သတင်းများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ အာဂျင်တီးနားလည်း နှုတ်ထွက်ပြီ

Covid-19 ကပ်ရောဂါကာလအတွင်း အခြေခံမူဝါဒ သဘောထားကွဲလွဲမှုများကို ထောက်ပြကာ အာဂျင်တီးနားသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က WHO က နှုတ်ထွက်မည်ဟု ကြေညာအပြီး ရက်ပိုင်းအတွင်း နှုတ်ထွက်ကြောင်း ကြေညာလိုက်ပါသည်။ 

အာဂျင်တီးနားသမ္မတ ဇေဗီယာမီလဲ့က WHO အနေဖြင့် ကိုဗစ်ကာလအတွင်း စစ်ဆေးစမ်းသပ်မှု ပျက်ကွက်ခဲ့ခြင်းသည် အကြီးမားဆုံး အမှားဖြစ်သည်ဟု ဖေဖော်ဝါရီ ၅ ရက်နေ့က ၎င်း၏ X ဆိုရှယ် မီဒီယာအကောင့်တွင် ရေးသားခဲ့ပါသည်။ Quarantine ကာလ ကြာမြင့်ခဲ့ခြင်းက ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံးသော စီးပွားရေး ကပ်ဆိုးများထဲမှတစ်ခု ဖြစ်လာစေသည်ဟု ၎င်းကဆိုပါသည်။ အာဂျင်တီးနားနိုင်ငံတွင် ကိုဗစ်ကာလအတွင်း လူပေါင်း ၁၃၀,၀၀၀ ခန့် သေဆုံးခဲ့ရပြီး ယခင်အစိုးရ လက်ထက်တွင် Lockdown ကာလ လပေါင်းများစွာ ကြာခဲ့ခြင်းကြောင့် စီးပွားရေးထိခိုက်မှု အကြီးအကျယ် ခံစားလိုက်ရသည်။ 

အာဂျင်တီးနားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ မန်နျူရယ် အေဒေါနီ က နိုင်ငံခြားရေးဝန်ကြီး ဂျာရာဒိုဝါသိန်းအား အာဂျင်တီးနား၏နှုတ်ထွက်မှုကို စတင်ရန်ညွှန်ကြား ထားကြောင်း သတင်းထောက်များအား ပြောကြားခဲ့ ပါသည်။ 

“အာဂျင်တီးနားလူမျိုးများ၏ အချုပ်အခြာအာဏာကို နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဝင်ရောက်စွက်ဖက်ရန် ခွင့်မပြုကြောင်း၊ မိမိလူမျိုးကျန်းမာရေးအတွက် များစွာ ဆောင်ရွက်ပေးနိုင်ခဲ့မှုများမရှိခဲ့ကြောင်း၊ WHO ၏ ကျန်းမာရေးဆိုင်ရာ ရန်ပုံငွေမရရှိသဖြင့် မိမိတို့၏အမျိုးသားကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ထိခိုက်ရပ်တန့်သွားမည် မဟုတ်ကြောင်း” အေဒေါနီက ဆိုပါသည်။ 

လက်ရှိသမ္မတ မီလဲ့ က ကိုဗစ်ကာလအတွင်း Lockdown ကာလ ကြာမြင့်စွာချမှတ်ထားခြင်းနှင့်ပတ်သက်၍ ဆန့်ကျင်ခဲ့သူဖြစ်ပြီး ထိုစဉ်က သမ္မတ အယ်ဘာတို ဖာနန်ဒက်ဇ်အား Quarantine ကိစ္စနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါသည်။ လူအများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုဟုပင် စွပ်စွဲခဲ့ပါသည်။

အမေရိကန်သမ္မတ ထရမ့်ကလည်း WHO က ကူးစက်ရောဂါနှင့် အခြားနိုင်ငံတကာကျန်းမာရေး အကျပ်အတည်းများကို လွဲမှားစွာကိုင်တွယ်ဖြေရှင်းခဲ့ကြောင်းနှင့်အမေရိကန်အပေါ် မမျှတသော ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် ရန်ပုံငွေများ ပေးဆောင်ခိုင်းသည်ဟု စွပ်စွဲခဲ့ပါသည်။

