သတင်းများ

အီးယူအဖွဲ့၏ဆိုလာစွမ်းအင်အသုံးပြုမှုက ပထမဆုံးအကြိမ်အဖြစ် ကျောက်မီးသွေးအသုံးပြုမှုကို ကျော်တက်

ဥရောပသမဂ္ဂအဖွဲ့(အီးယူ)တွင် ဆိုလာစွမ်းအင် သို့မဟုတ် နေရောင်ခြည်စွမ်းအင်အသုံးပြုမှုသည် ၂၀၂၄  ခုနှစ်အတွင်း၌ ပထမဆုံးအကြိမ်အဖြစ် ကျောက်မီးသွေးအသုံးပြုမှုကို ကျော်တက်သွားခဲ့သည်ဟု ဇန်နဝါရီလ ၂၃ ရက်တွင် ထုတ်ပြန်သည့် သုတေသနပြုချက်အရသိရသည်။

ယခုအခါ ဆိုလာစွမ်းအင်အသုံးပြုမှုသည် အီးယူအဖွဲ့ဝင်နိုင်ငံများတွင် မြင့်တက်လာပြီး အဆိုပါစွမ်းအင်အပါအဝင်ရေအားလျှပ်စစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များမှ စွမ်းအင်ထုတ်လုပ်မှုသည်   အီးယူတစ်ဖွဲ့လုံး၏   စုစုပေါင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏    ၄၇ ရာခိုင်နှုန်းနီးပါးအထိ   မြင့်တက်လာခဲ့ကြောင်း  စွမ်းအင်အရင်းအမြစ်များကို အဓိကထားလေ့လာသည့်  Ember  သုတေသနအဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများတွင်    ဆိုလာစွမ်းအင်အသုံးပြုမှု   မြင့်တက်လာပြီးရုပ်ကြွင်းလောင်စာတင်သွင်းမှုကို  ၂၀၁၉ ခုနှစ်မှစ၍    လျှော့ချနိုင်ခဲ့သောကြောင့်စီးပွားရေးအရ ယူရို ၅၉ ဘီလီယံ (ဒေါ်လာ၆၁ ဒသမ  ၄ ဘီလီယံ) ခန့်သက်သာစေခဲ့သည့်အပြင်  ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုပါလျှော့ချနိုင်ခဲ့သည်။

သို့သော် အီးယူအဖွဲ့အနေဖြင့် ဆိုလာစွမ်းအင်အသုံးပြုမှုမြင့်တက်လာခြင်းတွင်စိန်ခေါ်မှုအချို့နှင့်    ရင်ဆိုင်နေရသည်။ အကြောင်းမှာ    အီးယူအဖွဲ့အနေဖြင့် ဆိုလာစွမ်းအင်ထုတ်ယူရာတွင် လိုအပ်သည့် ဆိုလာပြားများကို အလုံအလောက် ထုတ်လုပ်ပေးနိုင်ခြင်းမရှိသောကြောင့် လက်ရှိအသုံးပြုနေသည့် ဆိုလာပြား ၉၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံမှတင်သွင်းနေရသည်။

ထို့ကြောင့် ဆိုလာစွမ်းအင်ထုတ်လုပ်ရန်အတွက် လိုအပ်သည့် ဆိုလာပြား ၄၀ရာခိုင်နှုန်းကို အဖွဲ့ဝင်နိုင်ငံများအတွင်း၌ ထုတ်လုပ်နိုင်ရန်နှင့် အခြားလိုအပ်သည့်နည်းပညာများကို လာမည့်  ၂၀၃၀ ပြည့်နှစ်ခန့်တွင်အသုံးချနိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများကြား သဘောတူညီချက်တစ်ရပ်ချမှတ်ထားပြီးဖြစ်သည်။

