိုကျဆင်းမည်ဟု ခန့်မှန်းထားသည်။

မြို့တော် ဆိုးလ်တွင် ဇန်နဝါရီ ၉ ရက် နံနက် ၈ နာရီအပူချိန်သည် အနုတ် ၁၀ ဒသမ ၂ ဒီဂရီအထိရှိသည်။ အအေးလှိုင်းအကြံပေးချက်ကို ဇန်နဝါရီ ၈ ရက် ည ၉ နာရီအချိန်တွင် စတင်ထုတ်ပြန်ခဲ့ပြီး နောက်ထပ် နှစ်ရက် သို့မဟုတ် နှစ်ရက်ကျော်ကာလအထိ နံနက်ပိုင်း အပူချိန်သည် အနုတ် ၁၂ သို့မဟုတ် ထိုထက်ပိုမိုကျဆင်းနိုင်ကြောင်း ဖော်ပြထားသည်။
အခြားဒေသများ၌ ဇန်နဝါရီ ၈ ရက် အနိမ့်ဆုံးအပူချိန်သည် ၁၆ ဒသမ ၉ မှ ၁၃ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့သည်။
ကိုရီးယားနိုင်ငံဒေသအများအပြားတွင် ဆောင်းရာသီ၏ မှတ်တမ်းတင် အနိမ့်ဆုံးအပူချိန်ကို ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း ကိုရီးယားမိုးလေဝသစီမံခန့်ခွဲရေးဌာနက ဖော်ပြထားသည်။

နေပြည်တော် ဇန်နဝါရီ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်နှင့် ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဘယ်လာရုစ် သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Uladzimir BARAVIKOU ၊ ဘယ်လာရုစ်နိုင်ငံ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဆိုင်ရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ သံတမန်ဆက်ဆံရေးနှင့် ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ စက်မှုကဏ္ဍများနှင့်ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးနှင့် အခြားနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးကိစ္စရပ်များ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာပညာတော်သင်များ စေလွှတ်နိုင်ရေးကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုအခြေအနေများ၊ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့သည်အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Source: www.moi.gov.mm

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ်အခြေအနေ တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ရကြောင်း သိရသည်။
တောမီးလောင်ကျွမ်းမှုကြောင့် ပြည်သူ ၃၀၀၀၀ ခန့်မှာ နေအိမ်များကိုစွန့်ခွာ၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး ရာသီဥတုခြောက်သွေ့မှုကြောင့် မီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပွားမည့် အန္တရာယ်ကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂက်ဗင်နယူးဆန်က ဇန်နဝါရီလ ၇ ရက်တွင် အရေးပေါ် အခြေအနေကို ထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါ တောမီးလောင်ကျွမ်းမှုသည် ကနဦးတွင် လော့အိန်ဂျလိမြို့ရှိ Pacific Palisades ရပ်ကွက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၇ ရက် မွန်းလွဲအချိန်မှာပင် သစ်တောဧက ၁၂၆၀ ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
တောမီးလောင်ကျွမ်းမှုအတွင်း နေအိမ်အများအပြား ပျက်စီးသွားခဲ့ပြီး အခြားနေအိမ် ၁၀၀၀၀ ခန့်မှာ မီးလောင်ကျွမ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း မြို့တော်မီးသတ်တပ်ဖွဲ့ အကြီးအကဲ ခရစ်စတင်းအမ်ခရောင်လီက မီဒီယာများသို့ ပြောကြားသည်။
Source: Myawady Webportal

နယူးဒေလီ ဇန်နဝါရီ ၈
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်ရှိ ရေလွှမ်းလျက်ရှိသည့် ကျောက်မီးသွေးတွင်းတစ်ခုအတွင်း မိုင်းလုပ်သားကိုးဦး ပိတ်မိလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အလောင်းတစ်လောင်းကို ဆယ်ယူရရှိထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ဇန်နဝါရှိ ၆ ရက်က အလုပ်သမားများသည် ကျောက်မီးသွေးတွင်းဟောင်းတစ်ခုအတွင်း မိုင်းလုပ်ငန်းများ ဆောင်ရွက်စဉ် ရေအရင်းအမြစ်တစ်ခုကို ထိမိခဲ့ခြင်းကြောင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသအာဏာပိုင်များက ပြောကြားသည်။
တာဝန်ရှိသူများက ရေငုပ်သမားများ၊ ကရိန်းများနှင့် ရဟတ်ယာဉ်များအသုံးပြုကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော်လည်း ကယ်ဆယ်ရေးသမားများသည် ရေလွှမ်းမိုးမှုများကြောင့် ခက်ခဲသောအခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ တရားမဝင်မိုင်းတွင်း မတော်တဆမှုများသည် မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
၂၀၁၉ ခုနှစ်တွင် မီဂါလာယာပြည်နယ်၌ ကျောက်မီးသွေးတွင်း ပြိုကျခဲ့သည့်အတွက် မိုင်းတွင်းလုပ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ၊ ဘာသာပြန်- အောင်ကျော်ကျော်
Source: ကြေးမုံသတင်းစာ

