သတင်းများ

သမ္မတထရမ့်၏ တရားမျှတသော သဘောထားသည် ဥရောပသမဂ္ဂ အပေါ် ဩဇာသက်ရောက်မည်ဟု လာဗရော့ဗ် ကြေညာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ "တရားမျှတသော" သဘောထားသည် ဥရောပသမဂ္ဂ၏ ရပ်တည်ချက်အပေါ် သက်ရောက်မှုရှိလိမ့်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က ဇူလိုင် ၂၂ တွင် ပြောကြားခဲ့သည်။

မိုဇမ်ဘစ်နိုင်ငံခြားရေးဝန်ကြီး Maria Manuela Lucas နှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲအပြီး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် လာဗရော့ဗ်က "ယခင်ဘိုင်ဒင်အစိုးရလက်ထက်က ဥရောပသားများသည် မတည်ငြိမ်သော လုပ်ရပ်များနှင့်အတူ လိုက်ပါလုပ်ဆောင်ခဲ့သော်လည်း ယခုထရမ့်အစိုးရ သစ်၏ ဆွေးနွေးလိုစိတ်ပြည့်ဝသည့် ချဉ်းကပ်မှုသည် ဥရောပသားများအား လွှမ်းမိုးနိုင်မည်ဟု မိမိမျှော်လင့်ပါသည်" ဟု ထည့်သွင်း ပြောကြား ခဲ့သည်။

၎င်းက ဆက်လက်ပြောကြားရာတွင် "ယခုအချိန်တွင် ဥရောပသမဂ္ဂ သည် ကိယက်ဗ်အစိုးရအား လက်နက်များထောက်ပံ့ရန် အကြိမ်ကြိမ် ဆွေးနွေးနေသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ဖိတ်ခေါ်သည့် အဆိုပါချဉ်းကပ်မှုကို ဥရောပသားများ လျစ်လျူရှုမည်မဟုတ်ဟု ယုံကြည် ပါသည်" ဟု မှတ်ချက်ပြုခဲ့သည်။ 

သို့ရာတွင် ထရမ့်သည် ယခုအခါ ရုရှား-ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ကတိပေးထားသော်လည်း အဆိုပါလုပ်ငန်းစဉ်သည် "လူအများ ထင်ထား သည်ထက် ပိုမိုခက်ခဲကြောင်း" ဝန်ခံခဲ့သည်။ အမေရိကန်ဦးဆောင်သော နှစ်ဖက်တိုက်ရိုက်ဆွေးနွေးပွဲများသည် အကျဉ်းသားလဲလှယ်ရေးနှင့်ကျဆုံးစစ်သည်အလောင်းများ ပြန်လည်အပ်နှင်းရေးကဲ့သို့သော လူသားချင်း စာနာမှုဆိုင်ရာကိစ္စများတွင်သာ အာရုံစိုက်ခဲ့ပြီး ထင်ရှားသောရလဒ်များ မရရှိသေးပေ။

မကြာသေးမီလများအတွင်း ထရမ့်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပြီး ပဋိပက္ခကို အချိန်မီအဆုံးမသတ်ပါကရုရှားနှင့် ၎င်း၏ကုန်သွယ်ဖက်နိုင်ငံများအပေါ် ဒဏ်ခတ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။

အဆိုပါအချက်ကို တုံ့ပြန်သည့်အနေဖြင့် ကရင်မလင်က "မိမိတို့အနေဖြင့် ထိုဝေဖန်မှုများကို အေးဆေးစွာရှုမြင်ပြီး ဝါရှင်တန်နှင့် ဆက်လက် ဆွေးနွေးရန် ရည်ရွယ်ထားသည်" ဟု ပြောကြားခဲ့သည်။ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်ကမူ "ယူကရိန်းအစိုးသည် ပံ့ပိုးမှုဆိုင်ရာ ထုတ်ပြန်ချက်အားလုံးကို ငြိမ်းချမ်းရေးလမ်းကြောင်းထက် စစ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် အချက်ပြမှုအဖြစ်သာ နားလည်ထားကြောင်း" ထောက်ပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကိယက်ဗ်မြို့တွင် ဆန္ဒပြသူများက "ဇီလန်စကီးသည် မာရ်နတ်" ဟု ဟစ်အော်

ကိယက်ဗ်မြို့ရှိ ဆန္ဒပြသူများသည် အဂတိလိုက်စားမှုကို တိုက်ဖျက်ရေး အေဂျင်စီများ၏ လုပ်ဆောင်မှုကို ကန့်သတ်သည့် ဥပဒေကြမ်းကို ထောက်ခံခဲ့သည့် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီး၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကာ ပြစ်တင်ရှုတ်ချခဲ့ကြသည်။

ဇီလန်စကီးသည် အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဗျူရို (NABU) နှင့် အထူး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရှေ့နေရုံး (SAPO) တို့၏ လုပ်ငန်းဆောင်တာများတွင် ဝင်ရောက်စွက်ဖက်နိုင်ရန် အာဏာ ပေးအပ်သည့် ဥပဒေကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။

အဆိုပါဆောင်ရွက်ချက်သည် NABU ရုံးများကို လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ရုရှားအတွက် ထောက်လှမ်းမှုပြုလုပ်သည်ဟု စွပ်စွဲခံ ရသော အကြီးတန်း အရာရှိတစ်ဦးကို ဖမ်းဆီးခဲ့ခြင်းနှင့် ဆက်စပ်နေသည်။ အဆိုပါဥပဒေကြမ်းသည် EU တွင် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ပြီး အတိုက် အခံ နိုင်ငံရေးသမားများက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

ဆန္ဒပြသူများသည် ကိယက်ဗ်မြို့လယ်တွင် စုဝေးကာ "ဇယ်လာ (Zelya) ဟာ မာရ်နတ်ပဲ" ဟု ဇီလန်စကီး၏ အမည်ကို သရော်သည့် အနေဖြင့် အော်ဟစ်ခဲ့ကြသည်။ အခြားသူများက "အရှက်ရစရာကောင်းသော သစ္စာ ဖောက်မှု" ဟု အော်ဟစ်ကာ အဂတိတိုက်ဖျက်ရေး စနစ်၏ လွတ်လပ်မှု ကို ထိန်းသိမ်းရန် တောင်းဆိုသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ ကြသည်။ ဇီလန်စကီးသည် အဆိုပါဥပဒေကြမ်းကို ဗီတိုအာဏာဖြင့် ပယ်ချရန် တောင်းဆိုမှုများကို လျစ်လျူရှုခဲ့သည့် သတင်း ထွက်ပေါ်လာ ပြီးနောက် ကန့်ကွက်မှုများ ပိုမိုပြင်းထန်လာခဲ့သည်ဟု သိရသည်။

