သတင်းများ

မြူးနစ်ညီလာခံ၌ အမေရိကန်ဒုတိယသမ္မတနှင့် ဇီလန်စကီး တွေ့ဆုံမည်

အမေရိကန်ဒုသမ္မတ James David Vance သည် လာမည့်သီတင်းပတ်တွင် ဂျာမနီနိုင်ငံ၌ ပြုလုပ်မည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန် New York Post သတင်းစာက ဖော်ပြသည်။

အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည်  ယူကရိန်းမှ မြေရှားပါးသတ္တုနှင့် သဘာဝဓာတ်ငွေ့များ ရယူရန်  ဇီလန်စကီးနှင့် ဒေါ်လာ သန်း ၅၀၀ တန် သဘောတူညီချက်ကို ချုပ်ဆိုလိုကြောင်း ပြောကြားခဲ့ပြီးအလားအလာရှိသော  ငြိမ်းချမ်းရေးဆိုင်ရာ အာမခံချက်များနှင့် လဲလှယ်ရန်  ဟု သတင်းစာက ထပ်လောင်း ပြောကြား ခဲ့သည်။

၆၁ ကြိမ်မြောက် မြူးနစ် လုံခြုံရေးညီလာခံ ( Munich Security Conference ) ကို ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပရန် စီစဉ် ထားပါသည်။          

ကိုးကား-TASS

Photo: UNITED24 Media

ICC အပေါ် ပိတ်ဆို့မှုချမှတ်သည့်အမိန့်ကြေညာချက်အား ဒေါ်နယ်ထရမ့်လက်မှတ်ရေးထိုး

အမေရိကန်နှင့်   မဟာမိတ်နိုင်ငံများအပေါ်    တရားမဝင်တိုက်ခိုက်မှုများ လုပ်ဆောင်မှုကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)အပေါ် ပိတ်ဆို့မှုချမှတ်သည့် အမိန့်ကြေညာချက်တစ်ရပ်ကို အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်ကြောင်းသိရသည်။

ICC ၏ လုပ်ဆောင်ချက်များသည် အမေရိကန်နှင့် မဟာမိတ် အစ္စရေးနိုင်ငံအပေါ် အကြောင်းမဲ့ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ယုံကြည်သောကြောင့် ယင်းအဖွဲ့အပေါ် ပိတ်ဆို့မှုများချမှတ်ခြင်းဖြစ်ကြောင်း ထရမ့်က လက်မှတ်ရေးထိုးခဲ့သည့် ကြေညာချက်တွင်ဖော်ပြထားသည်။   အဆိုပါအမိန့်ကြေညာချက်ကို ဖေဖော်ဝါရီလ  ၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း   သိရသည်။

ထို့ပြင် ICC ၏ဆောင်ရွက်မှုများသည် အမေရိကန်ပြည်ထောင်စု၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် တိုက်ခိုက်ခြင်းဖြစ်ပြီး အမေရိကန်အစိုးရ၏ အရေးကြီးသောလုံခြုံရေးနှင့်   နိုင်ငံခြားရေးမူဝါဒကိုပါ လျော့ပါးစေကြောင်း ထရမ့်ကဆက်ပြောသည်။

ထရမ့်၏    အမိန့်ကြေညာချက်အရ အမေရိကန်အစိုးရအနေဖြင့် ICC မှ အရာရှိများ၊ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များနှင့် ၎င်းတို့၏မိသားစုဝင်များအား အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့်ကို ဆိုင်းငံ့ခြင်း၊ အဆောက်အအုံနှင့် ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ်  ဘင်ဂျမင်နေတန်ယာဟုနှင့်  ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဂဲလန့်တို့အား အရပ်သားများအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများဖြင့် ICC က ၂၀၂၄  ခုနှစ် နိုဝင်ဘာလ ၂၁ ရက်တွင် ဖမ်းဆီးမိန့်ထုတ်ပြန်ခဲ့ပြီး ICC ၏အဆိုပါဆုံးဖြတ်ချက်ကို ဗြိတိန်၊ နယ်သာလန်နှင့် အက်စတိုးနီးယားနိုင်ငံတို့က ထောက်ခံခဲ့သော်လည်း အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့ကဆန့်ကျင်ခဲ့ကြကြောင်းသိရသည်။   ICC အပေါ်   ပိတ်ဆို့မှုချမှတ်သည့်ထရမ့်၏ကြေညာချက်ကို ၎င်းအဖွဲ့ကြီးက ဖေဖော်ဝါရီလ ၇ ရက်တွင် ဝေဖန်ထားသည်။ 

