သတင်းများ

ရုရှား၏ အကြီးစားရေငုပ်သင်္ဘော Project 06363 အား ရုရှားနိုင်ငံသို့ ဦးတည်ရာလမ်းကြောင်းပေါ်ရှိ ပေါ်တူဂီ ရေပိုင်နက်အတွင်း တွေ့ရှိ

ရုရှား၏ အကြီးစားရေငုပ်သင်္ဘော Project 06363 သည် ယခင်က ဆီးရီးယားနိုင်ငံရှိ Tartus စစ်အခြေစိုက် စခန်းတွင်ရှိနေခဲ့ရာမှ ယခုအခါ ရုရှားနိုင်ငံသို့ ဦးတည်ရာ လမ်းကြောင်းပေါ်ရှိ ပေါ်တူဂီရေပိုင်နက်အတွင်း ၎င်းသင်္ဘောကို တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။

ကိုးကား - PRAVDA

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ထရမ့်က ဘိုင်ဒင်ကို အပြစ်တင်

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ရုရှားနှင့် ယူကရိန်းဆက်ဆံရေးတင်းမာခဲ့ခြင်းအပေါ် ကိုင်တွယ် ဖြေရှင်းမှုအားနည်းချက်ကြောင့် ရုရှား-ယူကရိန်း-နေတိုး ပဋိပက္ခကို ပိုမိုဆိုးရွားသွားစေခဲ့ကြောင်း ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၇ ရက်နေ့က ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောဆိုခဲ့သည်။

ယူကရိန်းကို အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့သို့ ဝင်ရောက်နိုင်ရေး ကမ်းလှမ်းခြင်းမပြုခဲ့ပါက ယခုကဲ့သို့သော စစ်ပွဲကိုရှောင်ရှားနိုင်ခဲ့လိမ့်မည်ဟု ထရမ့်က ယုံကြည် နေသည်။

ဝါရှင်တန်၏ ယူကရိန်းအား နေတိုးအဖွဲ့သို့ ဝင်ရောက်နိုင်ရေး ကမ်းလှမ်းမှုသည် မော်စကို၏စိုးရိမ်မှုကို မြင့်တက်စေပြီး ပဋိပက္ခကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ဘိုင်ဒင်အနေဖြင့် အမေရိကန်နှင့် ရုရှားတို့၏ စစ်ဘက်ဆိုင်ရာ နယ်မြေချဲ့ထွင်မှု သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု ၎င်းကထပ်လောင်း ပြောကြားခဲ့ သည်။

ဗလာဒီမာပူတင် သမ္မတမဖြစ်ခင်ကပင် ယူကရိန်းအား နေတိုးအဖွဲ့ဝင်ဖြစ်လာစေရန် ကြိုးပမ်းမှုကို သဘောမတူကြောင်း အခါခါပြောဆိုထားခဲ့ကြောင်း၊ သို့သော် ဘိုင်ဒင်အနေဖြင့် အဆိုပါကန့်ကွက်မှုကို အရေးမစိုက်ပဲ ရှေ့ဆက်ခဲ့ကြောင်း ထရမ့်ကပြောသည်။

မိမိနိုင်ငံနယ်နိမိတ်အနီးတွင် အခြားစစ်အင်အားစုတစ်ခု တည်ရှိလာနိုင်ခြင်းအတွက် ရုရှား၏ စိုးရိမ်မှုကို ၎င်းအနေဖြင့် ကောင်းစွာနားလည်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

မော်စကိုနှင့် ကိယက်ဗ်အကြား သဘောတူညီမှုရရှိရေးဆောင်ရွက်နိုင်ရန်မှာ သမ္မတရာထူးတာဝန် စတင်ရယူပြီးနောက် အချိန်ခြောက်လခန့်အထိ လိုအပ် နိုင်ကြောင်း သတင်းထောက်များ၏ မေးမြန်းလာမှုကို ဖြေကြားခဲ့ပါသည်။