ယူကရိန်းနိုင်ငံတစ်ဝှမ်းတွင် နိုင်ငံ၏ တတိယနှင့် စတုတ္ထ အကြီးဆုံးမြို့ များဖြစ်သည့် အိုဒက်ဆာနှင့် ဒန်ပရောမြို့များအပါအဝင် အလားတူ ဆန္ဒပြ မှုများ ဖြစ်ပွားခဲ့သည်။ ပိုလန်နယ်စပ်အနီး လဗိဖ်မြို့နှင့် ရုရှားနှင့် ထိစပ် နေသော အရှေ့ပိုင်း ဆူမီမြို့တို့တွင်လည်း ဆန္ဒပြသူများ စုဝေးခဲ့ ကြသည်။

ဇီလန်စကီးကို မကြာခဏ ဝေဖန်သူ ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုသည် မြို့တော်ရှိ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။ ကလစ်ချ်ကိုက Telegram တွင် ဇီလန်စကီး အစိုးရအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းများကို ဖျက်သိမ်းရန် စစ်ပွဲကို အကြောင်းပြချက်အဖြစ် အသုံးချနေပြီး ယူကရိန်းကို အာဏာရှင်စနစ်ဘက်သို့ တွန်းပို့နေသည်ဟု စွပ်စွဲခဲ့သည်။

ဇီလန်စကီးက ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) တွင် ဗီဒီယိုမိန့်ခွန်းပြောကြားရာ၌ အသစ်ပြဋ္ဌာန်းလိုက်သော ဥပဒေသည် အဂတိလိုက်စားမှု စုံစမ်း စစ်ဆေးရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်နှင့် ရုရှား၏ ဩဇာ လွှမ်းမိုးမှုကို ဖယ်ရှားရန် လိုအပ်သော အဆင့်တစ်ခုဖြစ်ကြောင်း ကာကွယ် ပြောဆိုခဲ့သည်။

ဒုတိယအကြိမ် ရုရှားနှင့်အာဖရိက ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို အီဂျစ်နိုင်ငံတွင် ကျင်းပမည်

ဒုတိယအကြိမ်  ရုရှားနှင့် အာဖရိကဝန်ကြီးများ အဆင့်ဆွေးနွေးပွဲကို အီဂျစ်နိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ဇူလိုင်လ ၂၂ ရက်တွင် ပြောသည်။

ရုရှားနိုင်ငံအနေဖြင့် ဒုတိယအကြိမ်မြောက်  ရုရှား-အာဖရိက ဝန်ကြီးများအဆင့် ဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ကတိကဝတ်ထားရှိပြီး  အာဖရိကဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် မိုဇမ်ဘစ်နိုင်ငံ၏ အကြမ်းဖက် တိုက်ဖျက်ရေးနယ်ပယ်တွင် ကာကွယ်ရေးစွမ်းရည် တိုးတက်စေရန်အတွက် အကူအညီပေးရန် အသင့်ရှိသည်ဟု လက်ရော့က မိုဇမ်ဘစ်နိုင်ငံခြားရေးဝန်ကြီး မာရီယာလူကက်စ်နှင့် အတူပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခြင်းဖြစ်သည်။

မိုဇမ်ဘစ်အစိုးရသည်  ၎င်းတို့နိုင်ငံအတွင်း၌ လုပ်ဆောင်နေသည့် အကြမ်းဖက်တန်ပြန်ရေး နယ်ပယ်တွင် စွမ်းဆောင်ရည်တိုးတက်လာစေရေး အကူအညီပေးအပ်ရန် ရုရှားနိုင်ငံအား အကူအညီ တောင်းခံခဲ့သည်ဟု သိရသည်။

ထို့ကြောင့် အီဂျစ်နိုင်ငံတွင် ကျင်းပမည့်ဒုတိယအကြိမ်မြောက် ရုရှား-အာဖရိက ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် အဆိုပါအရေးကိစ္စနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးဖွယ်ရှိသည်။ ထို့ပြင် မာရီယာလူကက်စ်၏ ဖိတ်ကြားမှုကြောင့် လက်ရော့အနေဖြင့် မိုဇမ်ဘစ်နိုင်ငံသို့ တရားဝင် သွားရောက်လည်ပတ်မည်ဖြစ်သည်။

အာဖရိကဒေသနှင့် ဆက်ဆံရေးမြှင့်တင်ခြင်းသည် ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၏ ဦးစားပေး အစီအစဉ်တစ်ရပ်ဖြစ်ပြီး လက်ရှိဖြစ်ပေါ် ပြောင်းလဲနေသည့် ကမ္ဘာ့ရေးရာ ကိစ္စရပ်များနှင့် အရေးတယူ ဖြေရှင်းရန် လိုအပ်နေသည့် ကိစ္စရပ်များအား ဖြေရှင်းရေးကြိုးပမ်းရာတွင် ရုရှားနှင့် အာဖရိကဒေသတို့က စည်းလုံးညီညွတ်စွာ ချဉ်းကပ်လုပ်ဆောင်လျက်ရှိသည်ဟု ရုရှား သမ္မတ ဗလာဒီမာပူတင်က ယခုနှစ် မေလ ၇ ရက်တွင် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ သမ္မတ ဒန်းနစ်ဆက်ဆူ ငူအက်ဆိုနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

MWD Web Portal
 
ဖိလစ်ပိုင်သမ္မတဟောင်း၏ သမီးက ICC ကို နိုင်ငံ၏ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှုအတွက် ဝေဖန်ပြောဆို

ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏သမီး ဆာရာ ဒူတာတေးက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) အား ၎င်းတို့ နိုင်ငံ ၏ နိုင်ငံရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှု ပြုသည်ဟု ပြင်းပြင်း ထန်ထန် ဝေဖန်ပြောဆိုခဲ့သည်။ သူမက ICC အား အမှုအားလုံးကို ရုပ်သိမ်းပြီး သူမ၏ဖခင်အား လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံက ICC မှ နုတ်ထွက်ပြီး ၆ နှစ်အကြာ ၂၀၂၅ ခုနှစ် မတ်လတွင် ရိုဒရီဂို ဒူတာတေးအား မနီလာ အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် ဖမ်းဆီးခဲ့သည်။ အနောက်နိုင်ငံအချို့၏ အဆိုအရ ဥပဒေမဲ့ သတ်ဖြတ်မှု များ ဖြစ်ပွားခဲ့သည်ဟု ဆိုသည့် မူးယစ်ဆေးဝါးဆန့်ကျင်ရေး စီမံကိန်းနှင့် ဆက်စပ်နေသော လူသားများအပေါ် ရာဇဝတ်မှုများဖြင့် ၎င်းအား သည်ဟိတ် မြို့သို့ အပ်နှံခဲ့သည်။ ဒူတာတေးက အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုကာ ၎င်း၏ဖမ်းဆီးခံရမှုသည် တရားမဝင်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ဖိလစ်ပိုင် ဒုတိယသမ္မတဖြစ်သူ ဆာရာ ဒူတာတေးက စနေနေ့ (ဇူလိုင် ၁၉) တွင် သည်ဟိတ်မြို့၌ ကျင်းပသော 'Free Duterte Now' ပွဲတွင် "ICC က ကျွန်မတို့နိုင်ငံ၏ ကိစ္စတွေမှာ စွက်ဖက်နေပါသည်" ဟု ပြောကြားခဲ့သည်။ "၎င်းတို့မှာ ရည်ရွယ်ချက်များရှိသောကြောင့် ကျွန်မ တို့၏ အုပ်ချုပ်ရေးမှာလည်း စွက်ဖက်နေပါသည်၊ ဖိလစ်ပိုင်လူမျိုးတွေ ဖိလစ်ပိုင်နိုင်ငံကို မည်သို့ အုပ်ချုပ်သင့်သည်ဆိုသည်ကိုလည်း ၎င်းတို့က ဝင်ရောက်စွက်ဖက်နေပါသည်" ဟု သူမက ဆိုသည်။

ICC က ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၁ မှ ၂၀၁၉ ခုနှစ်အထိ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားဆဲကာလအတွင်း ကျူးလွန်ခဲ့သည်ဟု ဆိုသော စွဲချက်များနှင့်ပတ်သက်၍ စီရင်ပိုင်ခွင့်ရှိကြောင်း အတည်ပြု ပြောဆို ခဲ့သည်။

ICC ၏ လုပ်ရပ်ကို ဝေဖန်သူများက ဖိလစ်ပိုင်နိုင်ငံ ICC မှ နုတ်ထွက် ပြီးနောက် စီရင်ပိုင်ခွင့် မရှိဟု ဆိုကာ ဖွံ့ဖြိုးဆဲနိုင်ငံများကို ရွေးချယ် ပစ်မှတ်ထားသည်ဟု စွပ်စွဲကြသည်။ ICC အား စည်းမျဉ်းတူ တရားမျှတမှုထက် အနောက်နိုင်ငံများ၏ အကျိုးစီးပွားကို ဖြည့်ဆည်းပေးသည့် ကိုလိုနီ ဝါဒဆန်သော ဘက်လိုက်မှုရှိသည်ဟု ဝေဖန်မှုများ ရင်ဆိုင်နေရသည်။

ဆာရာ ဒူတာတေးက သူမ၏ သည်ဟိတ်မြို့ပြောစကား၌ ဖခင်အပေါ် အမှုတွင် အဓိကသက်သေများအား စိတ်မတည်မငြိမ်ဖြစ်နေသူများဟု ဝေဖန် ခဲ့ပြီး အဓိကစွပ်စွဲသူ ဆီးနိတ်တာဟောင်း Antonio Trillanes IV အား "စိတ်မနှံ့သူ" (loose bolts) ဟု ရှုတ်ချခဲ့သည်။ သူမက သမ္မတ Ferdinand Marcos Jr. အား "မူးယစ်ဆေးစွဲနေသူ" (drug-addled) ဟုလည်း တံဆိပ် ကပ်ကာ ICC နှင့် ပူးပေါင်းပြီး အတုအယောင် သက်သေများအတွက် ငွေကြေး ထောက်ပံ့သည်ဟု စွပ်စွဲခဲ့သည်။

သူမက "သမ္မတ ဒူတာတေးအမှုကို ပိတ်သိမ်းပြီး ဖိလစ်ပိုင်သို့ ပြန်ခေါ်ရန်" ဟူသော တောင်းဆိုချက်ကို ထပ်လောင်းပြုခဲ့သည်။ ယခင်က RT သို့ ပြောကြားရာတွင် ဆာရာ ဒူတာတေးက အဆိုပါ အမှုသည် နိုင်ငံရေးအရ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး Marcos အား ဝေဖန်သည့် ဆီးနိတ်တာ ကိုယ်စားလှယ်လောင်းများကို ထောက်ခံသည့် သူမ၏ဖခင် ကြိုးပမ်းမှုများကို နှောင့်ယှက်ရန် အချိန်ကိုက်စီစဉ်ထားသည်ဟု ပြောကြားခဲ့သည်။

သီရိလင်္ကာပါလီမန်က ရဲချုပ် Tennakoon ကို စွပ်စွဲချက်များဖြင့် ရာထူးမှ ထုတ်ပယ်ရန် မဲခွဲဆုံးဖြတ်မည်

သီရိလင်္ကာနိုင်ငံ၏ ရဲချုပ် Deshabandu Tennakoon အား "ရာဇဝတ် ကွန်ယက်ဦးဆောင်မှု" အပါအဝင် စွပ်စွဲချက်များကို စုံစမ်း စစ်ဆေးရေး ကော်မရှင်က တွေ့ရှိပြီးနောက် ပါလီမန်က ၎င်းအား ရာထူးမှ ထုတ်ပယ်ရန် မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

ပါလီမန်ဥက္ကဋ္ဌ Jagath Wickaramaratne က ယနေ့ (ဇူလိုင် ၂၂) ကြေညာချက်တွင် အမတ် ၃ ဦးပါဝင်သော ပါလီမန်ကော်မတီက သီရိလင်္ကာရဲချုပ် Tennakoon အား ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်များဖြင့် အပြစ်ရှိကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ကော်မတီ၏ မှတ်ချက်အရ အမတ် ၂၂၅ ဦးပါဝင်သော သီရိလင်္ကာ ပါလီမန်က Tennakoon အား ရာထူးမှ ထုတ်ပယ်ရန် မဲခွဲဆုံးဖြတ်မည် ဖြစ်ပြီး မဲအရေအတွက်အရ ၎င်းအား ရာထူးမှ ထုတ်ပယ်ခြင်း ဖြစ်နိုင်ခြေ များသည်။