Nikolay Goltsev သည် ရုရှားစစ်ဘက်ဆိုင်ရာ ကုမ္ပဏီများအပါအဝင် ဒဏ်ခတ်ပိတ်ဆို့ခံထားရသော ရုရှား ကုမ္ပဏီများကိုယ်စား ရုရှားနိုင်ငံသို့ ပစ္စည်းများ ဝယ်ယူ တင်သွင်းခဲ့ကြောင်း အေဂျင်စီ၏ပြောကြားချက်အရ သိရှိရသည်။
နယူးယောက်ပြည်နယ် အရှေ့ပိုင်းခရိုင်ရှိ တရားရုံး တစ်ခုက ကနေဒါနိုင်ငံသား Nikolay Goltsev ကို ရုရှားနိုင်ငံသို့ အီလက်ထရောနစ်ပစ္စည်းများ တရားမဝင် တင်ပို့မှုဖြင့် ထောင်ဒဏ် သုံးနှစ်နှင့် လေးလ ချမှတ်ခဲ့ကြောင်း အမေရိကန် တရားရေးဌာနက သတင်းထုတ်ပြန် ခဲ့သည်။

Goltsev သည် ရုရှား-ယူကရိန်းစစ်ပွဲတွင် အသုံးပြု သည့် ရုရှားဒုံးကျည်များနှင့် ဒရုန်းများထုတ်လုပ်ရာတွင် အသုံးပြုသည့် နည်းပညာဆိုင်ရာပစ္စည်းများကို အိန္ဒိယ၊ တူရကီ၊ တရုတ်နှင့် အာရပ်စော်ဘွားများနိုင်ငံရှိ ကုမ္ပဏီ များမှတစ်ဆင့် တင်ပို့ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
အစောပိုင်းတွင် Goltsev ၏ ဇနီး Kristina Puzyreva နှင့် ရုရှား-Tajik နိုင်ငံသားဖြစ်သူ Salimdzhon Nasriddinov တို့လည်း စွဲချက်တင်ခံထားရသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် Goltsev ၏ ဇနီး Puzyreva သည် အရေးယူဒဏ်ခတ်ပိတ်ဆို့ခံထားရသော ရုရှားကုမ္ပဏီ များထံ ဒရုန်းနှင့်ပတ်သက်သည့်ပစ္စည်းများ တရားမဝင် ပေးပို့ခြင်းဖြင့် ရရှိသောငွေကြေးအတွက် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရသည်။ Nasriddinov ကိုမူ ယနေ့ အထိ ပြစ်ဒဏ်ချမှတ်ခြင်းမရှိသေးပေ။
ကိုးကား - TASS
Photo: Global News

ဇန်နဝါရီ ၈ ရက်နေ့က လောင်ကျွမ်းခဲ့သည့် အမေရိကန်နိုင်ငံ၊ Los Angeles တောမီးကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး ခန့်မှန်တွက်ချက်မှုအရ ကန်ဒေါ်လာ ဘီလီယံ ၅၀ကျော် ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။ အိမ်ခြေရာနှင့်ချီကာ မီးလောင်သွားပြီး လူပေါင်း၁သိန်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရကာ သမိုင်းတွင် တန်ဖိုးအများဆုံး ဆုံးရှုံးခဲ့ရသည့် တောမီးလောင်ကျွမ်းမှု ဖြစ်ခဲ့သည်။

မီးငြှိမ်းသတ်ရေးအရင်းအမြစ်များနှင့် ရေပေးဝေမှုလည်း ထိခိုက်ခဲ့ရပြီး ဇန်နဝါရီ ၇ ရက်နေ့ ညနေမှ စတင်ပြီး လောင်ကျွမ်းခဲ့စဉ် မီးသတ်သမားများက မီးငြှိမ်းသက် နေစဉ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မည်သို့မျှထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပျံ့နှံ့မှု မြန်ဆန်သွားခဲ့ခြင်းပင် ဖြစ်ပါသည်။ Los Angeles ရှိ Holly Wood တောင်တန်း တွင်လည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း နှင့် Los Angeles တွင် တောမီးလောင်ကျွမ်းမှု အရေအတွက် ခြောက်ကြိမ်အထိ မြင့်တက်လာခဲ့ကြောင်း မီးသတ် ဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Santa Monica နှင့် Malibu ကြားတွင်ရှိသော Pacific Palisades တွင် ၅၀% မှ ၇၅% ထိ ကူးစက် လောင်ကျွမ်း ခဲ့ပြီး အမေရိကန်၏ စျေးအကြီးဆုံး အိမ်ခြံမြေများ တည်ရှိရာ နေရာဖြစ်ကာ Ben Affleck၊ Tom Hanks နှင့် Michael Keaton စသည့်ဟောလီးဝုဒ် သရုပ်ဆောင်များ ပိုင်ဆိုင်သည့် အိမ်ခြံမြေများ မီးလောင်ဆုံးရှုံးသွားသည့် အထဲတွင် ပါဝင်သွားကြောင်းသိရှိရသည်။
ကိုးကား - RT

