သတင်းများ

 ကမ္ဘောဒီးယားနိုင်ငံရှိ ကလေးငယ်နှစ်သန်းနီးပါး ရာသီဉတုဆိုးရွားသောဒေသများတွင် နေထိုင်လျက်ရှိ

ကမ္ဘောဒီးယားနိုင်ငံရှိကလေးငယ်နှစ်သန်းနီးပါးသည် ရာသီဉတုဆိုးရွားသောဒေသများ အဓိကအားဖြင့် ကျေးလက်ဒေသများတွင် နေထိုင်လျက်ရှိကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

ကလေးများ၏ရာသီဉတုအန္တရာယ်အညွှန်းကိန်းခေါင်းစဉ်တွင် နိုင်ငံအတွင်းရှိကလေးဦးရေ၏သုံးပုံတစ်ပုံခန့်သည် မိုးခေါင်ရေရှားမှုအခြေအနေများနှင့်ကြုံတွေ့နေရပြီး ကလေးထက်ဝက်ကျော်သည် ပူပြင်းမှု၊ လေပြင်းတိုက်မှုနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများခံစားနေရကြောင်း ဖော်ပြထားသည်။

နိုင်ငံအတွင်းရှိ ကလေးထက်ဝက်နီးပါးသည် မြစ်ရေကြီးမှုဒဏ်ခံရပြီး ကလေးဦးရေထက်ဝက်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏လမ်းညွှန်ချက်ထက်ကျော်လွန်သော လေထုညစ်ညမ်းမှုအဆင့်လွန်ကဲစွာထိတွေ့နေရသည်ဟု ထပ်လောင်းဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ရာသီဉတုနှင့် သဘာဝပတ်ဝန်းကျင်အန္တရာယ်မြင့်မားမှုရှိသည့် ဒေသများတွင်နေထိုင်သော ကလေးများရှိသည့် ထိပ်တန်းနိုင်ငံများအနက် တတိယမြောက်နိုင်ငံဖြစ်သည်ဟု သိရသည်။

Source: Myanmar Digital News

ဂျပန်နိုင်ငံသို့ ၂၀၂၄ ခုနှစ်အတွင်း လာရောက်လည်ပတ်သူ စံချိန်တင်မြင့်တက်

ဂျပန်နိုင်ငံအတွင်းသို့ ပြီးခဲ့သည့် ၂၀၂၄ခုနှစ်အတွင်း လာရောက်လည်ပတ်သူ စံချိန်တင် မြင့်တက်လာခဲ့ကြောင်း ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များ၌ ဖော်ပြထားသည်။

ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းမှုကြောင့် နိုင်ငံအတွင်းသို့ ခရီးသွားပြည်သူများ လာရောက်လည်ပတ်ရန် ဆွဲဆောင်နိုင်ခဲ့ရာ နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်သည့် ခရီးသည်အရေအတွက်မှာ ၂၀၂၄  ခုနှစ်တွင် ၃၆ ဒသမ ၈ သန်းကျော်အထိ မြင့်တက်လာကြောင်း    ဂျပန်အမျိုးသား ခရီးသွားလုပ်ငန်းအဖွဲ့၏ ဖော်ပြချက်အရ သိရသည်။

ယင်းပမာဏသည်   ၂၀၁၉ ခုနှစ်က နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ခရီးသည်အရေအတွက်ထက်  ကျော်လွန်သွားခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်းသို့ ခရီးသည်များဝင်ရောက်မှု ပြန်လည်မြင့်တက်လာခြင်းသည် ထင်ရှားသည့်   ဖူဂျီတောင်၏ ဆွဲဆောင်မှုများကို တိုးမြှင့်ပေးသည့်  အစိုးရအဖွဲ့၏ မူဝါဒကြောင့်ဖြစ်ကြောင်း၊  ထို့ပြင် လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း အခြားငွေကြေးများနှင့် လဲလှယ်ရာတွင် ယန်းငွေတန်ဖိုး ကျဆင်းခြင်းကြောင့် ပြည်ပခရီးသွားများအတွက် ဂျပန်နိုင်ငံအတွင်း ဈေးဝယ်ယူရာတွင် ငွေကြေးပိုမိုသုံးစွဲနိုင်စေခဲ့သည်။

