သတင်းများ

ဂျပန်နိုင်ငံဗဟိုဘဏ်က ဘဏ်တိုးနှုန်းများကို ၀.၅ ရာခိုင်နှုန်းခန့်သာ မပြောင်းလဲဘဲထားရှိရန် ဆုံးဖြတ်

ဂျပန်နိုင်ငံဗဟိုဘဏ်သည် ကာလတိုအပ်နှံခြင်းအတွက် အခြေခံဘဏ်တိုးနှုန်းများကို ၀.၅ ရာခိုင်နှုန်းခန့်သာ မပြောင်းလဲဘဲထားရှိမည်ဖြစ်ကြောင်း ဇွန်လ ၁၇ ရက်တွင်ပြီးဆုံးခဲ့သည့် ၂ ရက်ကြာမူဝါဒဆိုင်ရာ အစည်းအဝေး အပြီးတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကုန်သွယ်ခွန်တိုးမြင့်ကောက်ခံခြင်းသည် ဂျပန်နိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်မှုရှိ/မရှိ မသေချာမရေရာမှုများကြားတွင် ဂျပန်ဗဟိုဘဏ်က ယခုကဲ့သို့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဂျပန်ဗဟိုဘဏ်က လစဉ် အစိုးရ၏ငွေတိုက်စာချုပ်များ ဝယ်ယူမှုကို လျှော့ချမည့်အစီအစဉ်ကိုလည်း ဆုံးဖြတ်ခဲ့သည်။

လက်ရှိတွင် ၃ လပတ်တစ်ခုအတွင်း ငွေတိုက်စာချုပ်ဝယ်ယူမှုကို ယန်းငွေ ဘီလီယံ ၄၀၀ ခန့် (အမေရိကန် ဒေါ်လာ ၂.၇ ဘီလီယံခန့်) ရှိရာမှ ၂၀၂၆ ခုနှစ်၊ ဧပြီလမှစ၍ ၃ လပတ်တစ်ခုလျှင် ယန်းငွေ ဘီလီယံ ၂၀၀ ခန့် (အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံခန့်) အထိ လျှော့ချသွားရန် ရည်ရွယ်ထားရှိကြောင်း NHK သတင်း စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား - NHK

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်၊ နစက- ၄

ဂျပန်၌ ဆန်ဈေးနှုန်းများ သီတင်းပတ်သုံးပတ်အထိဆက်လက်ကျဆင်းလာ

ဂျပန်နိုင်ငံရှိ ကုန်တိုက်ကြီးများတွင် ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများသည် သီတင်းပတ်သုံးပတ်အထိဆက်လက်ကျဆင်းလာကြောင်း ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်သောအချက် အလက်များတွင် တွေ့ရသည်။

အစိုးရကသိုလှောင်ထားသည့်အရန် ဆန်များကို ဈေးနှုန်းလျှော့ချ၍ ဈေးကွက် အတွင်းရောင်းချပေးမှုကြောင့် ယခုကဲ့သို့ ဈေးနှုန်းများကျဆင်းလာခြင်းဖြစ်သည်။ 
ဂျပန်နိုင်ငံ၌ ဆန်ဈေးနှုန်းများတစ်ဟုန်ထိုးမြင့်တက်လာပြီးနောက် လယ်ယာ ဝန်ကြီးအသစ်က အရေးပေါ်ဆန်များကို လေလံဆွဲခြင်းမှတစ်ဆင့် ရောင်းချဖြန့်ဖြူး ပေးမှုစနစ်ကိုဖျက်သိမ်းလိုက်သည်။

ထိုစနစ်အစား လက်ကားကိုယ်စား လှယ်များထံသို့ လိုအပ်သလောက်သာ ထုတ်ပေးသောစနစ်သို့ပြောင်းလဲပြီး စားသုံး သူများအနေဖြင့် ဆန် ၅ ကီလိုဂရမ်လျှင် ယန်း ၂၀ဝ၀ ဝန်းကျင်ဖြင့် ဝယ်ယူနိုင်စေ ရေးကို စီစဉ်ပေးလာခြင်းဖြစ်ကြောင်း သိရသည်။