ဆိုလာစွမ်းအင်သည်   ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးနှင့် စျေးအသက်သာဆုံး စွမ်းအင်အရင်းအမြစ်များအနက်မှ တစ်ခုဖြစ်ရာ   ယင်းစွမ်းအင်အသုံးပြုမှုသည် လာမည့်    အနာဂတ်ကာလတွင်လည်း ဆက်လက်တွင်ကျယ်လာမည်ဖြစ်သည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးကို     အထောက်အကူပြုပြီးပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်သည့်   ဆိုလာစွမ်းအင်ကို ရွေးချယ်ခြင်းအားဖြင့်   အီးယူနိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကိုပါ လျှော့ချရန်တာဝန်ရှိကြောင်း    ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်က ပြောကြားထားသည်။      

Source: Myawady Web Portal  

အောင်မြင်ကျော်ကြားခဲ့သည့် သီချင်းများကိုသီဆိုခဲ့သူ အဆိုတော်ကြီး မာရဇ္ဇ ကွယ်လွန်

လူများ၏ ပါးစပ်ဖျားတွင် ​အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည့် သီချင်းများစွာကို သီဆိုခဲ့သူ အဆိုတော်ကြီး မာရဇ္ဇဟာ ဇန်နဝါရီ လ ၂၃ ရက်နေ့ ညဘက်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုတော် မာရဇ္ဇ ကွယ်လွန်သွားခြင်းနှင့်ပတ်သက်ပြီး ကိုနိုင်ဇော်က “မိမိ၏juke-boxBand နှင့် လက်တွဲခဲ့သည့် အဆိုကျော်(ကို)မာရဇ္ဇ မနေ့ညက ကွယ်လွန်သွားကြောင်းသိရသဖြင့် မိသားစုနှင့် ထပ်တူကြေကွဲရပါကြောင်း” ၎င်း၏ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားပါသည်။

ကိုးကား-အင်တာနက်စာမျက်နှာ

လော့စ်အိန်ဂျလိစ်ဒေသမြောက်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုထပ်မံဖြစ်ပွား ဒေသခံ ၃၀၀၀၀ ကျော်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့ရ

လော့စ်အိန်ဂျလိစ်၊ သဘာဝဘေး

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဒေသမြောက်ပိုင်းရှိ တောင်တန်းဒေသများတွင် ဇန်နဝါရီလ ၂၂ ရက်က တောမီးလောင်ကျွမ်းမှုအသစ် ထပ်မံဖြစ်ပွားခဲ့ရာ ဒေသခံ ၃၀၀၀၀ ကျော်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းကြရန် အာဏာပိုင်များက ညွှန်ကြားခဲ့ရကြောင်းသိရသည်။

Hughes တောမီးဟုအမည်ပေးထားသည့် အဆိုပါတောမီးလောင်ကျွမ်းမှုသည် ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်းမှစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တောမီးအတွင်း သစ်တောဧက ၁၀၀၀၀ ကျော်လောင်ကျွမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တောမီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်လျက်ရှိရာ ဇန်နဝါရီလ ၂၂ ရက် ညပိုင်းအထိ တောမီးလောင်ကျွမ်းမှု၏ ၁၄ ရာခိုင်နှုန်းကိုသာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပြည်နယ်သစ်တောနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Hughes တောမီးလောင်ကျွမ်းသည့်ဒေသတွင် ဇန်နဝါရီလ ၂၂ ရက်ညပိုင်းမှ ၂၃ ရက်အထိ အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ခန့်ရှိနိုင်ကြောင်း အမေရိကန်အမျိုးသားမိုးလေဝသဌာန လော့စ်အိန်ဂျလိစ်ဌာနခွဲ၏ ခန့်မှန်းချက်အရ သိရသည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်ခန့်မှစ၍တောမီးများလောင်ကျွမ်းခဲ့ရာ အနည်းဆုံး လူ ၂၈ ဦး  သေဆုံးပြီး အဆောက် အအုံ၁၄၀၀၀ ကျော်မီးလောင်ပျက်စီးခဲ့ရပြီးဖြစ်သည်။

Source: Myawady Daily Newspaper

Apple နှင့် တရုတ်နည်းပညာ ထုတ်ကုန်ပစ္စည်းများကိုယှဉ်ပြိုင်ရန် Samsung  က Galaxy S25 စမတ် ဖုန်းများကိုထုတ်ဖော်ပြသ