ဂျပန်အစိုးရသည် လာမည့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ခရီးသည်အရေအတွက်ကို သန်း ၆၀ အထိမြင့်တက်လာစေရန်  မျှော်မှန်းလုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

Source: Myawady Web Portal

ဟေတီနိုင်ငံ၌ ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း တစ်သန်းကျော်ရှိဟု အိုင်အိုအမ်ပြော

ပေါ့သ်အူပရင့်စ်  ဇန်နဝါရီ ၁၅

ဟေတီနိုင်ငံ၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း ၁ ဒသမ ၀၄၁ သန်းကျော်ရှိကြောင်း‌ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (အိုင်အိုအမ်) ကပြောသည်။ အဆိုပါ ပမာဏမှာ နိုင်ငံ့လူဦးရေ စုစုပေါင်း၏ ၉ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဆိုသည်။

ဇန်နဝါရီ ၁၄ ရက်တွင် အိုင်အိုအမ်၏ အစီရင်ခံဖော်ပြချက်အရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း ၃၁၅၀၀ သာရှိသည့်အတွက် ယမန်နှစ်တွင် နေရပ်စွန့်ခွာလာသူပေါင်း သုံးဆကျော်မြင့်တက်ကြောင်း သိရသည်။

အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေမှုက ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကဲ့သို့ မရှိမဖြစ်အရေးပါသော ဝန်ဆောင်မှုဌာနပြိုလဲမှုများကို ဖြစ်ပေါ်စေသည်။ ထို့ပြင် စားရေရိက္ခာမလုံလောက်မှုအခြေအနေ ပိုမိုဆိုးရွားလာခြင်းသည် ပြည်တွင်းနေရပ်စွန့်ခွာသူ အရေအတွက် ပိုမိုများပြားလာခြင်း၏ နောက်ကွယ်မှ အဓိကအကြောင်းရင်းတစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာတွင် နိုင်ငံ၏မြို့တော် ပေါ့သ်အူပရင့်စ်၌ ပြည်တွင်းနေရပ်စွန့်ခွာသူအရေအတွက်မှာ ၈၇ ရာခိုင်နှုန်းရှိသောကြောင့် နှစ်ဆခန့်မြင့်တက်လာကြောင်း ဆိုးဆိုးရွားရွား ထိခိုက်ခံစားရလျက်ရှိပြီး အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အမိုးအကာနှင့်  သန့်ရှင်းသော သောက်သုံးရေအရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

ဆင်ဟွာ

Source: မြန်မာ့အလင်းသတင်းစာ

နှစ်ပေါင်း ၃၀ အတွင်း Nankai Trough မဟာငလျင်ကြီး လှုပ်နိုင်ခြေခန့်မှန်းချက်ကို ၈၀% အထိ မြှင့်တင်

ဂျပန်အစိုးရ၏ ငလျင်ဆိုင်ရာသုတေသနကော်မတီတစ်ခုက လာမည့်နှစ် ၃၀ အတွင်း Nankai Trough မဟာ ငလျင်ကြီး လှုပ်နိုင်ခြေခန့်မှန်းချက်ကို ယခင်က ၇၀% မှ ၈၀% ဟု ခန့်မှန်းထားရာမှ ၈၀% အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပါသည်။

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှ အလယ်ပိုင်းအထိ ပစိဖိတ်ကမ်းလွန်တွင်တည်ရှိသော Nankai Trough တွင် မဂ္ဂနီကျုဒ် ၈ မှ ၉ အထိရှိသော ငလျင်တစ်ခု လှုပ်နိုင်ခြေရှိနေပါသည်။

အဆိုပါကော်မတီသည် နှစ်စဉ် ဇန်နဝါရီ ၁ ရက်နေ့အထိ အနေအထားများအရ ဂျပန်နိုင်ငံပတ်ဝန်းကျင် ပင်လယ်ပြင်အောက်၌ ငလျင်လှုပ်နိုင်ခြေများကို တွက်ချက် ခန့်မှန်းပါသည်။

