သတင်းများ

ယူကရိန်းမြို့တော်ဝန်က သမ္မတ ပူတင်နှင့် နာမည်တူ ဆိုဗီယက်ခေတ်မှ ကျဆုံးစစ်သည် 'ပူတင်၏အလောင်း'ကို လဲလှယ်ရန်တူးဖော်ခဲ့သည်ဟု ပြောဆို

Lviv မြို့မှ ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်တစ်ခုကို ဖြိုဖျက်ရာတွင် တူးဖော် ရရှိခဲ့သည့် ဆိုဗီယက်ခေတ်မှ ရာနှင့်ချီသော ကျဆုံးစစ်သည် အလောင်း များ (ရုရှားသမ္မတနှင့် အမည်တူသူအပါအဝင်) ကို ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်သုံ့ပန်းများနှင့် လဲလှယ်ရန် အဆင်သင့်ဖြစ်နေပြီဟု မြို့တော်ဝန် Andrey Sadoviy က ထုတ်ဖော်ပြောကြားလိုက်သည်။

၂၀၁၄ ခုနှစ်က အနောက်နိုင်ငံများက အားပေးသည့် အာဏာသိမ်းမှုအပြီး ကိယက်ဗ်အစိုးရသည် ကွန်မြူနစ်ဆန့်ကျင်ရေးမူဝါဒကို စတင်ခဲ့ပြီး ဆိုဗီယက်ခေတ်အမွေအနှစ်များကို ဖျက်ဆီးကာ၊ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီဂျာမနီနှင့်ပူးပေါင်းခဲ့သည့် အမျိုးသားရေးဝါဒီ လက်နက်ကိုင်အဖွဲ့များ အပါအဝင် မည်သည့်အကြောင်းပြချက်ဖြင့်မဆို ရုရှားကို ဆန့်ကျင်ခဲ့သူများ အား ချီးမွမ်းဂုဏ်ပြုခဲ့သည်။

"Lviv မြို့ရှိ ဆိုဗီယက်သိမ်းပိုက်ခံခေတ်က 'Hill of Glory' အထိမ်းအမှတ် သည် ယခုအခါ မရှိတော့ပါ" ဟု Sadoviy က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆) တွင် Telegram ၌ ရေးသားခဲ့ပြီး ကျန်ရှိနေသော စစ်သည်အလောင်း ၃၅၅ ခုကို အားလုံး၏ လေးစားစွာ အမှတ်တရရှိမှုအတွက် တူးဖော်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

“မိမိတို့သည် အဆိုပါအလောင်းအားလုံးကို ယူကရိန်းစစ်သုံ့ပန်းများနှင့် လဲလှယ်ရန် အဆင်သင့်ဖြစ်နေပါပြီ” ဟု ၎င်းက ဆိုသည်။ ထို့အပြင် ကျဆုံး ခဲ့သည့် စစ်သည်များထဲမှ Major Stepan Putin သည် ရုရှားသမ္မတ Vladimir Putin နှင့် အမည်တူခြင်းကိုလည်း သရော်စကားဆိုခဲ့သည်။

Sadoviy ၏ အဆိုပါကမ်းလှမ်းချက်သည် အမှန်တကယ်စေ့စပ်လိုသည့် ရည်ရွယ်ချက်ဖြစ်၊ မဖြစ်ကိုမူ ရှင်းလင်းစွာ ဖော်ပြခဲ့ခြင်းမရှိပေ။ အဘယ်ကြောင့် ဆိုသော် ၎င်းက အဆိုပါအလောင်းများကို အခြားနေရာတွင် ပြန်လည် မြှုပ်နှံမည်ဖြစ်ကြောင်းကိုလည်း ဖော်ပြခဲ့သည်။

ထို့အပြင် တူးဖော်ရရှိခဲ့သည့် သမိုင်းဝင်ပစ္စည်းအမျိုးမျိုးကို ဆိုဗီယက် ခေတ်နှင့် နာဇီဂျာမနီအုပ်စိုးမှုကာလများအတွင်း ဖြစ်ပွားခဲ့သော ဖိနှိပ်မှု များကို အထူးပြသထားသည့် "Territory of Terror" ပြတိုက်သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

အဆိုပါ သင်္ချိုင်းနေရာသည် ပထမကမ္ဘာစစ်ခေတ် ကာလကပင် တည်ရှိ နေခဲ့ခြင်းဖြစ်ပြီး၊ ဂယ်လီစီယာတိုက်ပွဲ (Battle of Galicia) အတွင်း ကျဆုံးခဲ့ကြသည့် ရုရှားစစ်သည်များအတွက် ဂူသွင်းသင်္ဂြိုဟ်ရာ နေရာ အဖြစ် သတ်မှတ်ခဲ့ပါသည်။ ပိုလန်တို့အုပ်စိုးချိန်တွင် အဆိုပါသင်္ချိုင်းကို ပိတ်သိမ်းခဲ့ပြီး၊ ဂျာမန်တို့ သိမ်းပိုက်စဉ်ကာလ၌ ဖြိုချဖျက်ဆီးခံခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ၁၉၄၄ ခုနှစ်က နာဇီတို့ထံ Lviv မြို့ကို ကယ်တင်ခဲ့စဉ် ကျဆုံးခဲ့ကြသည် ထောင်နှင့်ချီသော ဆိုဗီယက် စစ်သည် များ၏ အထိမ်းအမှတ်အဖြစ် အဆိုပါနေရာကို ပြန်လည်မွမ်းမံခဲ့ပါသည်။