အမေရိကန်အစိုးရသည် Tik Tok အပလီကေးရှင်းအား တရုတ်နိုင်ငံက ပိုင်ဆိုင်ထားခြင်းကို ဖိနှိပ်ရန်အတွက် နိုင်ငံ၏အမျိုးသားလုံခြုံရေးကိုအကြောင်းပြ၍ အနိုင်ကျင့်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၄ ရက်တွင် စွပ်စွဲပြောကြားသည်။

Tik Tok အပလီကေးရှင်းသည် အမေရိကန်၏အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟူသော အထောက်အထားကိုပြသနိုင်ခြင်း မရှိသော်လည်း အပလီကေးရှင်းအား လက်ရှိပိုင်ဆိုင်ထားသည့် Byte Dance ကုမ္ပဏီအပေါ် ဖိနှိပ်ရန်အတွက် နိုင်ငံ၏လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ဆောင်မှုတွင် တရားမျှတမှုမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ပင်းက မတ်လ ၁၄ ရက်တွင် ပုံမှန်ပြုလုပ်မြဲဖြစ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခြင်းဖြစ်သည်။
ထို့ပြင် အမေရိကန်၏ယခုလုပ်ဆောင်ချက်သည် အနိုင်ကျင့်သည့်အပြုအမူအဖြစ် ရှင်းလင်းစွာ တွေ့မြင်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အလားတူပင် အမေရိကန်အနေဖြင့် ဈေးကွက်စီးပွားရေး၏ အခြေခံသဘော တရားများကို အမှန်တကယ် လေးစားခြင်းအားဖြင့် မျှတစွာပြိုင်ဆိုင်မှုပြုပြီး အခြားနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအပေါ် ဖိနှိပ်ခြင်းများအား ရပ်ဆိုင်းသင့်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း တုံ့ပြန်ထားသည်။
တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်နိုင်ရန်အတွက် တရုတ်အစိုးရက လိုအပ်သည့်ဆောင်ရွက်ချက် အားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟေယာတုံးက ဆက်လက်ပြောကြားသည်။
တရုတ်နိုင်ငံ၏ စွပ်စွဲပြောဆို၊ တုံ့ပြန်မှု များသည် Tik Tok အပလီကေးရှင်းအသုံး ပြုမှုတားမြစ်ရေးမူကြမ်းကို အောက်လွှတ် တော်၌ ထောက်ခံမဲ ၃၅၂ မဲ၊ ကန့်ကွက်မဲ ၆၅ မဲဖြင့် အတည်ပြုခဲ့ပြီးနောက် ထွက်ပေါ်လာ ခြင်းဖြစ်သည်။ အဆိုပါမူကြမ်းအရ Byte Dance အနေဖြင့် သန်း ၁၇၀ ခန့်ရှိသော အမေရိကန်ပြည်သူများက အသုံးပြုထားသည့် ဗီဒီယိုဖိုင်များနှင့် ၎င်းတို့၏ အချက်အလက်များကို ခြောက်လအတွင်း အပြီးဖယ်ရှားပစ်ရပြီး ပျက်ကွက်ပါက ယင်းအပလီကေးရှင်း အသုံးပြုမှုအား အမေရိကန်က တားဆီးပိတ်ပင်မည်ဖြစ်ကြောင်း သိရသည်။

ဖနောင်ပင် ဇန်နဝါရီ ၈
ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်မှုကြောင့် လူပေါင်း ၆၈ ဦး သေဆုံးမှုဖြစ်ပွားကြောင်း ဘေးအန္တရာယ်ထိန်းချုပ်ရေး ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၈ ရက်တွင် ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ဦးရှိ

သို့သော်လည်း ၂၀၂၃ ခုနှစ်ကထက် ၁၉ ရာခိုင်နှုန်း ကျဆင်းလာသည်ဟု ဆိုသည်။ ယမန်နှစ်က မိုးကြိုးပစ်မှုကြောင့် သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ဦးရှိကြောင်း အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဆော့သ်ကင်ကိုးလ်မိုနီက ပြောသည်။
မကြာခဏ မိုးကြိုးပစ်လေ့ရှိ
မိုးကြိုးပစ်ခြင်းမှရှောင်ရှားနိုင်ရန် အထူးသဖြင့် ကျေးလက်နေပြည်သူများသည် မုန်တိုင်း သို့မဟုတ် မိုးရွာသွန်းချိန်တွင် နေအိမ်များအတွင်း နေထိုင်သင့်သည်ဟု ကိုးလ်မိုနီက ဆင်ဟွာသို့ ပြောသည်။ ကမ္ဘောဒီးယားနိုင်ငံ၌ မေလမှ အောက်တိုဘာလအထိ မိုးရာသီကာလအတွင်း မကြာခဏ မိုးကြိုးပစ်လေ့ရှိကြောင်း သိရသည်။
မီးလောင်မှုကြောင့် ၂၀ သေဆုံး
ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်မှုကြောင့် သေဆုံးမှုများအပြင် မီးလောင်မှုကြောင့် လူ ၂၀ သေဆုံးပြီး မုန်တိုင်းကြောင့် ခုနစ်ဦး သေဆုံးကြောင်း ကိုးလ်မိုနီက ပြောသည်။