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း မီယာဇာကီခရိုင်၌ သြဂုတ်လတွင် လှုပ်ခဲ့သည့် အင်အားပြင်းငလျင်နှင့် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ၎င်းဒေသ၌ လှုပ်ခဲ့သော အင်အားပြင်း ငလျင်များသည် ယခုပြင်ဆင်လိုက်သည့် Nankai Trough ငလျင်လှုပ်နိုင်ခြေအပေါ် သက်ရောက်မှုမရှိခဲ့ကြောင်း အဆိုပါကော်မတီကပြောကြားခဲ့ပါသည်။

ခန့်မှန်းထားသည့် မဟာငလျင်လှုပ်ခတ်မှုမဖြစ်မချင်း ၎င်းဖြစ်နိုင်ခြေသည် တိုးလာမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီက ဆိုပါသည်။

Nankai Trough မဟာငလျင်ဆိုင်ရာ ကိန်းဂဏန်းများသည် ယခုကဲ့သို့ တွက်ချက်ခန့်မှန်းမှုများ စတင်ခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ၆၀% မှ ၇၀% ရှိနေခဲ့ပြီး ဖြစ်နိုင်ခြေသည် ၂၀၁၄ ခုနှစ်တွင် ၇၀% ဝန်းကျင်၊ ၂၀၁၈ ခုနှစ်တွင် ၇၀% မှ ၈၀% သို့ မြှင့်တက်လာခဲ့ခြင်းဖြစ်သည်။

ကိုးကား-NHK World

အမေရိကန်တွင် RedNote ပလက်ဖောင်းသုံးစွဲမှု ဆက်တိုက်မြင့်တက်လျက်ရှိ

Tik Tok ပိတ်သိမ်းမည့်ဥပဒေကို အမေရိကန်တွင် မပြဋ္ဌာန်းသေးမီအချိန်အတွင်း အမေရိကန်ပြည်သူများအကြား Xiaohongshu ဟု လူသိများသော တရုတ်နိုင်ငံထုတ် RedNote ပလက်ဖောင်းသုံးစွဲမှု မြင့်တက် လျက်ရှိနေပြီး ၂ ရက်တာအတွင်း သုံးစွဲသူ ၇ သိန်းကျော် အထိ တိုးများလာလျက်ရှိကြောင်း သိရပါသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့က RedNote ပလက်ဖောင်းတွင် Tik Tok ဒုက္ခသည်များ တိုက်ရိုက်စကားဝိုင်းကို အမေရိကန်ပြည်သူ ၅ သောင်းကျော်နှင့် တရုတ်ပြည်သူတို့ အတူတကွ အသုံးပြု၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ 

RedNoteမှာ လက်ရှိအချိန်တွင်မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ ကျော်ဖြင့်လုပ်ငန်းလည်ပတ်လျက်ရှိပြီး ဓာတ်ပုံဖြင့်လည်းကောင်း၊ ဗီဒီယို ဖြင့်လည်းကောင်း၊ စာသားဖြင့်လည်းကောင်း သုံးစွဲသူများ၏ နေ့စဉ်ဘဝအကြောင်းများကို မှတ်တမ်းတင်ခြင်း လုပ်ဆောင်ပေးနိုင်ပါသည်။

RedNote နှင့်အပြိုင် ဒုတိယလူသုံးအများဆုံးမှာ ByteDance ကုမ္ပဏီပိုင် Lemon 8 အက်ပလီကေးရှင်းဖြစ်ပြီး ထိုအက်ပလီကေးရှင်းမှာလည်း ယခင်လအတွင်း က Google Playstore တွင် ဒေါင်းလော့ဒ်ပြုလုပ်မှု သိသိသာသာ မြင့်တက်လာလျက်ရှိပြီး  ဒီဇင်ဘာလတွင် ဒေါင်းလော့ဒ်ပြုလုပ်သူ ၃.၄ သန်းအထိ မြင့်တက်လာကြောင်း သိရှိရပါသည်။ 