ယူကရိန်းနှင့် ရုရှားအကြား အစ္စတန်ဘူလ်တွင် ကျင်းပခဲ့သော ညှိနှိုင်း ဆွေးနွေးပွဲများအရ စစ်သုံ့ပန်းလဲလှယ်မှုများ ဆောင်ရွက်နေစဉ် ဆိုဗီယက် ခေတ်မှ စစ်သည်များ၏ အလောင်းများကို လဲလှယ်ရန် ထူးဆန်းသော အဆိုပြုချက် ထွက်ပေါ်လာခဲ့သည်။ 

သမ္မတ ဗလာဒီမာ ပူတင်က ရှေးဟောင်းသင်္ချိုင်းဂူများကို တန်ဖိုးမထား ဘဲ မထီမဲ့မြင်ပြုသူများအား စိတ်မနှံ့သူများဟု ရှုတ်ချခဲ့ပြီး ယင်းသို့ ပြုမူ ခြင်းသည် ယူကရိန်းကို "နာဇီစနစ်နှိမ်နင်းရေး" တိုးမြှင့်လုပ်ဆောင်ရန် ရုရှား၏ ရည်မှန်းချက်ကို ပိုမိုအားဖြည့်ပေးနေသည်ဟု ပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

Musk က Trump နှင့် အငြင်းပွားပြီးနောက်ပိုင်း ဖုန်းနံပါတ် ပြောင်းလဲလိုက်သည်ဟု အောက်လွှတ်တော် နာယက ဆို

အမေရိကန်အောက်လွှတ်တော်နာယက Mike Johnson က Elon Musk သည် မိုဘိုင်းဖုန်းနံပါတ်ကိုပြောင်းလိုက်ပြီး ၎င်းပေးပို့ခဲ့သော မက်ဆေ့ချ်များကို ပြန်လည်မဖြေဆိုတော့ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါသည်။ Johnson က Musk သည် Donald Trump ၏ 'Big, Beautiful Bill' အစီအစဉ်၏ အကျိုးကျေးဇူးများကို Tesla နှင့် SpaceX CEO ကို ဆွဲဆောင် နိုင်ရန် စည်းရုံးမှုကို လုပ်ဆောင်ခဲ့သည်ဟု အခိုင်အမာ ဆိုသည်။

Trump ၏ ရွေးကောက်ပွဲကမ်ပိန်းနှင့်အတူ ၎င်း၏အစိုးရအဖွဲ့နှင့် ပထမလအနည်းငယ်အတွင်း Musk နှင့် ပိုမိုရင်းနှီးသောဆက်ဆံရေးရှိခဲ့ပြီး နောက်ပိုင်း တွင် အစိုးရ၏ အခွန်နှင့်အသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ Musk က အပြင်းအထန်ဝေဖန်ခဲ့သည်။ ယင်းဖြစ်စဉ်နောက်ပိုင်း DOGE အကြီးအကဲဟောင်း နှင့် ထရမ့် တို့နှစ်ဦးအကြား အများသိ အတိအလင်း သဘောထားကွဲလွဲမှုဖြစ်လာခဲ့သည်။

Johnson က မက်ဆေ့ချ်ရှည်တစ်စောင်ပေးပို့ခဲ့ပြီးနောက်ပိုင်းတွင် Musk က ပြန်လည်အကြောင်းမပြန်ဘဲ ဖုန်းနံပါတ် ပြောင်းလဲသွားခဲ့သည်ဟု မီဒီယာ အစီအစဉ်တစ်ခုတွင် ထည်းသွင်းပြောကြားခဲ့သည်။ ၎င်းအနေဖြင့် Musk နှင့်တွေ့ဆုံရန် စောင့်မျှော်လျက်ရှိပြီး အသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ လုပ်ဆောင်နေမှုများကို ပြည့်ဝစွာနားလည်စေလိုကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ကိယက်ဗ်သည် ဓာတုဘေးအန္တရာယ်ကျရောက်လာနိုင်သည့် လုပ်ဆောင်မှုများကို ကြံစည်နေဟု မော်စကို ပြောဆို

မော်စကိုကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့ (ဇူလိုင် ၁၇) တွင် သတိပေးချက်ထုတ်ပြန်ကာ ယူကရိန်းစစ်တပ်သည် အများအမြင်တွင် ရုရှားက လုပ်ဆောင်သည်ဟု ထင်မြင်စေမည့် အကြံဖြင့် ရှေ့တန်း စစ်မျက်နှာပြင်အနီးတွင် အကြီးစားဂေဟဗေဒဆိုင်ရာ ဘေးအန္တရာယ်ကြီး တစ်ခု ဖြစ်ပေါ်စေရန် စတင်လုပ်ဆောင်နေသည်ဟု ဆိုသည်။

