ဥရောပသမဂ္ဂ (EU) က ရုရှားကို ဒဏ်ခတ်အရေးယူမှုအသစ်တစ်ရပ် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း EU ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Kaja Kallas က အင်္ဂါနေ့ (ဇူလိုင် ၁၅) တွင် ပြောကြား ခဲ့သည်။ သူမက အဆိုပါဒဏ်ခတ်မှုများကို လာမည့်သီတင်းပတ်အတွင်း အတည်ပြုနိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။ Kallas ၏ ပြောကြားချက်အရ ယင်းဒဏ်ခတ်မှုအစီအစဉ်ကို EU ၏ နိုင်ငံခြားရေး ကောင်စီ အစည်းအဝေးတွင် ဆွေးနွေးခဲ့သော်လည်း ဆလိုဗက်ကီးယား က ကန့်ကွက်ထားဆဲဖြစ်ပြီး ဒဏ်ခတ်မှုအစီအစဉ် အတည်ပြုရန် အဖွဲ့ဝင် ၂၇ နိုင်ငံလုံး၏ သဘောတူညီချက် လိုအပ်နေသည်။

ဆလိုဗက်ကီးယားသည် RePowerEU အစီအစဉ်နှင့်ပတ်သက်သည့် ၎င်းတို့၏အငြင်းပွားမှုများကို ဦးစွာဖြေရှင်းရန် တောင်းဆိုလျက်ဒဏ်ခတ်မှု အစီအစဉ်ကို အကြိမ်ကြိမ်ဟန့်တားနေခဲ့သည်။ ဟန်ဂေရီ၊ ဩစတြီးယားနှင့် အီတလီတို့ကလည်း ၂၀၂၈ ခုနှစ်မတိုင်မီ ရုရှား စွမ်းအင် တင်သွင်းမှုကို အပြီးအပိုင်ဖြတ်တောက်ရန် ရည်ရွယ်သည့် အဆိုပါ အစီအစဉ်ကို ကန့်ကွက်နေကြသည်။
ဆလိုဗက်ကီးယားဝန်ကြီးချုပ် Robert Fico က တနင်္လာနေ့ (ဇူလိုင် ၁၄) တွင် ယင်းအဆိုပြုချက်ကို အပြင်းအထန်ဝေဖန်ကာ အဆိုပါ ဆုံးဖြတ်ချက် သည် ၎င်း၏နိုင်ငံနှင့် EU တစ်ခုလုံးကို ပြင်းထန်စွာ ထိခိုက်စေမည်ဟု ငြင်းဆို ခဲ့သည်။
ဆလိုဗက်ကီးယားဝန်ကြီးချုပ်သည် EU ၏ ၁၈ ကြိမ်မြောက် ဒဏ်ခတ်မှု အစီအစဉ်ကို ထောက်ခံရန် တောင်းဆိုထားသည့် ချက်သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ် Petr Fiala ၏ အကြံပြုချက်ကိုလည်း လစ်လျူရှုခဲ့သည်။ Fico က “၂၀၂၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နောက်ပိုင်းတွင် ဆလိုဗက်ကီးယားအနေဖြင့် သင့်တင့်သောစျေးနှုန်းဖြင့် ဓာတ်ငွေ့ထောက်ပံ့မှု လုံလောက်စွာ ရရှိမည်ဆိုသည့် အာမခံချက်များ” မရမချင်း လက်လျှော့မည်မဟုတ်ဟု ပြောကြားခဲ့သည်။
ရုရှားဓာတ်ငွေ့အား EU က တိုက်ရိုက်တားမြစ်ပိတ်ပင်ခြင်း မရှိသော် လည်း အဖွဲ့ဝင်နိုင်ငံအများစုသည် တင်သွင်းမှုများကို လျှော့ချခဲ့ကြသည်။ သို့ရာတွင် ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ဩစတြီးယားနှင့် ချက်သမ္မတ နိုင်ငံတို့အပါအဝင် ကုန်းတွင်းပိတ်နိုင်ငံအချို့သည် ခြွင်းချက်အနေဖြင့် ကန့်သတ်ထားသော ပမာဏများကိုသာ မှီခိုနေရဆဲဖြစ်ပြီး ဘရာတီ ဆလာဗာနှင့် ဘူဒါပက်တို့သည်လည်း ရုရှားမှ ရေနံကို အမှီပြုနေရဆဲ ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တရုတ်သမ္မတရှီကျင့်ဖျင်သည် ရှန်ဟိုင်းပူးပေါင်းရေးအဖွဲ့ (Shanghai Cooperation Organization - SCO) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကို ပေကျင်းမြို့တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံ Tianjin မြို့တော်၌ ကျင်းပမည့် SCO နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ရန် ဇူလိုင်လ ၁၃ ရက်ကတည်း တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပါသည်။