ကိုးကား-RT

နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကာကွယ်ရေး အသုံးစရိတ်ကို GDP ၏ ၅ ရာခိုင်နှုန်းအထိ မြှင့်တင်သင့်ကြောင်း ထရမ့် ပြောကြား

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံအလိုက် GDP ၏ ၅ ရာခိုင်နှုန်းအထိတိုးမြှင့်သင့်ကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

ဇန်နဝါရီ ၇ ရက်နေ့က အမေရိကန်တောင်ပိုင်း ဖလော်ရီဒါပြည်နယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထရမ့် က ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

နေတိုးအဖွဲ့ဝင်များ၏ ကာကွယ်ရေးအသုံးစရိတ်သည် GDP ၏ ၂ ရာခိုင်နှုန်းမဟုတ်ဘဲ ၅ ရာခိုင်နှုန်း ရှိသင့်ကြောင်း ၎င်းကဆိုသည်။

ထရမ့်သည် ၎င်း၏ America First မူဝါဒကို မြှင့်တင်နေပြီး နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ကာကွယ်ရေးအသုံးစရိတ်အတွက် သင့်တင့်မျှတသော အစုရှယ်ယာကို ပေးဆောင်ခြင်းမရှိကြောင်း ထပ်ခါတလဲလဲ ပြောဆို ခဲ့သည်။

ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် သမ္မတရာထူးတာဝန်မထမ်းဆောင်မီ ရွေးကောက်ခံသမ္မတက နေတိုးအဖွဲ့ဝင် နိုင်ငံများအား ပိုမိုကြီးလေးသော တာဝန်ကို ထမ်းရွက်ရန် တိုက်တွန်းခဲ့သည်။ အမေရိကန်၏ ကာကွယ်ရေး အသုံးစရိတ်သည် ၃ ရာခိုင်နှုန်း ရှိနေသည်။

ကိုးကား-NHK World

မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့ ဟု အမည်ပြောင်းလဲသင့်ကြောင်း ရွေးကောက်ခံ သမ္မတ ဒေါ်နယ်လ်ထရမ့် က ပြောကြား

မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့ ဟု အမည်ပြောင်းလဲသင့်ကြောင်း ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရမ့်က ဇန်နဝါရီ ၇ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ 

မက္ကဆီကိုမှ အမေရိကန်သို့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအရေအတွက် များပြားလာခြင်းနှင့် နှစ်နိုင်ငံအကြားကုန်သွယ်မှုတွင် အမေရိကန်ဖက်၌ လိုငွေ အများအပြားရှိနေခြင်းတို့နှင့်ဆက်စပ်၍ ဒေါ်နယ်ထရမ့် က အဆိုပါကိစ္စကို ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ 

၎င်းက "အမေရိကန်ပင်လယ်ကွေ့ဟု ခေါ်တွင်ခြင်းသည် သင့်တော်သောအမည်ဖြစ်ပြီး မက္ကဆီနိုင်ငံအနေဖြင့် အမေရိကန်သို့ သန်းပေါင်းများစွာသော နိုင်ငံသားများဝင်ရောက်လာခြင်းကို ရပ်တန့်သင့်ပြီ" ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

"မက္ကဆီကိုနိုင်ငံမှ တင်သွင်းသည့် သွင်းကုန်များအပေါ် အကောက်ခွန်နှုန်း ၂၅ ရာခိုင်နှုန်း ကောက်ခံမည်" ဟု ထရမ့်ကမကြာသေးမီက ကြေညာထားပါသည်။ လေ့လာသူများ က "ထရမ့် အနေဖြင့် နှစ်နိုင်ငံအကြား နယ်စပ်ကိစ္စများနှင့် ကုန်သွယ်ရေးရာကိစ္စရပ်များကို မက္ကဆီကို က ကိုင်တွယ်ဆောင်ရွက်နေမှုများအပေါ် ကျေနပ်မှုမရှိသဖြင့် ယခုကဲ့သို့မှတ်ချက်ပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်း" သုံးသပ်ထားကြပါသည်။