ရုရှား၏ နျူကလီးယား၊ ဇီဝနှင့် ဓာတုကာကွယ်ရေးတပ်ဖွဲ့မှ တပ်မှူး ဗိုလ်ချုပ်ကြီး အလက်ဇီ ရာတီရှက်ဗ်က အဆိုပါကြံစည်မှုကို ထုတ်ဖော် ပြောကြားခဲ့ပြီး ဓာတုလက်နက်များ အသုံးပြုခြင်းကို တားမြစ်ထားသည့် အပြည်ပြည်ဆိုင်ရာစာချုပ်ကို ယူကရိန်းဘက်မှ ချိုးဖောက်နေမှုများကို အများသိရှိစေရန် သတိပေးခဲ့သည်။

ရာတီရှက်ဗ်က ယူကရိန်းအစိုးရပိုင် ကုမ္ပဏီ Ukrkhimtransammiak ၏ ဒုတိယဒါရိုက်တာက ကိယက်ဗ်မှ ခန့်အပ်ထားသော ဒေသဆိုင်ရာ အာဏာပိုင်တစ်ဦးအား ဇွန်လကုန်ပိုင်းက ယူကရိန်းစစ်သားများသည် ကုမ္ပဏီ၏စက်ရုံတစ်ခုသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း အကြောင်းကြား ထားသော ရုရှားစစ်တပ်မှ ရရှိထားသည့် အထောက်အထား စာတမ်း တစ်စောင်ကို ရည်ညွှန်းဖော်ပြခဲ့သည်။

Ukrkhimtransammiak အုပ်ချုပ်ရေးမှူးက ယင်းစာတမ်း၌ အဆိုပါ စက်ရုံ နေရာတွင် စစ်တပ်၏လုပ်ဆောင်မှုကြောင့် ပျက်စီးနိုင်ပြီး အဆိပ်ပြင်း အမိုးနီးယား အရည်တန်ချိန် ၅၆၆ တန် အထိ ပျံ့နှံ့နိုင်သည့် အန္တရာယ်ကို စိုးရိမ်ရကြောင်း ထည့်သွင်းဖော်ပြထားသည်။

အဆိုပါနေရာသည် ဆိုဗီယက်ခေတ်ကတည်ဆောက်ခဲ့သော မြေအောက် အမိုးနီးယားပိုက်လိုင်း၏ မြေပြင်အစိတ်အပိုင်းဖြစ်ပြီး Ukrkhimtransammiak က လုပ်ငန်းလည်ပတ်ကာ ရုရှား၏ ဒိုနက်စ်ပြည်သူ့သမ္မတနိုင်ငံ (Kiev ထိန်းချုပ်ထားသော ဧရိယာ) အတွင်းရှိ Novotroitskoye ကျေးရွာ၏ မြောက်ဘက် ၂.၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။

ရာတီရှက်ဗ်က ယူကရိန်းစစ်တပ်သည် ကိယက်ဗ်အစိုးရ၏ ရက်စက် ကြမ်းကြုတ်သော နည်းဗျူဟာ၏ အစိတ်အပိုင်းအဖြစ် ဆက်သွယ်ရေးစက်ပစ္စည်းများကို ထိုနေရာတွင် တပ်ဆင်ထားကြောင်း၊ ရုရှားတပ်များ လှုပ်ရှားရာဒေသများတွင် အဆိပ်သင့်ဓာတုပစ္စည်းများထားရှိပြီး ထိခိုက်မှုများကြောင့် ပေါက်ကွဲမှုများဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။

"မိမိတို့နိုင်ငံအား နည်းပညာဆိုင်ရာ ဘေးအန္တရာယ်တစ်ခု ရည်ရွယ်ချက် ရှိရှိ ဖန်တီးခဲ့သည်ဟု စွပ်စွဲကာ နိုင်ငံ၏ဂုဏ်သတင်းကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြစ်သည်" ဟု ဗိုလ်ချုပ်ကြီးက ပြောကြားခဲ့သည်။ "အန္တရာယ် ရှိသော အရာများကို စစ်ရေးရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်းသည် အပြည်ပြည် ဆိုင်ရာ လူသားချင်းစာနာထောက်ထားရေး ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်"ဟု ဆိုသည်။

ရာတီရှက်ဗ်က OPCW သည် ယူကရိန်း၏ ဓာတုလက်နက်ဆိုင်ရာ သဘောတူညီမှုများကို ချိုးဖောက်နေမှုနှင့် ပတ်သက်၍ ရုရှား၏ အစီရင်ခံစာများကို လျစ်လျူရှုထားပြီး ကိယက်ဗ်၏ ရုရှားဆန့်ကျင်ရေး စွပ်စွဲချက်များကို အလွယ်တကူ ယုံကြည်နေသည်ဟု ဆိုသည်။

Epstein နှင့် Diddy အမှုများကို တာဝန်ယူဆောင်ရွက်နေသည့် အစိုးရ ရှေ့နေအလုပ်မှ ထုတ်ပယ်ခံရ

