ယွန်းဆက်ယိုကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့လုံခြုံရေးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ရေး ယာယီသမ္မတ အမိန့်ပေးရန် တောင်ကိုရီးယား အစိုးရအရာရှိများ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနက အပြင်းအထန် တောင်းဆို
ယွန်းဆက်ယိုကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့လုံခြုံရေးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အမိန့်ပေးရန် ရဲတပ်ဖွဲ့လုံခြုံရေးဌာန၏ ညွှန်ကြားကြီးကြပ်သူ၊ ယာယီသမ္မတ တာဝန်ယူထားသူ Choi Sang-mok အား အပြင်းအထန်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။တောင်ကိုရီးယားအဆင့်မြင့် အစိုးရအရာရှိများ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနက ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။ ရာထူးရပ်ဆိုင်းခံထားရသည့် သမ္မတ ယွန်းဆက်ယို၏ ဖမ်းဝရမ်းကို ဆောင်ရွက်ရာတွင် မအောင်မြင်ခဲ့သည့်အပေါ် တောင်ကိုရီးယားအဆင့်မြင့်အစိုးရအရာရှိများ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့နောက် မကြာမီတွင်ပင် အစိုးရအရာရှိများ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနက လက်ရှိအခြေအနေကို ကြည့်ခြင်းအားဖြင့် သမ္မတ၏ ရဲတပ်ဖွဲ့လုံခြုံရေးဌာနက ဆက်လက်ပူးပေါင်း ဆောင်ရွက်ခြင်းမရှိလျှင် ယွန်းဆက်ယိုကို ဖမ်းဆီးရန်မှာ လက်တွေ့၌ မဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