ByteDance ကုမ္ပဏီပိုင် Tik Tok သည် တရုတ်နိုင်ငံတွင် Duoyin နှင့် အခြားနိုင်ငံများတွင် Tik Tok ဟူ၍ ဗားရှင်းနှစ်မျိုးအသုံးပြုရသော်လည်း ယခုကျော်ကြားလာသည့် RedNote အက်ပလီကေးရှင်းမှာ မည်သည့်နိုင်ငံတွင်မဆို တူညီသည့် ဗားရှင်းတစ်မျိုးဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကား-The Guardian

Twitter ရှယ်ယာဝယ်ယူမှု ထုတ်ပြန်ရန် ပျက်ကွက် သဖြင့် အီလွန်မက်စ် တရားစွဲခံရ

တွစ်တာ စတော့ရှယ်ယာပိုင်ဆိုင်မှုကို ထုတ်ဖော်ရန် ပျက်ကွက်ခဲ့မှု၊ ကုမ္ပဏီရှယ်ယာများကို ဈေးနှိမ်ပြီး ဝယ်ယူပိုင်ဆိုင်ခဲ့မှုများကြောင့် အီလွန်မက်စ်အား အမေရိကန်ဘဏ္ဍာရေးပညာရှင်တစ်ဦးက တရားစွဲဆိုထားကြောင်း သိရှိရပါသည်။

ပြီးခဲသည့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် အီလွန်မက်စ်အား မသမာသည့်နည်းလမ်းအသုံးပြု၍ ရှယ်ယာဝယ်ယူထားမှုဖြင့် အမေရိကန်၊ ရှယ်ယာနှင့် ငွေကြေးလဲလှယ်မှုကော်မရှင်က  အမေရိကန်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အမှုဖွင့်ခဲ့ပါသည်။ အီလွန်မက်စ်သည် Twitter ကုမ္ပဏီအား မဝယ်ယူခင်က ကုမ္ပဏီ၏ ရှယ်ယာ ၅ % ကို ထုတ်ပြန်ကြေညာခြင်းမပြုဘဲ ဝယ်ယူခဲ့ခြင်းကို  ၎င်း၏ ရှယ်ယာပိုင်ဆိုင်မှုအစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးမှသာ သိရှိရကြောင်း၊ Twitter ရှယ်ယာများအတွက် အမေရိကန် ဒေါ်လာ သန်း ၁၅၀ လျော့နည်းပြီး ပေးချေထားကြောင်း စွဲချက်တင်ထားပါသည်။ 

အီလွန်မက်စ်သည် Twitter ကို ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၄၄ ဘီလီယံနှင့် ဝယ်ယူခဲ့ပြီးနောက် X မီဒီယာပလက်ဖောင်းဟု အမည်ပြောင်းခဲ့ပါသည်။ Twitter ကို အပိုင်မဝယ်ယူခင်က ကုမ္ပဏီ၏ ရှယ်ယာ ၅ % ကို ထုတ်ပြန်ကြေညာခြင်းမပြုဘဲ ဝယ်ယူခဲ့သည့် အီလွန်မက်စ်၏ ရှယ်ယာပိုင်ဆိုင်မှု အစီရင်ခံစာ ထွက်လာပြီး ၁၁ ရက်‌ အကြာတွင် SEC က တရားစွဲဆိုလိုက်ခြင်းဖြစ်ပါသည်။ 

အီလွန်မက်စ်သည် ပြီးခဲ့သည့် အမေရိကန် ပြည်ထောင်စုရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးမှုအတွက် အမေရိကန်ဒေါ်လာသန်း ၂၅၀ ကျော် သုံးစွဲပေးထားပြီး ရွေးကောက်ခံသမ္မတဖြစ်လာသူ ထရမ့်ကလည်း ၎င်းအား အစိုးရအကြံပေးအဖွဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ထားပါသည်။