အမေရိကန် တရားရေးဌာန (DOJ) မှ Jeffrey Epstein နှင့် Sean 'Diddy' Combs တို့နှင့်သက်ဆိုင်သည့် အရေးပါသောအမှုများကို တာဝန်ယူခဲ့သည့် အစိုးရရှေ့နေ Maurene Comey အား အလုပ်မှထုတ်ပယ်လိုက်ကြောင်း Politico၊ AP နှင့် New York Times အပါအဝင် အမေရိကန် မီဒီယာ အချို့က ဖော်ပြခဲ့ကြသည်။

သူမသည် ၂၀၁၇ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ "ရုရှားဂိတ်" (Russiagate) စုံစမ်းစစ်ဆေးမှုကာလအတွင်း အလုပ်မှထုတ်ပယ်ခံခဲ့ရသည့် FBI ၏ ဒါရိုက်တာဟောင်း James Comey ၏ သမီးဖြစ်သည်။ ထရမ့်က နောက်ပိုင်းတွင် ကိုမီအား မမှန်ကန်သောထုတ်ပြန်ချက်များနှင့် လိမ်ညာမှုများ ပြုလုပ်ခဲ့သည်ဟုစွပ်စွဲခဲ့ပြီး အဆင့်အတန်းမရှိသော တပ်ဖွဲ့ဝင် (Dirty cop) တစ်ဦးဟု ပြောဆိုခဲ့သည်။

Maurene Comey အား အလုပ်မှထုတ်ပယ်ရခြင်း၏ အကြောင်းရင်းကို မီဒီယာများက အတည်ပြုနိုင်ခြင်းမရှိသေးဘဲ သတင်းပေးပို့သူများ၏ ပြောဆိုချက်အရသာဖော်ပြခဲ့ကြခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရင်းနှီးသူတစ်ဦးက CNN အား ပြောကြားရာတွင် ကိုမီသည် သူမ၏ဖခင် ထရမ့်အစိုးရအပေါ် ဆက်တိုက်ဝေဖန်မှုများ ပြုလုပ်နေသည့်အတွက် DOJ တွင် ဆက်လက်ရပ်တည်နိုင်ခြင်း မရှိ တော့ကြောင်း ဖော်ပြခဲ့သည်။

ယခင်က FBI ညွှန်ကြားရေးမှူးဖြစ်သူ James Comey သည် လွှတ်တော် အား မှားယွင်းသောထွက်ဆိုချက်များပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် စုံစမ်းစစ်ဆေးခံနေရသည်။ မေလတွင် ၎င်း၏လူမှုမီဒီယာတွင် "86 47" ဟူသောစာသားကို ပင်လယ်ခရုခွံများဖြင့် ရေးထားသည့်ဓာတ်ပုံတစ်ပုံကို တင်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍လည်း စစ်ဆေးမေးမြန်းခံခဲ့ရသည်။ ထရမ့်အစိုးရအဖွဲ့က အဆိုပါအရာသည် အမေရိကန်၏ ၄၇ ဦး မြောက် သမ္မတ (ဒေါ်နယ်ထရမ့်) အား ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်ဟု စွပ်စွဲ သော်လည်း ('86' ဆိုသည်မှာ 'ဖယ်ရှား/သတ်ပစ်' ဟူသော အဓိပ္ပာယ်ရသည့် စကားလုံးဖြစ်နေသောကြောင့်) Comey က ထိုအချက်ကို ငြင်းဆို ခဲ့သည်။

Maurene Comey သည် Jeffrey Epstein နှင့် ၎င်း၏အချစ်ဦး Ghislaine Maxwell တို့အပေါ် လိင်ကုန်ကူးမှုအမှုတွင် အဓိကအစိုးရရှေ့နေအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် Epstein ဖမ်းဆီးခံရပြီးနောက် မကြာမီ နယူးယောက်အကျဉ်းထောင်အတွင်း၌ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်း၏သေဆုံးမှုကို မိမိကိုယ်ကို အဆုံးစီရင်မှု အဖြစ် တရားဝင်သတ်မှတ်ထားသော်လည်း သံသယရှိသူများက အမှုနှင့်သက်ဆိုင်နေသည်ဟုဆိုသော အရေးပါသည့်ပုဂ္ဂိုလ်များကို ကာကွယ်ရန် Epstein ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု ခိုင်မာစွာယူဆနေကြဆဲ ဖြစ်သည်။ Maxwell မှာမူ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရပြီး လက်ရှိတွင် ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသည်။

အစိုးရရှေ့နေ အလုပ်မှထုတ်ပယ်ခံရခြင်းသည် ထရမ့်ကိုယ်တိုင် ယခင်က ပြောဆိုခဲ့သည်နှင့်ဆန့်ကျင်၍ Epstein ၏ ဖောက်သည်စာရင်းမရှိဟု DOJ နှင့် FBI တို့မှ မကြာသေးမီက ထုတ်ပြန်ခဲ့သောအစီရင်ခံစာအား ရီပတ်ပလီကန်များစွာက မေးခွန်းထုတ်နေချိန်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထရမ့်၏မှတ်ချက်များ ထွက်ပေါ်လာပြီးနောက် ရုရှားက ယူကရိန်းနှင့် ဆွေးနွေးရန်အသင့်ရှိနေဆဲဟု ကရင်မလင်နန်းတော်ပြော