Ref: RTA

အဲအိန္ဒိယလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ချွတ်ယွင်းမှုတစ်ခုကြောင့် ဟောင်ကောင်သို့ပြန်ဆင်း

ဟောင်ကောင်မြို့မှ နယူးဒေလီမြို့သို့ ထွက်ခွာလာသည့် အဲအိန္ဒိယလေကြောင်း : Boeing 787-8 Dreamliner အစား ခရီးသည်တင်လေယာဉ်တစ်စင်း သည် လေဆိပ်မှပျံတက်ပြီးနောက် နာရီ ဝက်ခန့်အကြာတွင် နည်းပညာပိုင်းဆိုင်ရာချွတ်ယွင်းချက်တစ်ခုကြောင့် ဟောင်ကောင်လေဆိပ်သို့ ပြန်လည်ဆင်းသက်ရမှုဖြစ်ပွားကြောင်းသိရသည်။

အဆိုပါလေယာဉ်မှလေယာဉ်မှူးက လေယာဉ်ပျံသန်းနေစဉ် နည်းပညာပိုင်း ဆိုင်ရာချွတ်ယွင်းချက်ကို သတိပြုမိသည့်အတွက် ဟောင်ကောင်လေဆိပ်ရှိ လေ ကြောင်းထိန်းချုပ်ရေးဌာနသို့ သတင်းပို့ကာ ယင်းလေဆိပ်၌ဘေးကင်းစွာပြန်လည် ဆင်းသက်နိုင်ခဲ့ကြောင်းနှင့် ထိုလေယာဉ်ကို ဘေးကင်းစိတ်ချရမှုရှိစေရေး အတွက် စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း လေကြောင်းလိုင်းကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် အဲအိန္ဒိယလေကြောင်းလိုင်းမှ အလားတူ အမျိုးအစားလေယာဉ်သည် လေဆိပ်မှ ပျံတက်ပြီးမကြာမီမှာပင် ပျက်ကျမှုဖြစ်ပွားထားကြောင်းသိရသည်။

 Ref: SCMP

Photo - NBC News

GAC က ထုတ်လုပ်လိုက်တဲ့ ကားပျံ

GAC ကုမ္ပဏီက တရုတ်နိုင်ငံရဲ့နာမည်ကျော် မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အခုတော့ သူတို့က သမားရိုးကျ ကားတွေအပြင် ကားပျံကိုပါထုတ်ဖော်ပြသလိုက်ပါ ပြီ။ အဲဒီကားပျံကို Govy AirCab လို့နာမည်ပေးထားပါတယ်။

Govy AirCab က ထိုင်ခုံနှစ်လုံးပါပြီး ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်တဲ့ ကားပျံအမျိုးအစားဖြစ်ပါတယ်။ GAC ကုမ္ပဏီက အခုလိုမျိုးကားပျံတွေကို ထုတ်လုပ်ခြင်းက ဝေဟင်အငှားယာဉ်ဈေးကွက်ကို ပိုမို တွင်ကျယ်လာစေဖို့ ဖြစ်တယ်လို့ဆိုပါတယ်။

သူ့ရဲ့တန်ဖိုးကိုတော့ ယွမ် ၁ ဒသမ ၆၉ သန်းဝန်းကျင် သတ်မှတ်ထားပါတယ်။

သူ့ကိုလျှပ်စစ်စွမ်းအင် အသုံးပြုထားတာဖြစ်ပြီး တစ်ကြိမ်အားအပြည့် သွင်းထားရုံနဲ့ ကီလိုမီတာ ၃၀ အထိ သွားနိုင်စေမယ်လို့ဆိုပါတယ်။ ဒါကြောင့်သူ့ကို အဓိကအသုံးပြုနိုင်တဲ့ နေရာက ဝေးကွာတဲ့ခရီးစဉ်တွေထက် မြို့တွင်းမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

