သတင်းများ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဆော်ဒီအာရေဗျတွင် တွေ့ဆုံနိုင်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဆော်ဒီအာရေဗျတွင် တွေ့ဆုံနိုင်သည်ဟု CBS သတင်းဌာနက ဖော်ပြထားပါသည်။

“ယူကရိန်းပဋိပက္ခအဆုံးသတ်လိုသည့် သမ္မတပူတင်၏ ဆန္ဒနှင့်ပတ်သက်၍ ကြီးမားသောယုံကြည်မှုဖြင့် ပြောဆိုနိုင်ကြောင်းအမေရိကန် သမ္မတက မှတ်ချက်ပြုခဲ့သည်” ဟု တီဗီချန်နယ်က အလေးပေးပြောကြားခဲ့ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုအချိန်အထိ အစည်းအဝေးကို တိကျစွာ သတ်မှတ်ထားခြင်း မရှိသေးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့အပြင် ဆော်ဒီအာရေဗျနိုင်ငံ၏ ထီးနန်းအမွေဆက်ခံသူ မဟာမက်ဘင်ဆာလမန်အား-ဆော်ဒ်သည်လည်း ဤအစည်းအဝေးတွင် ပါဝင်နိုင်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီး (၂၀၂၄ ခုနှစ် မေလ ၂၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးသူ) မပါဝင်ဘဲ ရုရှားနှင့် တိုက်ရိုက်သံတမန်ဆက်သွယ်မှုပြုလုပ်ရာတွင် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မမြင်ကြောင်း ထပ်လောင်းရှင်းပြခဲ့ပါသည်။ 

ထို့အပြင် အမေရိကန်သမ္မတက ယူကရိန်းသို့သွားရောက်ရန် ကတိပြုထားခြင်း မရှိကြောင်း အတိအလင်းဖော်ပြခဲ့ပါသည်။

ကိုးကား - Izvestia

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဗြိတိန်နှင့် အိုင်ယာလန်သို့ ခရီးစဉ်သွားရောက်၍ အစည်းအဝေးများ တက်ရောက်မည်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy၊ အိုင်ယာလန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး၊ ကုန်သွယ်ရေးဝန်ကြီး Simon Harris၊ မြူးနစ်လုံခြုံရေးအစည်းအဝေး ဥက္ကဋ္ဌ Dr.

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy၊ အိုင်ယာလန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး၊ ကုန်သွယ်ရေးဝန်ကြီး Simon Harris၊ မြူးနစ်လုံခြုံရေးအစည်းအဝေး ဥက္ကဋ္ဌ Dr. Christoph Heusgen တို့၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၇ ရက်အတွင်း ဗြိတိန်သို့ ခရီးစဉ်သွားရောက်ကာ ဗြိတိန်နှင့်အတူ ၁၀ ကြိမ်မြောက် တရုတ်-ဗြိတိန် မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်း၊ အိုင်ယာလန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်ခြင်း၊ ဂျာမနီနိုင်ငံသို့ သွားရောက်ကာ ၆၁ ကြိမ်မြောက် မြူးနစ်လုံခြုံရေးအစည်းအဝေး တက်ရောက်၍ “တရုတ်သီးသန့်အစည်းအဝေး” တွင် မိန့်ခွန်းပြောကြားသွားမည်ဖြစ်ရာ အစည်းအဝေးခေါင်းစဉ်နှင့် ပေါင်းစပ်၍ အဓိကနိုင်ငံတကာ အရေးကိစ္စများတွင် တရုတ်နိုင်ငံ၏သဘောထားကို မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဖေဖော်ဝါရီလ အလှည့်ကျဥက္ကဋ္ဌနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ဖေဖော်ဝါရီ ၁၈ ရက်တွင် “နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ (Multilateralism) လက်တွေ့ဖော်ဆောင်၍ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ပြည့်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲခြင်း” ခေါင်းစဉ်ဖြင့် လုံခြုံရေးကောင်စီ အဆင့်မြင့်အစည်းအဝေးအား ကျင်းပသွားမည်ဖြစ်ရာ ဝမ်ရိသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ သွားရောက်၍ လုံခြုံရေးကောင်စီအစည်းအဝေးအား ကြီးမှူးကျင်းပသွားမည်ဖြစ်သည်။
ထို့ပြင် G20 အဖွဲ့ ဥက္ကဋ္ဌနိုင်ငံ၊ တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး Ronald Lamola ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၁ ရက်အထိ တောင်အာရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့တွင် ကျင်းပမည့် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ကိုးကား- ဆင်ဟွာ