ကိုးကား - NHK World

ဂရင်းလန်းနှင့် ပနားမား တူးမြောင်းတို့ကို ပိုင်ဆိုင်ထိန်းချုပ်နိုင်ရေးအတွက် ခြိမ်းခြောက်မှုများကို ထရမ့် အရှိန်မြှင့်

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ဂရင်းလန်းနှင့် ပနားမားတူးမြောင်းအား ရယူပိုင်ဆိုင်ခွင့်ကို လက်လျှော့မည်မဟုတ်ဘဲ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အရေးပါသည့်အတွက် ဝယ်ယူရန် လိုအပ်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

“ဒိန်းမတ်နိုင်ငံပိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်းကျွန်း သို့မဟုတ် ပနားမားနိုင်ငံပိုင်ပနားမားတူးမြောင်းကို ရယူပိုင်ဆိုင်ရန်အတွက် စစ်ရေးအရ သို့မဟုတ် စီးပွားရေးအရ အကြပ်ကိုင်မည်လား” ဟု မေးမြန်းရာတွင် ထရမ့်က “နှစ်ခုလုံးကို အာမ မခံနိုင်ကြောင်း" တုံ့ပြန်ပြောကြားခဲ့သည်။

ထရမ့်က “စီးပွားရေးနှင့် လုံခြုံရေးအတွက် ဂရင်းလန်း ကျွန်းနှင့် တူးမြောင်းကို လိုအပ်ပါတယ်” ဟု ဖလော်ရီဒါ ရှိ ၎င်း၏ Mar-a-Lago အိမ်ရာတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒိန်းမတ်နှင့် ပနားမားနှစ်နိုင်ငံလုံးသည် နယ်မြေစွန့်လွှတ်ရေးနှင့်ပတ်သက်သည့် တောင်းဆိုချက်မှန်သမျှ ကို ပယ်ချခဲ့သည်။

ကိုးကား-BBC

အမေရိကန်ဝင်ထွက်မှုကို ပိတ်ပင်တားဆီးမည်ဟု ကနေဒါအတိုက်အခံ ခေါင်းဆောင်က ကတိပြု ပြောကြား

ကနေဒါ အတိုက်အခံကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် Pierre Poilievre သည် ၎င်းအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက အာတိတ်ဒေသ အပါအဝင် ကနေဒါ နယ်နိမိတ်လုံခြုံရေးအတွက် အမေရိကန် ဝင်ထွက်မှုကိစ္စကို ပိတ်ပင်တားဆီးမည်ဟု ကတိပြုပြောကြားလိုက်သည်။ 

ကနေဒါသည် မည်သည့်အခါမျှ ၅၁ ပြည်နယ် ဖြစ်လာမည်မဟုတ်ကြောင်း၊ ယခုအခါ၌ မိမိတို့ နိုင်ငံသည် ကြီးကျယ်ခမ်းနားပြီး လွတ်လပ်သည့် အချုပ် အခြာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ထိုအနေအထားကို ဆက်လက် စောင့်ရှောက်ထိန်းသိမ်း ကာကွယ်ရန် အတွက် မိမိတို့အနေဖြင့် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း၊ နောင် ကနေဒါနိုင်ငံ၏ နယ်စပ်လုံခြုံရေးကိစ္စကို အသေ အချာ လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း ၎င်း၏ X လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည်။ 

၎င်းအနေဖြင့် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါက စစ်တပ်ကို ပြန်လည်တည်ဆောက်သွားမည်ဖြစ်ပြီး ကနေဒါနိုင်ငံ ရော အမေရိကန်နိုင်ငံပါ နယ်စပ်လုံခြုံစေရန်အတွက်ပြန်လည်ထိန်းချုပ်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ထို့အပြင် အာတိတ်ဒေသမှ ရုရှားနှင့်တရုတ်တို့ ထွက်ခွာသွားစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ကတိပြုပြောကြားလိုက်ပါသည်။ 

လက်ရှိဝန်ကြီးချုပ် Justin Trudeau သည် ယခု အချက်များကို အလေးထားဆောင်ရွက်ရန် ပျက်ကွက်နေကြောင်း ၎င်းက စွပ်စွဲလိုက်ပါသည်။           