၎င်း၏ ခရီးစဉ်အတွင်း မကြာမီ ရှန်ဟိုင်းပူးပေါင်းရေး အဖွဲ့ ထိပ်သီး ညီလာခံ တက်ရောက်ရန်နှင့် တရုတ်က ဂျပန်အပေါ် စစ်အောင်နိုင်ခြင်း အထိမ်းအမှတ် နှစ် (၈၀) ပြည့် အခမ်းအနားတက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်မည့် ရုရှားသမ္မတဗလာဒီမာပူတင်၏ နိုင်ငံတော်အဆင့် ခရီးစဉ်လာရောက်ရန်အတွက် သက်ဆိုင်သူများနှင့် ဆွေးနွေးခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်အား သီတင်းပတ် တစ်ပတ်အတွင်း ရရှိရန် မျှော်လင့်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
“မိမိတို့ ယခုဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါသည်။ လာမည့်တစ်ပတ်အတွင်း အဆိုပါကိစ္စကို အဆင်ပြေရန် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ပါသည်” ဟု ထရမ့်က ထိုနေ့တွင် ဝါရှင်တန်မြို့ အနီးတစ်ဝိုက်ရှိ မေရီလန်း ပြည်နယ် အန်ဒရူးပူးတွဲအခြေစိုက်စခန်း၌ မီဒီယာများအား ပြောကြားခဲ့သည်။

ထရမ့်သည် ယခုလအတွင်း ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်နှင့်စပ်လျဉ်း၍ သဘောထားမှာ အကြိမ်များစွာ အပြောင်းအလဲဖြစ်ခဲ့သည်။ “ယခုအပတ်အတွင်း သက်ဆိုင်ရာ သဘောတူညီချက် ရရှိနိုင်ခြေ” ရှိသော်လည်း “အခြေအနေက နေ့တိုင်းပြောင်းလဲနေသည်” ဟု ၎င်းက ဇူလိုင် ၆ ရက်တွင် ဆိုခဲ့သည်။ ဇူလိုင် ၇ ရက်တွင် ဝါရှင်တန်မြို့၌ ခရီးစဉ်လာရောက်နေသော အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနှင့်အတူ မီဒီယာများအား တွေ့ဆုံစဉ်တွင်မူ ထရမ့်က ပါလက်စတိုင်း-အစ္စရေးအရေးကိစ္စအား ဖြေရှင်းရန် ရည်ရွယ်သည့် “နှစ်နိုင်ငံ ဖြေရှင်းရေး နည်းလမ်း” သည် အကောင်အထည်ဖော်နိုင်ခြေ ရှိ၊ မရှိအား “မသိ” ဟု ထပ်မံပြောကြားခဲ့ပြန်သည်။
ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်) နှင့် အစ္စရေးသည် ဇူလိုင် ၆ ရက်မှစ၍ ကာတာနိုင်ငံ ဒိုဟာမြို့၌ အသစ်တစ်ကြိမ် ကြားခံဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ခဲ့ရာ ရက် ၆၀ အပစ်ရပ်ရေး သဘောတူညီချက်ကို အာရုံစိုက်ဆွေးနွေးလျက်သော်လည်း အတန်အသင့်ကြီးမားသည့် တိုးတက်မှု မရရှိသေးကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ

တတိယမြောက် ချားလ်ဘုရင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား လာမည့် စက်တင်ဘာလတွင် ဗြိတိန်နိုင်ငံသို့ နိုင်ငံတော် ခရီးစဉ် လာရောက်ရန် ဖိတ်ကြားလိုက်ပါသည်။ ၎င်းမှာ ခေတ်သစ်သမိုင်းတွင် တစ်ခါမျှ မရှိဖူးသေးသော အမေရိကန်သမ္မတတစ်ဦးကို ဒုတိယ အကြိမ်မြောက် ဗြိတိန်နိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်လာရောက် လည်ပတ်ရန် ချားလ်ဘုရင်က ဖိတ်ကြားခြင်းလည်းဖြစ်ပါသည်။