ဒေါ်နယ်ထရမ့် သမ္မတရာထူးတာဝန် စတင် ထမ်းဆောင်သည့်နေ့တွင် WHO မှ  နှုတ်ထွက်ခြင်း လုပ်ငန်းစဉ်စတင်ရန် အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၁၂ လအတွင်း နှုတ်ထွက်မည်ဟု ကြေညာခဲ့သည်။

ကိုးကား-Myanmar National Post

“ခွဲခြားဆက်ဆံခြင်းခံရသည်” ဟူသော အကြောင်းပြချက်ဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ အစ္စရေး နှုတ်ထွက်

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Saar သည် အမေရိကန်ခရီးစဉ်မှ ပြန်လည်ရောက်ရှိသည့် အခိုက်အတန့်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC)က ဒီမိုကရေစီနိုင်ငံကိုပုတ်ခတ်ပြီး ဂျူးဘာသာကိုဆန့်ကျင်သော ဝါဒဖြန့်မှုများကြောင့်ဟုဆိုကာ (UNHRC) မှ နှုတ်ထွက်ကြောင်းကြေညာခဲ့သည်။

Gideon Saar က X တွင် အခြားနိုင်ငံများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူခြင်းမရှိဘဲ အစ္စရေးနိုင်ငံကိုသာ ပစ်မှတ်ထားပြီး မျှတမှုကင်းမဲ့စွာ ဝေဖန်တိုက်ခိုက်ခဲ့သည်ဟု ရေးသားထားသည်။

ကောင်စီ၏ အစည်းအဝေးတိုင်းတွင် အစ္စရေးကို ရှုတ်ချသည့်အစီအစဉ် အမြဲပါဝင်ပြီး ရှုတ်ချသည့် ဆုံးဖြတ်ချက် ၁၀၀ ကျော်ကိုရင်ဆိုင်ခဲ့ရကာ အီရန်၊ ကျူးဘား၊ မြောက်ကိုရီးယားနှင့် ဗင်နီဇွဲလားတို့ ပေါင်းစည်းထားသော ရှုတ်ချခံရမှုများထက် ၂၀ % ကျော်လွန်နေသည်ဟု ၎င်းက ပြောဆိုသည်။

အစ္စရေး၏ကြေညာချက်ကို ကိုးကား၍ ဝါရှင်တန်က အစ္စရေးသည် (UNHRC)မှ နှုတ်ထွက်ခဲ့ကြောင်းဖေဖော်ဝါရီ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်းအတွင်း ၂၀၁၈ ခုနှစ်တွင် ကောင်စီမှ နှုတ်ထွက်ခဲ့ဖူးပြီး အစ္စရေးအပေါ် အမေရိကန်၏ ရပ်တည်ချက်နှင့်ပတ်သက်၍ ကုလအေဂျင်စီများနှင့် ဝါရှင်တန်၏ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရမည်ဟု ထရမ့်က ပြောဆိုခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်ပြီး အရှေ့အလယ်ပိုင်းဒေသ၏ စိမ်းလန်းစိုပြေသော ကမ်းရိုးတန်းဒေသဖြစ်စေရမည်ဟု ထရမ့်က မှတ်ချက်ပြုခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟု နှင့်အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ၌ ၎င်း၏သက်တမ်းသစ်တွင် ပထမဆုံးလာရောက်ခဲ့သော နိုင်ငံခြားခေါင်းဆောင်အဖြစ် အသိအမှတ်ပြုပြောကြားခဲ့သည်။

ကိုးကား-RT

ရွှေ့ပြောင်းနေထိုင်သူ ၁၀၄ ဦးကို သယ်ဆောင်လာသည့် အမေရိကန်စစ်လေယာဉ် အိန္ဒိယသို့ ရောက်ရှိ

အိန္ဒိယနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူ ၁၀၄  ဦးကို သယ်ဆောင်လာသည့် အမေရိကန်စစ်လေယာဉ်သည် ဖေဖော်ဝါရီ လ ၅ ရက်တွင်  အမ်ရစ်စတာမြို့လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ကြောင်း အစိုးရအဖွဲ့မှ အရာရှိများက ပြောသည်။

ယခုပို့ဆောင်ခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများသည် အမေရိကန်အစိုးရ၏ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ တိုက်ဖျက်ရေး အစီအစဉ်အရ အိန္ဒိယနိုင်ငံသို့ ပထမဆုံးအသုတ်အဖြစ် ပို့ဆောင်ခြင်းခံရသူများဖြစ်သည်။