အရည်အချင်းမပြည့်မီမှုများကြောင့် ဝေဖန်ခံနေရသည့် ရဲတပ်ဖွဲ့ဝင် ၈၅,ဝဝဝ ဦးကို ကွပ်ကဲသူ Tennakoon သည် သီရိလင်္ကာသမိုင်းတွင် ပထမဆုံးအကြိမ် ရာထူးမှ ထုတ်ပယ်ခံရမည့် ရဲချုပ် ဖြစ်လာမည် ဖြစ်သည်။ "နိုင်ငံသမိုင်းတစ်လျှောက်မှာ ရဲချုပ် တစ်ဦးကို ရာထူးမှ ထုတ်ပယ်ရန် ကော်မရှင်က အကြံပြုခြင်းသည် ယခုအကြိမ်က ပထမဆုံးအကြိမ်ဖြစ်ပါသည်" ဟု ဥက္ကဋ္ဌ Wickaramaratne က ပြောကြား ခဲ့သည်။

၂၀၂၃ နှစ်ကုန်ပိုင်းတွင် သီရိလင်္ကာသမ္မတ Ranil Wickremesinghe က Tennakoon အား ရဲချုပ် အဖြစ် ခန့်အပ်ခဲ့ပြီး သံသယရှိသူ တစ်ဦးအား ညှင်းပန်းမှုတွင် ၎င်းပါဝင်ခဲ့သည့် အငြင်းပွားဖွယ်ရာ ဖြစ်စဉ် ကြောင့် ကနဦးကတည်းက ဝေဖန်မှုများ ရှိခဲ့သည်။ ထိုစဉ်က သီရိလင်္ကာ တရားရုံးချုပ်က Tennakoon အား နစ်နာကြေး အမေရိကန်ဒေါ်လာ ၁,၆၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သော်လည်း အစိုးရက တရားရုံး၏ အမိန့်ကို လျစ်လျူရှုခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်တွင် သီရိလင်္ကာတရားရုံးချုပ်က Tennakoon ၏ ခန့်အပ်မှုလုပ်ငန်းစဉ်အား စုံစမ်းစစ်ဆေးနေစဉ် ရာထူးမှ ယာယီ ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

ဖေဖော်ဝါရီတွင် Anura Kumara Dissanayake သမ္မတအဖြစ် တာဝန်ယူ ပြီးနောက်၊ သီရိလင်္ကာတရားရုံးက Tennakoon အား ၂၀၂၃ ခုနှစ်က ဝေလီဂမာ ကမ်းခြေမြို့ရှိ ဟိုတယ်တစ်ခုသို့ မူးယစ်ဆေးစစ်ဆေးရေး အကြောင်းပြချက်ဖြင့် တရားမဝင် ဝင်ရောက်စီးနင်းမှု ညွှန်ကြားခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ခဲ့သည်။

ထိုစီးနင်းမှုတွင် ဝေလီဂမာရှိ ရဲနှင့် တပ်ဖွဲ့ဝင်များအား အသိပေးခြင်း မရှိဘဲ လုပ်ဆောင်ခဲ့သဖြင့် Tennakoon ၏ တပ်ဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပွားကာ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး အခြားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သို့သော် နောက်ပိုင်းစစ်ဆေးမှုတွင် ဟိုတယ်အတွင်း မူးယစ်ဆေးဝါး လုံးဝမတွေ့ရှိခဲ့ပေ။

တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်ပြီးနောက် Tennakoon ထွက်ပြေးခဲ့သည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက "အထူးတပ်ဖွဲ့များ စေလွှတ်ရှာဖွေ သော်လည်း ရဲချုပ်အား မတွေ့ရှိရပါ" ဟု ထုတ်ဖော် ပြောဆိုကာ ပြည်သူများထံ အကူအညီတောင်းခဲ့ရသည်။ နောက်ဆုံးတွင် မတ် ၁၉ ရက်နေ့၌ Tennakoon ကိုယ်တိုင် လာရောက်အဖမ်းခံခဲ့ပြီး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အီရန်နိုင်ငံသည် အစ္စရေးကို မြေပုံပေါ်မှဖယ်ရှားရန် မည်သည့် အချိန်ကမျှ လုပ်ဆောင်ခဲ့ခြင်းမရှိပါဟု နိုင်ငံခြားရေးဝန်ကြီးပြော

အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အီရန်သည် အစ္စရေးကို ဖျက်ဆီးရန် ရည်ရွယ်ချက်မရှိကြောင်း ငြင်းဆိုခဲ့သည်။ ဒေသတွင်း ပြိုင်ဘက် နှစ်နိုင်ငံအကြား ပဋိပက္ခဖြစ်ပွားပြီး တစ်လအကြာတွင် ၎င်းက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"အီရန်၏ မူဝါဒသည် အစ္စရေးကို မြေပုံပေါ်မှ ဖယ်ရှားရန် မည်သည့်အချိန်အခါကမျှ လုပ်ဆောင်ခြင်းမရှိခဲ့ပါ" ဟု အာရက်ချီက Fox News တွင် တနင်္လာနေ့ (ဇူလိုင် ၂) ထုတ်လွှင့်ခဲ့သော အင်တာဗျူးတစ်ခု၌ ပြောကြား ခဲ့သည်။

သို့သော် တီဟီရန်သည် ပါလက်စတိုင်းထောက်ခံသော လက်နက်ကိုင်အဖွဲ့များကို ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ "ဟားမက်၊ ဟဇ်ဘိုလာနှင့် ဟူသီတို့သည် တရားမျှတသောရည်ရွယ်ချက်အတွက် တိုက်ပွဲဝင်နေသည်ဟု မိမိတို့ယုံကြည်ပါသည်။ မိမိတို့အနေဖြင့် ၎င်းတို့ကို နိုင်ငံရေးနှင့် အခြားနည်းလမ်းများဖြင့် အမြဲ ထောက်ခံခဲ့ပါသည်" ဟု အီရန်သံတမန်က ဆိုသည်။ အမေရိကန်မှထောက်ပံ့သော လက်နက်များသည် အစ္စရေးက ပါလက်စတိုင်းနှင့် အခြား နေရာများတွင် လူများကိုသတ်ဖြတ်ရန် အထောက်အကူဖြစ်စေကြောင်း ၎င်းက ဝေဖန်ခဲ့သည်။

ထို့အပြင် အီရန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို လုပ်ကြံရန် စီစဉ်ခဲ့သည်ဟူသော စွပ်စွဲချက်ကိုလည်း အာရက်ချီက ငြင်းဆိုခဲ့ပြီး "အမေရိကန်ကျရှုံးပါစေ" ဆိုသည့် အီရန်တွင် လူကြိုက်များသော ဆောင်ပုဒ် သည် "အမေရိကန်၏ ဩဇာလွှမ်းမိုးရေးမူဝါဒများကို ရည်ညွှန်းပြီး အမေရိကန်ပြည်သူများကို မဟုတ်ကြောင်း" ရှင်းလင်းခဲ့သည်။ အီရန်ရှိ အစွန်းရောက်အုပ်စုများနှင့် တရားဝင်ရပ်တည်ချက်ကို ရောထွေး မှတ်ယူ ခြင်းမပြုရန် လေ့လာသူများအား ၎င်းက တိုက်တွန်းခဲ့သည်။