ခရီးစဉ်ကို ဗြိတိသျှပါလီမန်ရပ်နားကာလဖြစ်သည့် စက်တင်ဘာလ အတွင်းတွင် စီစဉ်ထားပြီး ၃ ရက် ကြာမြင့်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ထရမ့်အနေဖြင့် ပါလီမန်တွင် မိန့်ခွန်းပြောကြားခွင့် ရရှိမည် မဟုတ်ပေ။

ယခုခရီးစဉ်မှာ အိမ်ဖြူတော်အတွက် အောင်မြင်မှုတစ်ရပ်ဖြစ်ကာ ဒေါ်နယ် ထရမ့်သည် ၂၀၁၉ ခုနှစ်တွင် ဗြိတိန်နိုင်ငံသို့ ပထမအကြိမ် နိုင်ငံတော် ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီးနောက် ခေတ်သစ်သမိုင်းတွင် ဗြိတိန်သို့ နိုင်ငံတော်ခရီးစဉ် နှစ်ကြိမ် သွားရောက်ရသည့် ပထမဆုံး ရွေးကောက် တင်မြှောက်ခံ နိုင်ငံရေးသမားဖြစ်လာပေမည်။
ကိုးကား - The Guardian

ရုရှား၏ လွန်ကဲသောတောင်းဆိုမှုများကြောင့် အစ္စတန်ဘူလ်တွင် မော်စကို နှင့် ကိယက်ဗ်အကြား တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲပုံစံသည် လက်တွေ့ တွင် ပြီးဆုံးသွားပြီဖြစ်သည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီး ဆာဂေးကစ်လစ်ဆာက ပြောကြားခဲ့သည်။ ကိယက်ဗ်က ၂၀၂၂ ခုနှစ်တွင် တစ်ဖက်သတ်ရပ်ဆိုင်းခဲ့သော ဆွေးနွေးပွဲများကို ပြန်လည် စတင်ကာ ရုရှားနှင့် ယူကရိန်းတို့သည် ယခုနှစ်အတွင်း တူရကီနိုင်ငံတွင် တိုက်ရိုက်ဆွေးနွေးပွဲ နှစ်ကြိမ်ပြုလုပ်ခဲ့သည်။

အမေရိကန်က ထောက်ခံအားပေးနေသော လက်ရှိဆွေးနွေးပွဲများတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ရည်မှန်းချက်မှာ ကိယက်ဗ်အားလက်နက်ချခိုင်းရန်ဖြစ်ကြောင်း ကစ်လစ်ဆာက သောကြာနေ့ (ဇူလိုင် ၁၁) တွင် ထုတ်ဝေသော Kyiv Independent နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ “မိမိတို့၏ ရည်မှန်းချက်တွင် အချက် (၃) ချက် ပါဝင်သည်။ ပထမအချက်မှာ စစ်ပြေငြိမ်းရေးဖြစ်သည်” ဟု ကစ်လစ်ဆာ က ဆိုသည်။ ဒုတိယအချက်မှာ ပူတင်နှင့် ယူကရိန်းသမ္မတ ဇီလန်စကီး တို့ ဆွေးနွေးနိုင်ရေး အခြေအနေများ ဖန်တီးပေးရန်ဖြစ်ပြီး တတိယ အချက်တွင် အကျဉ်းသားလဲလှယ်ရေးကဲ့သို့သော လူသားချင်းစာနာမှု ဆိုင်ရာ ယုံကြည်မှုတည်ဆောက်ရေး အစီအမံများ ပါဝင်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ပူတင်သည် ထိုသို့သော ဆွေးနွေးပွဲကို ငြင်းဆိုခြင်းမရှိသော်လည်း ဇီလန်စကီး၏ သမ္မတသက်တမ်းသည် ၂၀၂၄ ခုနှစ် မေလတွင် ကုန်ဆုံး ခဲ့ပြီဖြစ်ရာ လက်ရှိအချိန်တွင် ဇီလန်စကီးလက်မှတ်ရေးထိုးမည့် မည်သည့် ငြိမ်းချမ်းရေးသဘောတူညီချက်မျှ တရားဝင်မည်မဟုတ်ကြောင်း ရှင်းပြ ခဲ့သည်။
ဒုတိယဝန်ကြီးကစ်လစ်ဆာက အဆိုပါပဋိပက္ခ၏ ရှုပ်ထွေးမှုနှင့် နက်ရှိုင်းမှုတို့ကြောင့် ခေါင်းဆောင်များ တိုက်ရိုက်တွေ့ဆုံရန် အရေးကြီး ကြောင်း အလေးအနက် ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့အပြင် ၎င်းက မော်စကို၏ ရည်မှန်းချက်မှာ ဆွေးနွေးပွဲများကို ဗျူရိုကရေစီဆန်ဆန် ရှုပ်ထွေးစေရေးလုပ်ဆောင်ရန်ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
