သတင်းများ

သေနတ်အတုဖြင့် ချိန်ခဲ့သည့် ဆီးရီးယားလူမျိုးတစ်ဦးအား ပြင်သစ်ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီး

     ပြင်သစ်နိုင်ငံတွင် ရဲတပ်ဖွဲ့အား သေနတ်အတုဖြင့် ချိန်ခဲ့သည့် ဆီးရီးယားလူမျိုး တစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်သည် ပဲရစ်မြို့တော်ရှိ အိုတယ်လစ် ဘူတာရုံတွင် ဖေဖော်ဝါရီလ ၃ ရက်က ဖြစ်ပွားခြင်းဖြစ်သည်။ အသက် ၄၉ နှစ်အရွယ် အဆိုပါအမျိုးသားသည် ဘူတာရုံတွင် စကြာတံဆိပ်များကို မှုတ်ဆေးဖြင့် ရေးဆွဲနေစဉ် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ရာမှ ယင်းအမျိုးသားက  ၎င်း၏အင်္ကျီအိတ်အတွင်းမှ သေနတ်အတုကိုထုတ်၍ ရဲတပ်ဖွဲ့ဝင်များအား ချိန်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်  ရဲတပ်ဖွဲ့ဝင်များက  ၎င်းအမျိုးသားအား  တားဆီးရန်အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ဖမ်းဆီးမှုကြောင့် ၎င်းအမျိုးသား၏ ဝမ်းဗိုက်တွင် ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။ ယင်းပစ်ခတ်မှုတွင် အနီးအနားရှိ အငှားယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အာဏာပိုင်များက ဘူတာရုံအား နာရီအတော်ကြာ ပိတ်ခဲ့ပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။ ပြင်သစ်နိုင်ငံသည် အကြမ်းဖက် တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍    ပြီးခဲ့သည့်နှစ်မှစ၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသင့်အနေအထား ပြင်ဆင်ထားခဲ့ကြောင်း သိရသည်။ ပစ်ခတ်ခံခဲ့ရသည့်  အမျိုးသားသည် ဆီးရီးယားမျိုးနွယ်မှ   ဆင်းသက်လာသူ တစ်ဦးဖြစ်သည်။

Source: Myawady Web Portal

ဩစတေးလျအစိုးရဌာနများရှိ ကွန်ပျူတာနှင့် အခြားနည်းပညာပစ္စည်းများတွင် DeepSeek အသုံးပြုခွင့် ပိတ်ပင်

နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုအန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဩစတေးလျအစိုးရဌာနများရှိ ကွန်ပျူတာနှင့်နည်းပညာပစ္စည်းများ အားလုံးတွင် တရုတ်ကုမ္ပဏီပိုင် DeepSeek ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြုခွင့်ပိတ်ပင်လိုက်ကြောင်း ဩစတေးလျ အစိုးရက ဖေဖော်ဝါရီ ၄ ရက်(အင်္ဂါနေ့)တွင် ပြောကြား လိုက်ပါသည်။

“DeepSeek ထုတ်ကုန်များ၊ အပလီကေးရှင်းများနှင့် ဝက်ဘ်ဆိုက်ဝန်ဆောင်မှုများကို အသုံးပြုခြင်း သို့မဟုတ် တပ်ဆင်ခြင်းအား တားမြစ်ရန်နှင့် DeepSeek ထုတ်ကုန်များ၊ အပလီကေးရှင်းများနှင့် ဝက်ဘ်ဆိုက်ဝန်ဆောင်မှုများကို အသုံးပြုလျက်ရှိသော အစိုးရဌာနများ၏ကွန်ပျူတာနှင့် နည်းပညာပစ္စည်းများအားလုံးမှ ဖယ်ရှားပစ်ရန်” ပြည်ထဲရေးဝန်ကြီးက အစိုးရဌာနများအားလုံး လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။

DeepSeek သည် အစိုးရအဖွဲ့အစည်းများအတွက် နည်းပညာဆိုင်ရာ ကြီးမားသောအန္တရာယ်ဖြစ်ပြီး ယခုကဲ့သို့ DeepSeek အသုံးပြုခွင့်အား ရုတ်တရက် ပိတ်ပင်ရခြင်းမှာ ဩစတြေးလျနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သတင်းမီဒီယာများက ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ဖော်ပြထားသည်။