အမေရိကန်စစ်လေယာဉ်သည် တက္ကဆပ်ပြည်နယ် ဆန်အန်တိုနီယိုမြို့မှ ပျံသန်းလာခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အမ်ရစ်စတာလေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ အမေရိကန်မှ ပြည်နှင်ဒဏ်ပေးခံရပြီး ပြန်လည်ပို့ဆောင်ခြင်း ခံရသူများတွင် အမျိုးသား ၇၉ ဦး၊ အမျိုးသမီး ၂၅ ဦးပါဝင်ကြောင်းသိရသည်။

အိန္ဒိယအစိုးရအနေဖြင့်  အမေရိကန်ပြည်ထောင်စုအပါအဝင် ပြည်ပနိုင်ငံများရှိ တရားမဝင် နေထိုင်နေသည့် နိုင်ငံသားများကို ပြန်လည်လက်ခံရန် အသင့်ရှိသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းတွင် ပြောကြားထားသည်။

Source: Myawady Web Portal

ပါလက်စတိုင်းပြည်သူများအား ၎င်းတို့ပိုင်နက်နယ်မြေမှ ဖယ်ရှားမည့် မည်သည့် ကြိုးပမ်းချက်မျိုးကိုမဆို ကန့်ကွက်ဟု ဆော်ဒီအာရေဗျပြော

ပါလက်စတိုင်းပြည်သူများအား ၎င်းတို့၏ ပိုင်နက်နယ်မြေမှဖယ်ရှားမည့် မည်သည့်ကြိုးပမ်းချက်မျိုးကိုမဆို ကန့်ကွက်ကြောင်း ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၅ရက် တွင် ထုတ်ပြန်သည်။

ဆော်ဒီအာရေဗျနိုင်ငံ၏ အဆိုပါထုတ်ပြန်ချက်သည် ဂါဇာကမ်းမြောင်ဒေသအား အမေရိကန်က ထိန်းချုပ်သိမ်းပိုက်မည့် အဆိုပြုချက်ကို ဒေါ်နယ်ထရမ့်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ဖေဖော်ဝါရီလ ၄  ရက်က အိမ်ဖြူတော်၌ ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါအဆိုပြုချက်တွင် အမေရိကန်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသအား ထိန်းချုပ်၍ ဒေသတွင်းရှိ အပျက်အစီးများကို ဖယ်ရှားရှင်းလင်းကာ အရှေ့အလယ်ပိုင်း၏ လှပသည့်အပန်းဖြေ ဒေသတစ်ခုအဖြစ် အသွင်ပြောင်းနိုင်သည်ဟု    ထရမ့်က ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးအတွက် ခိုင်ခံ့စွာဖြင့် ကတိကဝတ်ပြုထားပြီး ပါလက်စတိုင်းနိုင်ငံကို တည်ထောင်နိုင်မှသာ ဂါဇာကမ်းမြောင်ဒေသတွင် အဓွန့်ရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆက်လက်ဖော်ပြသည်။

ထို့အတူ ငြိမ်းချမ်းရေးကိုမြတ်နိုးသည့် နိုင်ငံများအနေဖြင့်လည်း   ၁၉၆၇ ခုနှစ် နယ်စပ်အပေါ် အခြေခံထားသည့် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုကြရန် ဆော်ဒီအာရေဗျနိုင်ငံက တိုက်တွန်းခဲ့ကြောင်း သိရသည်။ 

Source:Myawady Web Portal

ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် ညီလာခံ၌ အမေရိကန် တင်ပြမည်

လာမည့်သီတင်းပတ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် ဂျာမနီနိုင်ငံတွင်ကျင်းပမည့် နိုင်ငံတကာအစည်းအဝေး၌ ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို တင်ပြဖွယ်ရှိကြောင်း သိရသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Keith Kellogg က ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်မည့် မြူးနစ်လုံခြုံရေးညီလာခံကို တက်ရောက်မည်ဟု ဖေဖော်ဝါရီ ၄ ရက်(အင်္ဂါနေ့)တွင် ပြောကြားခဲ့ပါသည်။ အဆိုပါညီလာခံတွင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်မည့် ထရမ့်၏ အစီအစဉ်ကို ပြောဆိုရန် စီစဉ်ထားကြောင်း ဆိုသည်။