ယူနက်စကိုတွင် အမေရိကန် ပါဝင်နေမှုကို စိစစ်တင်ပြရန် ထရမ့် ညွှန်ကြား

အမေရိကန်သည် ကုလသမဂ္ဂနှင့်ဆက်စပ်အေဂျင်စီများသို့ ငွေကြေးအမြောက်အမြား ထောက်ပံ့နေရကြောင်း အမေရိကန်အစိုးရ စွမ်းဆောင်မှုမြှင့်တင်ရေးဌာန (DOGE) ကို ဦးဆောင်သော အီလွန်မက်က ၎င်း၏ X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ဒေါ်နယ်ထရမ့်သည် ဖေဖော်ဝါရီ ၄ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) နှင့် ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့ (UNRWA) တို့မှ အမေရိကန် နုတ်ထွက်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါသည်။

ဆက်လက် ကုလသမဂ္ဂအေဂျင်စီတစ်ခုဖြစ်သည့် ယူနက်စကိုတွင် အမေရိကန် ပါဝင်နေမှုကို ရက်ပေါင်း ၉၀ အတွင်း သုံးသပ်တင်ပြရန် ညွှန်ကြားလိုက်ပါသည်။ 

ကိုးကား-TASS

တစ်ချိန်တွင် ယူကရိန်းသည် ရုရှားအပိုင် အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ဒေါ်နယ်ထရမ့် ပြောကြား

တစ်ချိန်တွင် ယူကရိန်းသည် ရုရှားအပိုင်ဖြစ်လာနိုင်သည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပြီး ယူကရိန်းတွင် အမေရိကန် အစိုးရက ရင်းနှီးမြုပ်နှံထားသည့် ငွေကြေးများအတွက် အပြန်အလှန်အားဖြင့် သဘောတူညီချက်ရယူထားလိုကြောင်း ထရမ့်က Fox News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

“ယူကရိန်းသည် မြေရှားသတ္တု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များထုတ်ယူနိုင်သော အလွန်အဖိုးတန်သည့် မြေနေရာများ ပိုင်ဆိုင်ထားကြောင်း၊ ယူကရိန်းတွင် ဒေါ်လာဘီလီယံ ရာနှင့်ချီ ရင်းနှီးမြှုပ်နှံထားသဖြင့် အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ ခိုင်မာမှုရှိစေရန် မိမိတို့အနေဖြင့်  သဘောတူညီချက် ရယူထားလိုကြောင်း၊ အဆိုပါ သဘောတူညီချက်အား ယူကရိန်းဘက်က လက်ခံမည် သို့မဟုတ် ငြင်းပယ်မည်မှာ မသေချာကြောင်း၊ ထို့ပြင် ယူကရိန်းသည် တစ်ချိန်တွင် ရုရှားအပိုင်ဖြစ်လာနိုင်သကဲ့သို့ ဖြစ်မလာနိုင်သည်လည်းရှိကြောင်း၊ ထို့ကြောင့် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုငွေ အားလုံးအတွက် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ တန်ဖိုးရှိသည့် မြေရှားသတ္တုများ ပြန်လိုချင်ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍လည်း ယူကရိန်း က သဘောတူထားကြောင်း၊ ထိုသို့ဆောင်ရွက်ထားမှသာ မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုများ အလဟဿ မဖြစ်နိုင်ကြောင်း” ထရမ့်က ဖြည့်စွက် ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ယခင်ကလို ငွေကြေးအကူအညီ ဆက်လက် ထောက်ပံ့ပေးသွားမည် မဟုတ်ကြောင်းကို ကိယက်ဗ်အား သတိပေးခဲ့ကြောင်း ထရမ့်က ထပ်လောင်းပြောကြားခဲ့သည်။