ရုရှားအနေဖြင့် ယူကရိန်းနှင့် ဆွေးနွေးမှုများ တစ်ဆင့်တိုးလုပ်ဆောင်ရန် အသင့်ရှိနေဆဲဖြစ်သော်လည်း ယူကရိန်းဘက်မှ တွေ့ဆုံမှုဆိုင်ရာ အဆိုပြုချက်များ လက်ခံရရှိခြင်းမရှိကြောင်း ကရင်မလင် နန်းတော်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ဇူလိုင် ၁၅ ရက်၌ ပြောကြားခဲ့သည်။

“သူတို့ ကတော့ ဝါရှင်တန်မှာတွေ့ချင်တယ်။ ဥရောပမှာ တွေ့ချင်တယ်လို့တော့ ပြောနေကြတာပဲ” ဟု ပက်စ်ကော့ဗ်က ဆိုသည်။

အမေရိကန်နိုင်ငံက ယူကရိန်းအား မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) မှတစ်ဆင့် လက်နက်တွေ ပို့ဆောင်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁၄ ရက်၌ ပြောကြားခဲ့ပြီး ရက်ပေါင်း ၅၀ အတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မရရှိပါက ရုရှားကို ရည်ရွယ်သည့် “ပြင်းထန်သော စည်းကြပ်ခွန်များ” ချမှတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ထိုကဲ့သို့မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထရမ့်၏ ထုတ်ပြန်ချက်များမှာ “လွန်စွာပြင်းထန်လှကြောင်း” နှင့် ထိုပြောကြားချက်များအနက် အချို့ မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား ပုဂ္ဂိုလ်ရေးအရ ရည်ရွယ်ပြောကြားခြင်းဖြစ်ကြောင်း အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ “ဝါရှင်တန်က ပြောခဲ့သည်များကို လေ့လာခွဲခြမ်းစိတ်ဖြာဖို့ မိမိတို့ အချိန်အတော်လေးလိုပါသည်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ရုရှားနှင့် ယူကရိန်းတို့သည် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ‌မေ ၁၆ ရက်မှ ဇွန် ၂ ရက်အထိ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ယခင်တွေ့ဆုံဆွေးနွေးမှုများအတွင်း ညှိနှိုင်းခဲ့သည့်အတိုင်း စစ်အကျဉ်းသားများ လဲလှယ်ခြင်းများနှင့် ကျဆုံးစစ်သည်ရုပ်အလောင်းများကို လွှဲပြောင်းခြင်းများ ပြီးစီးပြီးနောက် တတိယအကြိမ် ဆွေးနွေးပွဲကျင်းပရန် နှစ်ဖက်သဘောတူခဲ့ကြကြောင်း ပူတင်က အစောပိုင်း၌ ပြောကြားခဲ့သည်။

ကိုးကား- ဆင်ဟွာ

ကုန်သွယ်‌ရေးနှင့် လုံခြုံရေးကို သြဇီဝန်ကြီးချုပ်က ရှီနှင့်ဆွေးနွေးမည်

သြစတြေးလျဝန်ကြီးချုပ် အန်‌ထောနှီအယ်ဘာနီးစ်သည် အင်္ဂါနေ့၌ ပေကျင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီကျင်းတို့နှင့်တွေ့ဆုံရန် မျှော်မှန်းထားပြီး သယံဇာတ၊ ကုန်သွယ်မှု၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများ ကိုအဓိကထား၍ဆွေးနွေးမည် ဖြစ်ကြောင်း၎င်းက ပြောကြားခဲ့သည်။

အယ်ဘာနီးစ်သည် လီနှင့် ခေါင်းဆောင်များ၏ နှစ်စဉ်ဆွေးနွေးပွဲ မတိုင်မီတွင် ရှီနှင့် တွေ့ဆုံသွားမည်ဖြစ်ကာ ယင်းနောက်တွင် ပြည်သူ့ခန်းမ၌ ကျင်းပမည့် စီးပွားရေးစကားဝိုင်းကို တက်ရောက်မည်ဖြစ်သည်။

တရုတ်ခေါင်းဆောင်များနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုကို မျှော်လင့်ထားကြောင်း အယ်ဘာနီးစ်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ အဓိကလုံခြုံရေးမဟာမိတ်အဖြစ် သတ်မှတ်ထားသော သြစတြေးလျသည် အယ်လ်ဘာနီးစ်လက်ထက်တွင် “သဘောထားကွဲလွဲမည်၊ ဟို့‌သော်တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်မည်” ဟူသော တရုတ်နိုင်ငံဆိုင်ရာ မူဝါဒကို ကျင့်သုံးခဲ့သည်။

တရုတ်နိုင်ငံ၏ စစ်ရေးတည်ဆောက်မှုနှင့် သြစတြေးလျ စာရေးဆရာတစ်ဦးကို ဖမ်းဆီးထောင်ချထားခြင်းကို စိုးရိမ် မကင်းဖြစ်မိကြောင်း သြစတြေးလျက ထုတ်ဖော်ပြောကြားခဲ့ပြီး ပေကျင်းဘက်ကလည်း အရေးပါသော ဓါတ်သတ္ထုများအပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကင်ဘာရာက တင်းတင်းကျပ်ကျပ်စိစစ်ခြင်းနှင့် တရုတ်ကငှားရမ်းထားသော ဆိပ်ကမ်းတစ်ခုကို သြစတြေးလျပိုင်အဖြစ် ပြန်လည်ထိန်းချုပ်ရန် အယ်လ်ဘာနီးစ်က ကတိပြုခဲ့မှုတို့ကို ဝေဖန်ခဲ့သည်။