Samsung  Electronics ကုမ္ပဏီသည် ပြိုင်ဘက်များဖြစ်သည့် Apple နှင့် တရုတ်နည်းပညာထုတ်ကုန်ပစ္စည်းများ၏ယှဉ်ပြိုင်မှုများကို ရင်ဆိုင်နိုင်ရန်အတွက်  ၎င်းတို့၏ Galaxy S25၊ Galaxy S25+ နှင့် Galaxy S25 Ultra စမတ်ဖုန်းများကို ဇန်နဝါရီလ၂၂ ရက်တွင် ထုတ်ဖော်ပြသလိုက်သည်။

Samsung  ကုမ္ပဏီသည် ဉာဏ်ရည်တု(AI)  နည်းပညာသုံးစမတ်ဖုန်းများကို ထုတ်လုပ်ရာတွင် Apple ထက်ပိုမိုမြန်ဆန်သော်လည်း ၂၀၂၄  ခုနှစ် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင်  အမေရိကန်နှင့်တရုတ်ကုမ္ပဏီများ၏ပြိုင်ဆိုင်မှုများနှင့် ကြုံတွေ့ခဲ့ရခြင်းကြောင့်  ထိပ်တန်းအဆင့်တွင်ရပ်တည်နိုင်ခဲ့ခြင်းမရှိပေ။ သို့သော် ယခုအခါ Samsung အနေဖြင့် လမ်းကြောင်းမှန်ပေါ်သို့   ရောက်ရှိနေပြီဖြစ်ကြောင်း Samsung ၏ AI အဖွဲ့ခေါင်းဆောင် ပတ်ဂျီဆုန်က ပြောသည်။

Galaxy  S25  စမတ်ဖုန်းများတွင် Qualcomm ၏ chip များအပြင် Google ၏ AI မော်ဒယ်တို့ကို  ထည့်သွင်းထားပြီး Now  Brief  service  ပါဝင်ခြင်းကြောင့် အသုံးပြုသူများအနေဖြင့် ဖုန်းအတွင်း သိုလှောင်ထားသည့်   ကိုယ်ပိုင်အမှတ်သညာပြုလုပ်သတ်မှတ်ထားသည့်အချက်အလက်များအပေါ်အခြေခံ၍ အကြံပြုချက်များပေးအပ်နိုင်မည်ဖြစ်သည်။

ထို့ပြင် Samsung ၏ image enhancement solution နှင့် mobile digital natural image စသည့် function များကိုပါ ထည့်သွင်းထားခြင်းကြောင့် Galaxy S25 စမတ်ဖုန်းများသည် performance အပိုင်းတွင် ပိုမိုကောင်းမွန်သည့်ဖုန်းတစ်လုံးဖြစ်လာမည်ဖြစ်ကြောင်း ကုမ္ပဏီကပြောသည်။ သို့သော် ဖုန်းများတွင်ပါဝင်သည့် RAM များသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူဘဲ ကွဲပြားမည်ဖြစ်ကြောင်းသိရသည်။ 

 ၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၂၃

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးသည် မွေးဖွားစတွင် အရပ် အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။

ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမံတော်မှာ “ရဋ္ဌနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော်လေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာသြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ၅ခုစီနှင့် နောက်ခြေသည်း၄ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်လေးဖြစ်သည်။

အထက်ပါဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက”သည် ယခုအသက် ၂ နှစ်၊ ၆ လသားအရွယ်တွင် အရပ်အမြင့် ၄ ပေ ၉ လက်မ ၊ ကိုယ်လုံးလုံးပတ် ၇ ပေ ၄ လက်မ၊ ကိုယ်အလေးချိန် ၁၄၇၄ ပေါင်ရှိလာပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” သည် ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Source: Myanmar Digital News

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လေထုညစ်ညမ်းမှုများကြောင့် စာသင်ကျောင်းပေါင်း (၂၅၀) ကျော်ကို ပိတ်ထား

ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုများကြောင့် ဘန်ကောက်မြို့ရှိ စာသင်ကျောင်းပေါင်း(၂၅၀)ကျော်ကို ပိတ်ထားရကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ ထိုင်းအစိုးရတာဝန်ရှိသူများသည် ဘန်ကောက်မြို့ရှိ ပြည်သူများကို နေအိမ်မှအလုပ်လုပ်ရန် တိုက်တွန်းခဲ့ပြီး ယာဉ်အသွားအလာများကို ကန့်သတ်ခဲ့မှုနှင့်အတူ ယခုကဲ့သို့တားမြစ်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဆောင်းရာသီလေသည် အမှိုက်မီးရှို့ခြင်း၊ ကားမီးခိုးငွေ့များနှင့် ပေါင်းစပ်ခဲ့မှုနှင့်အတူ ဒေသအတွင်းရှိ အခြားနိုင်ငံအများအပြားကဲ့သို့ပင် ရာသီအလိုက် လေထုညစ်ညမ်းမှုသည် ထိုင်းနိုင်ငံအပေါ် နှစ်ရှည်လများ သက်ရောက်မှုများရှိစေခဲ့ကြ

ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုများကြောင့် ဘန်ကောက်မြို့ရှိ စာသင်ကျောင်းပေါင်း(၂၅၀)ကျော်ကို ပိတ်ထားရကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ ထိုင်းအစိုးရတာဝန်ရှိသူများသည် ဘန်ကောက်မြို့ရှိ ပြည်သူများကို နေအိမ်မှအလုပ်လုပ်ရန် တိုက်တွန်းခဲ့ပြီး ယာဉ်အသွားအလာများကို ကန့်သတ်ခဲ့မှုနှင့်အတူ ယခုကဲ့သို့တားမြစ်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဆောင်းရာသီလေသည် အမှိုက်မီးရှို့ခြင်း၊ ကားမီးခိုးငွေ့များနှင့် ပေါင်းစပ်ခဲ့မှုနှင့်အတူ ဒေသအတွင်းရှိ အခြားနိုင်ငံအများအပြားကဲ့သို့ပင် ရာသီအလိုက် လေထုညစ်ညမ်းမှုသည် ထိုင်းနိုင်ငံအပေါ် နှစ်ရှည်လများ သက်ရောက်မှုများရှိစေခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ (၂၃) ရက် နံနက်ပိုင်းတွင် ဘန်ကောက်မြို့သည် ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် လေထုညစ်ညမ်းမှု အရှိဆုံးမြို့တစ်မြို့ဖြစ်ခဲ့‌ကြောင်း IQAir ကုမ္ပဏီ၏ အဆိုအရ သိရသည်။ဘန်ကောက်မြို့ရှိ PM2.5 လေထုညစ်ညမ်းမှုအဆင့် (အဆုတ်မှတစ်ဆင့် သွေးကြောထဲအထိ ဝင်ရောက်နိုင်လောက်အောင်သေးငယ်ပြီး ကင်ဆာဖြစ်စေနိုင်သည့် သေးငယ်သောအမှုန်အမွှာများ) သည် တစ်ကုဗမီတာလျှင် (၁၂၂) မိုက်ခရိုဂရမ်အထိ ရှိခဲ့ကြောင်း သိရသည်။

