ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် ညီလာခံ၌ အမေရိကန် တင်ပြမည်

News Image

  • ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် ညီလာခံ၌ အမေရိကန် တင်ပြမည်

လာမည့်သီတင်းပတ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် ဂျာမနီနိုင်ငံတွင်ကျင်းပမည့် နိုင်ငံတကာအစည်းအဝေး၌ ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို တင်ပြဖွယ်ရှိကြောင်း သိရသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Keith Kellogg က ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်မည့် မြူးနစ်လုံခြုံရေးညီလာခံကို တက်ရောက်မည်ဟု ဖေဖော်ဝါရီ ၄ ရက်(အင်္ဂါနေ့)တွင် ပြောကြားခဲ့ပါသည်။ အဆိုပါညီလာခံတွင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်မည့် ထရမ့်၏ အစီအစဉ်ကို ပြောဆိုရန် စီစဉ်ထားကြောင်း ဆိုသည်။

အမေရိကန်၏ အဆိုပြုချက်တွင် “မော်စကိုက နောက်တစ်ကြိမ် မတိုက်ခိုက်နိုင်စေရန် ယူကရိန်းအား လုံခြုံရေးအာမခံချက်များပေးရန်နှင့် ပဋိပက္ခကို ရပ်ဆိုင်း၍ ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ထားသောနယ်မြေကို ပြန်ပေးရန်” ပါဝင်ကြောင်း အမေရိကန် မီဒီယာ Bloomberg ၏ ဖေဖော်ဝါရီ ၅ ရက် (ဗုဒ္ဓဟူးနေ့) တွင် ထုတ်ပြန်ချက်အရ သိရှိရသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Kellogg သည် ညီလာခံအပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်သို့ သွားရောက် လည်ပတ်ရန် စီစဉ်နေကြောင်းနှင့် ယူကရိန်းသမ္မတ Volodymyr Zelenskyy နှင့် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း ပြည်သူ့အသံလွှင့်ဌာနနှင့် အခြားမီဒီယာ များက ဆိုသည်။ 

ကိုးကား-NHK