အမေရိကန်၏ အဆိုပြုချက်တွင် “မော်စကိုက နောက်တစ်ကြိမ် မတိုက်ခိုက်နိုင်စေရန် ယူကရိန်းအား လုံခြုံရေးအာမခံချက်များပေးရန်နှင့် ပဋိပက္ခကို ရပ်ဆိုင်း၍ ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ထားသောနယ်မြေကို ပြန်ပေးရန်” ပါဝင်ကြောင်း အမေရိကန် မီဒီယာ Bloomberg ၏ ဖေဖော်ဝါရီ ၅ ရက် (ဗုဒ္ဓဟူးနေ့) တွင် ထုတ်ပြန်ချက်အရ သိရှိရသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Kellogg သည် ညီလာခံအပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်သို့ သွားရောက် လည်ပတ်ရန် စီစဉ်နေကြောင်းနှင့် ယူကရိန်းသမ္မတ Volodymyr Zelenskyy နှင့် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း ပြည်သူ့အသံလွှင့်ဌာနနှင့် အခြားမီဒီယာ များက ဆိုသည်။ 

ကိုးကား-NHK

ကိယက်ဗ်၏ နေတိုးအဖွဲ့ဝင်ဖြစ်ရေးဆန္ဒအပေါ် ထရမ့်၏ရပ်တည်ချက်ကို မော်စကိုကြိုဆို

ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်များနှင့်ပတ်သက်၍ အမေရိကန် သမ္မတ Donald Trump ၏ ပြောကြားချက်ကို ရုရှားနိုင်ငံက ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ပြောကြားခဲ့သည်။ကိယက်ဗ်၏ နေတိုးအဖွဲ့တွင်ပါဝင်ရန် အစီအစဉ်များကို ထောက်ခံခြင်းမှာ မှားယွင်းကြောင်း ၀န်ခံသည့် ပထမဆုံးအနောက်နိုင်ငံခေါင်းဆောင်မှာ Trump ဖြစ်သည်ဟု Lavrov က ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

နေတိုးအဖွဲ့ဝင်ဖြစ်ရေး ယူကရိန်း၏လုပ်ဆောင်မှုများအတွက် ရုရှား၏စိုးရိမ်မှုများကို နားလည်ကြောင်းလွန်ခဲ့သည့်လအတွင်းတွင် ထရမ့်ကပြောဆိုခဲ့ပြီး သတင်းထောက်များနှင့်တွေ့ဆုံရာတွင်လည်း ရုရှား၏ ရပ်တည်ချက်သည် ကျောက်ထက်အက္ခရာ တင်ထားသကဲ့သို့ မပျက်မယွင်းခိုင်မြဲမှုရှိကြောင်းနှင့် ဘိုင်ဒင်က ထိုအချက်ကို လျစ်လျူရှုခဲ့ကြောင်း ပြောကြားခဲ့သည်။

Lavrov က ထရမ့်၏ မှတ်ချက်များအရ ယူကရိန်းနှင့် ပဋိပက္ခကိုဆွေးနွေးဖြေရှင်းရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဆိုသည်။

၎င်းက နေတိုးအဖွဲ့၏ လုပ်ဆောင်မှုများကြောင့် ပဋိပက္ခ ပိုမိုကြီးမားလာရကြောင်းကို ထပ်လောင်းပြောကြားခဲ့ပြီး ဝါရှင်တန်ကသာ လက်တွေ့ကျသည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်နှင့် အလဲအလှယ်လုပ်ရန် ယူကရိန်း စီစဉ်နေကြောင်း ကျွမ်းကျင်သူပြောကြား

ယူကရိန်းအာဏာပိုင်များသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အဆိုပြုထားသော မြေရှားသတ္တုနှင့် အခြားအရင်းအမြစ်များ လွှဲပြောင်းရေးကိစ္စအတွက် စီမံဆောင်ရွက်နေကြောင်း ဥရောပသတ္တုကျွမ်းကျင်သူတစ်ဦးကို ကိုးကား၍ Politico က ဖော်ပြထားပါသည်။ 

“ယူကရိန်းသည် ထရမ့်၏ အာရုံစိုက်ခြင်းခံရစေရန် ဆွဲဆောင်နိုင်မည့်အရာများကို ရှာဖွေနေကြသည်မှာ သိသာထင်ရှားပါကြောင်း” ကျွမ်းကျင်သူက ပြောထား ပါသည်။ ယူကရိန်းတွင် တိုက်တေနီယမ် သတ္တုသိုက်များမှာ ထိပ်တန်းအဆင့်တွင် ရှိကြောင်း ၎င်းက ယုံကြည်ထားပါသည်။