အီရန်နိုင်ငံသည် အမေရိကန်နှင့် သံတမန်ဆက်ဆံရေး မရှိသကဲ့သို့ အစ္စရေးနိုင်ငံကိုလည်း တရားမဝင်သော အဖွဲ့အစည်းအဖြစ် မှတ်ယူထားသည်။ "အဆိုပါရန်လိုသော နယ်မြေသိမ်းပိုက်သည့် ဇီယွန်ဝါဒီ အစိုးရသည် အလ္လာဟ်အလိုရှိပါက တစ်နေ့တွင်ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ် သွားမည်မှာ အနာဂတ်၏ အမှန်တရားတစ်ခုဖြစ်သည်" ဟု အီရန် အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ က ၂၀၂၃ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ၎င်း၏ X အကောင့်တွင် ရေးသားခဲ့သည်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အဆိုပါ ကြေညာချက်ကို အမျိုးသား ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ကာ ယခင်လက အီရန်နှင့် ၁၂ ရက်ကြာ စစ်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုများ စတင်ရန် အမိန့်ပေးခဲ့သည်။

အာရက်ချီက အီရန်သည် နျူကလီးယားလက်နက်များ မလိုလားကြောင်း ထပ်လောင်းအတည်ပြုခဲ့ပြီး အမေရိကန်နှင့် သွယ်ဝိုက်သော ဆွေးနွေးပွဲ များ ပြန်လည်စတင်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အီရန်သည် အရပ်ဘက်စွမ်းအင်အသုံးချမှုအတွက် ယူရေနီယမ် ထပ်တိုး သန့်စင်ခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားကာ ၎င်းကို အမျိုးသားရေးကိစ္စရပ်တစ်ခုအဖြစ် ရည်ညွှန်းခဲ့သည်။

Trump ၏ အဖွဲ့က Netanyahu ကို အရူးတစ်ဦး အဖြစ် ရှုမြင်နေသည်ဟု Axios ကဖော်ပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အရှေ့အလယ်ပိုင်းတွင် ဝါရှင်တန်၏ သံတမန် ရေးရာ ကြိုးပမ်းမှုများကို နှောင့်ယှက်နေသည့် "အရူး" တစ်ဦးအဖြစ် ပိုမိုရှုမြင်လာကြောင်း Axios သတင်းဌာနက ဖော်ပြခဲ့သည်။ 

အစ္စရေးသည် လွန်ခဲ့သောသီတင်းပတ်က ဆီးရီးယားတောင်ပိုင်းရှိ ဒရူးဇ်နှင့် ဘက်ဒူအင်လူမျိုးစုများအကြား သွေးထွက်သံယိုတိုက်ပွဲများကို တုံ့ပြန်သည့်အနေဖြင့် ဒမတ်စကပ်ရှိ ဆီးရီးယားအစိုးရတပ်များနှင့် စစ်ဌာနချုပ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စနေနေ့(ဇူလိုင် ၁၉) တွင် ကြေညာခဲ့သော စစ်ရပ်စဲရေးသည် အောင်မြင်စွာ ထိန်းသိမ်း ထားနိုင်သည်ဟု ဆိုသည်။ 

"ဆူဝေးဒါပြည်နယ်တွင် သွေးချောင်းစီးမှုများ ရက်အတန်ကြာ ဖြစ်ပွား ပြီးနောက် ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့များကို မြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသများသို့ ချထားပြီးနောက် အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည်" ဟု ဆီးရီးယားပြည်ထဲရေးဝန်ကြီး Anas Khattab က X (Twitter) တွင် ရေးသားခဲ့သည်။ 

စစ်ရပ်စဲထားသော်လည်း အမေရိကန်အရာရှိများသည် နေတန်ယာဟု၏ လုပ်ရပ်များနှင့် မူဝါဒများကို "သိသိသာသာ ပိုမိုစိုးရိမ်လာ" ကြောင်း Axios က တနင်္ဂနွေနေ့ (ဇူလိုင် ၂၀) တွင် အရင်းအမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။ 

"ဘီဘီ (နေတန်ယာဟု) သည် “အရူး” ကဲ့သို့ ပြုမူနေပါသည်။ ၎င်းက အချိန်တိုင်း အရာရာကို ဗုံးကြဲနေပါသည်" ဟု အမေရိကန် အိမ်ဖြူတော်     အရာရှိတစ်ဦးက Axios သတင်းဌာနအား ပြောကြားခဲ့သည်။ "အဆိုပါ အပြုအမူများသည် ထရမ့်ကြိုးစားနေသည့် လုပ်ငန်းစဉ်များကို ထိခိုက် စေနိုင်ပါသည်" ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။ 

"သမ္မတထရမ့်သည် ငြိမ်းချမ်းရေးယူရန် ကြိုးပမ်းနေသည့် နိုင်ငံတစ်ခုတွင် ဗုံးခွဲမှုများကို ရုပ်မြင်သံကြားမှာ မြင်ရသည်ကို မကြိုက်ပါ။ အထူးသဖြင့် ပြန်လည်တည်ဆောက်ရေးအတွက် အရေးပါသည့် ကြေညာချက်များထုတ်ပြန်ထားသည့်နေရာမှာပေါ့" ဟု အဆိုပါအရာရှိက ဆက်လက် ရှင်းပြခဲ့သည်။ 

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က ထရမ့်သည် ဆီးရီးယားတွင် အစ္စရေး၏တိုက်ခိုက်မှုနှင့် ဂါဇာရှိ တစ်ခုတည်းသောကက်သလစ်ဘုရားကျောင်း (Holy Family Church) ကို မကြာသေးမီက တိုက်ခိုက်မှုတို့ကြောင့် မျှော်လင့်မထားမိဘဲ ရုတ်တရက်အံ့အားသင့်ခဲ့ ရကြောင်း အတည်ပြုပြောကြားခဲ့သည်။ "အဆိုပါ အခြေအနေ နှစ်ရပ်စလုံး အတွက် သမ္မတထရမ့်က နေတန်ယာဟုကို ချက်ချင်းဖုန်းဆက်ပြီး ပြန်လည် ပြင်ဆင်ရန် တောင်းဆိုခဲ့ပါသည်" ဟု Leavitt က ပြောကြားခဲ့သည်။ 