Ref: Izvestia

Source: Myawady Web Portal

Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim နှင့် ဆက်ဆံမှု ပြန်လည်ထူထောင်လို

အမေရိကန်သမ္မတ Donald Trump သည် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un နှင့် ဆက်ဆံရေး ပြန်လည်ထူထောင်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်းတို့၏ အတိတ်ဆက်ဆံရေးကို မီးမောင်းထိုးပြကာ သံတမန်ဆက်ဆံရေး၏ အရေးပါမှုကို အလေးပေး ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ Trump က သတင်းထောက်များအား “ကျွန်တော်တို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un နှင့် ဆက်ဆံရေးရှိမှာပါ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

Trump နှင့် Kim တို့၏ ယခင်က အပြန်အလှန် ဆက်ဆံမှုများအပေါ် ပြန်လည်သုံးသပ်ပြီး ထရမ့်က ကင် နှင့် ဆက်ဆံရေးအဆင်ပြေပြီး တင်းမာမှုများကို လျှော့ချနိုင်ခဲ့သည်ဟု ဆိုပါသည်။

ကင် နှင့် ထိတွေ့ဆက်ဆံနိုင်မှုသည် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုအတွက် အကျိုးရှိစေသည်ဟု Trump က အလေးပေးပြောကြားခဲ့ပြီး ထရမ့် က ကင် နှင့် ဆက်ဆံရေးကောင်းမွန်မှုသည် အားလုံးအတွက် ရလဒ်ကောင်းများကို ဖြစ်ပေါ်စေမည်ဖြစ်ကာ ပဋိပက္ခများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

ထရမ့်၏ ပထမသက်တမ်းအတွင်း ၂၀၁၇ ခုနှစ်တွင် မြောက်ကိုရီးယား၏ နျူကလီးယား လုပ်ဆောင်မှုများ အပေါ် တင်းမာမှုများရှိခဲ့သော်လည်း ၎င်းတို့နှစ်ဦး၏ မထင်မှတ်သော တွေ့ဆုံမှုများအတွင်း ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ထရမ့်နှင့် ကင် သည် စင်္ကာပူ၌ တွေ့ဆုံဆွေးနွေးမှုတွင် နျူကလီးယားဆိုင်ရာ သဘော တူညီမှုအချို့ရရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်က ဗီယက်နမ်၌ဒုတိယအကြိမ်ဆွေးနွေးမှုတွင် ပိတ်ဆို့ အရေးယူမှုများနှင့်နျူကလီးယားဆိုင်ရာအစီအစဉ်များအပေါ် သဘောတူညီမှုမရရှိခဲ့ဘဲ ဆွေးနွေးမှုပြီးဆုံးခဲ့ရသည်။