ကိုးကား -The Guardian

ဘန်ကောက်တွင် ကမ္ဘောဒီးယားအမတ်ဟောင်းတစ်ဦး အသတ်ခံရ

ကမ္ဘောဒီးယားအတိုက်အခံအမတ်ဟောင်းတစ်ဦးသည် အင်္ဂါနေ့ညနေပိုင်းက ဘန်ကောက်မြို့တော် Phra Nakhon ခရိုင်တွင် မော်တော်ဆိုင်ကယ်သမားတစ်ဦး၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း သိရသည်။

လင်မ်ကင်ယာ(၇၃ နှစ်) သည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး လုပ်ကြံသတ်ဖြတ်သူကို မြို့တော်ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိသည်။

အခင်းဖြစ်နေရာမှ ထောက်လှမ်းရေးကင်မရာဗီဒီယိုမှတ်တမ်းအရ Honda Wave 100 မော်တော်ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။

သေဆုံးသူသည် ကမ္ဘောဒီးယားနှင့် ပြင်သစ်နှစ်နိုင်ငံ၏ နိုင်ငံသားခံယူထားသူဖြစ်ပြီး သူ၏ ပြင်သစ်ဇနီးသည် ကမ္ဘောဒီးယားလူမျိုးဦးလေးတို့နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ယိမှ ဘတ်စ်ကားဖြင့် ဘန်ကောက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

အခင်းဖြစ်နေရာသို့ ရောက်ရှိပြီး မကြာမီမှာပင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။ ဆိုင်ကယ်စီးလာသော ပြစ်မှုကျူးလွန်သူသည် အခင်းဖြစ်နေရာတွင် ဆိုင်ကယ်ကိုရပ်ကာ ဆင်းလာပြီးနောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် သူသည် Phra Sumen လမ်းအတိုင်း ဆိုင်ကယ်ဖြင့် ပြန်မောင်းထွက်ပြေးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။

လင်မ်ကင်ယာသည် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကအတိုက်အခံပါတီဖြစ်သော CNRP ပါတီဝင်တစ်ဦးဖြစ်ပြီး ပါတီသည် ၂၀၁၇ ခုနှစ်နိုဝင်ဘာလတွင် တရားရုံးချုပ်၏ ဖျက်သိမ်းမိန့်ဖြင့် အဖျက်ခံခဲ့ရသည်။

ယခင်ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်လက်ထက်က ညှင်းပန်းနှိပ်စက်မခံရရေးအတွက် သူ့လုပ်ဖော်ကိုင်ဖက် ပါတီဝင်များစွာသည် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ပြင်သစ်ပတ်စ်ပို့ကိုင်ဆောင်ထားသော လင်မ်ကင်ယာသည် နေရာသစ်တွင် အလွယ်တကူအခြေချခွင့်ရှိသည့်တိုင် ကမ္ဘောဒီးယားတွင် ဆက်ရှိနေခဲ့သည့် လက်တစ်ဆုပ်စာ ပါတီအမတ်များတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

“နိုင်ငံရေးကို ဘယ်တော့မှ အရှုံးမပေးပါဘူး” ဟု ထိုအချိန်က သတင်းထောက်များကို သူ ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Source: Popular Myanmar

Tik Tok ကို အီလွန်မတ်စ်ထံ တရုတ်ရောင်းချလို

Tik Tok ကို တရုတ်နိုင်ငံသားမဟုတ်သည့် ကုမ္ပဏီထံရောင်းချရမည်ဆိုပါက အီလွန်မတ်စ်ထံ ရောင်းချပေးလိုကြောင်း တရုတ်အရာရှိကြီးများက ပြောကြား လိုက်ပါသည်။

တရုတ်နိုင်ငံအနေဖြင့်မူ Tik Tok ကို တရုတ်ကုမ္ပဏီ ByteDance လက်အောက်တွင် ဆက်လက်ထားရှိလိုပြီး ကုမ္ပဏီအနေဖြင့်လည်း အမေရိကန်က TikTok ပိတ်သိမ်းရန်ထုတ်ပြန်ထားသည့် ဥပဒေအပေါ် အမေရိကန်တရားလွှတ်တော်ချုပ်သို့ အယူခံတင်သွင်းရန် ဆောင်ရွက်နေကြပါသည်။ သို့သော် ဇန်နဝါရီ လ ၁၀ ရက်နေ့တွင်ကြားနာမှုများအရ တရားလွှတ်တော်ချုပ်သည်အမေရိကန်တွင် Tik Tok ပိတ်ပင်မည့်ဥပဒေကို အတည်ပြုရန် အလားအလာများနေပါသည်။

