ဟားမားစ်များ ထပ်မံမဝင်ရောက်စေရန် ဂါဇာကမ်းမြောင်ဒေသကို ဝယ်ယူသိမ်းပိုက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကတိပြု ပြောကြားခဲ့ပြီး ဂါဇာဒေသ၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင်အရှေ့အလယ်ပိုင်းဒေသများက ပါဝင်ကူညီဆောင်ရွက်ပေးစေလိုကြောင်း Super Bowl အားကစားပြိုင်ပွဲသို့ တက်ရောက်ရန် ဖေဖော်ဝါရီ ၉ ရက် တွင် နယူးအော်လန်မြို့သို့ သွားရောက်သည့် Air Force One လေယာဉ် ပေါ်တွင် ပြောကြားခဲ့ပါသည်။

ထို့ပြင် ပါလက်စတိုင်းဒုက္ခသည်အချို့ကို အမေရိကန်ပြည်ထောင်စုအတွင်း ခိုလှုံနေထိုင်ခွင့်ပြုရန် စီစဉ်ထားသော်လည်း သေချာစိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပါသည်။
ဂါဇာကမ်းမြောင်ဒေသကို ဝယ်ယူသိမ်းပိုက်မည်ဟူသော ထရမ့်၏ ကြေညာချက်အပေါ် ကမ္ဘာ့နိုင်ငံအများအပြား က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။
ဂါဇာကို ဝယ်ယူမည့် ထရမ့်၏ အစီအစဉ်ကို ဆော်ဒီအာရေးဗီးယားနိုင်ငံကလည်း အခြားကမ္ဘာ့ခေါင်းဆောင်များကဲ့သို့ ပြတ်ပြတ်သားသား ကန့်ကွက် ခဲ့သည်။ ဂျော်ဒန်ဘုရင် Abdullah သည် “ထရမ့်၏ ဂါဇာကြေညာချက်သည် အရှေ့အလယ်ပိုင်းဒေသတစ်ဝိုက်တွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေကာ အစ္စရေးနှင့် မဟာမိတ်ဆက်ဆံရေးကို ထိခိုက်စေမည့် အစွန်းရောက်ဝါဒီ၏ လမ်းစဖြစ်သည်” ဟု ဖေဖော်ဝါရီ ၁၁ ရက် ဝါရှင်တန်၌ ပြုလုပ်မည့် ဆွေးနွေးပွဲတွင် ထရမ့်အား ပြောကြားသွားရန် စီစဉ်ထားကြောင်း Reuters သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
ကိုးကား-Yahoo

ဥရောပက လုံခြုံရေးအာမခံချက် ပေးမည်ဆိုပါက အမေရိကန် ပြုလုပ်မည့် မည်သည့် တရားဝင်ငြိမ်းချမ်းရေးလမ်းကြောင်း အတွက်မဆို အသင့်ရှိ ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ဖေဖော်ဝါရီ ၉ ရက် (တနင်္ဂနွေနေ့) က ဗြိတိန်ရုပ်မြင်သံကြား ITV နှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။

ရုရှားသဘောဆန္ဒမပါဘဲ သံတမန်နည်းလမ်းတကျ စစ်ပွဲရပ်တန့်ရန် မဖြစ်နိုင်ကြောင်း ၎င်းက ယခင် Bloomberg သတင်းစာနှင့် အင်တာဗျူး တွင် ပြောကြားခဲ့သလို ရုရှားသမ္မတဗလာဒီမာပူတင်ကလည်း ဇီလန်စကီး သည် စစ်ပွဲအတွက် ငြိမ်းချမ်းရေးဆွေးနွေးရမည့် တရားဝင် ယူကရိန်း ခေါင်းဆောင်တစ်ဦးဟု မိမိ အသိအမှတ်မပြုကြောင်း ကြိမ်ဖန်များစွာ ပြောကြားထားပါသည်။
ကိုးကား-TASS

ယူကရိန်းစစ်တပ်သည် ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသကို သိမ်းယူခဲ့စဉ်က စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ပြီး ၎င်းတို့ပြန်ဆုတ်သည့်အခါတွင် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ဖျောက်ဖျက်ရန် ကြိုးစားခဲ့သည် ဟု ရုရှားအကြီးတန်းသံတမန် ရိုဒီယွန်မီရိုရှနစ်ခ် က ဆိုလိုက်ပါသည်။