ကိုးကား- TASS

Photo- The Telegraph

ဘီလာရုစ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ပြုလုပ်လျက်ရှိ

ပြည်ထောင်စုနိုင်ငံအတွင်း ပူးပေါင်းဆောင်ရွက်မှု အမြင့်ဆုံးမြှင့်တင်လုပ်ဆောင်ကြရန် သမ္မတလောင်း ရီပတ်ဘလီကန်ပါတီခေါင်းဆောင်က မဲဆွယ်ပြောကြား ခဲ့သည်။

စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားနိုင်ရန်နှင့် ယူရေးရှား စီးပွားရေးသမဂ္ဂ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ BRICS တို့နှင့် ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝ အသက်ဝင်လာရန် ရည်ရွယ်၍  ပါလီမန်နှင့် ပါတီများ အနေဖြင့် သံရေးတမန်ခင်း စွမ်းရည်ပြည့်ဝလာရေး ဆောင်ရွက်ကြရန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပွဲတော်များ၊ ပညာရေး၊ ခရီးသွားလာရေး စီမံကိန်းများဆောင်ရွက်ခြင်း အားကစားပြိုင်ပွဲများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင် လုပ်ဆောင်ကြရန်  ရီပတ်ဘလီကန်ပါတီခေါင်းဆောင် Alexander Khizhnyak က သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအစီအစဉ်ကို ထုတ်လွှင့်ဖော်ပြသည့် ဘီလာရုစ် ရေဒီယိုတွင် ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် ဘီလာရုစ် သမ္မတရာထူးအတွက် ကိုယ်စားလှယ်လောင်း ငါးဦး ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိပါသည်။ ဘယ်လာရုစ်၏ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီ၏ ဥက္ကဋ္ဌ Oleg Gaidukevich၊ တစ်သီးပုဂ္ဂလ လုပ်ငန်းရှင် Anna Kanopatskaya၊ လက်ရှိ သမ္မတAlexander Lukashenko၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပထမအတွင်းရေးမှူး Sergey Syrankov နှင့် ရီပတ်ဘလီကန်အလုပ်သမားနှင့် တရားမျှတမှုပါတီ ခေါင်းဆောင် Alexander Khizhnyak တို့ ဖြစ်သည်။

ဘီလာရုစ်တွင် ဇန်နဝါရီ ၁ ရက်မှ ၂၅ ရက်အထိ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်လျက်ရှိပါသည်။ လာမည့် ဇန်နဝါရီလ ၂၁ ရက်တွင် စတင် မဲပေးမည်ဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက်၌ အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။

ကိုးကား - TASS

Photo- Reuters

ယွန်းဆက်ယိုကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့လုံခြုံရေးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ရေး ယာယီသမ္မတ အမိန့်ပေးရန် တောင်ကိုရီးယား အစိုးရအရာရှိများ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနက အပြင်းအထန် တောင်းဆို

ယွန်းဆက်ယိုကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့လုံခြုံရေးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အမိန့်ပေးရန် ရဲတပ်ဖွဲ့လုံခြုံရေးဌာန၏ ညွှန်ကြားကြီးကြပ်သူ၊ ယာယီသမ္မတ တာဝန်ယူထားသူ Choi Sang-mok အား အပြင်းအထန်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။တောင်ကိုရီးယားအဆင့်မြင့် အစိုးရအရာရှိများ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနက ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။ ရာထူးရပ်ဆိုင်းခံထားရသည့် သမ္မတ ယွန်းဆက်ယို၏ ဖမ်းဝရမ်းကို ဆောင်ရွက်ရာတွင် မအောင်မြင်ခဲ့သည့်အပေါ် တောင်ကိုရီးယားအဆင့်မြင့်အစိုးရအရာရှိများ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် မကြာမီတွင်ပင် အစိုးရအရာရှိများ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနက လက်ရှိအခြေအနေကို ကြည့်ခြင်းအားဖြင့် သမ္မတ၏ ရဲတပ်ဖွဲ့လုံခြုံရေးဌာနက ဆက်လက်ပူးပေါင်း ဆောင်ရွက်ခြင်းမရှိလျှင် ယွန်းဆက်ယိုကို ဖမ်းဆီးရန်မှာ လက်တွေ့၌ မဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။ 