Tik Tokကို ရောင်းချမည့်ကိစ္စအပေါ် တရုတ်၏ သဘောထားအား အီလွန်မတ်စ်နှင့် ၎င်း၏ ကိုယ်စားလှယ်များက ပြန်လည်ဖြေကြားထားခြင်းမရှိသေးပါ။ ကမ္ဘာကျော်အမေရိကန်သူဌေးကြီး အီလွန်မတ်စ်သည် ပြီးခဲ့သည့် အမေရိကန်ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော် သုံးစွဲပေးခဲ့ပါသည်။

 "အမေရိကန်တွင် Tik Tok ကို ပိတ်ပင်ခြင်းသည် အမေရိကန်တို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်ကြောင်း" အီလွန်မတ်စ်က ဧပြီလတွင် ၎င်း၏ X မီဒီယာပလက်ဖောင်းတွင် ရေးသားခဲ့ဖူးပါသည်။ သို့သော် Tik Tok ကို အီလွန်မတ်စ်ထံ ရောင်းချလိုကြောင်း တရုတ်၏ လိုလားချက်အပေါ် သက်ဆိုင်ရာ တရုတ်နိုင်ငံ ဆိုက်ဘာစီမံခန့်ခွဲရေးဌာနနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနတို့ကမူ မှတ်ချက်ပေးထားခြင်း မရှိသေးကြောင်း သိရှိရပါသည်။ အမေရိကန်၌ Tik Tok အက်ပလီကေးရှင်းမှတစ်ဆင့် လည်ပတ်နေသည့် ငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံမှ ၅၀ ဘီလီယံဝန်းကျင် ရှိနိုင်ကြောင်း လေ့လာသုံးသပ်သူများ၏ အဆိုအရ သိရှိရပါသည်။ 

ကိုးကား - The Straits Times

လေပြင်းတိုက်ခတ်မှု ပိုမိုပြင်းထန်လာ၍ လော့စ်အိန်ဂျလိစ်မီး အရေးပေါ်သတိပေးထားရ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ဝန်းကျင်တွင် လောင်ကျွမ်းလျက်ရှိသော တောမီးသည် လွန်ခဲ့သော သီတင်းပတ် ဇန်နဝါရီ ၇ ရက်နေ့ညနေမှ စတင်လောင်ကျွမ်းခဲ့ ပါသည်။ 

ယခုအချိန်အထိ လူပေါင်း ၂ ဒါဇင်ကျော်သေဆုံးခဲ့ကာ အမြောက်အမြားပျောက်ဆုံးနေပြီး လေပြင်းတိုက်ခတ်မှုကြောင့် မီးလောင်မှုသည် အလျင်အမြန် ကူးစက် လောင်ကျွမ်းနေပါသည်။ မီးလောင်မှု ဧရိယာအရွယ်အစားသည် ဝါရှင်တန်မြို့အရွယ်အစားခန့် လောင်ကျွမ်းထားပြီး ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းမှစတင်ကာလေပြင်းတိုက်ခတ်မှုများ ပိုမိုဆိုးလာသည့်အတွက် အရေးပေါ်အခြေအနေ ကြေညာထားရကြောင်း သိရ ပါသည်။ 

လေတိုက်နှုန်းသည် တစ်နာရီလျှင် ၇၅ မိုင်နှုန်း (တစ်နာရီ ၁၂၀ ကီလိုမီတာ) နှုန်းဖြင့် ဇန်နဝါရီ ၁၄ ရက်နေ့ အစောပိုင်းမှစ၍ ၁၅ ရက်နေ့ အထိ တိုက်ခတ်နိုင်ပြီး နောက်ပိုင်းတွင် တစ်နာရီ မိုင် ၅၀ မှ ၇၀ အထိ တိုက်ခတ်နိုင်ကြောင်း အမျိုးသားမိုးလေဝသဌာန၏ မိုးလေဝသခန့်မှန်းရေးစင်တာမှ မိုးလေဝသပညာရှင် David Roth ဒေဗစ်ရို့သ်က ပြောကြားခဲ့ပါသည်။