လေထုညစ်ညမ်းမှုမြင့်တက်လာမှုနှင့်အတူ PM2.5 အဆင့်မြင့်မားသောဒေသများရှိ စာသင်ကျောင်းများကိုပိတ်ရန် ရွေးချယ်နိုင်ကြောင်း ဘန်ကောက် အာဏာပိုင်များက ယခုသီတင်းပတ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဇန်နဝါရီလ (၂၃) ရက် နံနက်ပိုင်းတွင် ဘန်ကောက်မြို့ပြအာဏာပိုင်အဖွဲ့အောက်ရှိ စာသင်ကျောင်းပေါင်း (၄၃၇) ကျောင်းအနက် (၁၉၄) ကျောင်းကို ပိတ်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။ အဆိုပါကျောင်းပိတ်ထားမှုသည် လေထုညစ်ညမ်းမှုကြောင့် ဘန်ကောက်မြို့ပြ အာဏာပိုင်အဖွဲ့အောက်ရှိ ကျောင်းများကို ကျောင်းပိတ်ခဲ့ရမှုများတွင် ၂၀၂၀ ပြည့်နှစ် နောက်ပိုင်း အမြင့်ဆုံးကိန်းဂဏန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗဟိုအစိုးရအဖွဲ့တစ်ခုဖြစ်သည့် အခြေခံပညာရုံးအောက်ရှိ စာသင်ကျောင်း (၁၅၆) ကျောင်းအနက် (၅၈) ကျောင်းကို ဇန်နဝါရီလ ၂၃ ရက်တွင် ပိတ်ထားရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရသည်။

ကိုးကား-NP News

နေအိမ်ရောင်းချပြီး ဓမ္မစေတီ ခေါင်းလောင်းကြီးကို ထပ်မံဆယ်ယူဦးမည်ဟု ဆို

ကော့သောင်းမြို့ရှိနေအိမ်ကို ရောင်းချပြီး ဓမ္မစေတီ ခေါင်းလောင်းကြီးအား ထပ်မံဆယ်ယူရန် ကြိုးပမ်းနေကြောင်း ဦးစံလင်းက NP News သို့ ပြောသည်။

ဦးစံလင်းသည် ပြီးခဲ့သည့်ကာလများက ဓမ္မစေတီခေါင်းလောင်းကြီးကို ဖော်ယူရန်အတွက် တိုင်းသိပြည်သိဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ယခုတစ်ကြိမ်တွင် ထပ်မံ ကြိုးပမ်းလာခြင်းဖြစ်ကာ ပြီးခဲ့သည့်ကာလများတွင် ခေါင်းလောင်းကြီးကို ဆယ်ယူရန်အတွက် အကြိမ်ကြိမ်စာတင်ခဲ့ဖူးကြောင်းသိရသည်။ ဓမ္မစေတီခေါင်းလောင်းကြီးသည် သမိုင်းတစ်လျှောက် အမှန်တကယ် ရှိ၊ မရှိ စသည်ဖြင့် အငြင်းပွားနေသော ပစ္စည်းတစ်ခုဖြစ်ပြီး အများပြောစမှတ်ပြုကြသောစကားများအရ အဆိုပါ ခေါင်းလောင်းကြီးကို သန်လျင်စား ငဇင်ကာခေါ် ဒီဘရစ်တိုက အမြောက်သွန်းလုပ်ရန် ရွှေတိဂုံစေတီတော် မှ ရေကြောင်းဖြင့်သယ်ယူလာစဉ် ရန်ကုန်မြစ်ဝအတွင်း ပျောက်ဆုံးခဲ့သည်ဟူ၍ ဖြစ်သည်။

အဆိုပါ ခေါင်းလောင်းကြီးသည် ရေအောက် (၂၇) ပေ၊ မြေကြီးအောက် (၂၅) ပေ၊ စုစုပေါင်း ရေအောက် အနက် (၅၂) ပေတွင် နစ်မြုပ်နေခြင်းဖြစ်ပြီး (၁၀) ရက်အတွင်း ကြိုးချည်ကာ ကျန် (၁၀) ရက်အတွင်း ကုန်းပေါ်အရောက်တင်မည်ဖြစ်ကြောင်း ဦးစံလင်းကပြောသည်။ လက်ရှိတွင် ကော့သောင်းမြို့မှ နေအိမ်ကို ရောင်းနေကာ အဆိုပါ ရောင်းရငွေကို ခေါင်းလောင်းဆယ်ယူရာတွင် ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်းနှင့် ဆယ်ယူခွင့်ပြုရန် တင်ပြစာကို ဇန်နဝါရီလ (၉) ရက်က တာဝန်ရှိသူများ ထံ တင်ပြထားကြောင်း ဦးစံလင်းကပြောသည်။