နေတန်ယာဟု၏ရုံးက Holy Family Church ကို တိုက်ခိုက်မှုအတွက် "လွန်စွာ နောင်တမိရပါသည်" ဟု ကြေညာကာ သေဆုံးသူ ၃ ဦး အပါ အဝင် အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမည်ဟု ကတိပြုခဲ့သည်။ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ကမူ ဆီးရီးယားရှိ ဒရူးဇ်လူမျိုးများကို အကြမ်းဖက်မှုမှ ကာကွယ်ရန် ယင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ 

G7 နိုင်ငံများက ယူကရိန်း၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာန အပေါ် ဖိနှိပ်မှုများနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်နေကြောင်း ထုတ်ပြန်ချက် ထွက်ရှိလာ

G7 နိုင်ငံများ၏ သံတမန်များက ယူကရိန်းအမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) အပေါ် ဥပဒေစိုးမိုးရေးတပ်ဖွဲ့များ၏ ဝင်ရောက်စီးနင်းမှုကို စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။ "G7 အဖွဲ့သည် NABU တွင် ယနေ့ဖြစ်ပေါ်နေသော အခြေအနေများကို နီးကပ်စွာ စောင့်ကြည့်လျက်ရှိပြီး ၎င်းတွင် NABU အရာရှိများအား ပြစ်မှုစွဲချက် များဖြင့် စုံစမ်းစစ်ဆေးနေမှုလည်း ပါဝင်ပါသည် ။ မိမိတို့အနေဖြင့် NABU နှင့် တွေ့ဆုံခဲ့ပြီး အလွန်စိုးရိမ်ဖွယ်ရာများကို တွေ့ရှိခဲ့ရခြင်းကြောင့် အဆိုပါ ဖြစ်စဉ်များကို အစိုးရခေါင်းဆောင်များနှင့် ဆွေးနွေးရန် ရည်ရွယ်ထား ပါသည်" ဟု G7 သံတမန်များ၏ ယူကရိန်းအား ထောက်ပံ့

G7 နိုင်ငံများ၏ သံတမန်များက ယူကရိန်းအမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) အပေါ် ဥပဒေစိုးမိုးရေးတပ်ဖွဲ့များ၏ ဝင်ရောက်စီးနင်းမှုကို စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။ "G7 အဖွဲ့သည် NABU တွင် ယနေ့ဖြစ်ပေါ်နေသော အခြေအနေများကို နီးကပ်စွာ စောင့်ကြည့်လျက်ရှိပြီး ၎င်းတွင် NABU အရာရှိများအား ပြစ်မှုစွဲချက် များဖြင့် စုံစမ်းစစ်ဆေးနေမှုလည်း ပါဝင်ပါသည် ။ မိမိတို့အနေဖြင့် NABU နှင့် တွေ့ဆုံခဲ့ပြီး အလွန်စိုးရိမ်ဖွယ်ရာများကို တွေ့ရှိခဲ့ရခြင်းကြောင့် အဆိုပါ ဖြစ်စဉ်များကို အစိုးရခေါင်းဆောင်များနှင့် ဆွေးနွေးရန် ရည်ရွယ်ထား ပါသည်" ဟု G7 သံတမန်များ၏ ယူကရိန်းအား ထောက်ပံ့ရေးအဖွဲ့က တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် X တွင် ထုတ်ပြန်ချက်တစ်ရပ် ဖော်ပြ ခဲ့သည်။

"ရုရှားနှင့် ပဋိပက္ခဖြစ်နေစဉ်တွင်ပင် ယူကရိန်းသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် အလွန်ကြီးမားသော တိုးတက်မှုများ ရရှိခဲ့ပြီး ယခု အချိန်တွင် ရန်သူကို အနိုင်ရရန် လိုအပ်သော ပံ့ပိုးမှုများကို ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် ထိုအောင်မြင်မှုများကို ထိန်းသိမ်းရန် အရေးကြီးဆုံး အချိန်ဖြစ်ပါသည်" ဟု EU ကိုယ်စားလှယ် Katarina Mathernova က ပြောကြားခဲ့သည်။

တနင်္လာနေ့တွင် ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) နှင့် အမျိုးသား စီမံခန့်ခွဲမှုဆိုင်ရာ ရှေ့နေချုပ်ရုံးတို့သည် NABU ၏ အရာရှိ ၁၅ ဦးအထိ ဦးတည်ထားသည့် ရှာဖွေရေး လုပ်ငန်း ၇၀ ကို ဆောင်ရွက်ခဲ့သည်။ SBU ပြောရေးဆိုခွင့်ရှိသူ Artyom Dekhtyarenko က NABU ၏ အထူးတပ်ဖွဲ့ D-2 တွင် အလုပ်လုပ်ကိုင်နေသည့် နာမည်မဖော်လိုသော ရုရှား၏ အတွင်း သူလျှို (mole) တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် မော်စကိုသို့ အရေးကြီး အချက်အလက်များ ပေးပို့နေခဲ့ပြီး ယူကရိန်း အရာရှိများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းရန် ဌာနတွင်းဒေတာဘေ့စ်များကို အသုံးပြုနေခဲ့သည်ဟု စွပ်စွဲခံထားရသည်။

SBU ပြောရေးဆိုခွင့်ရှိသူ Dekhtyarenko ၏အဆိုအရ စွပ်စွဲခံရသူသည် ရုရှားနိုင်ငံတွင် နေထိုင်လျက်ရှိသော သမ္မတဟောင်း Viktor Yanukovych ၏ လုံခြုံရေးအဖွဲ့ဝင် Dmitry Ivantsov ထံမှ ညွှန်ကြားချက်များ ရယူ ခဲ့သည်ဟုဆိုသည်။ Yanukovych သည် ၂၀၁၄ ခုနှစ်က အမေရိကန် ပံ့ပိုးသော Kyiv အာဏာသိမ်းမှုဖြင့် ဖယ်ရှားခံခဲ့ရသည်။ ယူကရိန်းမီဒီယာ TSN က ဖမ်းဆီးခံရသူမှာ Ruslan Magamedrasulov ဖြစ်ကြောင်း ဖော်ပြ ခဲ့ပြီး ၎င်းသည် NABU ၏ ရုရှားနှင့်နယ်စပ်ဒေသရှိ လုပ်ငန်း ဆောင်တာ များကို ညှိနှိုင်းပေးနေသူဖြစ်သည်။