ထိုပိတ်ပင်မှုမှာ ဩစတေးလျနိုင်ငံသားများပိုင် နည်းပညာပစ္စည်းများနှင့် မသက်ဆိုင်ကြောင်း ဖော်ပြချက်အရ သိရှိရပါသည်။

ကိုးကား-Reuters

ဖမ်းဆီးထိန်းသိမ်းထားသည့် ရုရှားနိုင်ငံသားတစ်ဦးကို မကြာမီပြန်လွှတ်ပေးမည်ဟုဟားမက်အဖွဲ့ ပြောကြား

အစ္စရေးနှင့် ချမှတ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဖမ်းဆီးထိန်းသိမ်းထားသည့် ရုရှားနိုင်ငံသားတစ်ဦးကို မကြာမီပြန်လွှတ်ပေးမည်ဟု ဟားမက်အဖွဲ့၏ နိုင်ငံရေးရုံး ဒုတိယအကြီးအကဲ မူဆာအဘူမာဇွတ်က Sputnik သို့ပြောကြားသည်။

ဟားမက်အဖွဲ့သည်  ရုရှားနိုင်ငံသားတစ်ဦးဖြစ်သည့် အလက်ဇန္ဒား ထရူဖာနော့အား ရုရှားနိုင်ငံ၏ ပါလက်စတိုင်းအပေါ် ထားရှိသည့် ရပ်တည်ချက်သဘောထားကို တုံ့ပြန်သည့်အနေဖြင့်  မကြာမီပြန်လွှတ် ပေးမည်ဖြစ်ကြောင်း မူဆာအဘူမာဇွတ်က ပြောသည်။

ထို့ပြင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒွန်ဘတ်ဒေသခံတစ်ဦးဖြစ်သည့် မက်ဇင်ခါကင်အား ပြန်လွှတ်ပေးခြင်းနှင့်စပ်လျဉ်း၍ အစ္စရေးနှင့် သဘောတူထားသည့် ဒုတိယအဆင့် သဘောတူညီချက်အပေါ် မူတည်၍ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ဟားမက်အဖွဲ့က  ပြောသည်။ သို့သော်  ၎င်းအားပြန်လွှတ်ပေးရေးကို   အဓိကဦးစားပေးအဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ပါလက်စတိုင်းမှ   ဟားမက်အဖွဲ့နှင့် အစ္စရေးတို့ကြား  အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို ကာတာ၊ အီဂျစ်နှင့် အမေရိကန်တို့၏ ကြားဝင်ဖျန်ဖြေမှုကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို ဇန်နဝါရီလ ၁၅ ရက်တွင် ချမှတ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင်ရုံး၌ ပစ်ခတ် တိုက်ခိုက်မှုများဖြစ်ပွား

အာဖဂန်နစ္စတန်နိုင်ငံရှိ   ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင်ရုံး၌   ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားရာ   လူတစ်ဦးသေဆုံးပြီး    အခြားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း TOLOnews သတင်းဌာနက ဖေဖော်ဝါရီလ ၃ ရက်တွင်ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုများသည် ကုလသမဂ္ဂရုံး အဆောက်အအုံအတွင်း၌ ဖြစ်ပွားခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး ကုလသမဂ္ဂရုံးမှ ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခြင်း ဖြစ်ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူမာတင် ကာနီ၏   ပြောကြားချက်ကို ကိုးကား၍ TOLOnews သတင်းဌာနက    ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုသည် မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်ကြောင်းကို အာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ   အကူအညီပေးရေး မစ်ရှင်ရုံးက  တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။

ဆီးရီးယားမြောက်ပိုင်းတွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံး

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် မော်တော်ကားတစ်စီး ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး ဆီးရီးယား ယာယီအစိုးရက အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း ရှုတ်ချခဲ့ပါသည်။

ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနနှင့် ယာယီအစိုးရတို့၏ ကြေညာချက်များအရ အဆိုပါကားသည် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် နိုင်ငံမြောက်ပိုင်း Manbij မြို့၏ ဆင်ခြေဖုံးနေရာ၌ ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရရှိသူများ ကြောင်း သိရှိရပါသည်။