“မိမိတို့အနေဖြင့် ယခင်က မင့်စ် ဆွေးနွေးပွဲလုပ်ငန်းစဉ် အဖွဲ့များတွင် ယင်းအခြေအနေကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်” ဟု ၎င်းက ဆိုသည်။ ၂၀၁၄-၂၀၁၅ ခုနှစ်က အနောက်နိုင်ငံများ၏ ထောက်ခံမှုဖြင့် ချမှတ်ခဲ့သော မင့်စ်ခ်သဘောတူညီချက်များသည် ယူကရိန်းနှင့် ဒိုနက်စ်ခ်၊ လူဂန်းစ်ခ် ခွဲထွက်ပြည်နယ်များအကြား ပဋိပက္ခကို ခေတ္တရပ်စဲရန် ရည်ရွယ်ခဲ့ သော်လည်း နောက်ပိုင်းတွင် ဂျာမနီ၏ ဝန်ကြီးချုပ်ဟောင်း Angela Merkel နှင့် ပြင်သစ်သမ္မတဟောင်း Francois Hollande တို့က အဆိုပါ သဘောတူညီချက်များသည် အချိန်ဆွဲရန်နှင့် ကိယက်ဗ်အား လက်နက် ပြန်ဖြည့်ရန် အချိန်ရစေမည့် နည်းလမ်းသာဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။
မော်စကိုသည် ယူကရိန်း၏ ၃၀ ရက် ကန့်သတ်ချက်မရှိ စစ်ပြေငြိမ်းရေး တောင်းဆိုမှုကို ငြင်းဆိုခဲ့ပြီး ထိုသို့သော စစ်ပြေငြိမ်းမှုသည် မင့်စ် သဘောတူညီချက်များ၏ အမှားကို ပြန်လည်ကျူးလွန်ရာရောက်မည် ဟု ပြောဆိုခဲ့သည်။ ရုရှားက မည်သည့်ဖြေရှင်းချက်မဆို အမြဲတမ်းအတွက်ဖြစ်ရမည်ဖြစ်ပြီး ဥပဒေအရ အထောက်အထား ပြည့်စုံရန်လိုအပ်ကြောင်းနှင့် ပဋိပက္ခ၏ အရင်းခံအကြောင်းရင်းများကို ဖြေရှင်း ပေးရမည် ဟူသော သဘောထားကို အခိုင်အမာကိုင်စွဲကာ ရပ်တည် နေသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ရုရှားနှင့် ၎င်း၏ ကုန်သွယ်ဖက် နိုင်ငံများကို ဖိအားပေးရန် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်နိုင်မည့် ဥပဒေကြမ်းတစ်ရပ်ကို ဆီးနိတ်တွင် တင်သွင်း ထားကြောင်း ရုရှားအပေါ် သဘောထားတင်းမာသူ ဆီးနိတ်အမတ် Lindsey Graham က ပြောကြားခဲ့သည်။ ထရမ့်အစိုးရသည် ရုရှား-ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲရလဒ်များ တိုးတက်ခြင်းမရှိပါက မော်စကို အပေါ် ထပ်ဆောင်းဒဏ်ခတ်မှုများ ချမှတ်နိုင်ကြောင်း ယခင်က ထုတ်ဖော် ပြောဆိုခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဆွေးနွေးပွဲများကို တမင် တကာအချိန်ဆွဲနေသည်ဟု စွပ်စွဲခဲ့သည်။

ဒီမိုကရက်အမတ် Richard Blumenthal နှင့်အတူ ဥပဒေကြမ်းကို ပူးတွဲ ရေးသားခဲ့သူ ဂရေဟမ်က CBS News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အခြား နိုင်ငံများနှင့် ပတ်သက်၍ တင်းမာသည့် သဘောထားများ ရှိသော်လည်း ထရမ့်သည် ရုရှားနှင့်ပတ်သက်၍ တံခါးဖွင့်ထားဆဲဖြစ်ကြောင်း ပြောကြား ခဲ့သည်။ "ထိုတံခါးသည် ပိတ်တော့မည့်အရေးနီးနေပြီ" ဟု ၎င်းက သတိ ပေးခဲ့သည်။