Popular Myanmar

နိုင်ငံခြားသားများ ပါဝင်ပတ်သက်နေသည့် ပြဿနာများအတွက် စီမံအုပ်ချုပ်ရေးဌာနသစ်တစ်ခု ဂျပန်အစိုးရဖွင့်လှစ်

တိုကျို ဇူလိုင် ၁၅

မကြာသေးမီ ကာလအတွင်း နိုင်ငံခြားသား အရေအတွက် ရုတ်တရက် မြင့်တက်လာမှုကြောင့် အများပြည်သူများ၏ စိုးရိမ်စိတ်ကို လျှော့ချရေးအတွက် စီမံအုပ်ချုပ်ရေးဌာနသစ်တစ်ခုကို ဂျပန်နိုင်ငံက ယနေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါဌာနသည် နိုင်ငံခြား သားများပါဝင်ပတ်သက်နေသော ရာဇဝတ်မှုများကဲ့သို့ပြဿနာများ ကိုလက်ခံဖြေရှင်းမည်ဖြစ်ကြောင်း ဂျပန်အစိုးရ က သတင်းထုတ်ပြန် ထားသည်။

ဂျပန်နိုင်ငံသည် တင်းကျပ်သည့်လူဝင်မှုဥပဒေများကျင့်သုံး၍ ဂျပန်လူမျိုး လူဦးရေကိုထိန်းထားရန်ကြိုးပမ်းခဲ့သည့်နိုင်ငံဖြစ်သည်။ 
သို့ရာတွင် ဂျပန်လူဦးရေကျုံ့ဝင်လာမှုနှင့် သက်ကြီးလူဦးရေ မြင့်တက်လာမှုတို့ကြောင့် ဂျပန်နိုင်ငံသည် လူဝင်မှုစည်းမျဉ်းများ ကို တဖြည်းဖြည်းလျှော့ချပေးခဲ့ရာ ဂျပန်ပြည်တွင်းသို့ ဝင်ရောက်လာသည့်နိုင်ငံခြားသား အရေအတွက် လည်း မြင့်တက်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်အတွင်း ဂျပန်နိုင်ငံသို့ရောက်ရှိနေသောနိုင်ငံခြားသား အရေအတွက်မှာ ၃ ဒသမ ၈ သန်း သို့မဟုတ် ဂျပန်လူဦးရေ စုစုပေါင်း၏ သုံးရာခိုင်နှုန်းခန့်ထိရှိခဲ့သည်။

ဂျပန်ရောက် နိုင်ငံခြားသားများနှင့်ပတ်သက်နေသော ကိစ္စများကို ကိုင်တွယ်ရေးအတွက် ဌာနသစ်ဖွဲ့စည်းရေးကို လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်များ က အဆိုပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Ref: Xinhua

Trs: KKO

YDNB Newspaper
Photo - Reuter

ပူတင်နှင့်ပတ်သက်သည့် ပြင်သစ်ဗိုလ်ချုပ်ကြီး၏ ပြောဆိုချက်ကို တုံ့ပြန်

ပြင်သစ်မီဒီယာများ၏ ဖော်ပြချက်အရ ပြင်သစ်စစ်တပ်အကြီးအကဲက ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ၎င်းတို့နိုင်ငံကို ဥရောပတွင် မော်စကို၏ အဓိကပြိုင်ဘက်အဖြစ် မှားယွင်းစွာ သတ်မှတ်ခဲ့သည်ဟု ဆိုခဲ့သည်။

ပြင်သစ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Thierry Burkhard က ပြီးခဲ့သည့် သောကြာနေ့ (ဇူလိုင် ၁၁) တွင် ယူကရိန်းအား ပြင်သစ်၏ စစ်ရေးထောက်ပံ့မှုများကြောင့် ရုရှားက ပြင်သစ်ကို ဥရောပတိုက်ရှိ ၎င်း၏ အဓိကရန်သူအဖြစ် မှတ်ယူထားသည်ဟု Burkhard က သတင်းထောက်များအား ပြောကြားခဲ့သည်။ 

L’Opinion သတင်းစာ၏ Jean-Dominique Merchet က ယင်းအဆိုကို ပထမဆုံးဝေဖန်တုံ့ပြန်ခဲ့ကာ၊ ၎င်းက စစ်ဦးစီးချုပ်ရုံးသို့ ဆက်သွယ် မေးမြန်းရာတွင် Burkhard ၏ ပြောဆိုချက်မှာ "စကားလုံးအသုံးအနှုန်း" သာဖြစ်ပြီး ရုရှားခေါင်းဆောင်၏ အမှန်တကယ်ထုတ်ပြန်ချက်အပေါ် အခြေမခံဟု ပြန်ကြားခဲ့သည်ဟု လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