ထိခိုက်သူအများစုသည် အမျိုးသမီး စိုက်ပျိုးရေး လုပ်သားများဖြစ်သည်ဟု လုံခြုံရေးအရာရှိများက ဆိုပါသည်။ Manbij သည် ဆီးရီးယားမြောက်ပိုင်း၌ ကာ့ဒ်လူမျိုးများ ဦးဆောင်သည့် တပ်ဖွဲ့များနှင့် တူရကီကျောထောက် နောက်ခံပေးထားသည့် အုပ်စုများအကြား အပြင်းအထန် တိုက်ခိုက်ခဲ့ကြသော နေရာများအနက် တစ်ခုဖြစ်သည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာအား တူရကီလိုလားသော အစုအဖွဲ့များက ထိန်းချုပ်ထားသည်ဟု ဆီးရီးယား၏ အခြေအနေကို စောင့်ကြည့်လေ့လာနေသည့် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့တွင်လည်း ကားတစ်စီး ပေါက်ကွဲ ခဲ့ပြီး လူ ၉ ဦး သေဆုံးခဲ့သည်ဟု အဆိုပါအဖွဲ့က ပြောပါသည်။

ယခုနောက်ဆုံး ပေါက်ကွဲမှုနှင့်ပတ်သက်၍ တာဝန်ရှိကြောင်း မည်သည့်အဖွဲ့ကမျှ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးဘဲ ဤဖြစ်စဉ်သည် သမ္မတ Bashar al-Assad အစိုးရဖြုတ်ချခံရပြီးနောက်ပိုင်း ဆီးရီးယား၌ အသေအပျောက်အများဆုံး ဖြစ်စေခဲ့သည့် ပေါက်ကွဲမှုဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြထားပါသည်။

ဆီးရီးယားယာယီအစိုးရက နိုင်ငံကို တစုတစည်းတည်းဖြစ်ရန် ကြိုးပမ်းနေသော်လည်း နိုင်ငံသည် လက်နက်ကိုင်အဖွဲ့ပေါင်းစုံ၏ တိုက်ခိုက်မှုများကြောင့် မတည်မငြိမ် ဖြစ်နေဆဲဖြစ်ပါသည်။

ကိုးကား-NHK World

နျူကလီးယားလက်နက်များ ထုတ်လုပ်နိုင်ရန် ပိုမို မြန်ဆန်နိုင်မည့်နည်းလမ်းများ အီရန် အသုံးပြုလျက်ရှိ ဟုဆို

အီရန်သိပ္ပံပညာရှင်များသည် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်ရန် ပိုမိုမြန်ဆန်သောနည်းလမ်းကို လုပ်ဆောင်နေကြောင်း အမေရိကန်ထောက်လှမ်းရေး သတင်းရင်းမြစ်များကို ကိုးကား၍ New York Times က ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။ အစီရင်ခံစာအရ တီဟီရန်အခြေစိုက် သိပ္ပံပညာရှင်များ၏ လျှို့ဝှက် အဖွဲ့တစ်ဖွဲ့သည် အမေရိကန် သို့မဟုတ် အစ္စရေးတို့၏ စစ်ရေးလုပ်ဆောင်မှုကို ဟန့်တားရန်အတွက် အဏုမြူ ဗုံးထုတ်လုပ်ရန် နည်းလမ်းသစ်ရှာဖွေရန် တာဝန်ပေးအပ်ခံထားရပြီး အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။

အီရန်သည် နျူကလီးယားလက်နက်ထိန်းချုပ်မှု အစီအစဉ်အောက်၌ ရှိနေသော်လည်း ဆီးရီးယားသမ္မတဟောင်း Bashar Assad ကျဆုံးခြင်းနှင့် အစ္စရေး၏ စစ်ဆင်ရေး လုပ်ဆောင်မှုများအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့ အင်အားနည်းသွားခြင်းအပါအဝင် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ဒေသတွင်းအခြေအနေများသည် တီဟီရန်၏ နျူကလီးယားလှုပ်ရှားမှုများကို အရှိန်မြှင့်ရန် လှုံ့ဆော်မှုဖြစ်စေခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက NYT သို့ ပြောကြားခဲ့သည်။

နေတန်ယာဟုသည် အီရန်၏နျူကလီးယား စက်ရုံများကို တိုက်ခိုက်မှုများပြုလုပ်ရန် ကြိမ်ဖန်များစွာ စဉ်းစားလျက်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း၎င်း၏အကြံပေးများနှင့် ဝါရှင်တန်တို့က ကန့်ကွက်ခဲ့ကြကြောင်းသိရှိရပါသည်။