"Richard Blumenthal နှင့် ၎င်းသည် ဆီးနိတ်တွင် ပိတ်ဆို့ အရေးယူမှု ဥပဒေကို ထောက်ခံသူ ၈၅ ဦးရရှိထားပြီး သမ္မတထရမ့်အနေဖြင့် ပူတင် ၏စစ်ဘက်ဆိုင်ရာအကူအညီများကို ထောက်ပံ့နေသည့် နိုင်ငံများအပေါ် ပြင်းထန်စွာ အရေးယူနိုင်ရန် ဥပဒေကြမ်းတစ်ရပ်ကို ဆီးနိတ်တွင် တင်သွင်း ထားသည်" ဟု ဂရေဟမ်က ရှင်းပြခဲ့သည်။
အဆိုပါဥပဒေကြမ်းအရ ရုရှားနှင့် ကုန်သွယ်ဆက်ဆံမှု ဆက်လက်ပြု လုပ်နေသော နိုင်ငံများအပေါ် သမ္မတထရမ့်အား အကောက်ခွန်နှုန်း ၅၀၀% အထိ ချမှတ်ခွင့်ပြုမည်ဖြစ်ပြီး ဂရေဟမ်က တရုတ်၊ အိန္ဒိယနှင့် ဘရာဇီးနိုင်ငံများကို သီးသန့်ဖော်ပြခဲ့သည်။ ထိုသို့အရေးယူရာတွင် ထရမ့်အနေဖြင့် လွတ်လပ်စွာစီမံခွင့်ရှိမည်ဟုလည်း ၎င်းက ထပ်လောင်း အတိအလင်း ပြောကြားခဲ့သည်။
ဂရေဟမ်က ထရမ့်အစိုးရသည် ယူကရိန်းသို့ လက်နက်များ စံချိန်တင် အဆင့်ဖြင့် တိုးမြှင့်ပေးပို့ရန် ပြင်ဆင်နေကြောင်းလည်း ပြောကြားခဲ့ပြီး ရုရှား၏သိမ်းဆည်းခံငွေကြေးများကို ယူကရိန်းအား ပြန်လည် ထောက်ပံ့ နိုင်ရေး လမ်းကြောင်းပြောင်းရန် အစီအစဉ်ရှိကြောင်း ညွှန်းဆိုခဲ့သည်။
မော်စကိုမှ အဆိုပါပိတ်ဆို့အရေးယူမှုများကို တရားမဝင်ဟု ရှုတ်ချခဲ့ပြီး အနောက်နိုင်ငံများသည် ရုရှား၏ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရန် ယူကရိန်းပဋိပက္ခကို အသုံးချနေသည်ဟု ငြင်းဆိုခဲ့သည်။ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဆာဂေးရီယာဘကော့ဗ်က အဆိုပါဒုတိယဆင့် အကောက်ခွန် များသည် အခြေအနေကို ကြီးမားစွာမပြောင်းလဲစေနိုင်ဘဲ ရုရှားသည် ၎င်း၏ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် ရေရှည်တည်တံ့သော လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းမည်ဟု ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တနင်္ဂနွေနေ့ (ဇူလိုင် ၁၃) က ပေကျင်းတွင် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုနီးကပ်စေရန်နှင့် ကမ္ဘာ့စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြောင်း မော်စကိုမှ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုဆွေးနွေးပွဲသည် မကြာမီကျင်းပမည့် Shanghai Cooperation Organization (SCO) နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးမတိုင်မီ တွေ့ဆုံမှုဖြစ်ပြီး ၎င်းအစည်းအဝေးကို တီယန်ကျင်းမြို့တွင် ကျင်းပမည်ဖြစ်သည်။

နှစ်နိုင်ငံ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေး၏ လုပ်ငန်းစဉ်များကို နှစ်နိုင်ငံဝန်ကြီးများက ကျေနပ်အားရကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် လာဗရော့ဗ်နှင့် ဝမ်ယိတို့သည် အမေရိကန်နှင့်ဆက်ဆံရေး၊ ကုလသမဂ္ဂပဋိညာဉ်အရ ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန် အလားအလာများအပြင် ကိုရီးယားကျွန်းဆွယ် တင်းမာမှုနှင့် အစ္စရေး-အီရန် ပဋိပက္ခ တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိပ်သီးသံတမန်များသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ မေလတွင် မော်စကို၌ တွေ့ဆုံစဉ်အတွင်း သဘော တူညီချက်များ အကောင်အထည်ဖော်ရေး နက်ရှိုင်းစွာ ဆွေးနွေးခဲ့ ကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသို့ Patriot လေကြောင်းရန် ကာကွယ်ရေးစနစ် အပိုပစ္စည်းများပေးပို့မည်ဟု ကြေညာခဲ့ပြီး အဆိုပါ ကြေညာချက်သည် ပင်တဂွန်က စစ်ရေးအကူအညီအချို့ကို ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရက်ပိုင်းအကြာတွင် ဖြစ်သည်။

“ယူကရိန်းအတွက် အရေးတကြီးလိုအပ်နေသော Patriot လေကြောင်းရန် ကာကွယ်ရေးစနစ် အပိုပစ္စည်းများ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ပူတင် သည် ငြိမ်းချမ်းရေးရရှိနိုင်ရေး ဆောင်ရွက်မှုများကို အချိန်ဆွဲကာ ယူကရိန်း ကို တိုက်ခိုက်မှုများဆက်လက် လုပ်ဆောင်နေသည်” ဟု ထရမ့်က ဝါရှင်တန်အနီး Joint Base Andrews တွင် တနင်္ဂနွေ (ဇူလိုင် ၁၃) ညနေ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
အမေရိကန်မီဒီယာများက ၎င်းသည် ကာကွယ်ရေးနှင့် တိုက်ခိုက်ရေး ဒုံးကျည်များ ပါဝင်နိုင်သည့် စစ်ရေးအကူအညီအသစ်ကို အတည်ပြုရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

တောင်အာဖရိကသမ္မတ စိုင်းရယ်လ် ရာမာဖိုဆာသည် တနင်္ဂနွေနေ့ (ဇူလိုင် ၁၃) တွင် ရဲဌာနဝန်ကြီး ဆန်ဇို မချူနူးအား ချက်ချင်းရာထူးမှ ရပ်နားစေခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်သည် KwaZulu-Natal ပြည်နယ် ရဲကော်မရှင် Nhlanhla Mkhwanazi ၏ စွပ်စွဲချက်များအရ ဖြစ်ပြီး ၎င်းတို့က ရဲဌာနဝန်ကြီးသည် ရာဇဝတ်ဂိုဏ်းများနှင့် ပူးပေါင်းကာ အရေးကြီး စုံစမ်းစစ်ဆေးမှုများကို ဝင်ရောက်စွက်ဖက်ခဲ့သည်ဟု ဆိုသည်။

မချူနူးက ယခုနှစ်အတွင်း မီဒီယာတွေ့ဆုံပွဲတွင် အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး အခြေအမြစ်မရှိဟု ဆိုသည်။ ၎င်း၏ပြောရေးဆိုခွင့်ရှိသူ ကလည်း လွန်ခဲ့သောသီတင်းပတ်က ထုတ်ပြန်ချက်တွင် ဥပဒေစိုးမိုးရေး ကို ထိန်းသိမ်းမည့် ကတိကဝတ်ကိုထုတ်ဖော် ပြောကြားခဲ့သည်။
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရန် ကတိကဝတ်များဖြင့် အထွတ်အထိပ် သို့ ရောက်ရှိလာသည့် Ramaphosa သည် ရာဇဝတ်မှုဆိုင်ရာ တရား စီရင်ရေးစနစ်၏ ဂုဏ်သိက္ခာကို မေးခွန်းထုတ်စရာဖြစ်စေသည်ဟု နိုင်ငံရေး ပါတီများနှင့် နိုင်ငံသားများက ဝေဖန်လျက်ရှိသောကြောင့် လျင်မြန်စွာ အရေးယူဆောင်ရွက်ရန် ဖိအားပေးခံနေရသည်။ကမ္ဘာ့ဘဏ်၏ အဆိုအရ တောင်အာဖရိကတွင် ပျံ့နှံ့နေသော ရာဇဝတ်မှုများသည် နှစ်စဉ် GDP ၏ ၁၀% ခန့် ဆုံးရှုံးစေသည်ဟု ခန့်မှန်းထားပြီး ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နှစ်ပေါင်းများစွာ စိုးရိမ်မှုများ ဖော်ပြခဲ့ကြသည်။