ကိုးကား-RT

တရုတ်သမ္မတနှင့် ထိုင်းဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးစဉ် လာရောက်သော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန်နှင့် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖျင်က တရုတ်-ထိုင်း ချစ်ကြည်ရေး လက်ဆင့်ကမ်းဆက်ခံ လာသည်မှာ နှစ်ပေါင်းတစ်ထောင်ကျော်ရှိပြီဖြစ်ရာ “တရုတ်-ထိုင်း မိသားစုပမာ ချစ်ကြည်ရင်းနှီးမှု” သည် အချိန်ကြာလာသည်နှင့်အမျှ ပို၍ရှင်သန်အားကောင်းလာခဲ့ကြောင်း ထောက်ပြပြောကြားခဲ့ သည်။ သံတမန် ဆက်ဆံရေးထူထောင်သည့် ရာစုနှစ်တစ်ဝက်ကြာကာလတွင် နှစ်နိုင်ငံသည် အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှ ဆက်ဆံမှု၊ ရိုးသားစွာ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် ဖေးမကူညီမှုများကို လက်ကိုင်ထား၍ တစ်ဖက်နိုင်ငံ၏ နိုင်ငံ့အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်းမှုကို အစဉ်အမြဲ အခိုင်အမာ ထောက်ခံ အားပေးခဲ့ကြကြောင်း၊ ယခုနှစ်သည် တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့် အခါမယနှင့် “တရုတ်-ထိုင်း ချစ်ကြည်ရေး ရွှေရောင် နှစ် ၅၀ ပြည့်” ဖြစ်ရာ နှစ်ဖက်အနေဖြင့် အစဉ်အလာကို ဆက်ခံ၍ အနာဂတ်သို့ အတူလက်တွဲ ရှေ့သို့ လျှောက်လှမ်းကာ တရုတ်-ထိုင်း အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ထဲထဲဝင်ဝင် လက်တွေ့ဖော်ဆောင်ရေး တွန်းအားပေးပြီး နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးဆောင်ရမည် ဖြစ်သလို ဒေသနှင့် ကမ္ဘာကို ပိုမိုအကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ သည်။

ရာစုနှစ်အတွင်း မကြုံစဖူး အပြောင်းအလဲကြီးများကို ရင်ဆိုင်ရာတွင် တရုတ်-ထိုင်း ဆက်ဆံရေး၏ တည်ငြိမ်မှုနှင့် သေချာရေရာမှုများဖြင့် ပြင်ပပတ်ဝန်းကျင်၏ မရေရာမှုကို ကိုင်တွယ်စီမံရန်အတွက် ထိုင်း-တရုတ် နှစ်နိုင်ငံသည် မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှု ခိုင်မာရမည် ဖြစ်ပြီး အပြန်အလှန် အခိုင်အမာ ထောက်ခံအားပေးရမည် ဖြစ်ကြောင်း ရှီကျင့်ဖျင်က အလေးထား ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ချိတ်ဆက်ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားလိုကြောင်း၊ တရုတ်-ထိုင်း ရထားလမ်း စသည့် ပြယုဂ်စီမံကိန်းများကို ကောင်းမွန်စွာ ဖော်ဆောင်ပြီး တရုတ်-လာအို-ထိုင်း ချိတ်ဆက်ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်က ပိုမိုများပြားသော အောင်မြင်မှုရလဒ်များ ဆောလျင်စွာရရှိရေး တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ စွမ်းအင်သစ် မော်တော်ယာဉ်စသည့် ထွန်းသစ်စကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာ ဆောင်ရွက်မည်ဖြစ်သလို ပိုမိုတည်ငြိမ်၊ ချောမွေ့သည့် ကုန်ထုတ်လုပ်ငန်းကွင်းဆက်၊ ထောက်ပံ့ရေး ကွင်းဆက်ကို လက်တွဲအတူ တည်ဆောက်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးတွင် ထိုင်းနိုင်ငံက အားကောင်းသော အစီအမံများ ဆောင်ရွက်ခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် တန်ဖိုးထားချီးကျူး ပါကြောင်း၊ နှစ်ဖက်အနေဖြင့် လုံခြုံရေးကဏ္ဍ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အားဖြည့်ကာ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်သလို ဒေသတွင်းနိုင်ငံများ ကူးလူးဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှုစနစ်ကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ အပြန်အလှန် သိရှိနားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုကို နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ရာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၅၀ ပြည့်နှစ် အထိမ်းအမှတ် စုံလင်ကြွယ်ဝသော အစီအစဉ်များအား အတူတကွ ကျင်းပပြီး နှလုံးသားကို ပို၍ နွေးထွေးစေသော၊ ပြည်သူ့အကျိုးဖြစ်ထွန်းစေသော လူမှုဘဝအကျိုးဖြစ်ထွန်းစေသည့် အစီအစဉ် များအား တည်ဆောက်ခြင်းဖြင့် တရုတ်-ထိုင်း ချစ်ကြည်ရေး ရင်ထဲစွဲမြဲ နက်ရှိုင်းစေရန် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသွားရမည် ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပူးတွဲ ဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံက တာဝန်ထမ်းဆောင်ခြင်းကို တရုတ်နိုင်ငံအနေဖြင့် အားပေး ထောက်ခံသလို ထိုင်းနိုင်ငံက BRICS မိတ်ဖက်နိုင်ငံ ဖြစ်လာသည့်အပေါ် ဂုဏ်ပြုပါကြောင်း၊ ထိုင်းနိုင်ငံနှင့်အတူ နီးကပ်သည့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ ထားရှိကာ ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေအား အခြေခံသည့် နိုင်ငံတကာစနစ်ကို အခိုင်အမာ ကာကွယ်သွားမည်ဖြစ်သလို ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးအား ကာကွယ်ထိန်းသိမ်းပြီး ဘုံဖွံ့ဖြိုး တိုးတက်မှုအား မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။