သူ့ကိုအားသွင်းမယ်ဆိုရင် အပြည့်သွင်းပါက ၂၅ မိနစ်ကြာမြင့်မှာဖြစ်ပြီး ၅၀ ရာခိုင်နှုန်းသာသွင်းပါက ၁၅ မိနစ်ကြာမြင့်မယ်လို့ GAC ကုမ္ပဏီက ထုတ်ပြန် ထားပါတယ်။ သူ့မှာလိုအပ်တဲ့ လျှပ်စစ်စွမ်းအင်ကိုတော့ ထုလုံးပုံဘက်ထရီတွေကနေ ရယူတာဖြစ်ပြီး အဲဒီဘက်ထရီတွေက သိပ်သည်းဆမြင့်မားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တခြားလုပ်ဆောင်ချက်တွေအနေနဲ့ 5G ကွန်ရက်ကို အသုံးပြုခြင်း၊ အသံလက်ထောက်စနစ်ပါဝင်ခြင်း၊ မွှေးရနံ့၊ အပူချိန်နဲ့ ဂီတသံတို့ကို ချိန်ညှိ နိုင်ခြင်းတို့အပြင် တခြားသော အဆင့်မြင့်လုပ်ဆောင် ချက်တွေကို ထည့်သွင်းပေးထားတယ်လို့ GAC ရဲ့ ထုတ်ပြန်ချက်ထဲမှာ‌ ဖော်ပြထားပါတယ်။

နည်းပညာသတင်း

တစ်နာရီ ၄၄ မိုင်နှုန်းနဲ့ပျံသန်းမယ့် ဆိုင်ကယ်ပျံ

Skyrider X6 လို့အမည်ပေးထားတဲ့ ဆိုင်ကယ်ပျံတစ်မျိုးကို တရုတ်နိုင်ငံရှိ Kuickwheel ဆိုတဲ့ကုမ္ပဏီက တရားဝင်ထုတ်ဖော်ပြသ လိုက်ပါပြီ။ အဲဒီဆိုင်ကယ်ပျံက ပုံစံနှစ်မျိုးနဲ့ သွားလာနိုင်အောင် တီထွင်ထားတာဖြစ်ပြီး တရုတ်နိုင်ငံမှာရှိတဲ့ ကုန်ပစ္စည်းရောင်းဝယ်ရေး ဝက်ဆိုက်တွေကနေ တစ်ဆင့် ကြိုတင်အမှာစာတွေ တင်ထားလို့ရပါပြီဆိုပြီး ထုတ်ပြန်ထားပါတယ်။ ဈေးနှုန်းကိုတော့ယွမ် ၄၉၈၈၀၀၀ သတ်မှတ်ထားပါတယ်။

အဲဒီဆိုင်ကယ်ပျံက ဘီးသုံးဘီးပါဝင်ကာ ကုန်းပေါ်မှာသာ သွားလာနိုင်ရုံမက လေပေါ်မှာပါ ပျံသန်းနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။သူ့မှာ အခြေအနေ နှစ်ရပ်ပါဝင်ပါတယ်။ ပထမတစ်ခုက ပြောင်းပြန်သွား သုံးဘီးယာဉ် စနစ်ဖြစ်ပြီး သူကမြေပြင်ပေါ်မှာ သွားလာမှုအတွက် အသုံးဝင်တဲ့စနစ်ဖြစ်ပါတယ်။ နောက် တစ်ခုကတော့ သူ့ဆီကနေဒလက်တွေ ထွက်ပေါ်လာပြီး ပျံသန်းမှုအတွက် ပုံစံပြောင်းလဲသွားနိုင်တဲ့စနစ် ဖြစ်ပါတယ်။