ဓမ္မစေတီခေါင်းလောင်းကြီး ပေါ်ချိန်တန်ပြီဖြစ်သော်လည်း နှောင့်နှေးကြန့်ကြာနေခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်းနှင့် ခေါင်းလောင်းကြီးကို ဖော်ထုတ်ရန်အတွက် မြန်မာနိုင်ငံတွင် ပစ္စည်းအစုံအလင်ရှိသောကြောင့် မည်သည့်နိုင်ငံကိုမျှ အားကိုးရန်မလိုအပ်ကြောင်းကိုပါ ဦးစံလင်းက တင်ပြစာတွင် ဖော်ပြထားကြောင်း သိရသည်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်းချောက်ကမ်းပါးပေါ်ရှိ ကမ္ဘာ့အမြင့်ဆုံးဟွာကျန်း တံတားကြီးအား ဆက်သွယ်ပြီးဖြစ်

တရုတ်နိုင်ငံ  အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ ကမ္ဘာ့အမြင့်ဆုံး ဟွာကျန်းချောက်ကမ်းပါးပေါ်မှ တံတားကြီးအား ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ဆက်သွယ်ပြီးဖြစ်သည်။

အဆိုပါတံတားကြီးသည် အမြင့်၆၂၅ မီတာ၊ အရှည် ၁၄၂၀ မီတာရှိပြီး၎င်းတံတား၏    အစိတ်အပိုင်းများကို ဇန်နဝါရီလ  ၁၇  ရက်က အပြီးသတ်ဆက်သွယ်နိုင်ခဲ့ခြင်းဖြစ်သည်။   ဟွာကျန်း ချောက်ကမ်းပါးပေါ်မှတံတားကြီးသည် ယခင်က ကမ္ဘာ့အမြင့်ဆုံးအဖြစ်သတ်မှတ် ခံထားရသည့်   ပေပန်ကျန်းတံတားကိုကျော်ဖြတ်၍ ကမ္ဘာ့အမြင့်ဆုံးတံတားကြီးဖြစ်လာခြင်းဖြစ်သည်။

ပေပန်ကျန်းတံတားသည် အမြင့် ၅၆၅မီတာရှိပြီး ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့နှင့် ယူနန်ပြည်နယ် ရွှေလီ (ရွီလီ)မြို့တို့အားဆက်သွယ်ပေးထားသည့် တံတားဖြစ်သည်။     

Yangwang U9 sports supercar သို့မဟုတ် အတားအဆီးများ၊ ချိုင့်များကို ခုန်ကျော်မောင်းနှင်နိုင်သည့် BYD ကုမ္ပဏီ၏ ပထမဆုံးသောစူပါပြိုင်ကား

တရုတ်ကားကုမ္ပဏီကြီးတစ်ခုဖြစ်သည့်BYD မှ ထုတ်လုပ်ထားသည့် Yangwang U9 စူပါပြိုင်ကားသည်   တရုတ်နိုင်ငံရှိဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီးနောက်ငါးလအတွင်း အစီးပေါင်း ၁၀၀ ရောင်းချခဲ့ပြီးဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန် သည်။

အဆိုပါ Yangwang U9 စူပါ ပြိုင်ကားသည် BYD ကုမ္ပဏီမှ ပထမဆုံးထုတ်လုပ်ခဲ့သည့်ပြိုင်ကားဖြစ်ပြီး ကမ္ဘာ့ပထမဆုံး အဆင့်မြင့် ဟိုက်ဒရောလစ်စနစ်ကားကိုယ်ထည်ထိန်းချုပ်မှုနည်းပညာတပ်ဆင်ထားသည့် ပြိုင်ကားလည်းဖြစ်သည်။