ပေထုံတန်က “ထိုင်း-တရုတ် ချစ်ကြည်ရေး ရွှေရောင် နှစ် ၅၀ ပြည့်” အခါသမယတွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရသည့်အတွက် အလွန်ဝမ်းသာကြောင်း ပြောကြားခဲ့သည်။ နှစ် ၅၀ ကြာ ကာလအတွင်း ထိုင်း-တရုတ် ဆက်ဆံရေးသည် မိုးဒဏ်လေဒဏ်ကို ဖြတ်သန်းခဲ့ကြရာ အစဉ်အမြဲ အပြန်အလှန် ဖေးမကူညီမှု၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု၊ အစဉ်အမြဲ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် ဗဟိုအကျိုးစီးပွားများအား လေးစားမှုများဖြင့် တစ်မူထူးခြားသော ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးကို ထူထောင်ခဲ့ကြကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် တရုတ် တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ ကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဖလှယ်ရေးကို အားဖြည့်ကာ အပြန်အလှန် ချိတ်ဆက်မှု၊ ကုန်သွယ်စီးပွား၊ လယ်ယာ စိုက်ပျိုးရေး စသည့် ကဏ္ဍများ၌ နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများ ထားရှိသွားလိုကြောင်း၊ လူမှုယဉ်ကျေးမှုဖလှယ်ရေး၊ ပြည်သူချင်း စိတ်ချင်းယှက်နွှယ်ရေးကို မြှင့်တင်ကာ ငြိမ်းချမ်းရေးကို အတူမျှဝေ၍ အတူတကွ စည်ပင်ဝပြောသော နောက်ထပ် နှစ် ၅၀ ကို ဖွင့်လှစ်ပြီး သားစဉ်မြေးဆက် အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်သွားလိုကြောင်း ၎င်းကပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အခြားသော အိမ်နီးချင်းနိုင်ငံများနှင့်အတူ တရားဥပဒေစိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်သွားလိုပြီး ထိရောက်သည့် အစီအမံများကို ပြတ်ပြတ်သားသား ဆောင်ရွက်ကာ အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေး လိမ်လည်မှုစသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို တိုက်ဖျက်သွားလိုကြောင်း၊ နိုင်ငံတကာရေးရာတွင် တရုတ်နိုင်ငံက တာဝန်သိနိုင်ငံကြီး အခန်းကဏ္ဍမှ အစဉ်အမြဲပါဝင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားကို အခိုင်အမာ ကာကွယ် ထိန်းသိမ်းပေးရာ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်၍ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ဖြေရှင်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ဝမ်ရိ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ 

မှီငြမ်း။ Xinhua

အမေရိကန် နောက်လိုက်၍ အစ္စရေးလည်း UNHCR ကို သပိတ်မှောက်

ယခုသီတင်းပတ်အစောပိုင်းက UNHCR မှ နုတ်ထွက်ကြောင်း ကြေညာလိုက်သည့် အမေရိကန် နည်းတူ အစ္စရေး သည်လည်းကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHCR) တွင်မပါဝင်တော့ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Pascal Sim က ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြား လိုက်ပါသည်။