ထို့ပြင် ယူကရိန်းတွင်ရှိသော သတ္တုအမျိုးအစား ၅၀ အနက် ၂၂ မျိုးမှာ အမေရိကန်က အလွန်အမင်း လိုချင်နေသော သတ္တုသိုက်များဖြစ်ကြောင်း၊ အထူးသဖြင့် ပရပ်ဖိုက်၊ လစ်သီယမ်၊ တိုက်တေနီယမ်၊ ဘယ်ရီလီယံ နှင့် ယူရေနီယမ်တို့ ကြွယ်ဝကြောင်း ယူကရိန်း သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် အရင်းအမြစ်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါသည်။ 

အဆိုပါ အရင်းအမြစ်များသည် ဘက်ထရီများ၊ ရေဒါစနစ်များနှင့် သံချပ်ကာများထုတ်လုပ်ရန် မရှိမဖြစ်လိုအပ်ပြီး တရုတ်သတ္တုများအပေါ် အမေရိကန်၏ မှီခို အားထားမှုကိုလျှော့ချရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-TASS

USAID အဖွဲ့၏ လုပ်ငန်းများကိုရပ်ဆိုင်းပြီး ယာယီအကြီးအကဲအဖြစ် နိုင်ငံခြားရေးဝန်ကြီး မားကို့ ရူဘီယိုက တာဝန်ယူ

ဝါရှင်တန်၊ နိုင်ငံရေး

    အမေရိကန်အစိုးရ၏ အကူအညီပေးရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (USAID) အဖွဲ့၏ ယာယီအကြီးအကဲအဖြစ် တာဝန်ယူလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မားကို့ ရူဘီယိုက ပြောကြားလိုက်သည်။

အမေရိကန်အစိုးရသည် USAID အဖွဲ့၏ လုပ်ဆောင်ချက်များကို ဖေဖော်ဝါရီလ၃ ရက်မှစ၍ ရပ်ဆိုင်းခဲ့ပြီး ဝါရှင်တန်မြို့ရှိ ရုံးချုပ်ကိုလည်း ပိတ်ပစ်ခဲ့သည်။ ထို့ပြင် USAID အဖွဲ့က လုပ်ဆောင်နေသည့် အစီအစဉ်များကိုလည်း သမ္မတဒေါ်နယ်ထရမ့်ကရက်ပေါင်း ၉၀ ကြာရပ်ဆိုင်းခဲ့သည်။

ထို့ပြင် USAID အဖွဲ့၏ ခေါင်းဆောင်မှုသည် အသိဉာဏ် ကင်းမဲ့သောကြောင့် ပြောင်းလဲမှုများ လုပ်ဆောင်ရန် ထရမ့်ကညွှန်ကြားခဲ့သည်။ လက်ရှိတွင် USAID အဖွဲ့သည် အသစ်ဖွဲ့စည်းလိုက်သည့်  အစိုးရ၏ဆောင်ရွက်မှု ထိရောက်ခြင်းရှိ၊ မရှိ စစ်ဆေးသည့်ဌာန(DOGE)၏ စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။ ယင်းဌာနကို ဘီလီယံနာတစ်ဦးဖြစ်သူ အီလွန်မက်က ဦးဆောင်လျက်ရှိသည်။

အမေရိကန်အစိုးရ၏ USAID အဖွဲ့သည် ရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်သည်ဟု အီလွန်မက်ကပြောကြားခဲ့ပြီး ၎င်းအဖွဲ့သည် အမေရိကန်ပြည်သူများ၏    အခွန်ဘဏ္ဍာများကို အသုံးပြု၍ ဇီဝလက်နက်များအား သုတေသန လုပ်ဆောင်လျက်ရှိသည်ဟု ပြောကြားခဲ့ပြီးနောက်ပိုင်း အငြင်းပွားဖွယ် အကြောင်းရင်းများကြောင့် ရူဘီယိုက   ယာယီအကြီးအကဲအဖြစ်     တာဝန်ယူလိုက်ခြင်းဖြစ်သည်။

