၄ မဂ္ဂါတန် ပေါက်ကွဲအားနဲ့အတူ မိုင် ၇၄၀၀ ရှိပစ်မှတ်ကို ချေမှုန်းမယ့် တိုက်ချင်းပစ် ဒုံးကျည် DF-5

News Image

  • ၄ မဂ္ဂါတန် ပေါက်ကွဲအားနဲ့အတူ မိုင် ၇၄၀၀ ရှိပစ်မှတ်ကို ချေမှုန်းမယ့် တိုက်ချင်းပစ် ဒုံးကျည် DF-5

တရုတ်နိုင်ငံပိုင် သတင်းဌာနတစ်ခုဖြစ်တဲ့ CCTV က   တရုတ်တပ်မတော်က ပိုင်ဆိုင်ထားတဲ့ နျူကလီးယား ထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးကျည် တစ်မျိုးရဲ့ အသေးစိတ် အချက်အလက်များကို ထုတ်ဖော်လိုက်ပါတယ်။ ဒီလိုမျိုးထုတ်ဖော်မှုဟာ တရုတ်နိုင်ငံအတွက် ပထမဆုံးလည်းဖြစ်ပါတယ်။ အခုအသေးစိတ် အချက်အလက်တွေထွက်ပေါ်လာတဲ့ဒုံးကျည်က DF-5 အမျိုးအစား ဒုံးကျည်ပါ။

DF-5 ဒုံးကျည်က တရုတ်နိုင်ငံရဲ့ ပထမမျိုးဆက် မဟာဗျူဟာမြောက် တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ် အလွန်ကာလများမှာထုတ်လုပ်ပြီး ၁၉၈၁ ခုနှစ်မှာ စတင်အသုံးပြုခဲ့တာပါ။  သူက အဆင့်နှစ်ဆင့်ပါ ဒုံးကျည်ဖြစ်ပြီး နျူကလီးယားထိပ်ဖူး တစ်ခုတည်းကိုသာသယ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ သူသယ်ဆောင်နိုင်တဲ့   နျူကလီးယားထိပ်ဖူးရဲ့ ပေါက်ကွဲအားက  တီအန်တီယမ်း  ၄ မဂ္ဂါတန် ပေါက်ကွဲအားနဲ့ညီမျှပါတယ်။ ဒီပမာဏက ဟီရိုရှီးမားမှာ ပေါက်ကွဲခဲ့တဲ့ အက်တမ်ဗုံးရဲ့ ပေါက်ကွဲအားထက် အဆ ၂၀၀ နီးပါးပိုများပါတယ်။

ဒါ့အပြင် သူ့ရဲ့ထိရောက် အကွာအဝေးက မိုင်ပေါင်း ၇၄၀၀ ကျော်ရှိတာကြောင့် တရုတ်နိုင်ငံကနေဆိုရင် အမေရိကန်က DF-5 ဒုံးကျည်ရဲ့ပစ်ကွင်း အတွင်း ရောက်ရှိနေပါတယ်။

MWD Web Portal

နည်းပညာသတင်း