အဆိုပါ ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် UNHCR ပြောရေးဆိုခွင့်ရှိသူ Pascal Sim က အစ္စရေးသည် ကောင်စီ၏ လေ့လာသူနိုင်ငံအဆင့်သာရှိသဖြင့် နုတ်ထွက်နိုင် မည်မဟုတ်ကြောင်း ပြောကြားထားပါသည်။ 

ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHCR) ကို အဖွဲ့ဝင် ၄၇ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး လေးနှစ်လျှင်တစ်ကြိမ် အလှည့်ကျတာဝန် ထမ်းဆောင်ကြရန် ကျန်သည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ရွေးချယ် တင်မြှောက်ပေးရပါသည်။ အမေရိကန်သည် လက်ရှိအချိန်တွင် ကောင်စီအဖွဲ့ဝင် မဟုတ်သေးပါ။ 

၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော လူ့အခွင့်အရေးကောင်စီသည် အစ္စရေးအပေါ် ဂျူးမုန်းတီးဝါဒကို လက်ကိုင်ထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ မိမိ နိုင်ငံအပေါ် စဉ်ဆက်မပြတ် သဘောထားတင်းမာစွာဆက်ဆံခဲ့ပြီး ဆန့်ကျင်သည့် ဘက်လိုက်မှုများ ရှိခဲ့ခြင်းဖြစ်ကြောင်း ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း Sim က ဆက်လက်ပြောကြားထားပါသည်။

ပါလက်စတိုင်းဒေသဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် Francesca Albanese ကလည်း ယခုလို အစ္စရေး၏ ဆုံးဖြတ်ချက်မှာ အလွန်အမင်း ပြင်းထန် ကြောင်း၊ လူ့အခွင့်အရေးကောင်စီအနေဖြင့် အစ္စရေးတို့ ဖြစ်ချင်သည့်ဆန္ဒကို နားလည်ပေးရန် ပျက်ကွက်ခဲ့ခြင်းကို ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားထားပါသည်။ 

ကိုးကား -AL JAZEERA 

ယူကရိန်းနှင့် ယာယီအပစ်အခတ်ရပ်စဲရေးကို ရုရှား လက်မခံ

ယူကရိန်းနှင့် ယာယီအပစ်အခတ်ရပ်စဲရေးကိစ္စကို လက်မခံကြောင်းနှင့် သဘောတူညီလိုက်ပါက အနောက်အုပ်စုနှင့်ယူကရိန်းတို့အား တိုက်ခိုက်မှုများကို ပြန်လည်မစတင်မီ အင်အားပြန်လည်ဖြည့်နိုင်ရေး အခွင့်အရေးပေးသကဲ့သို့ ဖြစ်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ပြောကြားလိုက် ပါသည်။

မော်စကိုသည် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းကို အဆုံးသတ်စေမည့် ရေရှည်တည်တံ့သော အဖြေတစ်ခုကိုသာ ရှာဖွေနေကြောင်း Zakharova က ဖေဖော်ဝါရီလ၆ ရက်နေ့တွင်ပြုလုပ်ခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ တစ်ခု၌ မော်စကို၏ သဘောထားကို ရှင်းပြခဲ့သည်။

ယာယီအပစ်အခတ်ရပ်စဲရေးမှသည် ပဋိပက္ခကိုပြီးဆုံးစေမည်ဟူသော ယူဆချက်ကိုလက်မခံကြောင်းနှင့် ပဋိပက္ခအကျပ်အတည်း ထပ်မံမဖြစ်ပွားစေရန် အာမခံနိုင်မည့် ယုံကြည်စိတ်ချရပြီး တရားဝင်ချုပ်ဆိုထားသော သဘောတူညီချက်များနှင့် လုပ်ငန်းစဉ်များကိုသာလိုအပ်ကြောင်း သူမက ဆက်လက်ပြောကြားခဲ့ပါသည်။