 မက်၏ အဆိုပါပြောကြားချက်သည် ရုရှား ဓာတု၊ ဇီဝနှင့် အဏုမြူ ကာကွယ်ရေး တပ်ဖွဲ့၏ ယခင်အကြီးအကဲဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကီရီလော့၏ ပြောကြားချက်ကို ပိုမိုခိုင်မာစေခဲ့သည်။

၂၀၁၉  ခုနှစ်မှစ၍ USAID အဖွဲ့သည် အမေရိကန်စစ်ဘက်က လုပ်ဆောင်ခဲ့သည့် ဇီဝလက်နက် အစီအစဉ်များတွင် ပါဝင်ခဲ့ပြီး ၂၀၂၃  ခုနှစ် တစ်နှစ်တည်းမှာပင် ဒေါ်လာ ၆၀ ဘီလီယံ အသုံးပြုခဲ့ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်က ရှီကျင့်ဖျင်နှင့် လတ်တလောတွင် တွေ့ဆုံရန် အစီအစဉ်မရှိသေးဟုဆို

အမေရိကန်-တရုတ်နှစ်နိုင်ငံအကြား စည်းကြပ်ခွန်များ အပြန်အလှန်ချမှတ်ပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အလျင်စလိုတွေ့ဆုံရန် အစီအစဉ်မရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက် သည်။

ပေကျင်းက ဝါရှင်တန်၏ အခွန်စည်းကြပ်မှု တိုးမြှင့်ခဲ့ခြင်းအပေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ တရားစွဲဆိုခဲ့ပြီး တွေ့ဆုံဆွေးနွေးခြင်းကသာ ပြဿနာများကို ဖြေရှင်း နိုင်မည့်အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု အလေးပေး ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းက တရုတ်၏သွင်းကုန်များ အားလုံးအပေါ် လက်ရှိသတ်မှတ်ထားသော နှုန်းထားထက် ၁၀ % တိုးမြှင့်ကောက်ခံရန် ထရမ့်၏ အစိုးရ အဖွဲ့က ကြေညာခဲ့သည်။

ကုန်သွယ်ရေးမညီမျှမှုများအပေါ် စိုးရိမ်ပူပန်မှုများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများအထူးသဖြင့် တရုတ်နိုင်ငံနှင့်ဆက်စပ်နေသည့် Fentanyl (ပြင်းထန်နာကျင်မှုများကို ကုသရာတွင် ထိရောက်သောဆေး၊ ၎င်းသည် စွဲလန်းစေပြီး ဘိန်း၏ ဒြပ်ပေါင်းနှင့်တူညီသည်) ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်လိုကြောင်း ထရမ့်ကပြောကြားခဲ့သည်။

တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် ကျောက်မီးသွေး နှင့် သဘာဝဓာတ်ငွေ့ရည်အပေါ် အခွန် ၁၅ % ၊ ရေနံစိမ်းနှင့်စိုက်ပျိုးရေးသုံး စက်ယန္တရားများအပေါ် အခွန် ၁၀ % အပါအဝင် အမေရိကန်၏ အဓိက ပို့ကုန်များကို ပစ်မှတ်ထား၍ အကောက်ခွန်နှုန်းထားများ လက်တုံ့ပြန်ချမှတ်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ သည် အမေရိကန်နည်းပညာကုမ္ပဏီကြီး Google အား ယုံကြည်မှုဆန့်ကျင်ရေး စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်ခဲ့ပြီး ကုန်သွယ်ရေးအငြင်းပွားမှုကို နည်းပညာကဏ္ဍသို့ ကျယ်ပြန့်လာစေရန် လုပ်ဆောင်ခဲ့သည်။

ဆီးရီးယား ခေါင်းဆောင်သစ်က ရွေးကောက်ပွဲကို အနည်းဆုံး နောက် လေးနှစ် (သို့) ငါးနှစ်ကြာမှ လုပ်နိုင်မည်ဟုဆို

ဆီးရီးယား၏ အသွင်ကူးပြောင်းရေးသမ္မတ အာမက် အယ်လ်ရှာရာက နိုင်ငံ၏အခြေခံ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရန်နှင့် လည်ပတ်နိုင်သော နိုင်ငံ ရေးစနစ် ထူထောင်ရန် လိုအပ်သောကြောင့် ရွေးကောက်ပွဲများကို နောက်ငါးနှစ်အထိ ကျင်းပမည်မဟုတ်ကြောင်း ကြေညာခဲ့ပါသည်။