“မိမိအနေဖြင့် သမ္မတရာထူး ပထမသက်တမ်းကာလပြီးပြီးချင်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဆက်လက် အနိုင်ရခဲ့ပါက ယူကရိန်းတွင် ယခုကဲ့သို့ ပဋိပက္ခ ဖြစ်လာမည်မဟုတ်ကြောင်းနှင့် အောက်တိုဘာ ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံအား ဟားမားစ်လက်နက်ကိုင်စစ်သွေးကြွများ ဝင်ရောက် တိုက်ခိုက်ခဲ့သည့်ကိစ္စများလည်း လုံးဝရှိလာမည်မဟုတ်ကြောင်း” ထရမ့် က ထပ်တလဲလဲ ပြောကြားခဲ့ပါသည်။ 

နေတိုးအဖွဲ့ကို ပြုပြင်ပြောင်းလဲသင့်ပြီဟု ကော်မရှင်ဥက္ကဋ္ဌပြော

အမေရိကန်အစိုးရက နေတိုးအနေဖြင့် ကာကွယ်ရေးစရိတ်ကို တိုးမြှင့်စိုက်ခံသင့်သည်ဟု ပြောကြားခဲ့မှုအပေါ် အီးယူကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က နေတိုးအဖွဲ့အနေဖြင့် မိမိကာကွယ်ရေးကို ကိုယ်တိုင် ဂရုစိုက်ရန် လိုအပ်လာပြီး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဆိုလိုက်ပါသည်။ 

အမေရိကန်ဦးဆောင်သော စစ်ဘက်ဆိုင်ရာအစုအဖွဲ့၏ အဖွဲ့ဝင်များအကြား ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ပေးရန် အမေရိကန်၏ တောင်းဆိုမှုများ၊ ယူကရိန်းအတွက် အနာဂတ်ထောက်ပံ့မှုအပေါ် မသေချာမရေရာမှုများနှင့် ဥရောပလုံခြုံရေးဆိုင်ရာ ဝါရှင်တန်၏ ကတိကဝတ်များတွင် ဖြစ်ပေါ်လာနိုင်သည့်အပြောင်းအလဲကို စိုးရိမ်မှုများကြားတွင် သူမ၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ 

နေတိုးသည် ၎င်းတို့၏ကာကွယ်ရေး အခြေခံအုတ်မြစ်ဖြစ်ပြီး ဥရောပ နိုင်ငံများအကြားရှိ ကာကွယ်ရေးစနစ်တစ်ခု လိုအပ်သည်ဆိုသည်မှာ ထင်ရှားပါကြောင်း ဖေဖော်ဝါရီ ၉ ရက်နေ့က လစ်သူယေးနီးယားတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဗွန်ဒါလီယန်က ပြောကြားခဲ့ပါသည်။ 

ခေတ်သစ်စစ်ပွဲများတွင် စစ်ရေးအတိုင်းအတာ၊ နည်းပညာနှင့် ပေါင်းစပ်ညှိနှိုင်းမှုသည် မည်သည့်နိုင်ငံအတွက်မဆို ကြီးကြီးမားမား လိုအပ်ပြီး အစိုးရနှင့်ပုဂ္ဂလိကနှစ်ဖက်စလုံးအတွက် ရန်ပုံငွေများ ပိုမိုထည့်ဝင်ထားသင့်ကြောင်း၊ ဥရောပအနာဂတ် ကာကွယ်ရေး၏ မဟာဗျူဟာ အစီရင်ခံစာကို အီးယူခေါင်းဆောင်များထံသို့ မတ်လလယ်တွင် တင်ပြမည်ဖြစ်ကြောင်း သူမကပြောကြားခဲ့ပါသည်။ 

ယူကရိန်းပဋိပက္ခ မဖြစ်မီက ပြင်သစ်သမ္မတမာခွန်နှင့် ဂျာမနီဝန်ကြီးချုပ်ဟောင်း အန်ဂျီလာမာကယ်လ်တို့သည် အီးယူစစ်တပ်ထူထောင်ရေးအတွက် အတက်ကြွဆုံး ထောက်ခံသူများဖြစ်ပါသည်။ 