ပဋိပက္ခကို လုံးဝချုပ်ငြိမ်းသည်အထိဆောင်ရွက်မည်ဟု ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့၏ အကြိမ်ကြိမ် ကတိပြုမှုများကို မော်စကိုက အလေးအနက်ထားပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Trump က ၎င်း၏အစိုးရအဖွဲ့နှင့် ရုရှားအစိုးရအဖွဲ့တို့သည် သုံးနှစ်နီးပါးကြာမြင့်နေပြီဖြစ်သော ပဋိပက္ခကို အဆုံးသတ်နိုင်ရန် နှစ်ဘက်ညှိနှိုင်းနေကြောင်း လွန်ခဲ့သောသီတင်းပတ်ကပြောဆိုခဲ့ပြီး မော်စကိုကလည်း တိုက်ခိုက်ခြင်းထက် သံတမန်ရေးနည်းလမ်းဖြင့်ဖြေရှင်းနိုင်ရေး ဆောင်ရွက်လိုမှုသဘောထားကို အကြိမ်ကြိမ်ချပြခဲ့ကြောင်းနှင့် ညှိနှိုင်းမည့်အချက်များသည် ပကတိမြေပြင်အခြေအနေအပေါ်မူတည်၍ ထည့်သွင်းစဉ်းစားရန်လိုကြောင်း ကရင်မလင်က ပြောကြားခဲ့သည်။

ICC အပေါ် ထရမ့်၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအား နိုင်ငံတကာနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက ရှုတ်ချ

နိုင်ငံတကာရာဇဝတ်ခုံရုံး International Criminal Court (ICC) က အစ္စရေးအရာရှိကြီးများအား စစ်ရာဇဝတ်မှုဖြင့် စွဲချက်တင်ခြင်းမှာ ဆိုးရွားသောလုပ်ရပ်ဟု စွပ်စွဲပြောဆို၍ ICC နှင့် ၎င်း၏ ဝန်ထမ်းများအပေါ် ဒဏ်ခတ် ပိတ်ဆို့အရေးယူ‌ကြောင်းအမိန့်တစ်ရပ်ကို ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၆ ရက်တွင် လက်မှတ်ရေးထိုးလိုက်ပါသည်။

အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုတွင် ICC ဝန်ထမ်းများနှင့် မိသားစုဝင်များအပေါ် စီးပွားရေးနှင့် ခရီးသွားလာခွင့်ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပါဝင်ပါသည်။

ICC အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအား နိုင်ငံတကာနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများကပြစ်တင်ခဲ့ကြပြီး အဆိုပါဒဏ်ခတ် ပိတ်ဆို့မှုမှ ကင်းလွတ်ခွင့်ရရန်အတွက် တရားရုံး၏ အခန်းကဏ္ဍမှာ အရေးပါကြောင်း နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး Caspar Veldkamp က ပြောကြားခဲ့သည်။

နယ်သာလန်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာ အားကောင်းစေရန် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး အပြည်ပြည်ဆိုင်ရာဥပဒေနှင့် စာချုပ်ပါ တာဝန်ဝတ္တရားများကို မပျက်မကွက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ဆက်လက်ပြောကြားထားသည်။

ICC ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် ထရမ့်က လက်မှတ်ရေးထိုးခဲ့ခြင်းသည် အဆင်အခြင်မဲ့သောလုပ်ရပ်တစ်ခုဖြစ်သကဲ့သို့ အငြိုးကြီးပြီး ရန်လိုသောလုပ်ရပ်ဟု လည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် Agnes Callamard က ပြောဆိုရှုတ်ချခဲ့ပြီး တရားရုံး၏ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးလွတ်လပ်ခွင့်ကို အဟန့်အတားဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများသည် သမ္မတထရမ့်၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို တားဆီးရန်နှင့် အဆိုပါပိတ်ဆို့မှု၏ သက်ရောက်မှု လျော့နည်းစေရန် အစွမ်းကုန် လုပ်ဆောင်ရမည်ဖြစ်သည်။ ICC အဖွဲ့ဝင်နိုင်ငံများသည် တစ်ညီတစ်ညွတ်တည်း စုပေါင်းဆောင်ရွက်ခြင်းဖြင့် တရားရုံးနှင့် ၎င်း၏ ဝန်ထမ်းများကို အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ချက်ချင်း အရေးယူဆောင်ရွက်သွားရန် လိုအပ်ကြောင်း Callamard က ပြောကြားထားသည်။ 