Yangwang U9 လျှပ်စစ်ပြိုင်ကားသည် တရုတ်ဈေးကွက်အတွင်းသို့   ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း  ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး   ယင်းနှစ် စက်တင်ဘာလတွင် ၁၆  စီး၊  အောက်တိုဘာလတွင်  ၁၇  စီး၊ နိုဝင်ဘာလတွင်    ၂၄  စီးနှင့်ဒီဇင်ဘာလတွင်  ၂၄ စီးရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်း     BYD   ကုမ္ပဏီက  ဇန်နဝါရီလ ၂၁  ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ကားတွင် အလိုအလျောက်ထိန်းချုပ်မောင်းနှင်နိုင်သည့် နည်းပညာတပ်ဆင်ထားပြီး   တစ်နာရီလျှင် ၇၅ မိုင်နီးပါးမောင်းနှင်နိုင်သည့်အပြင် မောင်းနှင်နေစဉ်   လမ်းခရီးတွင်အတားအဆီးများ၊ ချိုင့်များနှင့်တွေ့ကြုံရပါက ၎င်းအတားအဆီးနှင့်ချိုင့်များကို ခုန်ကျော်၍မောင်းနှင်နိုင်သည်။ ထို့ပြင်  ကားတွင် ၃၆၀ ဒီဂရီပတ်လည်ကြည့်ရှုနိုင်သည့်   ကင်မရာ၊ အာရုံခံစနစ်၊   ရေဒါနှင့် အင်တာနက်ချိတ်ဆက်မှုများကိုပါ   တပ်ဆင်ထားသည်။

Yangwang U9 လျှပ်စစ်ပြိုင်ကားတစ်စီး၏ ဈေးနှုန်းမှာ တရုတ်ဈေးကွက်တွင် ယွမ် ၁ ဒသမ ၆၈ သန်း (ဒေါ်လာ၂၂၉၇၀၀ ခန့်) ရှိပြီး   ဇိမ်ခံလျှပ်စစ်ကားထုတ်လုပ်မှုတွင်   Tesla  ကုမ္ပဏီအားယှဉ်ပြိုင်နိုင်ရေးကြိုးပမ်းသည့်  BYD ၏ဆန်းသစ်မှုတစ်ရပ်ဖြစ်လာခဲ့သည်။  

တစ်နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယာဉ်တိုက်မှုကြောင့် လူ (၂၀၀၀) ကျော်အထိ သေဆုံးခဲ့

တစ်နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယာဉ်တိုက်မှုကြောင့် လူ (၂၀၀၀) ကျော် သေဆုံးခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရသိရှိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ယာဉ်တိုက်မှုပေါင်း (၃၈၇၅) ကြိမ်ဖြစ်ပွားခဲ့ရာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် (၁၀)ကြိမ်ကျော်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်တိုက်မှုများကြောင့် သေဆုံးသူ (၂၀၁၁) ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ(၅၅၇၆) ဦး ရှိခဲ့ကြောင်းသိရှိရသည်။

ယာဉ်တိုက်မှုများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုအကြိမ်ရေ (၈၄၃) ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၄၄၆) ဦး နှင့် ထိခိုက် ဒဏ်ရာရရှိသူ (၉၄၄) ဦး ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း (၅၇၄) ကြိမ်ဖြင့် ဒုတိယအများဆုံးဖြစ်ပွားခဲ့ရာ သေဆုံးသူ (၂၀၅) ဦး နှင့် ဒဏ်ရာရရှိသူ (၉၁၈) ဦး ရှိခဲ့ကြောင်းသိရှိရသည်။

အလားတူ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှု ပေါင်း (၂၀၃) ကြိမ် ဖြစ်ပွားခဲ့ရာ (၃၆၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၈၈) ဦး သေဆုံးခဲ့ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၄ ခုနှစ်၌ စုစုပေါင်း ယာဉ်တိုက်မှုပေါင်း (၃၈၇၅) ကြိမ် ဖြစ်ပွားခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ယာဉ်တိုက်မှု (၄၇၇၂) ကြိမ်နှင့် နှိုင်းယှဉ်ပါက (၈၉၇) ကြိမ် လျော့ကျသွားခဲ့ပြီး သေဆုံးသူ (၄၁၁) ဦး လျော့ကျသွားခဲ့ကြောင်းသိရှိရပါသည်။