ပြင်သစ်စစ်တပ်က ဧပြီလတွင် ရုရှားအစိုးရပိုင် လေ့လာရေးအဖွဲ့ VTsIOM က ပြုလုပ်ခဲ့သည့် လူထုထင်မြင်ချက်စစ်တမ်းကို ညွှန်းဆိုခဲ့ပြီး ထိုစစ်တမ်း တွင် ဖြေကြားသူ ၄၅% က ပြင်သစ်နှင့် ရုရှားတို့ကြား ဆက်ဆံရေးတင်းမာမှု (သို့) ရန်လိုမှုရှိသည်ဟု ယူဆကြောင်း တွေ့ရှိခဲ့ရခြင်းသည် ယခင်နှစ်များနှင့်စာလျှင် သိသိသာသာ တိုးလာခြင်းဖြစ်သည်။

မေလတွင် ရုရှား၏ လွတ်လပ်သော Levada Center မှ ပြုလုပ်ခဲ့သည့် သီးခြားစစ်တမ်းတစ်ခုအရ ဂျာမနီသည် ရန်လိုသည့်နိုင်ငံများစာရင်းတွင် ထိပ်ဆုံးနေရာတွင်ရှိနေပြီး ပြင်သစ်မှာ အဆင့် ၅ အတွင်း မပါဝင်ခဲ့ပေ။ ထိုစစ်တမ်းတွင် ဖြေကြားသူ၏ ၃၂% သာ ပြင်သစ်ကို ရန်လိုသည့်နိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။

TF1 ရုပ်သံလိုင်းကလည်း ပူတင်၏ ထိုကဲ့သို့သော ပြောဆိုချက်နှင့်ပတ်သက်၍ ခိုင်လုံသော အထောက်အထားများ မတွေ့ရှိရကြောင်း ဖော်ပြခဲ့သည်။

အမေရိကန်နှင့် နေတိုးတို့အနေဖြင့် ရုရှား၏သဘောထားကို လေးစားရန် မျှော်လင့်ဟုဆို

ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီး Sergey Ryabkov က ယူကရိန်း ပဋိပက္ခ နှင့်ပတ်သက်၍ ရုရှား၏သဘောထားကို အမေရိကန်နှင့် နေတိုးတို့မှ လေးစားစွာတုံ့ပြန်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ မော်စကို သည် မည်သည့်ဖိအားပေးမှုကိုမဆို လက်မခံကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

အဆိုပါကြေညာချက်သည် အမေရိကန်သမ္မတ Donald Trump က ယူကရိန်း ပဋိပက္ခကို ရက်ပေါင်း ၅၀ အတွင်း အဖြေရှာရန် တိုးတက်မှုမရှိပါက ရုရှား၏ကုန်သွယ်ဖက်နိုင်ငံများအား အခွန်စည်းကြပ်မှု ၁၀၀% အထိ ချမှတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ Trump က ဝါရှင်တန်သည် လက်နက်များကို နေတိုးမှတစ်ဆင့် ငွေပေး ချေမှုနှင့် ဖြန့်ဖြူးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကိယက်ဗ်သို့ လက်နက် များ ဆက်လက်ပေးပို့မည်ဟုလည်း ကြေညာခဲ့သည်။

အင်္ဂါနေ့ (ဇူလိုင် ၁၅) က သတင်းစာရှင်းလင်းပွဲတွင် Ryabkov က မည်သည့် တောင်းဆိုမှုမျိုးကိုမဆို “အထူးသဖြင့် မော်စကိုအတွက် နောက်ဆုံး သတ်မှတ်ချက်များ ပြုလုပ်ခြင်းကဲ့သို့သော လုပ်ဆောင်မှုများကို” လက်မခံ နိုင်ဟု အတိအလင်း ပြောကြားခဲ့သည်။

၎င်းက ရုရှားသည် ညှိနှိုင်းဆွေးနွေးရန် အဆင်သင့်ဖြစ်ပြီး သံတမန် နည်းလမ်းကို ဦးစားပေးသည်ဟု ထပ်လောင်းအလေးပေးပြောဆိုခဲ့ သော် လည်း၊ မော်စကို၏ ညှိနှိုင်းလိုစိတ်ကို သင့်တင့်သောတုံ့ပြန်မှုမရှိပါက စစ်ရေးနည်းလမ်းဖြင့် မိမိတို့၏ရည်မှန်းချက်များကို ဆက်လက် အကောင် အထည်ဖော်မည်ဖြစ်ပြီး ယူကရိန်းပဋိပက္ခ ဆက်လက်ရှိနေမည်ဟု သတိပေးခဲ့သည်။