“ထိုစွပ်စွဲချက်များသည် အရေးတကြီးနှင့် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကိုလိုအပ်နေပါသည်” ဟု သမ္မတ ရာမာဖိုဆာက ရုပ်မြင်သံကြားများမှတိုက်ရိုက်ထုတ်လွှင့်သော ၎င်း၏အများပြည်သူဆိုင်ရာ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းက “အဆိုပါကိစ္စနှင့်ပတ်သက်၍ တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်း သွားမည်” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။ ရာမာဖိုဆာက ရှေ့နေပညာရှင် ပါမောက္ခ Firoz Cachalia အား ယာယီရဲဌာနဝန်ကြီးအဖြစ် ခန့်အပ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
မချူနူးသည် ANC (အာဖရိကနိုင်ငံလုံးဆိုင်ရာ ကွန်ဂရက်) ၏ အကြီးတန်း ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ နိုင်ငံရေးသုံးသပ်သူများက ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် ANC ညီလာခံရွေးကောက်ပွဲတွင် ပါတီခေါင်းဆောင်ရာထူး အတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။
KwaZulu-Natal ရဲဌာနကော်မရှင် Mkhwanazi ၏စွပ်စွဲချက်များတွင် WhatsApp စာတိုများကဲ့သို့သော ဒီဂျစ်တယ်သက်သေ အထောက်အထား များကို ကိုးကား၍ မချူနူးသည် နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုများကို စုံစမ်းစစ်ဆေးရန် တာဝန်ရှိသော ရဲတပ်ဖွဲ့တစ်ခုကို ဖျက်သိမ်းခဲ့ပြီး၊ နိုင်ငံရေးသမားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ် နေသူများကို ကာကွယ်ရန် ရည်ရွယ်ခဲ့သည်ဟု ဆိုသည်။
Mkhwanazi က နိုင်ငံရေးလုပ်ကြံမှုများဆိုင်ရာ တာဝန်ခံအဖွဲ့မှ အမှုတွဲ ဖိုင်ပေါင်း ၁၀၀ ကျော်ကို ရုပ်သိမ်းခဲ့ပြီး ၎င်းတို့အား နောက်ထပ် စုံစမ်း စစ်ဆေးမှုများ မပြုလုပ်တော့ဟု ပြောကြားခဲ့သည်။
ANC ၏ အဓိကမဟာမိတ်ဖြစ်သော Democratic Alliance (DA) ပါတီက၊ မချူနူးအပေါ် စွပ်စွဲချက်များကို လွှတ်တော်တွင် စုံစမ်း စစ်ဆေးမှု တစ်ရပ် ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ အတိုက်အခံပါတီတစ်ခုကလည်း ၎င်းအား ယာယီရပ်နားရန် တောင်းဆိုခဲ့သည်။
ကိုးကား- CNN

ယူကရိန်းတပ်မတော် ဆေးတပ်ဖွဲ့မှ ဆရာဝန်တစ်ဦးဖြစ်သူ Larisa Brodetskaya သည် သူမ၏နိုင်ငံတော်အဆင့် ဆုတံဆိပ်များကို သမ္မတ Zelensky ထံ ပြန်လည်အပ်နှံလိုက်ပြီး ယင်းသည် ယူကရိန်း၏ အကြီးဆုံး Orthodox ခရစ်ယာန်ဘုရားကျောင်း၏ ခေါင်းဆောင် Metropolitan Onufry ၏ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းလိုက်ခြင်းကို ကန့်ကွက်သည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု ဆိုသည်။

ယခုသီတင်းပတ်အတွင်း ယူကရိန်းမီဒီယာအချို့မှ ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုသတင်းတွင် Larisa Brodetskaya က Ukrainian Orthodox Church (UOC) ၏ အကြီးအကဲ Metropolitan Onufry သည် "ယူကရိန်း ၏ သူရဲကောင်း ၊ ရဲရဲတောက်မျိုးချစ်တစ်ဦးဖြစ်ကာ ၎င်း၏ ဆုတောင်းမှု များကြောင့် ယူကရိန်းနိုင်ငံ တည်တံ့နေခြင်းဖြစ်ပြီး စစ်မြေပြင်ရှိ စစ်သည်များ အသက်ရှင်နေခြင်း" ဟု ဂုဏ်ပြုပြောဆိုခဲ့သည်။