မြေပြင်မှာသွားလာမယ်ဆိုရင် အဲဒီဆိုင်ကယ်က တစ်နာရီကို ကီလိုမီတာ ၇၀ နှုန်းနဲ့ ကီလိုမီတာ ၂၀၀ အထိသွားနိုင်ပြီး ပျံသန်းမှု လုပ်ဆောင်စဉ်မှာတော့ တစ်နာရီကို ၄၄ ဒသမ ၇ မိုင်နှုန်းနဲ့ ပျံသန်းနိုင်မှာပါ။ မြေပြင်မှာ သွားလာဖို့အတွက် လျှပ်စစ်မော်တာတွေ က တာဝန်ယူပေးမှာဖြစ်သလို လေပေါ်မှာပျံသန်းဖို့ အတွက်လည်း လျှပ်စစ်မော်တာ အသုံးပြုထားတဲ့ ဒလက်တွေက တာဝန်ယူပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားချက် အရဆိုရင် Skyrider X6  သည် အလိုအလျောက်ပျံသန်းခြင်း၊ ဆင်းသက်ခြင်းနှင့် လမ်းကြောင်းရွေးချယ် ခြင်းတို့ကို လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်။ ဒါတင် မကသေးပါဘူး။ သူ့ကိုကာဗွန်ဖိုင်ဘာနဲ့ လေကြောင်း အဆင့်သုံး အလူမီနီယံသတ္တုစပ်တို့ကို အသုံးပြုထားတာကြောင့် အလေးချိန်က ပေါ့ပါးပါတယ်။

မိုင် ၁၂၅၀ အထိသွားနိုင်စေမယ့် စွမ်းအင်နှစ်မျိုးသုံး Fulwin A9L

Fulwin A9L ဆိုတာ တရုတ်နိုင်ငံ မှမော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Chery က ထုတ်လုပ်ထားတဲ့ စွမ်းအင်နှစ်မျိုးသုံး ဇိမ်ခံကားတစ်စီး  ဖြစ်ပါတယ်။ ဇူလိုင်လရဲ့ အစောပိုင်းရက်တွေမှာ တရုတ်ပြည်တွင်း ရောင်းချမှုအတွက် ကြိုတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကြိုတင် အမှာစာတွေကို လက်ခံနေပါပြီ။

အရင်တုန်းကသူ့ကို Fulwin A9 လို့ သတ်မှတ်ထားခဲ့ပေမယ့် အခုတော့ ပြည်တွင်းရှိ BYD ကုမ္ပဏီရဲ့Han DM-i ကားနဲ့ Geely ရဲ့ Galaxy Starshine 8 ဆိုတဲ့ကားများနဲ့ ယှဉ်ပြိုင်နိုင်စေဖို့  အခုလိုမျိုး အဆင့်မြင့်ဇိမ်ခံ အမျိုးအစားကို ထုတ်လုပ်လာတာဖြစ်ပါတယ်။

ဟောင်ကောင်မြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများပြပွဲမှာ ပါဝင်ပြသခဲ့တဲ့ A9L ရဲ့ ဈေးနှုန်းကိုတော့ ဒေါ်လာ ၂၀၇၀၀ ကနေ ဒေါ်လာ ၂၇၆၀၀ ကြားရှိမယ်လို့ခန့်မှန်း ထားပါတယ်။ ကားရဲ့အရွယ်အစားမှာ အလျား ၅ ဒသမ ၀၁၈ မီတာနဲ့ အနံက ၁ ဒသမ ၉၆၅ မီတာရှိကာ အမြင့်ကတော့ ၃ မီတာအထိရှိပါတယ်။

ရှေ့အင်ဂျင်အဖုံးရဲ့အောက်မှာဆိုရင် Chery ကုမ္ပဏီက ထုတ်လုပ်ထားရှိတဲ့ အဆင့်မြင့် Kunpeng Super Hybrid Electric 6.0 စနစ်ကိုတပ်ဆင်ပေးထား ပါတယ်။ ဂီယာဘောက်ကိုတော့ ခြေနင်း စရာမလိုတဲ့ DHT Pro ဂီယာကိုတွဲဖက် တပ်ဆင်ပေးထားတာပါ။

အထူးသဖြင့် သူ့ရဲ့စွမ်းဆောင်ရည်က 1.5T တာဘိုအင်ဂျင်က‌နေ အမြင့်ဆုံး စွမ်းအားအဖြစ် ကီလိုဝပ် ၁၆၀ ကိုထုတ်လုပ် ပေးပြီး  စွမ်းအင်ပမာဏ ၃၃ ဒသမ ၇ ကီလိုဝပ်နာရီရှိတဲ့ ဖော့စဖိတ် Kunpeng Blade  ဘက်ထရီနဲ့တွဲဖက်အသုံးပြုထားခြင်းဖြစ်ပါတယ်။ ဒါက စွမ်းအင်နှစ်မျိုးကို တွဲဖက်အသုံးပြုထားတဲ့ စနစ်ဖြစ်ပါတယ်။