ကိုးကား-RT

ကနေဒါကို သိမ်းယူရန်မှာ အတည်ဖြစ်ကြောင်း ထရမ့်ပြောကြား

ကနေဒါက အမေရိကန်နိုင်ငံ၏ ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာရေး သဘောထားမှာ “အတည်ဖြစ်ကြောင်း” အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က အမေရိကန်မီဒီယာ၏ ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်လွှင့်သည့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ Fox News ရုပ်သံလိုင်း သတင်းထောက်က တွေ့ဆုံမေးမြန်းရာတွင် ထရမ့်အား ကနေဒါကို အမှန်တကယ် သိမ်းယူလိုခြင်း ရှိမရှိ မေးမြန်းခဲ့သည်။ ထရမ့်က “ဟုတ်ပါတယ်၊ ကနေဒါက (အမေရိကန်ရဲ့) ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာရင် ပိုကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နှစ်စဉ် ကနေဒါမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ နစ်နာဆုံးရှုံးနေရပါတယ်။ ဒီလိုကိစ္စမျိုး (ဆက်လက်) ဖြစ်ပွားတာကို ကျွန်တော်ခွင့်မပြုပါဘူး” ဟု ဖြေကြားခဲ့သည်။

ထို့ပြင် ကနေဒါ ရုပ်သံလွှင့်ကော်ပိုရေးရှင်း၏ ဖေဖော်ဝါရီ ၇ ရက် သတင်းဖော်ပြချက်အရ စီးပွားရေးလောက လူပုဂ္ဂိုလ်များနှင့်အတူ ကျင်းပသည့် တံခါးပိတ်အစည်းအဝေးတစ်ခု၌ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ထရူးဒိုးက ၎င်းနှင့် ထရမ့်က အချို့သောအကြောင်းအရာများကို ဆွေးနွေးချိန်တွင် “အလွယ်ကူဆုံးနည်းလမ်းဟာ ကျွန်တော်တို့နိုင်ငံကို သိမ်းယူတာပဲလို့ မစ္စတာထရမ့်က ယူဆပါတယ်။ ဒါကအတည်ပါ” ဟု ပြောကြားခဲ့သည်။ ထရူးဒိုးက ထိုစကားကိုပြောပြီးမှ မိုက်ကိုပိတ်ရန် သတိရသွားကြောင်း သိရသည်။ ထရူးဒိုးကဆက်လက်ပြီး “သူတို့ (အမေရိကန်သား) တွေက ကျွန်တော်တို့မှာ အရင်းအမြစ် ဘယ်လောက်ရှိလဲဆိုတာ ရှင်းရှင်းလင်းလင်းသိကြလို့ ဒီအရင်းအမြစ်တွေကနေ အကျိုးအမြတ် အထူးလိုချင်ကြတယ်” ဟုလည်း ပြောကြားခဲ့သည်ဟု အစည်းအဝေးတက်ရောက်သူက ဆိုသည်။

ကနေဒါသည် အမေရိကန်၏ ၅၁ ခုမြောက် ပြည်နယ်ဖြစ်သင့်သည်ဟု ထရမ့်က အကြိမ်များစွာ ထုတ်ဖော်ပြောကြားခဲ့ပြီး “စီးပွားရေးအင်အား” ဖြင့် ယင်းကို ဖော်ဆောင်မည်ဟု လည်း ဆိုခဲ့သည်။ ၎င်းက ထရူးဒိုးကို “ကနေဒါပြည်နယ် အုပ်ချုပ်ရေးမှူး” ဟုပင် အကြိမ်များစွာခေါ်ဆိုခဲ့ဖူးသည်။ ကနေဒါအနေဖြင့် အမေရိကန်က ၎င်းအပေါ်တိုးမြှင့်ကောက်ခံရန် စီစဉ်ထားသည့် စည်းကြပ်ခွန်များကို ခံနိုင်ရည်မရှိပါက အမေရိကန်နိုင်ငံအတွင်း ပေါင်းစပ်လိုက်သင့်သည်ဟု ထရမ့်က ထရူးဒိုးအား ပြောကြားခဲ့ဖူးကြောင်း ထိုမတိုင်မီ အမေရိကန် မီဒီယာများက သတင်းဖော်ပြခဲ့သည်။ ကနေဒါဘက်က ထရမ့်၏အထက်ပါပြောကြားချက်ကို ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ခဲ့ကြောင်း သိရသည်။

အမေရိကပင်လယ်ကွေ့အမည် Google Maps ပေါ်တွင် တွေ့မြင်ရပြီ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဇန်နဝါရီ ၂၀ ရက် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးတွင် မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိက ပင်လယ်ကွေ့အဖြစ် ပြောင်းလဲခေါ်ဝေါ်ရန် အမိန့်စာတစ်စောင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါသည်။ 