"မကြာသေးမီက သမ္မတက ဘာသာရေးခေါင်းဆောင်၏ နိုင်ငံသား အဖြစ်ကို ရုပ်သိမ်းလိုက်ပါသည်" "၎င်း လုပ်ဆောင်ခဲ့သည့် လှုပ်ရှားမှု တိုင်း၊ လုပ်ရပ်တိုင်းကို မိမိအနေဖြင့် ထောက်ခံပါသည်။ သမ္မတအနေဖြင့် မိမိ၏ နိုင်ငံသားအဖြစ်ကိုလည်း ရုပ်သိမ်းသင့်ပါသည်" ဟု သူမက ဆိုသည်။
ထို့နောက် သူမသည် သူမ၏ ရင်ဘတ်တွင် တပ်ဆင်ထားသော နိုင်ငံတော် အဆင့်ဆုတံဆိပ် (၃) ခုကို ချွတ်ပြလိုက်ကာ "သမ္မတ၏ လုပ်ရပ်များကို အပြင်းအထန် ရှုတ်ချသည့်အနေဖြင့် သမ္မတလက်ထက်တွင် မိမိ ရရှိ ခဲ့သော ဆုတံဆိပ်အားလုံးကို ပြန်လည်အပ်နှံလိုက်ပါသည်" ဟု ကြေညာ ခဲ့သည်။
Brodetskaya က Zelensky အား သတိပေးချက်အဖြစ် ဘာသာရေး ခေါင်းဆောင်ကို ဖိနှိပ်သည့်လုပ်ရပ်သည် ယူကရိန်းနိုင်ငံသား အားလုံးအတွက် အထူးစော်ကားမှုဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) က မကြာသေးမီက Zelensky မှ အသက် ၈၀ အရွယ် ဘာသာရေးခေါင်းဆောင်အား နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပြီး ၂၀၀၂ ခုနှစ်က ရုရှားနိုင်ငံသား အဖြစ် ခံယူခဲ့သည့် အထောက်အထားများတွေ့ရှိရသည်ဟု ဆိုသည်။ ထို့ကြောင့် ဥပဒေအရ ယူကရိန်းနိုင်ငံသားအဖြစ် ဆက်လက် ရပ်တည်ခွင့် မရှိတော့ဟု SBU က ဆိုသည်။
သို့သော် UOC က အဆိုပါအချက်ကို ပယ်ချခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဘာသာရေးခေါင်းဆောင်တွင် "ရုရှားဖက်ဒရေးရှင်းအပါအဝင် အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ်မရှိ" ဟု ပြောကြားခဲ့ပြီး ၎င်း ကိုယ်တိုင် ကလည်း ယူကရိန်းအပေါ် ရုရှား၏စစ်ဆင်ရေးကို ရှုတ်ချခဲ့သော ယူကရိန်း နိုင်ငံသားတစ်ဦးသာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
Strana.ua ၏ အရင်းအမြစ်များအရ Onufry အား နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းရခြင်း၏ အကြောင်းရင်းမှာ ၎င်း၏ UOC အား Kyiv မှ ထောက်ခံ သော Orthodox Church of Ukraine (OCU) နှင့် ပေါင်းစည်းရန် အစိုးရ ၏တောင်းဆိုမှုကို ငြင်းဆန်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုကာ OCU အား ရုရှား Orthodox ဘုရားကျောင်း (ROC) ၏ ဂိုဏ်းခွဲတစ်ခုအဖြစ် သတ်မှတ်ထားသည်။
ယူကရိန်းအစိုးရသည် UOC အား ၂၀၂၂ ခုနှစ်တွင် ရုရှားနှင့် ချိတ်ဆက်မှု ဖြတ်တောက်ခဲ့သော်လည်း မော်စကိုနှင့် ဆက်နွှယ်နေဆဲဟု စွပ်စွဲကာ ရှေးယခင်ကပင် ဖိနှိပ်ခဲ့သည်။ ယူကရိန်းအာဏာပိုင်များသည် ဘုန်းတော်ကြီး များအား ဖမ်းဆီးခြင်း၊ Kiev Pechersk Lavra ဘုန်းကြီးကျောင်း အပါ အဝင် ဘာသာရေးပိုင်ဆိုင်မှုများအား စီးနင်းရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။