မကြာသေးမီက ယူကရိန်းလက်အောက်မှ လွတ်မြောက်လာခဲ့သော ရက်စကိုရီပိုရီရှနိုရီရွာတွင် ရုရှားနိုင်ငံသားများကို ယူကရိန်း တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်၊ ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးမှူးများက စွပ်စွဲခဲ့ပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရွာသားများနေထိုင်ရာ အိမ်အချို့ရှိ မြေအောက်ခန်းများတွင် အလောင်းများထည့်ဖွက်ထားသည့် ဆိုးရွားသောဗီဒီယိုများကို ရုရှားက လွှင့်တင်ခဲ့ပါသည်။ ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်မှုထမ်း အများအပြားကလည်း ၎င်းတို့၏ တပ်မှူးများ၏ အမိန့်အတိုင်း လုပ်ဆောင်ခဲ့ကြောင်း စစ်ဆေးမေးမြန်းမှုပြုလုပ်စဉ် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပါသည်။
ယူကရိန်းစစ်တပ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုဆိုင်ရာ အထောက်အထားများ စုဆောင်းနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကာ့စ်ခ် ဒေသရှိ အခြားကျေးရွာများတွင် အလားတူ ရက်စက်ကြမ်းကြုတ်မှုများကို ရန်သူတပ်ဖွဲ့များက ကျူးလွန်နိုင်သည်ဟု ဆိုပါသည်။ “ယူကရိန်း များသည် စစ်ဆင်ရေးလမ်းကြောင်း အနီးနားက အခြေချနေထိုင်သူများကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခဲ့ပြီး ၎င်းတို့ ပြုမူခဲ့သည်များကို လက်စဖျောက်ရန်အတွက် ကြိုးစားခဲ့ပုံရကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါသည်။
မီရိုရှနစ်၏အဆိုအရ အဆိုပါကျေးရွာများကို ယူကရိန်းစစ်တပ်က တမင် မီးရှို့ခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့်မီးရှို့ခြင်းဖြစ်သည်ကို သိရှိနိုင် ရန် မီးလောင်ကျွမ်းထားသောအိမ်များကို ဝင်ရောက်စစ်ဆေးရန်နှင့် မျက်မြင်သက်သေများကို ရှာဖွေရန်လိုအပ်ကြောင်း၊ ယခုအချိန်တွင် ၎င်း ရွာများသည် ရှေ့တန်းစစ်မျက်နှာအတွင်း ကျရောက်နေသည့်အတွက် စစ်ဆေးရန် ခက်ခဲကြောင်း၊ ယခုတွေ့ရှိရသည့် သက်သေအထောက်အထားများက ယူကရိန်းစစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုကို ပြသနိုင်ကြောင်း၊ လူ ၂၂ ဦးအား သတ်ဖြတ်ပြီး မြေအောက်ခန်းများထဲ၌ ထည့်ထားခြင်း၊ယူကရိန်းစစ်သားကအရပ်သားတစ်ဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ခိုင်မာသောအထောက်အထားများ ရရှိထားကြောင်း သိရပါသည်။
ကိုးကား-Myanmar National Post

တရုတ်သမ္မတရှီကျင်းဖျင်သည် လာမည့် မေ ၉ ရက်တွင် မော်စကို၌ ကျင်းပမည့် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ (Great Patriotic War) ၏ ၈၀ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း ကရင်မလင်က ထုတ်ပြန်လိုက်ပါသည်။
အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံက ရုရှားသမ္မတဗလာဒီမာပူတင်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာတွင် တရုတ်နိုင်ငံ၊ ပေကျင်း၌ ပြုလုပ်မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ဖော်ပြထားပါသည်။
ကိုးကား - kremlin.ru

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါနိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ ၅၁ ခုမြောက် ပြည်နယ်အဖြစ် ရှိနေသင့်ကြောင်း၊ အမေရိကန်အနေဖြင့် ကနေဒါအတွက် တစ်နှစ်လျှင် ဒေါ်လာ ၂၀၀ ဘီလီယံခန့် ဆုံးရှုံးနေရကြောင်း၊ အကယ်၍ ကနေဒါသည် အမေရိကန်၏ အစိတ်အပိုင်းပြည်နယ်တစ်ခုဖြစ်လာပါက ထိုသို့ ထောက်ပံ့ပေးရခြင်းမှာ မိမိအတွက် အဆင်ပြေမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ ရက် (တနင်္ဂနွေနေ့) က FOX News နှင့် အင်တာဗျူးတွင် ပြောကြားထားပါသည်။