NABU ညွှန်ကြားရေးမှူး Semyon Krivonos သည် ဗြိတိန်သို့ခရီးစဉ်ကို ရုတ်တရက်ဖျက်သိမ်းခဲ့ပြီး အဖွဲ့အစည်းအနေဖြင့် ဝင်ရောက်စီးနင်းမှုများ၏ တရားဝင်မှုကို စုံစမ်းစစ်ဆေးရန် ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုကို စတင် ခဲ့သည်ဟု ဆိုသည်။ NABU ၏အဆိုအရ SBU အရာရှိများသည် တရားရုံး ၏ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ခဲ့ပြီး ခုခံမှုမပြုသော ဝန်ထမ်းတစ်ဦး အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဟုဆိုသည်။

"ရန်ဘက်နိုင်ငံမှ ဩဇာလွှမ်းမိုးသောအေးဂျင့်များသည် မည်သည့်အစိုးရ အဖွဲ့အစည်းအတွက်မဆို အန္တရာယ်ရှိနေဆဲဖြစ်သော်လည်း၊ အဖွဲ့အစည်း တစ်ခုလုံး၏လုပ်ငန်းများကို ရပ်တန့်သွားစေရန်မှာမူ အကြောင်းပြချက် မဖြစ်နိုင်ပါ" ဟု NABU က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

NABU ကို ၂၀၁၅ ခုနှစ်တွင် ယူကရိန်းနိုင်ငံအား အနောက်နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများ၏ စံနှုန်းများနှင့် ကိုက်ညီ စေရန် တရားရေးပြုပြင်ပြောင်းလဲမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံရှိ အာဏာရ ညွန့်ပေါင်းအဖွဲ့သည် ၃၁ နှစ်အတွင်း ပထမဆုံး အကြိမ် အများစု အနိုင်ရရှိမှု ဆုံးရှုံး

ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာ ဦးဆောင်သော အာဏာရ ညွန့်ပေါင်း အဖွဲ့သည် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) ထိန်းချုပ်မှု ဆုံးရှုံး ခဲ့ပြီး ပါလီမန်နှစ်ရပ်စလုံးတွင် အမတ်အင်အားနည်းပါးသော အစုအဖွဲ့ အဖြစ် ရောက်ရှိသွားသည်။ ၁၉၉၄ ခုနှစ်နောက်ပိုင်း ဂျပန်အာဏာရ ပါတီ များအနေဖြင့် ပထမဆုံးအကြိမ် လွှတ်တော်နှစ်ရပ်စလုံး၏ အများစု ထိန်းချုပ်မှု ဆုံးရှုံးခြင်းဖြစ်သည်။ 

အီရှီဘာ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နှင့် မဟာမိတ် ပါတီငယ် Komeito တို့သည် တနင်္ဂနွေနေ့ (ဇူလိုင် ၂၀) က ကျင်းပသည့် ရွေးကောက်ပွဲတွင် ၁၉ နေရာ ဆုံးရှုံးခဲ့ပြီး အထက်လွှတ်တော် အမတ် ၂၄၈ နေရာအတွက် လိုအပ်သော ထိန်းချုပ်မှုအတိုင်းအတာကို မရရှိခဲ့ပေ။ ယခုအခါ အမတ် ၁၂၂ နေရာသာရှိပြီး အများစုရရှိရန် အမတ် ၃ နေရာ လိုအပ် နေသည်။

အာဏာရညွန့်ပေါင်းအဖွဲ့သည် ယခုနှစ်အစောပိုင်းကတည်းက ပါတီအတွင်း အဂတိလိုက်စားမှုဖြစ်စဉ်ကြောင့် အီရှီဘာက အောက်လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲ ကြေညာခဲ့ပြီးနောက် အောက်လွှတ်တော် ထိန်းချုပ်မှု ပါ ဆုံးရှုံးခဲ့သဖြင့် ကြီးမားသော ထိခိုက်မှုကို ကြုံတွေ့ခဲ့ရသည်။

အဓိကအတိုက်အခံပါတီဖြစ်သော Constitutional Democratic Party of Japan (CDPJ) သည် ၎င်း၏ အမတ်နေရာ ၂၂ နေရာကို ထိန်းသိမ်းထား နိုင်ခဲ့သည်။ အတိုက်အခံဘက်မှ အကြီးမားဆုံးတိုးတက်မှုမှာ မျိုးချစ် လက်ယာယိမ်းဝါဒီများ ပါဝင်သည့် Democratic Party for the People (DPP) နှင့် အစွန်းရောက် လူထုသဘောထားတူညီမှုကို အခြေခံသော Sanseito တို့ဖြစ်ပြီး တစ်ပါတီလျှင် ၁၃ နေရာစီ အနိုင်ရခဲ့သည်။

DPP ပါတီသည် ဂျပန်၏ မြင့်တက်လာသော ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချရန် အခွန်ကောက်ခံမှုအား ကန့်သတ်ရေး သဘောတရားဖြင့် လူထုထောက်ခံမှု ရရှိလာခဲ့သည်။ အစွန်းရောက် Sanseito ပါတီကမူ "ဂျပန်နိုင်ငံသားများကို ဦးစားပေး" ဟူသော ဆောင်ပုဒ်ဖြင့် နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်မှုကို ပိုမိုတင်းကျပ်ရန် တိုက်တွန်းလှုပ်ရှားခဲ့သည်။ ယခုအခါ ထိုပါတီနှစ်ခုသည် အသီးသီး အမတ်နေရာ ၁၇ နေရာ နှင့် ၁၄ နေရာကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

ဝန်ကြီးချုပ် အီရှီဘာသည် ၎င်း၏ပါတီအတွင်းမှ နုတ်ထွက်ရန် ဖိအား ပေးမှုများရှိသော်လည်း ရာထူးတာဝန်ဆက်လက်ထမ်းဆောင်မည်ဟုကတိပြုကာ အဆိုပါအခြေအနေအား "နိုင်ငံတော် အရေးပေါ် အခြေအနေ" ဟု သတ်မှတ်ခဲ့သည်။ တနင်္လာနေ့ (ဇူလိုင် ၂၁) သတင်းစာ ရှင်းလင်းပွဲ တွင် ၎င်းသည် စျေးနှုန်းမြင့်တက်မှုကို ကာကွယ်ရန် လုပ်ခလစာ တိုးမြှင့် ရေးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တိုက်ရိုက်ဆက်သွယ်၍ ကုန်သွယ်ရေးသဘောတူညီချက် ညှိနှိုင်းရန် ကတိပြုခဲ့သည်။