ကိုးကား -AL Jazeera

ဂါဇာကိုသိမ်းပြီး ပါလက်စတိုင်းများကို နှင်ထုတ်ပါက ထရမ့်ကို စွပ်စွဲပြစ်တင်မည်ဟုဆို

ဒီမိုကရက်တစ်ပါတီ အမေရိကန် အောက်လွှတ်တော်အမတ် အယ်လ်ဂရင်းက ဂါဇာကို သိမ်းပိုက်ပြီးပါလက်စတိုင်းများအား ပြန်လည်နေရာချထားရေးကိစ္စကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက သမ္မတ ဒေါ်နယ် ထရမ့်ကို စွပ်စွဲပြစ်တင်သည့် ပုဒ်မများ တင်သွင်းရန် ၎င်းဘက်ကလည်း အဆင်သင့်ဖြစ်နေဟု ပြောကြား လိုက်ပါသည်။ 

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုနှင့်  အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က ဂါဇာနှင့် ပတ်သက်သည့် ၎င်း၏စိတ်ကူးကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဂါဇာကိုအမေရိကန်၏ လက်အောက်တွင်ထားရှိပြီး အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် ဗဟိုဌာနပြုလုပ်မည်၊ ထို့နောက် ဒေသတွင်းအလုပ်အကိုင်များရရန် လုပ်ဆောင်ပေးမည်၊ လက်ရှိနေထိုင်နေသည့် ပါလက်စတိုင်းများကို အခြားစိတ်ဝင်စားသည့် နေရာများသို့ ရွှေ့ပြောင်းပေးမည်ဟု ပြောခဲ့ပါသည်။ ဧရိယာတစ်ခုလုံးကို မိုင်းရှင်းလင်း ရေးလုပ်ဆောင်ကာ အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်းနှင့် အလုပ်အကိုင်နှင့် အိမ်ရာများများ ဖန်တီးပေးမည်ဆိုသော အကြမ်းဖျင်း အစီအစဉ်များ ပါရှိ ပါသည်။ 

လွှတ်တော်အမတ် ဂရင်းက ကမ္ဘာပေါ်၌ အာဏာအကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်၏ နှုတ်ထွက်စကားသည် လူမျိုးတုံးသုတ်သင်မှုကဲ့သို့ ဖြစ်နေသည့်အတွက် လွန်စွာ ရွံစရာကောင်းသည်ဟု ရှုတ်ချခဲ့သည့်အပြင် အဆိုပါ တက္ကဆက်ပြည်နယ်လွှတ်တော်အမတ်က အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုကိုလည်း ဝေဖန်ပြစ်တင်ခဲ့ပါ သည်။ 

ထရမ့်၏စိတ်ကူးသည် ဒေသတွင်းတည်ငြိမ်မှုနှင့် ပါလက်စတိုင်း အခွင့်အရေးအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်လာနိုင်သည့်အတွက် ကမ္ဘာ့ ခေါင်းဆောင်များနှင့် လူသားချင်းစာနာထောက်ထားမှု အဖွဲ့များက ထရမ့်ကိုသတိပေးမှုများ ပြုလုပ်လာကြပါသည်။ 

“သမ္မတကိုစွပ်စွဲပြစ်တင်ရန် လှုပ်ရှားမှုစတင်နေပြီ” ဟု ဂရင်းက ဆက်လက်ကြေညာခဲ့ပြီး ၎င်း၏ “ယုတ်ညံ့သောလုပ်ရပ်များ အဆိုပြုထားချက်” နှင့် “ယုတ်ညံ့သော လုပ်ရပ်များ” နှစ်ခုလုံးအတွက် စွပ်စွဲပြစ်တင်သည့် ပုဒ်မများကိုအသုံးပြုမည်ဟု ကတိပြုခဲ့ပါသည်။