ကိုးကား-RT

ရုရှားလိုလားသော အရန်တပ်ဖွဲ့ခေါင်းဆောင် သေဆုံး

ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသော အရန်တပ်ဖွဲ့ ခေါင်းဆောင် အာမန်ဆားစ်ဂျန်သည် မော်စကို၌ဖေဖော်ဝါရီ ၃ ရက်(တနင်္လာနေ့) နံနက်ပိုင်းက ပေါက်ကွဲမှုအတွင်း အပြင်းအထန်ဒဏ်ရာ ရရှိသွားပြီးနောက် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ရုရှားမီဒီယာများက ပြောကြားထားသည်။ 

ကရင်မလင်မှ ၁၂ ကီလိုမီတာ (၇) မိုင် အကွာ မော်စကို အနောက်မြောက်ဘက်ရှိ လူနေအဆောက်အအုံတစ်ခု၏ ဝင်ပေါက်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆားစ်ဂျန် မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ရဟတ်ယာဉ်ဖြင့် တင်ဆောင်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရ၍ အထူးကြပ်မတ်ကုသဆောင်တွင် သေဆုံးသွားခဲ့ကြောင်း သိရပါသည်။ ဆားစ်ဂျန်၏ ကိုယ်ရံတော်တစ်ဦးလည်းသေဆုံးပြီး နောက်တစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ 

အာမန်ဆားစ်ဂျန် ဦးဆောင်သော အရန်တပ်ရင်းသည် ယူကရိန်းအရှေ့ပိုင်းတွင် အဓိကလှုပ်ရှားနေပြီး ရုရှားအတွက် ကူညီတိုက်ခိုက်ပေးနေပါသည်။ ၎င်းသည် ယူကရိန်းစစ်ပွဲတွင် ပါဝင်ရန် အကျဉ်းထောင်များမှရာဇဝတ်သားများကို လူစုခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေးဌာန (SBU)က စွပ်စွဲထားသည်။ 

အာမန်ဆားစ်ဂျန်သေဆုံးမှုမှာ မော်စကိုအတွင်း လုံခြုံရေး စိတ်မချရသည့်အခြေအနေကို ဖော်ပြနေကြောင်း ဝေဖန်မှုမြင့်တက်နေပါသည်။ 

ကိုးကား-BBC

Oreshnik ဟိုက်ပါဆိုးနစ်ဒုံးကျည်များကို ဘယ်လာရုစ် တွင် တပ်ဆင်မည်

ရုရှားနိုင်ငံသည် Oreshnik ဟိုက်ပါဆိုးနစ် ဒုံးကျည်များကို ဘယ်လာရုစ်နိုင်ငံတွင် တပ်ဆင်ရန် အစီအစဉ်ရှိကြောင်း၊ နှစ်နိုင်ငံသမ္မတများ၏ ပူးပေါင်းကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်များနှင့် လုံခြုံရေးအယူအဆအရဖြစ်ကြောင်း၊  Oreshnik ဟိုက်ပါဆိုးနစ်ဒုံးကျည်များ တပ်ဆင်မှုသည် အနောက်နိုင်ငံများ၏ ယူကရိန်းသို့ လက်နက်ပို့ဆောင်မှုများနှင့် ရုရှားနိုင်ငံ၏ နယ်မြေများပေါ်တွင် ဒုံးကျည်တိုက်ခိုက်မှုများအပေါ် တုံ့ပြန်ရန်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒါရိုက်တာ Alexey Polishchuk က ဖေဖော်ဝါရီ ၄ ရက် (အင်္ဂါနေ့) တွင် ပြောပြထားပါသည်။

ဘယ်လာရုစ်နိုင်ငံသမ္မတ လူကာရှန်က နိုင်ငံနယ်နိမိတ် အနီးဆုံးမြို့ဖြစ်သည့် Smolensk တွင် Oreshnik ဟိုက်ပါဆိုးနစ်ဒုံးကျည်စနစ်များ တပ်ဆင်ရန် စိတ်ဝင်စားမှုကို ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းတွင် ပြောကြားထားပါသည်။

ကိုးကား-TASS 

Photo: Reuters

ထရမ့် အဆိုပြုသည့် စစ်သုံးစရိတ် ၅ ရာခိုင်နှုန်း အီတလီ မပေးနိုင်

အီတလီနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ် အန်တိုနီယို တာဂျာနီက အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် အကြံပြုထားသည့် စစ်ရေးအသုံးစရိတ်ကို နိုင်ငံ GDP ၏ ၅ ရာခိုင်နှုန်း အထိ တိုးမြှင့်ရန်မှာ အီတလီ အနေဖြင့် ပြင်ဆင်ထားခြင်း မရှိပါကြောင်း ပြောကြား လိုက်ပါသည်။ 