ကနေဒါ စီးပွားရေးတည်ငြိမ်ရေးနှင့် ရုရှား၊ တရုတ်တို့ကဲ့သို့ ပြင်ပ ခြိမ်းခြောက်မှုများကိုကာကွယ်ရန် ကနေဒါနိုင်ငံသည် အမေရိကန် ပြည်ထောင်စု ပြည်နယ်တစ်ခုအဖြစ် ရပ်တည်သင့်ကြောင်း ဒေါ်နယ် ထရမ့်က မကြာခဏဆိုသလို အကြံပြု ပြောကြားလေ့ရှိပါသည်။

AfriForum နှင့် Solidarity Movement အပါအဝင် ထင်ရှားသော Afrikaner (တောင်အာဖရိက လူဖြူ) အဖွဲ့အစည်းများသည် ဒုက္ခသည်များအဖြစ် အမေရိကန်တွင် ပြန်လည်အခြေချနေထိုင်ရန် အမေရိကန် သမ္မတ Donald Trump ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး တောင်အာဖရိကတွင်သာ ဆက်လက်နေထိုင်လိုကြောင်း ထပ်မံအတည်ပြုခဲ့ကြသည်။

ထရမ့်၏ အဆိုပြုချက်သည် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် အမှုဆောင်အမိန့်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ “မြေယာ သိမ်းယူခြင်းဆိုင်ရာ မူဝါဒများနှင့် အစ္စရေးနိုင်ငံအား နိုင်ငံတကာ တရားရုံးတွင် တောင်အာဖရိက၏ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် စိုးရိမ်မှုများကြောင့် နိုင်ငံအားအမေရိကန် ဘဏ္ဍာရေးအကူအညီကို ဆိုင်းငံ့ထားခဲ့သည်”ဟု AfriForum ၏ CEO ဖြစ်သူ Kallie Kriel က မြို့တော် ပရီတိုရီယာတွင် ပြုလုပ်သည့် မီဒီယာရှင်းလင်းပွဲ၌ ၎င်းတို့သည် အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်လိုခြင်း မရှိကြကြောင်း၊ ၎င်းတို့၏ မျိုးဆက်များကိုလည်း အခြားနိုင်ငံတွင် မကြီးပြင်းစေလိုကြောင်းနှင့် အနာဂတ်မျိုးဆက်များ၏ အကျိုးစီးပွားများ၊ လက်ဆင့်ကမ်းရမည့် ယဉ်ကျေးမှုထုံးတမ်းများကို ဤနိုင်ငံ၌သာ ဆက်လက်နေထိုင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ညီညွတ်ရေးလှုပ်ရှားမှုအဖွဲ့ဥက္ကဋ္ဌ Flip Buys က အာဖရိကနိုင်ငံသားများသည် လက်ရှိအာဏာရ အာဖရိကအမျိုးသားကွန်ဂရက် (ANC) ကို သဘောတူညီခြင်းမရှိသော်လည်း ၎င်းတို့သည် ၎င်းတို့၏ မွေးရပ်မြေအတွက် ဒုက္ခသည်အဆင့်အတန်းကို မလိုအပ်ဟု ရှုမြင်ကြောင်း အလေးပေးပြောကြားခဲ့သည်။
တောင်အာဖရိကအစိုးရသည် အမေရိကန်၏ အမိန့်သည် သတင်းအမှားများကို အခြေခံ၍ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟုဝေဖန်ခဲ့ပြီး Afrikaners များသည် နိုင်ငံ၏စီးပွားရေးကဏ္ဍ၌ အခွင့်ထူးခံအုပ်စုများအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်ပြီး ခွဲခြားဆက်ဆံခြင်းခံနေရသည်ဟူသော အဆိုကိုပယ်ချခဲ့သည်။
ကိုးကား-RT

အမေရိကန်ဒုသမ္မတ James David Vance သည် လာမည့်သီတင်းပတ်တွင် ဂျာမနီနိုင်ငံ၌ ပြုလုပ်မည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန် New York Post သတင်းစာက ဖော်ပြသည်။
အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းမှ မြေရှားပါးသတ္တုနှင့် သဘာဝဓာတ်ငွေ့များ ရယူရန် ဇီလန်စကီးနှင့် ဒေါ်လာ သန်း ၅၀၀ တန် သဘောတူညီချက်ကို ချုပ်ဆိုလိုကြောင်း ပြောကြားခဲ့ပြီးအလားအလာရှိသော ငြိမ်းချမ်းရေးဆိုင်ရာ အာမခံချက်များနှင့် လဲလှယ်ရန် ဟု သတင်းစာက ထပ်လောင်း ပြောကြား ခဲ့သည်။