ကိုးကား-Myanmar National Post

ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် ညီလာခံ၌ အမေရိကန် တင်ပြမည်

လာမည့်သီတင်းပတ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် ဂျာမနီနိုင်ငံတွင်ကျင်းပမည့် နိုင်ငံတကာအစည်းအဝေး၌ ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို တင်ပြဖွယ်ရှိကြောင်း သိရသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Keith Kellogg က ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်မည့် မြူးနစ်လုံခြုံရေးညီလာခံကို တက်ရောက်မည်ဟု ဖေဖော်ဝါရီ ၄ ရက်(အင်္ဂါနေ့)တွင် ပြောကြားခဲ့ပါသည်။ အဆိုပါညီလာခံတွင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်မည့် ထရမ့်၏ အစီအစဉ်ကို ပြောဆိုရန် စီစဉ်ထားကြောင်း ဆိုသည်။

အမေရိကန်၏ အဆိုပြုချက်တွင် “မော်စကိုက နောက်တစ်ကြိမ် မတိုက်ခိုက်နိုင်စေရန် ယူကရိန်းအား လုံခြုံရေးအာမခံချက်များပေးရန်နှင့် ပဋိပက္ခကို ရပ်ဆိုင်း၍ ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ထားသောနယ်မြေကို ပြန်ပေးရန်” ပါဝင်ကြောင်း အမေရိကန် မီဒီယာ Bloomberg ၏ ဖေဖော်ဝါရီ ၅ ရက် (ဗုဒ္ဓဟူးနေ့) တွင် ထုတ်ပြန်ချက်အရ သိရှိရသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Kellogg သည် ညီလာခံအပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်သို့ သွားရောက် လည်ပတ်ရန် စီစဉ်နေကြောင်းနှင့် ယူကရိန်းသမ္မတ Volodymyr Zelenskyy နှင့် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း ပြည်သူ့အသံလွှင့်ဌာနနှင့် အခြားမီဒီယာ များက ဆိုသည်။ 

ကိုးကား-NHK

ကိယက်ဗ်၏ နေတိုးအဖွဲ့ဝင်ဖြစ်ရေးဆန္ဒအပေါ် ထရမ့်၏ရပ်တည်ချက်ကို မော်စကိုကြိုဆို

ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်များနှင့်ပတ်သက်၍ အမေရိကန် သမ္မတ Donald Trump ၏ ပြောကြားချက်ကို ရုရှားနိုင်ငံက ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ပြောကြားခဲ့သည်။ကိယက်ဗ်၏ နေတိုးအဖွဲ့တွင်ပါဝင်ရန် အစီအစဉ်များကို ထောက်ခံခြင်းမှာ မှားယွင်းကြောင်း ၀န်ခံသည့် ပထမဆုံးအနောက်နိုင်ငံခေါင်းဆောင်မှာ Trump ဖြစ်သည်ဟု Lavrov က ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

နေတိုးအဖွဲ့ဝင်ဖြစ်ရေး ယူကရိန်း၏လုပ်ဆောင်မှုများအတွက် ရုရှား၏စိုးရိမ်မှုများကို နားလည်ကြောင်းလွန်ခဲ့သည့်လအတွင်းတွင် ထရမ့်ကပြောဆိုခဲ့ပြီး သတင်းထောက်များနှင့်တွေ့ဆုံရာတွင်လည်း ရုရှား၏ ရပ်တည်ချက်သည် ကျောက်ထက်အက္ခရာ တင်ထားသကဲ့သို့ မပျက်မယွင်းခိုင်မြဲမှုရှိကြောင်းနှင့် ဘိုင်ဒင်က ထိုအချက်ကို လျစ်လျူရှုခဲ့ကြောင်း ပြောကြားခဲ့သည်။

Lavrov က ထရမ့်၏ မှတ်ချက်များအရ ယူကရိန်းနှင့် ပဋိပက္ခကိုဆွေးနွေးဖြေရှင်းရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဆိုသည်။

၎င်းက နေတိုးအဖွဲ့၏ လုပ်ဆောင်မှုများကြောင့် ပဋိပက္ခ ပိုမိုကြီးမားလာရကြောင်းကို ထပ်လောင်းပြောကြားခဲ့ပြီး ဝါရှင်တန်ကသာ လက်တွေ့ကျသည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။