ထိုအမိန့်အရ ယခုအခါ Google Maps ပေါ်တွင် မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိကပင်လယ်ကွေ့အဖြစ် ပြင်ဆင်ပြောင်းလဲ လိုက်ပြီဖြစ်ကြောင်း Google ကော်ပိုရေးရှင်းက ကြေညာလိုက်ပါသည်။ 

ယခုအခါ အမေရိကန်ရှိ Google Maps အသုံးပြုသူများအနေဖြင့် အမေရိကပင်လယ်ကွေ့အဖြစ် မြင်တွေ့ရမည်ဖြစ်ပြီး မက္ကဆီကိုရှိ အသုံးပြုသူများအနေဖြင့် မက္ကဆီကိုပင်လယ်ကွေ့အဖြစ် မြင်တွေ့ရမည် ဖြစ်ပါသည်။ အလားတူ အခြားဒေသရှိ Google Maps   အသုံးပြုသူများသည် အမည်နှစ်မျိုးလုံးကို တွေ့မြင်ရမည်ဖြစ်ပါသည်။

ကိုးကား-TASS

Photo- The New York Times

ဓားစာခံများကို လွှတ်မပေးပါက အစ္စရေး-ဟားမက်စ် အပစ်အခတ်ရပ်စဲရေးကို ဖျက်သိမ်းမည်ဟု Trump အရိပ်အမြွက်ဆို

ဂါဇာကမ်းမြှောင်တွင် ဖမ်းဆီးထားသည့် ဓားစာခံများကို ဟားမက်စ်က ဖေဖော်ဝါရီ ၁၅ ရက်နေ့၌ လွှတ်မပေးပါက အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ Donald Trump က ဖေဖော်ဝါရီ ၁၀ ရက်နေ့က သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

အစ္စရေးက သီတင်းခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်သည်ဟု ဟားမက်စ်က ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြောဆိုခဲ့ကာ ဓားစာခံများ ပြန်လွှတ်ပေးရေး ရွှေ့ဆိုင်းမည်ဟု ကြေညာခဲ့ပြီးနောက် အဆိုပါကြေညာချက်ကို အစ္စရေးက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါသည်။

ထရမ့်ကလည်း ဓားစာခံများလွှတ်မပေးပါက ဟားမက်စ်များကို အပြီးတိုင် ချေမှုန်းမည်ဟု ကြုံးဝါးထားခဲ့သည်။

ကိုးကား-NHK World

ပနားမားနှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးလျော့ပါးစေရန် အမေရိကန်၏ ကြိုးပမ်းမှုအပေါ် ကန့်ကွက်ဟု တရုတ်ပြော

ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ခြင်းဖြင့် ပနားမားနှင့် တရုတ်နိုင်ငံတို့ကြား    ဆက်ဆံရေးလျော့ပါးစေရန် အမေရိကန်၏ ကြိုးပမ်းမှုအပေါ် တရုတ်နိုင်ငံက အခိုင်အမာ ကန့်ကွက်ကြောင်း တရုတ်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကျောင်ကျီယွမ်က ပြောသည်။

တရုတ်နှင့် ပနားမားနိုင်ငံတို့၏ ဆက်ဆံရေးသည်  အခြားမည်သည့်နိုင်ငံကိုမျှ ပစ်မှတ်ထားခြင်းမရှိသောကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးကို  မည်သည့်နိုင်ငံကမျှ ပျက်ပြားအောင် မလုပ်ဆောင်သင့်ကြောင်းနှင့် တရုတ်-ပနားမား နှစ်နိုင်ငံဆက်ဆံရေးကို မှန်ကန်သော လမ်းကြောင်းပေါ်၌ ဆက်လက်ထားရှိခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ ရေရှည်အကျိုးစီးပွားအတွက်ဖြစ်ကြောင်း ကျောင်က  တရုတ်နိုင်ငံဆိုင်ရာ ပနားမားသံအမတ် မီဂူးလီကာနိုနှင့် ဖေဖော်ဝါရီလ ၈ ရက်က တွေ့ဆုံစဉ်ပြောကြားခြင်းဖြစ်သည်။

ပနားမားနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း (Belt and Road Initiative-BRI) မှတရားဝင်နုတ်ထွက်ကြောင်း  ပနားမားသမ္မတ ဟိုဆေးရာအူးမူလီနိုက ဖေဖော်ဝါရီလ ၇   ရက်တွင် ပြောကြားခဲ့သည်။ ထို့ပြင် BRI စီမံကိန်းမှ ပနားမား နုတ်ထွက်ရခြင်းသည် နိုင်ငံအတွင်းသို့ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မားကို့ရူဘီယို၏ ခရီးစဉ်နှင့် သက်ဆိုင်မှုမရှိဟု  ၎င်းကဆိုထားကြောင်း  သိရသည်။

အမေရိကန်ပြည်ထောင်စုသည် ပနားမားတူးမြောင်းကို ပနားမားနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သော်လည်း   ယင်းတူးမြောင်းကို   တရုတ်နိုင်ငံက လည်ပတ်လျက်ရှိသောကြောင့် အဆိုပါ တူးမြောင်းအား အမေရိကန်၏ ထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိစေရန် အလိုရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ  ၂၀   ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်အစိုးရ၏ အဆိုပါပြောဆိုစွပ်စွဲချက်နှင့် ပနားမားတူးမြောင်းကို အမေရိကန်က ပိုင်ဆိုင်သင့်သည် ဟူသော ထရမ့်၏ပြောဆိုမှုကို ပနားမားသမ္မတက  ငြင်းဆိုခဲ့ကြောင်း သိရသည်။

Source: Myawady Web Portal

အမေရိကန်က ဂါဇာကို ပိုင်ဆိုင်ထိန်းချုပ်လိုကြောင်းနှင့် အရှေ့အလယ်ပိုင်းဒေသများအနေဖြင့် ဂါဇာဒေသပြန်လည် တည်ဆောက်ရေးလုပ်ငန်းများတွင် ကူညီပေးစေလိုကြောင်းထရမ့် ပြောကြား

ဟားမားစ်များ ထပ်မံမဝင်ရောက်စေရန် ဂါဇာကမ်းမြောင်ဒေသကို ဝယ်ယူသိမ်းပိုက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကတိပြု ပြောကြားခဲ့ပြီး ဂါဇာဒေသ၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင်အရှေ့အလယ်ပိုင်းဒေသများက ပါဝင်ကူညီဆောင်ရွက်ပေးစေလိုကြောင်း Super Bowl အားကစားပြိုင်ပွဲသို့ တက်ရောက်ရန် ဖေဖော်ဝါရီ ၉ ရက် တွင် နယူးအော်လန်မြို့သို့ သွားရောက်သည့် Air Force One လေယာဉ် ပေါ်တွင် ပြောကြားခဲ့ပါသည်။ 

ထို့ပြင် ပါလက်စတိုင်းဒုက္ခသည်အချို့ကို အမေရိကန်ပြည်ထောင်စုအတွင်း ခိုလှုံနေထိုင်ခွင့်ပြုရန် စီစဉ်ထားသော်လည်း သေချာစိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပါသည်။

ဂါဇာကမ်းမြောင်ဒေသကို ဝယ်ယူသိမ်းပိုက်မည်ဟူသော ထရမ့်၏ ကြေညာချက်အပေါ် ကမ္ဘာ့နိုင်ငံအများအပြား က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။ 

ဂါဇာကို ဝယ်ယူမည့် ထရမ့်၏ အစီအစဉ်ကို ဆော်ဒီအာရေးဗီးယားနိုင်ငံကလည်း အခြားကမ္ဘာ့ခေါင်းဆောင်များကဲ့သို့ ပြတ်ပြတ်သားသား ကန့်ကွက် ခဲ့သည်။ ဂျော်ဒန်ဘုရင် Abdullah သည် “ထရမ့်၏ ဂါဇာကြေညာချက်သည် အရှေ့အလယ်ပိုင်းဒေသတစ်ဝိုက်တွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေကာ အစ္စရေးနှင့် မဟာမိတ်ဆက်ဆံရေးကို ထိခိုက်စေမည့် အစွန်းရောက်ဝါဒီ၏ လမ်းစဖြစ်သည်” ဟု ဖေဖော်ဝါရီ ၁၁ ရက် ဝါရှင်တန်၌ ပြုလုပ်မည့် ဆွေးနွေးပွဲတွင် ထရမ့်အား ပြောကြားသွားရန် စီစဉ်ထားကြောင်း Reuters သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

ကိုးကား-Yahoo