ခြောက်သွေ့ပြီး အန္တရာယ်ရှိသည့် ဟာရီကိန်း ဆန်တာအန်နာ၏ လေတိုက်နှုန်းအရှိန်တက်လာခြင်းကြောင့် ဇန်နဝါရီ ၁၃ ရက်နေ့ နှောင်းပိုင်းတွင် အနီရောင် သတိပေးချက် ထုတ်ပြန်ခဲ့ပါသည်။

လော့စ်အိန်ဂျလိစ်မြို့၏ အဆုံးတစ်ဖက်တစ်ချက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာနှင့် မြေပြင်မှ မီးလောင်ကျွမ်းမှုများအား မီးငြှိမ်းသတ်သူ ၈,၅၀၀ ကျော်က မပြန့်ပွားရန် ညတွင်းချင်း တားဆီးနိုင်ခဲ့ပါသည်။

မီးလောင်ကျွမ်းမှုသည် ပိုမိုဆိုးရွားလာနေပြီး မီးကူးစက်လောင်ကျွမ်းနေမှုအား ထိန်းချုပ်နိုင်ရန် ကြိုးစားလုပ်ဆောင်နေရကြောင်း လော့စ်အိန်ဂျလိစ်မြို့ မီးသတ်ဦးစီးချုပ် ခရစ်စတင်းခရိုးလေးမှ ဒေသခံများအား ပြောကြားခဲ့ပါသည်။ပြည်နယ်အာဏာပိုင်များကလည်း လော့စ်အိန်ဂျလိစ်နှင့် ကယ်လီဖိုးနီးယားတောင်ပိုင်းခရိုင်များတွင် မီးဘေးအန္တရာယ်မြင့်မားသည့်နေရာများ၌ မီးသတ်တပ်ဖွဲ့ဝင်များကို ကြိုတင်နေရာချထားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

ကိုးကား-Myanmar National Post

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၁၁ ဦးသေဆုံး

ရီယိုဒီဂျနေရိုး   ဇန်နဝါရီ ၁၃

ဘရာဇီးနိုင်ငံတောင်ပိုင်း၌ ဇန်နဝါရီ ၁၂ ရက်က မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် သေဆုံးသူ ၁၁ ဦးရှိပြီး ၎င်းတို့အနက် ကိုးဦးမှာ မီးနပ်ဂျီရေ့စ်ပြည်နယ် တောင်ကြားဒေသ၌ မြေပြိုမှုကြောင့် သေဆုံးသူများဖြစ်သည်ဟု ဒေသခံအာဏာပိုင်များက ပြောသည်။

အိုင်ပက်တင်ဂါမြို့တွင် မြေပြိုမှုကြောင့် ကိုးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်။ အဆိုပါမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုနှင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် တာဝန်ရှိသူများက ရက်ပေါင်း ၁၈၀ ကြာ လူထုသဘာဝဘေးအန္တရာယ်အဖြစ် ကြေညာခဲ့သည်။

မီးနပ်ဂျီရေ့စ် အုပ်ချုပ်ရေးမှူးက ဇန်နဝါရီ ၁၃ ရက်တွင် အဆိုပါဒေသသို့ သွားရောက်ကာ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို အကဲဖြတ်ရန်နှင့် နေအိမ်ဆုံးရှုံးသွားသူများအတွက် လုံခြုံစိတ်ချရသည့် ယာယီအိမ်ရာများ ပြုလုပ်ပေးသွားမည်ဟု လူမှုကွန်ရက်မီဒီယာတွင် ပြောသည်။ ဆန်တာ ကက်တာရီနားဒေသတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးခဲ့သည်ဟု သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Photo: Reuters