၆၁ ကြိမ်မြောက် မြူးနစ် လုံခြုံရေးညီလာခံ ( Munich Security Conference ) ကို ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပရန် စီစဉ် ထားပါသည်။
ကိုးကား-TASS
Photo: UNITED24 Media

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန် နှင့်အနောက်နိုင်ငံများသည် ရုရှားကို မဟာဗျူဟာပိုင်းဆိုင်ရာအရ အရှုံးပေးရန် လက်မခံလိုသဖြင့် ယူကရိန်းစစ်ပွဲ ရှည်လျားနေစေခြင်းဖြစ်ကြောင်း စွပ်စွဲလိုက်ပါသည်။

အမေရိကန်သည် တစ်နိုင်ငံတည်း အာဏာလွှမ်းမိုးလိုမှု တည်ဆောက်ရန် ရည်မှန်းချက်ဖြင့် ယူကရိန်းစစ်ပွဲကို အားပေးထောက်ခံနေသည့် အဓိကအင်အားဖြစ်နေကြောင်း၊ အမေရိကန်နှင့်အနောက်နိုင်ငံများသည် ယူကရိန်းစစ်ပွဲ ကြာရှည်အောင် ထိရောက်မှုမရှိသော ရည်မှန်းချက်များနှင့် မဟာဗျူဟာအရ ရုရှားကို တမင်သက်သက် အနှောက်အယှက်ပေးရန် အားပေးထောက်ခံနေခြင်းဟု ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပပြုလုပ်သည့် ၇၇ နှစ်ပြည့် မြောက် ကိုရီးယားစစ်တပ်တည်ထောင်ခြင်း အခမ်းအနားတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
မြောက်ကိုရီးယားသည် အပြည်ပြည်ဆိုင်ရာ တရားမျှတမှုကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဖျက်ဆီးနေသည့် အပြုအမူများကို အမြဲတမ်း ဆန့်ကျင်ပါကြောင်း၊ ရုရှားနှင့် မြောက် ကိုရီးယားကြား ဘက်စုံမဟာဗျူဟာပူးပေါင်းမှု သဘောတူညီချက်အရ ရုရှားတပ်မတော်နှင့် ပြည်သူများ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်မှုအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ထောက်ခံပါ ကြောင်း သမ္မတကင်က ထပ်လောင်း ပြောကြားထားပါသည်။
ကိုးကား -TASS

လွန်ခဲ့သော သီတင်းပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းကို အကူအညီဆက်ပေးရမည် ဆိုပါက ခိုင်မာသည့်သက်သေခံအဖြစ် ယူကရိန်း နိုင်ငံတွင်ရှိသော မြေရှားသတ္တုများကို တူးဖော်ထုတ်ယူခွင့်ပေးရမည်ဟု ဆိုခဲ့ပါသည်။ အဆိုပါပြောကြားမှုနှင့် ပတ်သက်၍ ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်အနေဖြင့် ယူကရိန်းလုံခြုံရေးကို အာမခံနိုင်မည်ဆိုပါက မြေရှားသတ္တုများကို တူးဖော်ထုတ်ယူခွင့်ပေးမည်ဟု ပြန်လည် ပြောကြားခဲ့ပြီး ယူကရိန်းတွင်ရှိသော မြေရှားသတ္တုများ သည် ရုရှားနှင့်စစ်ဖြစ်ပြီးကတည်းက တစ်ဝက်ခန့် ကုန်ဆုံးသွားပြီဖြစ်ကြောင်းနှင့် ယူကရိန်းအနေဖြင့် ထွက်ပေါ်လာသော မြေရှားသတ္တု၏ ၂၀ % ကို ရယူ လိုကြောင်းလည်းပြ
လွန်ခဲ့သော သီတင်းပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းကို အကူအညီဆက်ပေးရမည် ဆိုပါက ခိုင်မာသည့်သက်သေခံအဖြစ် ယူကရိန်း နိုင်ငံတွင်ရှိသော မြေရှားသတ္တုများကို တူးဖော်ထုတ်ယူခွင့်ပေးရမည်ဟု ဆိုခဲ့ပါသည်။ အဆိုပါပြောကြားမှုနှင့် ပတ်သက်၍ ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်အနေဖြင့် ယူကရိန်းလုံခြုံရေးကို အာမခံနိုင်မည်ဆိုပါက မြေရှားသတ္တုများကို တူးဖော်ထုတ်ယူခွင့်ပေးမည်ဟု ပြန်လည် ပြောကြားခဲ့ပြီး ယူကရိန်းတွင်ရှိသော မြေရှားသတ္တုများ သည် ရုရှားနှင့်စစ်ဖြစ်ပြီးကတည်းက တစ်ဝက်ခန့် ကုန်ဆုံးသွားပြီဖြစ်ကြောင်းနှင့် ယူကရိန်းအနေဖြင့် ထွက်ပေါ်လာသော မြေရှားသတ္တု၏ ၂၀ % ကို ရယူ လိုကြောင်းလည်းပြောသွားပါသည်။
ယူကရိန်းတွင် မီးချောင်းများနှင့်တီဗွီထုတ်လုပ်မှု၌ အသုံးပြုသည့် လန်သနန်သတ္တု၊ လေအားလျှပ်စစ်ထုတ်သည့် တာဘိုင်များနှင့်လျှပ်စစ်ကားများ ထုတ်လုပ်သည့်နေရာတွင် အသုံးပြုသည့် နီယိုဒိုင်မီယံသတ္တု၊ နျူကလီးယား စွမ်းအင်မှ လေဆာထုတ်ရာတွင်အသုံးပြုသည့် အာဘီယံနှင့် ဝိုင် ယက်ထရီယံသတ္တုများ ထွက်ရှိပါသည်။ ဥရောပ၌ ရှားရှားပါးပါး မြေရှားသတ္တုများ အများအပြားထွက်ရှိသည့် ယူကရိန်းအနေဖြင့် အမေရိကန်၏ ငွေကြေးအကူအညီအတွက် ၎င်းတို့၏ အရင်းအမြစ်များကို အမေရိကန်လက်ထဲသို့ ထိုးအပ်ရတော့မည်ဖြစ်သည်။