ဖေဖော်ဝါရီ ၃ ရက်နေ့က ဆီးရီးယားတီဗီနှင့် တွေ့ဆုံမေးမြန်းခန်း၌ ရွေးကောက်ပွဲကျင်းပမည့် အချိန်ဇယားကို ဆွေးနွေးရာတွင် အယ်လ်ရှာရာက ဖွဲ့စည်းပုံနှင့်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အတားအဆီးများကြောင့် ရွေးကောက်ပွဲကို ချက်ချင်းကျင်းပနိုင်ရန် မဖြစ်နိုင်သေးကြောင်း ဆိုလိုက်ပါသည်။ 

များစွာသော အခြေခံအဆောက်အဦများ လိုအပ်နေခြင်းကြောင့် ရွေးကောက်ပွဲလုပ်ရန် လေးနှစ်မှ ငါးနှစ်ကြား ခန့်ကြာနိုင်ပြီး အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ရန်မှာ အချိန်လိုအပ်ကြောင်း ဆိုပါသည်။ အသွင်ကူးပြောင်းရေးအစိုးရသည် ရွေးကောက်ပွဲမကျင်းပမီ နိုင်ငံတကာစံနှုန်းများကို လိုက်နာမည် ဖြစ်ကြောင်း သိရှိရပါသည်။ 

ဆီးရီးယားအစိုးရသစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲကာ ပြည်နယ်အဖွဲ့အစည်းများကို ပြန်လည် ဖွဲ့စည်းမည်ဖြစ်ကြောင်း ယခင်က ပြောကြား ထားခဲ့သည်။ အင်တာဗျူးတွင် အယ်လ်ရှာရာက အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းရန်နှင့် ပြုပြင်ပြောင်းလဲမှုများကို ကြီးကြပ်ရန်အတွက် ဥပဒေ ပြုကောင်စီကို ဖွဲ့စည်းရန် နိုင်ငံလုံးဆိုင်ရာ ညီလာခံတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတဟောင်း အာဆက်ကို ဖြုတ်ချခဲ့ရာတွင် အဓိက လက်နက်ကိုင်အဖွဲ့ဖြစ်သည့် HTS ခေါင်းဆောင်များက နိုင်ငံအတွင်း၌ရှိနေသည့် အခြားလက်နက်ကိုင်အဖွဲ့များကို ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များထဲသို့ ပေါင်းစည်းသွားမည်ဖြစ်ကြောင်း ပြောထားသော်လည်း တိကျသော အချိန်ဇယားကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးပါ။

အနောက်တိုင်း မီဒီယာများတွင် အယ်လ်ရှာရာကို အလယ်အလတ်လမ်းစဉ်သမားဟု အကြီးအကျယ် ရေးသားပုံဖော်နေသော်လည်း ၎င်းဦးဆောင်သော HTS အဖွဲ့သည် အယ်ကေဒါ အဖွဲ့ခွဲတစ်ခုဖြစ်ပြီး ဂျီဟတ် လမ်းစဉ်ကိုလိုက်ခဲ့သူဖြစ်သည့်အတွက်ကြောင့် စိုးရိမ် ပူပန်မှုများ ရှိနေသေးပြီး လက်ရှိတွင်လည်း HTS က နိုင်ငံတကာပိတ်ဆို့ အရေးယူမှုအောက်တွင် ရှိနေဆဲပင် ဖြစ်သည်။ 

အမေရိကန်က HTS ကို အကြမ်းဖက်အမည်စာရင်းမှ ဖယ်ရှားရန် လုပ်ဆောင်နေပြီး တာဝန်ရှိသူများက ဆီးရီးယား၏ ခေါင်းဆောင်အသစ်နှင့် ထိတွေ့ ဆက်ဆံရန် ကြိုးပမ်းနေပါသည်။ ဝါရှင်တန်အစိုးရက အယ်လ်ရှာရာကို တရားဝင် အသိအမှတ်မပြုသေးသော်လည်း ဆီးရီးယားနိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့်ပတ်သက်၍ HTS အရာရှိများနှင့် တွေ့ဆုံဆွေးနွေးရန်ကိုမူ ထင်သာမြင်သာလုပ်ဆောင်နေကြောင်း သိရှိရပါသည်။     