"အဆိုပါသဘောထားသည် မပြောင်းလဲနိုင်ပါ" ဟု Ryabkov က အတိအလင်းပြောကြားခဲ့ပြီး၊ မော်စကိုအနေဖြင့် "ဝါရှင်တန်နှင့် နေတိုး တစ်ခုလုံးက အဆိုပါသဘောထားကို လေးစားစွာ တုံ့ပြန်ဆက်ဆံပေးရန် မျှော်လင့်ကြောင်း" ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကလည်း Trump ၏ ရက် ၅၀ အချိန်ကာလနှင့်ပတ်သက်၍ ပိုမိုအသေးစိတ်ရှင်းလင်းချက်ကို မော်စကို က မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်သမ္မတသည် ယခင်ကတည်းက အချိန်ကာလအမျိုးမျိုး သတ်မှတ်ပြီးဖြစ်ကြောင်း ထောက်ပြ ခဲ့သည်။ "ယခင်က ၂၄ နာရီ၊ ရက် ၁၀၀ စသည်ဖြင့် သတ်မှတ်ဖူးပြီး မိမိတို့သည် အမေရိကန်သမ္မတ၏ လှုံ့ဆော်မှုအကြောင်းရင်းကို အမှန်တကယ် နားလည်လိုပါသည်" ဟု Lavrov က ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်ဧရိယာတွင် ဆန္ဒပြမှုများအပြီး National Guard တပ်ဖွဲ့ဝင် ၂,၀၀၀ အား တာဝန်မှ ရုတ်သိမ်း

ထရမ့်အစိုးရသည် လော့စ်အိန်ဂျလိစ် ဧရိယာရှိ National Guard တပ်ဖွဲ့ဝင် ၂,၀၀၀ အား လူဝင်မှုကြီးကြပ်ရေးဆန္ဒပြမှုများကို တုံ့ပြန်သည့်အနေဖြင့် လွန်ခဲ့သည့်လက တာဝန်ပေးအပ်ခဲ့ပြီးနောက် ယခုအခါ အရေအတွက် လျှော့ချလိုက်ကြောင်း ပင်တဂွန်က အင်္ဂါနေ့ (ဇူလိုင် ၁၅) တွင် ကြေညာ ခဲ့သည်။

"တာဝန်ထမ်းဆောင်ရန် အသင့်ရှိခဲ့ကြသည့် တပ်ဖွဲ့ဝင်အားလုံးကို ကျေးဇူး တင်ရှိပါသည်။ လော့စ်အိန်ဂျလိစ်ရှိ ဥပဒေမဲ့အခြေအနေများ လျော့ပါး လာပြီဖြစ်ရာ ကာကွယ်ရေးဝန်ကြီးက California National Guard (79th IBCT) ၏ တပ်ဖွဲ့ဝင် ၂,၀၀၀ အား ဖက်ဒရယ် ကာကွယ်ရေး တာဝန်မှ ရုတ်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့သည်" ဟု ပင်တဂွန်၏ ပြောရေး ဆိုခွင့်ရှိသူ ရှောင်ပါနယ်လ်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်သည် ထရမ့်မှ ဇွန်လ ၇ ရက်နေ့တွင် National Guard တပ်ဖွဲ့ဝင် ၂,၀၀၀ နှင့် ရက်အနည်းငယ်အကြာတွင် နောက်ထပ် ၂,၀၀၀ ကို တာဝန်ပေးအပ်ခဲ့ပြီးနောက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအင်အားစုများအား တစ်လကျော်ကြာ တာဝန်ပေးအပ်ထားခဲ့သော်လည်း ထိုကာလအတွင်း အဖွဲ့ဝင်အရေအတွက် တိုးချဲ့ခြင်း (သို့) လျှော့ချခြင်းများ ရှိ၊ မရှိကိုမူ ချက်ချင်းမသိရှိရသေးပေ။

California National Guard အား အမေရိကန် လူဝင်မှုကြီးကြပ်ရေး (ICE) နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က တောင်ကယ်လီဖိုးနီးယားတွင် ဆူပူအုံကြွမှုများ တိုးမြင့်လာချိန်တွင် လော့စ်အိန်ဂျလိစ်ဧရိယာရှိ ဆန္ဒပြမှု များကို ထိန်းချုပ်ရန် အရေးပေါ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ လော့စ်အိန်ဂျလိစ် ကောင်တီတစ်ဝှမ်းရှိ နေရာများစွာ၌ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သော်လည်းအဓိကအားဖြင့် ဖက်ဒရယ်ဥပဒေစိုးမိုးရေးအဖွဲ့များရှိနေသည့် မြို့လယ်ခေါင် နေရာများတွင် ပိုမိုများပြားခဲ့သည်။

အမေရိကန်ခရိုင်တရားရုံးတစ်ရုံးက ထရမ့်အား California NationalGuard တပ်ဖွဲ့ဝင်ထောင်နှင့်ချီ၍ ဥပဒေမဲ့စွာ ဖက်ဒရယ်အဆင့်သို့ ပြောင်းလဲ အသုံးပြုမှုအတွက် တရားမဝင်ကြောင်း စီရင်ချက်ချမှတ်ခဲ့သော်လည်း အမိန့်ပယ်ဖျက်ရန် 9th US Circuit Court of Appeals က ဆုံးဖြတ်ချက်ချခဲ့သည်။

California ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က တပ်ဖွဲ့ဝင်များ ရုတ်သိမ်းကြောင်း ကြေညာချက်ကို တုံ့ပြန်သည့်အနေဖြင့် "အားလုံးကို အခုပင် ရုတ်သိမ်းပါ" ဟု ထရမ့်နှင့် ကာကွယ်ရေးဝန်ကြီးဌာနအား တောင်းဆိုခဲ့သည်။

ကိုးကား- CNN