ဒီစနစ်မှာ လျှပ်စစ်စွမ်းအင်သီးသန့်ကိုသာ အသုံးပြုမယ်ဆိုရင် မိုင်အားဖြင့် ၁၆၁ မိုင်သာ ခရီးရောက်ပေမယ့် နှစ်မျိုးပေါင်း အသုံးပြုလိုက်မယ်ဆိုပါက အကြမ်းဖျင်းအားဖြင့် မိုင်ပေါင်း ၁၂၄၃ မိုင်အထိရောက် ရှိနိုင်စေမှာဖြစ်ပါတယ်။

ဒါ့အပြင် A9L ကို အဆင့်မြင့်ဇိမ်ခံကား တစ်စီးအဖြစ်ဖန်တီးထားခြင်း ဖြစ်တာနဲ့အညီ သတင်းပေးဖျော်ဖြေရေးစနစ်မှာဆိုရင်လည်း Qualcomm ကုမ္ပဏီထုတ်လုပ်ထားတဲ့ Snapdragon 8255 ချစ်ဆက်ကို အသုံးပြုထားပါတယ်။

ဒါ့အပြင် ယာဉ်မောင်းအထောက်အကူပြုစနစ်နဲ့ အလိုအလျောက်မောင်းနှင်နိုင်မယ့်စနစ်များအတွက် LiDAR စနစ် အပါအဝင် အဆင့်မြင့်အာရုံခံကိရိယာပေါင်း ၂၇ ခု၊ မီလီမီတာလှိုင်းနှုန်း ထုတ်လွှင့်ပေးသည့် ရေဒါများ၊ ပတ်ပတ်လည်အမြင်နှင့် မြင်ကွင်းကျယ်ကင်မရာများအပြင် အသံနှုန်းလွန် အာရုံခံကိရိယာများကို Orin Y 200T ဆိုတဲ့တွက်ချက်မှု စနစ်နဲ့တွဲဖက်ပြီး အသုံးပြုပေးထားပါတယ်။

ဒီလိုမျိုး အာရုံခံကိရိယာတွေနဲ့ တွက်ချက်မှုစနစ်တွေကြောင့် A9L ဟာ ပါကင်ထိုးခြင်းကိုမှတ်သားသည့် စွမ်းရည်၊ အမြန် လမ်းနဲ့မြို့တွင်းလမ်းတွေမှာ လမ်းညွှန် အော်တိုမောင်းစနစ်၊ အတားအဆီးများကို အသိဉာဏ်ရှိစွာ ကျော်လွှားနိုင်သည့်စွမ်းဆောင်ရည်၊ မျက်ကွယ်သတိပေးစနစ်နဲ့ လမ်းကျော်သတိပေး စနစ်တို့က ပိုမိုအလုပ် ဖြစ်လာစေပါတယ်။

ဒီကားတွေကို တရုတ်ပြည်တွင်းမှာ လာမယ့်လကစပြီး ရောင်းချသွားမှာဖြစ်ပေမယ့် ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချမှုကိုတော့ လာမယ့်နှစ် ပထမသုံးလပတ် အတွင်းလုပ်ဆောင် သွားမယ်လို့ Chery ကုမ္ပဏီမှ ဥက္ကဋ္ဌ ယင်တောင်ယွီကပြောပါတယ်။

ဒါ့အပြင် Chery ကုမ္ပဏီဟာ မကြာခင် မှာ ကမ္ဘာတစ်ဝန်းဆီ မော်တော်ကားအစီး ရေပေါင်း ၅ သန်းအထိ တင်ပို့ရောင်းချထား နိုင်တဲ့ တရုတ်နိုင်ငံရဲ့ ပထမဆုံး ကုမ္ပဏီဖြစ်လာမှာဖြစ်ပါတယ်။