တိုကျို ဖေဖော်ဝါရီ ၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဂျပန်ဝန်ကြီးချုပ် အီရှီဘာတို့သည် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို ဖေဖော်ဝါရီ ၇ ရက်တွင် ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ် အီရှီဘာသည် အမေရိကန်တွင် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အလေးပေးပြောကြားခဲ့သည်။

သမ္မတထရမ့်က ၎င်း၏ အခွန်မူဝါဒများသည် အမေရိကန်နိုင်ငံရှိ ကားထုတ်လုပ်သူများအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်စေသည်ဟု ပြန်လည်ပြောကြားခဲ့သည်။
သို့သော် ဂျပန်နိုင်ငံနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံခန့် လိုငွေပြနေကြောင်းနှင့် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ မညီမျှမှုများကို ဖြေရှင်းရန် လိုအပ်ကြောင်း ထရမ့်က ပြောကြားသည်။
ထို့ပြင် ဉာဏ်ရည်တုနည်းပညာစီမံကိန်းနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ခေါင်းဆောင်နှစ်ဦးက ထပ်လောင်း အတည်ပြုခဲ့သည်။ အမေရိကန်မှ သဘာဝဓာတ်ငွေ့ရည်များ ဂျပန်နိုင်ငံသို့ တင်ပို့မှုတိုးမြှင့်ခြင်းဖြင့် စွမ်းအင်လုံလောက်မှုရှိစေရန် သဘောတူခဲ့သည်။ လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ ထွက်ပေါ်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ခေါင်းဆောင်နှစ်ဦးက ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အမေရိကန်၏ ကာကွယ်ရေးတာဝန်များ ပြဋ္ဌာန်းထားသည့် ဂျပန်-အမေရိကန် လုံခြုံရေးစာချုပ် အပိုဒ် ၅ ကို အိုကီနာဝါစီရင်စုရှိ စင်ကာကူကျွန်းစုများတွင် ကျင့်သုံးမည်ဖြစ်ကြောင်း ခေါင်းဆောင်များက အတည်ပြုခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား ကင်းစင်ရေးအတွက် လက်တွဲလုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။
ထို့ပြင် မြောက်ကိုရီးယားအေးဂျင့်များ ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ဂျပန်နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ရန်အတွက် သမ္မတ ထရမ့်၏ ထောက်ခံမှုကို အခိုင်အမာရရှိခဲ့ကြောင်း ဝန်ကြီးချုပ် အီရှီဘာက ပြောကြားသည်။
Source: ကြေးမုံသတင်းစာ
ဆက်စပ်သတင်းများ- https://sacministry.gov.mm/my/news/2442