အဆိုပါအရေးနိမ့်မှုသည် ဂျပန်နိုင်ငံအတွက် ငွေကြေးဖောင်းပွမှု နှင့် သြဂုတ် လ ၁ ရက်မှစတင်၍ အမေရိကန်က ဂျပန်ကုန်ပစ္စည်းများအပေါ် ၂၅% အကောက်ခွန်စနစ် စတင်မည့် ခြိမ်းခြောက်မှု ကြားတွင် ကြုံတွေ့ နေရသည့် အခက်အခဲအချိန်နှင့် တိုက်ဆိုင်နေသည်။

ထိုင်ဝမ်နှင့် ပတ်သက်သည့် အလားအလာရှိသော ပဋိပက္ခများတွင် တရုတ်ကို ဆန့်ကျင်သည့် ရပ်တည်ချက်ပေးရန် တိုကျိုကို ဝါရှင်တန်က ဖိအားပေးနေသည်ဟုလည်း သိရှိရသည်။

ဇီလန်စကီးက ရုရှား-ယူကရိန်း ထပ်မံကျင်းပမည့် ဆွေးနွေးပွဲ ရက်စွဲကို ကြေညာ

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက ရုရှားနှင့် ယူကရိန်းအကြား နောက်ထပ်တစ်ကြိမ် တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) တွင် တူရကီ၌ ကျင်းပမည်ဟု တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် Telegram မှ ရုပ်သံဖိုင်ဖြင့် ကြေညာခဲ့သည်။

မော်စကိုနှင့် ကိယက်ဗ်တို့သည် ယခုနှစ်အတွင်း အစ္စတန်ဘူလ်တွင် တိုက်ရိုက် ဆွေးနွေးပွဲနှစ်ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သည့်လ က ကျင်းပခဲ့သောအစည်းအဝေးတွင် နှစ်ဖက်စလုံးသည် ပဋိပက္ခကို အဆုံးသတ် ရန် လမ်းညွှန်ချက်များပါဝင်သည့် အဆိုပြုစာတမ်းမူကြမ်းများကို ဖလှယ် ခဲ့ပြီး စစ်သုံ့ပန်းလဲလှယ်ရေးအစီအစဉ်အသစ်နှင့် ပတ်သက်၍လည်း သဘော တူညီမှုရရှိခဲ့သည်။

ဇီလန်စကီး၏ပြောကြားချက်အရ ယခင်ဆွေးနွေးပွဲများတွင် ကိယက်ဗ်၏ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည့် ယူကရိန်းအမျိုးသား လုံခြုံရေး နှင့် ကာကွယ်ရေးကောင်စီအတွင်းရေးမှူး Rustem Umerov က နောက် တစ်ကြိမ်အစည်းအဝေးကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) တွင် ပြုလုပ်မည်ဟု သတ်မှတ်ခဲ့သည်ဟု သိရှိရသည်။

ဇီလန်စကီးက ယခင်သီတင်းပတ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ရပ်တွင် ကိယက်ဗ်၏ နောက်ထပ်ဆွေးနွေးပွဲအတွက် လုပ်ငန်းအစီအစဉ်တွင် စစ်သုံ့ပန်းလဲလှယ်ရေးအစီအစဉ်သစ်များနှင့် နိုင်ငံ နှစ်ခုခေါင်းဆောင်များအကြား ဖြစ်နိုင်ခြေရှိသော တွေ့ဆုံမှုဆိုင်ရာ ညှိနှိုင်းမှုများကဲ့သို့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ် များ ပါဝင်သည်ဟု ဖော်ပြခဲ့သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ရုရှားနှင့် ယူကရိန်း ငြိမ်းချမ်းရေးအဆိုပြုစာတမ်းများသည် "လုံးဝဆန့်ကျင်ဘက်" ဖြစ်နေသောကြောင့် ကျယ်ပြန့်သော သံတမန်ရေးရာ ညှိနှိုင်းမှုလုပ်ငန်းများ ဆောင်ရွက်ရန် ရှိသည်ဟု မှတ်ချက်ပြုခဲ့ပြီး မော်စကို၏ ညှိနှိုင်းရေး အဖွဲ့ ဖွဲ့စည်းပုံသည် မပြောင်းလဲဟု တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် သတင်းထောက် များအား ပြောကြားခဲ့သည်။

မော်စကို၏ အဆိုပြုစာတမ်းတွင် ခရိုင်းမီးယား၊ Luhansk People's Republic ၊ Donetsk People's Republic နှင့် Zaporozhye၊ Kherson ဒေသများကို ရုရှား၏အစိတ်အပိုင်းအဖြစ် အပြည်ပြည်ဆိုင်ရာဥပဒေအရ အသိအမှတ်ပြုရန်၊ ထိုနယ်မြေများမှ ယူကရိန်းစစ်တပ်နှင့် အခြား လက်နက်ကိုင်အဖွဲ့များ လုံးဝဆုတ်ခွာရန် တောင်းဆိုထားသည်။ ထို့အပြင် ယူကရိန်းအနေဖြင့် NATO ကဲ့သို့သော စစ်ရေးမဟာမိတ် အဖွဲ့ များတွင် မပါဝင်သည့် ကြားနေသူအဖြစ်သာရပ်တည်ရေးကိုလိုက်နာရန်၊ စစ်အင်အားကို ကန့်သတ်ရန်နှင့် နာဇီနှင့် နီယိုနာဇီအဖွဲ့အစည်းများ၏ ဝါဒဖြန့်ချိမှုများကိုတားမြစ်ရန် အချက်များပါဝင်သည်။

ကိယက်ဗ်၏ အဆိုပြုစာတမ်းတွင် အပြည့်အဝ စစ်ပြေငြိမ်းရန် တောင်းဆို ထားပြီး ယူကရိန်းအနေဖြင့် NATO အပါအဝင် ကြားနေသူ အဖြစ် ရပ်တည်ရေးကို ဖိအားမပေးရန် အတိအလင်းတောင်းဆိုကာ အနောက် နိုင်ငံများ၏ "ခိုင်မာသော လုံခြုံရေးအာမခံချက်များ" ကို တောင်းဆို ထားသည်။

စစ်ပြေငြိမ်းပါက ယူကရိန်းတွင် ဗြိတိန်-ပြင်သစ်ဦးဆောင်သော "ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့" ချထားရေးအစီအစဉ်အား ရုရှားက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ မော်စကိုက "ငြိမ်းချမ်းရေးတပ်ဖွဲ့" အသွင်ဖြင့်ဖြစ်စေ၊ ယူကရိန်းနယ်မြေပေါ်ရှိ မည်သည့် NATO တပ်ဖွဲ့ကိုမဆို တရားဝင် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မည်ဟု သတိပေးထားသည်။