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဇွန် ၁၆

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး၊ ပြည်နယ်ခြောက်ခုတို့တွင် ဇွန် ၁၆ ရက်အထိ သေဆုံးသူ ၃၇၅၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၅၃ ဦး ရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးအား ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၃၃ ဦးအား ရှာဖွေပေးနိုင်ခဲ့သည်။

ဘေးသင့်ပြည်သူများသို့ ပြည်တွင်း ပြည်ပမှ စေတနာရှင် အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းမှုများအတွက် ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

MOI

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇွန် ၁၆

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရာဇမဏိစူဠာကောင်းမှုတော်စေတီ၊ ဆွမ်းဦးပုညရှင်စေတီနှင့် မဟာစေတီတို့တွင် ငလျင်ပြီးနောက် သာသနိကအဆောက်အအုံများအား ဘက်စုံပြန်လည်ပြုပြင်ရေးအခြေအနေများ၊ သကျဓီတာသီလရှင်စာသင်တိုက်နှင့် ရွှေစေတီပရိယတ္တိစာသင်တိုက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စက်ယန္တရားကြီးများ အသုံးပြု၍ အရှိန်အဟုန်မြှင့်ဖယ်ရှားရှင်းလင်းနေမှုများ၊ အဆောက်အအုံအပြိုအပျက်ကြားမှ ဆယ်တင်ရရှိသည့် ရိက္ခာဆန်များကို အမိုးအကာအောက်ရောက်ရှိအောင် ရွှေ့ပြောင်းနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဘေးဒဏ်သင့် လူနေအဆောက်အအုံများအား လူအင်အားနှင့် စက်ယန္တရားကြီးများ အသုံးပြု၍ အရှိန်အဟုန်မြှင့်ဖယ်ရှားရှင်းလင်းနေမှုတို့ကို လိုက်လံကြည့်ရှုအားပေးသည်။

ဆက်လက်ပြီး စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးဒဏ်သင့်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများနှင့် တပ်မတော်ရေသန့်စက်ယာဉ်ဖြင့် ဧရာဝတီမြစ်ရေကို သန့်စင်၍ သန့်ရှင်းသော သောက်သုံးရေများ ပေးဝေနိုင်ရေးနှင့် ပြည်သူများ သောက်သုံးရေ ပြည့်ပြည့်ဝဝ ဖြန့်ဝေနိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မန္တလေးမြို့ နန်းမြို့အတွင်းရှိ နန်းမြို့ဆုတောင်းပြည့် ဘုရားသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နန်းမြို့ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်၊ အာရုံခံတန်ဆောင်းနေရာများ၌ ရှေးမူမပျက်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ အောင်မြေသာစံမြို့နယ် မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီတော်တွင် ရင်ပြင်တော် ပြန်လည်ပြုပြင်တည်ဆောက်နေမှုများကိုလည်းကောင်း၊ ဂန္ဓကုဋိတိုက်ရှိ အမိုး၊ တိုင်၊ ခုံးနေရာများအား ရှေးမူမပျက်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဓာတ်လှေကားနှင့် စက်လှေကားများကို အမြန်ဆုံးပြန်လည်ပြုပြင်အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ မြွေကြီးနှစ်ကောင်ဘုရားရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မြေသားထိန်းနံရံအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ တောင်ဘက်စောင်းတန်းရှိ ရှင်အရဟံသိမ်ဘုရား၊ စန္ဒာမုခိဆုတောင်းပြည့်ဘုရားများအား ရှေးမူမပျက်ပြန်လည်ပြုပြင်နေမှု အခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှင်းလင်းရန်ကျန် (A) ဆောင်အား စက်ယန္တရားကြီးများအသုံးပြု၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများအားလည်းကောင်း၊ လုပ်ငန်းခွင်အနီးရှိ ပစ္စည်းလက်ခံ/ထုတ်ပေးရေးအဖွဲ့ ယာယီရုံးတွင် ရှာဖွေတွေ့ရှိသော ပစ္စည်းများအား စနစ်တကျထိန်းသိမ်းထားရှိမှုနှင့် သက်ဆိုင်ရာပိုင်ရှင်အသီးသီးထံ စနစ်တကျလွှဲပြောင်း ပေးနိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် Sky Villa တွင် ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှစ၍ ယနေ့အထိ အပျက်အစီးများ ဖယ်ရှားရှင်းလင်းစဉ်ရှာဖွေတွေ့ရှိရသော ငွေစက္ကူကျပ် ၉၁၆၇၄၄၇၀၀ (ကိုးထောင်တစ်ရာခြောက်ဆယ် ခုနစ်သိန်းလေးသောင်းလေးထောင်ခုနစ်ရာ)၊ ရွှေသားအလေး ချိန် ၄ ပိဿာ ၁ ကျပ်သား၊ ရွှေထည်ပစ္စည်းနှင့် အခြားလက်ဝတ်ရတနာများအား ပိုင်ရှင်များထံ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ဒက္ခိဏာရာမဘုရားကြီးကျောင်း တိုက်သို့ရောက်ရှိပြီး ကျောင်းတိုက်အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော တမ္ပဝတီကျောင်းတိုက်၊ အောင်မြေကျောင်း၊ ပိဋကတ်တိုက်နှင့် အသောကာရာမကျောင်းတိုက်အတွင်းရှိ ကျီးသဲရွှေတောင်ကျောင်းနှင့် ကြာငါးခိုင်ရတနာကျောင်းများတွင် တပ်မတော်သားစစ်သည်များက အပျက်အစီးများအား အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

