အမေရိကန်ကွန်ဂရက်လွှတ်တော်က ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်၏ အနိုင်ရရှိမှုကို အတည်ပြု

News Image

  • အမေရိကန်ကွန်ဂရက်လွှတ်တော်က ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်၏ အနိုင်ရရှိမှုကို အတည်ပြု

အမေရိကန်ကွန်ဂရက်လွှတ်တော်က ရွေးကောက်ခံ သမ္မတ Donald Trump နှင့် ရွေးကောက်ခံဒုသမ္မတ JD Vance တို့ကို ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ အနိုင် ရရှိသူများအဖြစ် လက်ရှိ ဒုသမ္မတ Kamala Harris သဘာပတိအဖြစ် တာဝန်ယူကျင်းပသော လွှတ်တော်အစည်းအဝေးတွင် တရားဝင် အတည်ပြုခဲ့သည်။

Donald Trump နှင့် JD Vance တို့သည် Kamala Harris နှင့် Tim Walz တို့အပေါ် Electroal vote ၃၂၀ ၊ Popular vote နှင့် Swing state ခုနစ်ခုစလုံးတို့တွင် အနိုင်ရရှိခဲ့ပြီး Harris က အဆိုပါရလဒ်ကို ကောင်းမွန်စွာ လက်ခံခဲ့သည်။

လွန်ခဲ့သည့် ၄ နှစ်က ၂၀၂၀ ပြည့်နှစ် အမေရိကန် ရွေးကောက်ပွဲရလဒ်များထွက်ပေါ်ချိန်က Trump သည် ရွေးကောက်ပွဲရလဒ်များသည် မှန်ကန်မှုမရှိဟု ငြင်းဆို ခဲ့ပြီး ၎င်းကိုထောက်ခံသူများက လွှတ်တော်ကို ဝင်ရောက်စီးနင်းရန် ကြိုးစားခဲ့ကြသည်။

 ကိုးကား - RT