အီတလီသည် နေတိုးစစ်ရေးအသုံးစရိတ်အတွက် ၂၀၂၈ ခုနှစ်တွင် နိုင်ငံ GDP ၏ ၂ ရာခိုင်နှုန်း ကို ရောက်ရှိရန် ရည်မှန်းထားသော်လည်း   ၅ ရာခိုင်နှုန်း အထိ တိုးမြှင့် ခြင်းမှာ မဖြစ်နိုင်ကြောင်း Corriere della Sera သတင်းစာနှင့် အင်တာဗျူးတွင် တာဂျာနီက အလေး အနက် ပြောကြားခဲ့သည်။ 

ထို့အပြင် အီတလီသည် နိုင်ငံတကာ အထူးတာဝန်များတွင် စစ်သားအရေအတွက် အမြောက်အမြား ပါဝင်ပေးနေမှုကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ 

စစ်ရေးအသုံးစရိတ်ကို အီးယူ၏ တည်ငြိမ်ရေးနှင့် စီးပွားရေးကြီးထွားလာရေး သဘောတူညီချက်မှ ချန်လှပ်ထားရေးနှင့် ကာကွယ်ရေးရည်ရွယ်ချက်များ အတွက် အီးယူ၏ ဘုံပူးပေါင်းရံပုံငွေများကိုသာ အသုံးပြုနိုင်ရေးတို့အတွက် အီးယူစည်းမျဉ်းများကို ပြောင်းလဲရန် လိုအပ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ကိုးကား -TASS 

ဆွီဒင်တွင် အရွယ်ရောက်ပြီး ကျောင်းသားများ တက်ရောက်ရာ ကျောင်း၌ ပစ်ခတ်မှုကြောင့် ၁၀ ဦး သေဆုံး

ဆွီဒင်နိုင်ငံ၊ အိုရေဘရူမြို့ရှိ Campus Risbergska တွင် အရွယ်ရောက်ပြီးကျောင်းသားများ တက်ရောက်ရာကျောင်းတစ်ကျောင်း၌ ဖေဖော်ဝါရီ ၄ ရက် ဒေသစံတော်ချိန် ၁၂:၃၀ ခန့်တွင် အကြမ်းဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ပျမ်းမျှ လူ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဖြစ်စဉ်တွင် တရားခံဟု သံသယရှိသူသည်လည်း သေဆုံးသူများအနက်ပါဝင်နိုင်ကြောင်း ယူဆရပြီးဒေသဆိုင်ရာ အာဏာပိုင်များက အတည်ပြုရန် ဆက်လက်စစ်ဆေး လျက်ရှိပြီး ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကိုလည်း စုံစမ်းစစ်ဆေးဆဲဖြစ်ပါသည်။ 

Campus Risbergska သည် အခြေခံပညာ သို့မဟုတ် အထက်တန်းပညာ မပြီးစီးသေးသော အရွယ်ရောက်ပြီး ကျောင်းသားများတက်ရောက်ရာ ကျောင်းတစ်ကျောင်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားစဉ်အချိန်တွင် ကျောင်းသား အချို့သည် စာမေးပွဲပြီးဆုံး၍ အိမ်ပြန်သွားပြီးဖြစ်သဖြင့် ကျောင်းတွင် လူနည်းပါးနေခဲ့သည်။

ယခုဖြစ်စဉ်ကြောင့် အနီးအနားရှိ ကျောင်းများကို လုံခြုံရေးအတွက် ပိတ်ထားပြီး ပြည်သူများကိုလည်း ထိုနေရာမှ ရှောင်ရှားသွားလာရန် တိုက်တွန်းထားပါသည်။ ဒေသအာဏာပိုင်က ထိခိုက်ခံရသူများအတွက် အရေးပေါ် စင်တာများ ဖွင့်လှစ်ပေးခဲ့ပါသည်။ 

ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson က ဆွီဒင်အတွက် အလွန်နာကျင်စရာ နေ့တစ်နေ့ဖြစ်သည်ဟု ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားထားပါသည်။ ဆွီဒင်နိုင်ငံ သည် ကမ္ဘာပေါ်တွင် ပစ်ခတ်မှုအနည်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ရာ ယခုဖြစ်စဉ်က နိုင်ငံတစ်ဝှမ်း အလွန် တုန်လှုပ်သွားစေခဲ့ပါသည်။ 

ကိုးကား -CNN