weather forecast

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညနေမှ ၂၂-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။

အကြုံပြုချက်

 သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုးဇလ

မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ တစ်ပေကျော် ပြန်တက်လာ

ယနေ့ ဇွန် (၁၇) ရက်၊ နံနက်ပိုင်းအချိန်တွင် မြစ်ကြီးမြို့၌ ဧရာဝတီမြစ်ရေ တစ်ပေကျော် ပြန်တက်လာသည်ဟု မြစ်ကြီးနားမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိ မြစ်ကြီးနားမြစ်ရေသည် စိုးရိမ်ရေအမှတ် (၁,၂၀၀) စင်တီမီတာသို့ ရောက်ရှိရန် (၇၇၇) စင်တီမီတာ( ၂၅) ပေခွဲခန့်အလိုတွင် ရောက်ရှိနေကြောင်း သိရသည်။

မြန်မာပြည်မြောက်ပိုင်း ဧရာဝတီမြစ် အထက်ပိုင်း၌ မိုးအသင့်တင့် ရွာသွန်းလျက်ရှိနေသည့်အတွက် မြစ်ကြီးနားမြစ်ရေမှာ ဖြေးဖြေးချင်းဆက်လက်မြင့်တက် နေဦးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အခုနှစ် ဇွန်လ အကုန်နဲ့ ဇူလိုင်လဆန်းပိုင်းအတွင်းရောက်ပြီးမှ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေ နောက်ထပ်တစ်ကြိမ် ပြန်တက်လာနိုင်ပါတယ်”ဟု ၎င်းက သုံးသပ်ပြောကြားသည်။

ဧရာဝတီမြစ်ရိုးတလျောက် မြို့များအားလုံး၏ မြစ်ရေသည် မြစ်ကြီးနားမြို့၏ မြစ်ရေအတက်အကျပေါ်တွင် ရာနှုန်းပြည့်မူတည်နေသည့်အတွက် မြစ်ကြီးနားမြစ်ရေကို သိထားခြင်းဖြင့် မိမိဒေသ၏ မြစ်ရေအတက်အကျကို ကြိုတင်သိရှိပြီး ပြင်ဆင်ချိန်ရနိုင်မည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

မြစ်ကြီးနားမြို့တွင် ဇွန်လ (၁) ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး‌နောက် ဧရာဝတီမြစ်ရေမြင့်တက်ကာ မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ဒေသခံရေဘေးသင့်ပြည်သူထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြရသေးသည်။

Source: Popular Myanmar