ကိုးကား - ဆင်ဟွာ 

ကနေဒါဝန်ကြီးချုပ် Justin Trudeau သည် ရာထူးမှ နှုတ်ထွက်ရန် ကြေညာ

ကနေဒါဝန်ကြီးချုပ် Justin Trudeau သည် ကိုးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက်တွင် ရာထူးမှ နှုတ်ထွက်ရန် ကြေညာခဲ့ကြောင်း BBC က ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကနေဒါနိုင်ငံ၊ ဒုတိယ၀န်ကြီးချုပ် Chrystia Freeland ရုတ်တရက် ရာထူးနုတ်ထွက်ပြီးနောက် ထရူးဒိုးအား ၎င်း၏ လစ်ဘရယ် ပါတီအတွင်း ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ပေးရန် တောင်းဆိုမှုများရှိခဲ့သည်။ 

ကနေဒါနှင့် မက္ကဆီကို နှစ်နိုင်ငံစလုံးမှ ဖြတ်ကျော်လာသည့် ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတထရမ့်၏ ခြိမ်းခြောက်မှုကလည်း ထရူးဒိုး ရာထူးမှ နုတ်ထွက်ရခြင်းက အစိတ်အပိုင်းတစ်ရပ် ဖြစ်နေကြောင်း သိရှိရသည်။

ထရူးဒိုးသည် ရာထူးမှနှုတ်ထွက်သော်လည်း ပါတီအကြီးအကဲအသစ်ကို မရွေးချယ်မီအထိ လစ်ဘရယ် ခေါင်းဆောင်အဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ဇန်နဝါရီ ၆ ရက်နေ့တွင် ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကို လာမည့်အောက်တိုဘာလ နှောင်းပိုင်း တွင် ကျင်းပရမည်ဖြစ်ပြီး အတိုက်အခံကွန် ဆာဗေးတစ် ကို ထောက်ခံသူများ ပိုမိုအားကောင်းလာပြီး ၎င်းဦးဆောင်သော ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်နိုင်ချေများနေကြောင်း သိရှိရသည်။

ကိုးကား - BBC

အမေရိကန်ကွန်ဂရက်လွှတ်တော်က ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်၏ အနိုင်ရရှိမှုကို အတည်ပြု

အမေရိကန်ကွန်ဂရက်လွှတ်တော်က ရွေးကောက်ခံ သမ္မတ Donald Trump နှင့် ရွေးကောက်ခံဒုသမ္မတ JD Vance တို့ကို ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ အနိုင် ရရှိသူများအဖြစ် လက်ရှိ ဒုသမ္မတ Kamala Harris သဘာပတိအဖြစ် တာဝန်ယူကျင်းပသော လွှတ်တော်အစည်းအဝေးတွင် တရားဝင် အတည်ပြုခဲ့သည်။

Donald Trump နှင့် JD Vance တို့သည် Kamala Harris နှင့် Tim Walz တို့အပေါ် Electroal vote ၃၂၀ ၊ Popular vote နှင့် Swing state ခုနစ်ခုစလုံးတို့တွင် အနိုင်ရရှိခဲ့ပြီး Harris က အဆိုပါရလဒ်ကို ကောင်းမွန်စွာ လက်ခံခဲ့သည်။

လွန်ခဲ့သည့် ၄ နှစ်က ၂၀၂၀ ပြည့်နှစ် အမေရိကန် ရွေးကောက်ပွဲရလဒ်များထွက်ပေါ်ချိန်က Trump သည် ရွေးကောက်ပွဲရလဒ်များသည် မှန်ကန်မှုမရှိဟု ငြင်းဆို ခဲ့ပြီး ၎င်းကိုထောက်ခံသူများက လွှတ်တော်ကို ဝင်ရောက်စီးနင်းရန် ကြိုးစားခဲ့ကြသည်။

 ကိုးကား - RT